×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 24 April 2020

အလုပ်မှာ အမြဲဦးဆောင်စေမယ့် အပြုအမူ (၈)ခု

အလုပ်မှာ အမြဲဦးဆောင်စေမယ့် အပြုအမူ (၈)ခု


စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ရာမှာပဲဖြစ်ဖြစ်၊ လုပ် ငန်းခွင်မှာပဲဖြစ်ဖြစ် အောင်မြင်မှုဆိုတာဟာ သူ့အလိုလိုဖြစ်မလာပါ ဘူး။ နေ့တိုင်းအလုပ်ကိုအချိန်မီလာတယ်။ ပြီးရမယ့်အလုပ်တွေကို လည်း အချိန်မီပြီးစီးတယ်။ အထက်လူကြီးနဲ့ လည်းအဆင်ပြေတယ်။ ဒါပေမဲ့လည်း ကိုယ်က လက်ရှိအလယ်အလတ်ရာထူးမှာပဲ အချိန်အတော်ကြာရှိပြီး ကိုယ်နဲ့တန်းတူလုပ်ကိုင်ခဲ့တဲ့သူတွေက အထက်ကိုဘာကြောင့်ရောက်သွားရတာလဲ။ လုပ်ငန်းခွင်မှာအမြဲအောင်မြင် နေဖို့ဆိုတာဟာ ပုံမှန်သတ်မှတ်ချက်နဲ့ လိုအပ်ချက်တွေကိုပဲ ပြည့်မီ နေလို့မရပါဘူး။ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့အရည်အချင်းတွေကို ပိုပြီး သတိထားမိစေချင်ပြီး အမြဲဦးဆောင်ချင်တယ်ဆိုရင်တော့ အောက် မှာဖော်ပြထားတဲ့အချက် ၈ ချက်ကို လိုက်နာအသုံးချကြည့်ဖို့ တိုက် တွန်းလိုက်ပါတယ်။


၁။ ကိုယ်ရဲ့ကုမ္ပဏီ လိုမျိုးသဘောထားပါ။
ကိုယ့်ကိုယ်ကို ဒီကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတစ်ယောက်လို့ပဲမြင်ရင် ခိုင်းတာကိုပဲလုပ်တတ်ပါလိမ့်မယ်။ ပေးအပ်ထားတဲ့ တာဝန်တွေကို ပြီးစီးအောင်မြင်အောင်ဆောင်ရွက်တတ်ရုံသာမက လုပ်ငန်းခွင်မှာ သူများထက်လာဘ်မြင်ပြီး အကွက်စေ့အောင်လုပ်တတ်ဖို့ဆိုတာကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းလိုမျိုးသဘောထားပြီး လုပ် ကိုင်ဖို့လိုပါတယ်။ အဲဒီအခါမှ ကိုယ့်ရဲ့တီထွင်ကြံဆမှုတွေနဲ့ အတွေး အမြင်တွေဟာ သူများနဲ့မတူတာတွေကို ကိုယ့်ရဲ့အထက်လူကြီးက သတိထားမိလာ ပါလိမ့်မယ်။


၂။ လုပ်ငန်းခွင်မှာ ထူးချွန်သူတွေကိုလေ့လာပါ။
လုပ်ငန်းခွင်တိုင်းမှာ အလုပ်ကိုစမတ်ကျကျနဲ့ ပြီးစီးအောင်မြင်အောင် လုပ်ကိုင်တတ်တဲ့ အလုပ်ထူးချွန်သူတွေရှိပါတယ်။ အဲဒီလို လူမျိုးတွေ ကို လေ့လာပြီးရှာဖွေကြည့်ပါ။ အဲဒီလိုလူမျိုးတွေဆီကနေ အလုပ်တွေ ကိုဘယ်လိုစနစ်တကျနဲ့ စီမံခန့်ခွဲပြီးအလုပ်လုပ်လေ့ရှိသလဲ၊ လုပ်ငန်း ပိုင်းအပြင် အလုပ်လမ်းကြောင်းတိုးတက်ရေးအတွက် သူတို့တွေဘာ တွေလေ့လာနေသလဲ အစရှိတာတွေကို လေ့လာနိုင်ပါတယ်။ လုပ် ငန်းပိုင်းနဲ့သက်ဆိုင်တဲ့အကြံဉာဏ်တွေကိုလည်း သူတို့ဆီကနေရရှိ နိုင်ပါတယ်။


၃။ ကိုယ့်ထက်တော်တဲ့သူတွေနဲ့ အလုပ်လုပ်ပါ။
လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေဟာ သူတို့လုပ်ဆောင် ရမယ့်အလုပ်တွေကို ထက်ထက်မြတ်မြတ်၊ သွက်သွက်လက်လက်နဲ့ အောင်မြင်ပြီးစီးအောင် လုပ်ဆောင်တတ်တဲ့သူတွေဆိုရင် ဒါဟာကိုယ့်အတွက်ကံကောင်းခြင်းတစ်ခုပါပဲ။ ကိုယ့်ထက်တော်တဲ့လူတွေနဲ့ တွဲပြီးအလုပ်လုပ်ရတဲ့အခါမှာ စိတ်မပျက်ပါနဲ့။ သူတို့ကြောင့် ကိုယ်ပါ အလုပ်လုပ်ချင်စိတ်တွေ ကြိုးစားလေ့လာချင်စိတ်တွေတိုးတက်လာပါလိမ့်မယ်။ တကယ်လို့ကိုယ်က စီမံခန့်ခွဲမှုရာထူးနဲ့ အလုပ်လုပ်တဲ့သူ တစ်ယောက်ဆိုရင် ကိုယ့်ရဲ့အဖွဲ့မှာ ကိုယ့်ထက်ထက်မြက်တဲ့သူ တွေကို ခန့်အပ်ထားပြီး အားနည်းချက်တွေကို ဖြည့်ဆည်းန်ိုင်ပါတယ်။


၄။ နားထောင်ပါ၊ လေ့လာပါ၊ ထိန်းညှိပြင်ဆင်ပါ။
လုပ်ဖော်ကိုင်ဖက်နဲ့ပဲဖြစ်ဖြစ် အထက်လူကြီးနဲ့ပဲဖြစ်ဖြစ် စကားပြောတဲ့ အခါမှာ ကိုယ့်ရဲ့အမြင်ကိုပဲတစ်ဖက်သက်ပြောဖို့ မကြိုစားပါနဲ့။ သူ တို့ပြောချင်တာကို သေချာဆုံးအောင်နားထောင်ပါ။ သူတို့ဆိုလိုချင် တာကို နားလည်သဘောပေါက်အောင် လေ့လာပါ။ ပြီးမှပြောသင့် ပြောထိုက်တာကိုပဲပြောပါ။ ကိုယ့်ကိုအပြုသဘောဆောင်ပြီး ပြောတဲ့ အကြံပေးစကားတွေဆိုရင်လည်း သေချာနားထောင်ပြီး လက်ခံပါ။


၅။ လုပ်ငန်းခွင်မှာ သူများနဲ့ အမြင်မကြည်ဖြစ်စေမယ့်အရာတွေကို ရှောင်ပါ။
လုပ်ငန်းခွင်ဆိုတာဟာ အများနဲ့အလုပ်လုပ်ရတဲ့နေရာဖြစ်တဲ့ အတွက် လိုက်လျောညီထွေနေတတ်ဖို့၊ ပေါင်းသင်းဆက်ဆံပြောဆိုတတ်ဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ ဘယ်လောက်ပဲ အရည်အချင်းတွေရှိပြီးတော်နေပါစေ ပေါင်းသင်းဆက်ဆံရေးမ ကောင်းတာ ဒါမှမဟုတ် စကားအပြောအဆိုမတတ်တာ ဒါမှမဟုတ် အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်းရဲ့အကြောင်းကို အတင်းအဖျင်းပြောတတ်တာ အစရှိတဲ့အရာတွေဟာ ကိုယ့်ရဲ့အလုပ် အကိုင်လမ်းကြောင်းတိုးတက်ရေးအတွက် ဆူးညောင့်ခလုတ်တွေ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်မှာ လူအများချစ်ခင်နှစ်သက်မှုကိုခံရပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူတစ်ယောက် ဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။


၆။ စိန်ခေါ်မှုတွေကို ကြောက်ရွံ့မနေပါနဲ့။
လုပ်ငန်းခွင်မှာတွေ့ကြုံရလေ့ရှိတဲ့အခက်အခဲနဲ့ စိန်ခေါ်မှုတွေဟာ ကိုယ့်ရဲ့လုပ်ငန်းကျွမ်းကျင်မှုနဲ့ အရည်အသွေးတွေကို တိုးတက်စေပါ တယ်။ ဒါပေမဲ့ အရေးအကြီးဆုံးကတော့ အခက်အခဲတွေကိုကြုံတွေ့ ရတဲ့အခါမှာ လွယ်လွယ်နဲ့လက်မလျှော့သွားမိစေဖို့ပါပဲ။ ဘယ်သူမဆို မကျွမ်းကျင် မရင်းနှီးတဲ့အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာ အခက်အခဲ ကတော့ကြုံရစမြဲပါပဲ။ အဲဒီအခါမှာ ကိုယ့်ရဲ့ရည်ရွယ်ချက်အောင်မြင် ဖို့မသိ၊ မတတ်တာတွေကို ရိုးရိုးသားသားဝန်ခံပြီး သင်ယူလေ့လာ နေဖို့အဆင်သင့်ဖြစ်နေပါစေ။


၇။ ကိုယ့်အမှားကို ကိုယ်တာဝန်ယူတတ်ပါစေ။
ဒီအချက်ကတော့ လုပ်ငန်းခွင်မှာလိုက်နာသင့်တဲ့အရေးကြီးဆုံး အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အမှားလုပ်မိခဲ့ရင် စိတ်မပူပါနဲ့။ အမှားနဲ့ကင်းတဲ့လူဆိုတာမရှိပါဘူး။ အရေးကြီးတာက အမှားကနေ သင်ခန်းစာယူတတ်ပြီး နောက်တစ်ခေါက် အလားတူအမှားမျိုးထပ်မမှားဖို့ပါပဲ။ ရာထူးပိုကြီးသွားသွားလေလေ တာဝန်ယူမှုတွေများလေ ဖြစ်တဲ့အတွက် လုပ်ငန်းခွင်မှာတာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိတဲ့လူတွေကို အထက်လူကြီးတွေကပိုပြီးသတိထားမိပြီး အရေးကြီးတဲ့တာဝန်တွေ ကို ခွဲဝေပေးလေ့ရှိပါတယ်။


၈။ ကိုယ့်ရဲ့ပုံရိပ်ကိုသတိထားပါ။
လူတစ်ယောက်ရဲ့ပုံရိပ်ဟာ အဲဒီလူရဲ့အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာကနေပံ့ပိုးပေးပါတယ်။ ပုံရိပ်လို့ပြောလိုက်တဲ့အခါမှာ ဝတ်စားဆင်ယင်မှု၊ ကိုယ်အမူအရာ၊ စကားပြောဆိုပုံ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအစရှိတာတွေ ပါဝင်ပါ တယ်။ ဝတ်စားဆင်ယင်မှုလို့ပြောတဲ့အခါမှာ ကိုယ့်ရဲ့ရာထူး၊ အလုပ် နဲ့သင့်တော်ကိုက်ညီတဲ့အဝတ်ကို ဝတ်စားဆင်ယင်သင့်ပါတယ်။ နောက်ပြီး အလုပ်စားပွဲမှာ ပျင်းရိပျင်းတွဲထိုင်တာတွေကိုလည်း ရှောင် ပါ။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ချီးကျူးစကားပြောတတ်တဲ့အလေ့အထတွေ၊ စကားပြောရင် မျက်လုံးချင်းဆုံပြီးအလေးထားပြီး ပြော တတ်တွေ၊ ဖော်ရွေတဲ့အပြုံးနဲ့ဆက်ဆံတာတွေဟာ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ပုံရိပ်ကိုမြှင့်တတ်စေပါတယ်။

 

အလုပ္မွာ အၿမဲဦးေဆာင္ေစမယ့္ အျပဳအမူ (၈)ခု


စီးပြားေရးလုပ္ငန္းတစ္ခုကို လုုပ္ကုိင္ရာမွာပဲျဖစ္ျဖစ္၊ လုပ္ ငန္းခြင္မွာပဲျဖစ္ျဖစ္ ေအာင္ျမင္မႈဆိုတာဟာ သူ႔အလိုလိုျဖစ္မလာပါ ဘူး။ ေန႔တိုင္းအလုပ္ကိုအခ်ိန္မီလာတယ္။ ၿပီးရမယ့္အလုပ္ေတြကို လည္း အခ်ိန္မီၿပီးစီးတယ္။ အထက္လူႀကီးနဲ႔ လည္းအဆင္ေျပတယ္။ ဒါေပမဲ့လည္း ကိုယ္က လက္႐ွိအလယ္အလတ္ရာထူးမွာပဲ အခ်ိန္အေတာ္ၾကာရိွၿပီး ကိုယ္နဲ႔တန္းတူလုပ္ကိုင္ခဲ့တဲ့သူေတြက အထက္ကိုဘာေၾကာင့္ေရာက္သြားရတာလဲ။ လုပ္ငန္းခြင္မွာအၿမဲေအာင္ျမင္ ေနဖို႔ဆိုတာဟာ ပံုမွန္သတ္မွတ္ခ်က္နဲ႔ လိုအပ္ခ်က္ေတြကိုပဲ ျပည့္မီ ေနလို႔မရပါဘူး။ လုပ္ငန္းခြင္မွာ ကိုယ့္ရဲ႕အရည္အခ်င္းေတြကို ပိုၿပီး သတိထားမိေစခ်င္ၿပီး အၿမဲဦးေဆာင္ခ်င္တယ္ဆိုရင္ေတာ့ ေအာက္ မွာေဖာ္ျပထားတဲ့အခ်က္ ၈ ခ်က္ကို လိုက္နာအသံုးခ်ၾကည့္ဖို႔ တိုက္ တြန္းလိုက္ပါတယ္။


၁။ ကိုယ္ရဲ႕ကုမၸဏီ လိုမ်ိဳးသေဘာထားပါ။
ကိုယ့္ကိုယ္ကို ဒီကုမၸဏီမွာ အလုပ္လုပ္ေနတဲ့ဝန္ထမ္းတစ္ေယာက္လို႔ပဲျမင္ရင္ ခိုင္းတာကိုပဲလုပ္တတ္ပါလိမ့္မယ္။ ေပးအပ္ထားတဲ့ တာဝန္ေတြကို ၿပီးစီးေအာင္ျမင္ေအာင္ေဆာင္ရြက္တတ္႐ံုသာမက လုပ္ငန္းခြင္မွာ သူမ်ားထက္လာဘ္ျမင္ၿပီး အကြက္ေစ့ေအာင္လုပ္တတ္ဖို႔ဆိုတာကိုယ့္ရဲ႕စီးပြားေရးလုပ္ငန္းလိုမ်ိဳးသေဘာထားၿပီး လုပ္ ကိုင္ဖို႔လိုပါတယ္။ အဲဒီအခါမွ ကိုယ့္ရဲ႕တီထြင္ႀကံဆမႈေတြနဲ႔ အေတြး အျမင္ေတြဟာ သူမ်ားနဲ႔မတူတာေတြကို ကိုယ့္ရဲ႕အထက္လူႀကီးက သတိထားမိလာ ပါလိမ့္မယ္။


၂။ လုုပ္ငန္းခြင္မွာ ထူးခၽြန္သူေတြကိုေလ့လာပါ။
လုပ္ငန္းခြင္တိုင္းမွာ အလုပ္ကိုစမတ္က်က်နဲ႔ ၿပီးစီးေအာင္ျမင္ေအာင္ လုပ္ကိုင္တတ္တဲ့ အလုပ္ထူးခၽြန္သူေတြ႐ွိပါတယ္။ အဲဒီလို လူမ်ိဳးေတြ ကို ေလ့လာၿပီး႐ွာေဖြၾကည့္ပါ။ အဲဒီလိုလူမ်ိဳးေတြဆီကေန အလုပ္ေတြ ကိုဘယ္လိုစနစ္တက်နဲ႔ စီမံခန္႔ခြဲၿပီးအလုပ္လုပ္ေလ့႐ွိသလဲ၊ လုပ္ငန္း ပိုင္းအျပင္ အလုပ္လမ္းေၾကာင္းတိုးတက္ေရးအတြက္ သူတို႔ေတြဘာ ေတြေလ့လာေနသလဲ အစရွိတာေတြကို ေလ့လာႏိုင္ပါတယ္။ လုပ္ ငန္းပိုင္းနဲ႔သက္ဆိုင္တဲ့အႀကံဉာဏ္ေတြကိုလည္း သူတို႔ဆီကေနရရွိ ႏိုင္ပါတယ္။

၃။ ကိုယ့္ထက္ေတာ္တဲ့သူေတြနဲ႔ အလုပ္လုပ္ပါ။
လုပ္ငန္းခြင္မွာ ကိုယ့္ရဲ႕ပတ္ဝန္းက်င္ကလူေတြဟာ သူတို႔လုပ္ေဆာင္ ရမယ့္အလုပ္ေတြကို ထက္ထက္ျမတ္ျမတ္၊ သြက္သြက္လက္လက္နဲ႔ ေအာင္ျမင္ၿပီးစီးေအာင္ လုပ္ေဆာင္တတ္တဲ့သူေတြဆိုရင္ ဒါဟာကိုယ့္အတြက္ကံေကာင္းျခင္းတစ္ခုပါပဲ။ ကိုယ့္ထက္ေတာ္တဲ့လူေတြနဲ႔ တြဲၿပီးအလုပ္လုပ္ရတဲ့အခါမွာ စိတ္မပ်က္ပါနဲ႔။ သူတို႔ေၾကာင့္ ကိုယ္ပါ အလုပ္လုပ္ခ်င္စိတ္ေတြ ႀကိဳးစားေလ့လာခ်င္စိတ္ေတြတိုးတက္လာပါလိမ့္မယ္။ တကယ္လို႔ကိုယ္က စီမံခန္႔ခြဲမႈရာထူးနဲ႔ အလုပ္လုပ္တဲ့သူ တစ္ေယာက္ဆိုရင္ ကိုယ့္ရဲ႕အဖြဲ႕မွာ ကိုယ့္ထက္ထက္ျမက္တဲ့သူ ေတြကို ခန္႔အပ္ထားၿပီး အားနည္းခ်က္ေတြကုိ ျဖည့္ဆည္းႏို္င္ပါတယ္။

၄။ နားေထာင္ပါ၊ ေလ့လာပါ၊ ထိန္းညိႇျပင္ဆင္ပါ။
လုပ္ေဖာ္ကိုင္ဖက္နဲ႔ပဲျဖစ္ျဖစ္ အထက္လူႀကီးနဲ႔ပဲျဖစ္ျဖစ္ စကားေျပာတဲ့ အခါမွာ ကိုယ့္ရဲ႕အျမင္ကိုပဲတစ္ဖက္သက္ေျပာဖို႔ မႀကိဳစားပါနဲ႔။ သူ တို႔ေျပာခ်င္တာကို ေသခ်ာဆံုးေအာင္နားေထာင္ပါ။ သူတို႔ဆိုလိုခ်င္ တာကို နားလည္သေဘာေပါက္ေအာင္ ေလ့လာပါ။ ၿပီးမွေျပာသင့္ ေျပာထုိက္တာကိုပဲေျပာပါ။ ကိုယ့္ကိုအျပဳသေဘာေဆာင္ၿပီး ေျပာတဲ့ အႀကံေပးစကားေတြဆိုရင္လည္း ေသခ်ာနားေထာင္ၿပီး လက္ခံပါ။

၅။ လုပ္ငန္းခြင္မွာ သူမ်ားနဲ႔ အျမင္မၾကည္ျဖစ္ေစမယ့္အရာေတြကို ေ႐ွာင္ပါ။
လုပ္ငန္းခြင္ဆိုတာဟာ အမ်ားနဲ႔အလုပ္လုပ္ရတဲ့ေနရာျဖစ္တဲ့ အတြက္ လိုက္ေလ်ာညီေထြေနတတ္ဖို႔၊ ေပါင္းသင္းဆက္ဆံေျပာဆိုတတ္ဖို႔ကလည္း အရမ္းကိုအေရးႀကီးပါတယ္။ ဘယ္ေလာက္ပဲ အရည္အခ်င္းေတြရွိၿပီးေတာ္ေနပါေစ ေပါင္းသင္းဆက္ဆံေရးမ ေကာင္းတာ ဒါမွမဟုတ္ စကားအေျပာအဆိုမတတ္တာ ဒါမွမဟုတ္ အထက္လူႀကီးနဲ႔ လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္းရဲ႕အေၾကာင္းကို အတင္းအဖ်င္းေျပာတတ္တာ အစရွိတဲ့အရာေတြဟာ ကိုယ့္ရဲ႕အလုပ္ အကိုင္လမ္းေၾကာင္းတိုးတက္ေရးအတြက္ ဆူးေညာင့္ခလုတ္ေတြ ျဖစ္တတ္ပါတယ္။ အဲဒါေၾကာင့္ လုပ္ငန္းခြင္မွာ လူအမ်ားခ်စ္ခင္ႏွစ္သက္မႈကိုခံရၿပီး ေပါင္းသင္းဆက္ဆံေရးေကာင္းတဲ့လူတစ္ေယာက္ ျဖစ္ဖို႔ကလည္း အေရးႀကီးပါတယ္။

၆။ စိန္ေခၚမႈေတြကို ေၾကာက္႐ြ႔ံမေနပါနဲ႔။
လုပ္ငန္းခြင္မွာေတြ႕ၾကံဳရေလ့ရွိတဲ့အခက္အခဲနဲ႔ စိန္ေခၚမႈေတြဟာ ကိုယ့္ရဲ႕လုပ္ငန္းကၽြမ္းက်င္မႈနဲ႔ အရည္အေသြးေတြကို တိုးတက္ေစပါ တယ္။ ဒါေပမဲ့ အေရးအႀကီးဆံုးကေတာ့ အခက္အခဲေတြကိုႀကံဳေတြ႕ ရတဲ့အခါမွာ လြယ္လြယ္နဲ႔လက္မေလွ်ာ့သြားမိေစဖို႔ပါပဲ။ ဘယ္သူမဆို မကၽြမ္းက်င္ မရင္းႏွီးတဲ့အလုပ္တစ္ခုကိုလုပ္တဲ့အခါမွာ အခက္အခဲ ကေတာ့ႀကံဳရစၿမဲပါပဲ။ အဲဒီအခါမွာ ကိုယ့္ရဲ႕ရည္႐ြယ္ခ်က္ေအာင္ျမင္ ဖို႔မသိ၊ မတတ္တာေတြကို ႐ိုးရိုးသားသားဝန္ခံၿပီး သင္ယူေလ့လာ ေနဖို႔အဆင္သင့္ျဖစ္ေနပါေစ။

၇။ ကိုယ့္အမွားကို ကိုယ္တာဝန္ယူတတ္ပါေစ။
ဒီအခ်က္ကေတာ့ လုပ္ငန္းခြင္မွာလိုက္နာသင့္တဲ့အေရးႀကီးဆံုး အခ်က္ေတြထဲက တစ္ခုျဖစ္ပါတယ္။ အမွားလုပ္မိခဲ့ရင္ စိတ္မပူပါနဲ႔။ အမွားနဲ႔ကင္းတဲ့လူဆိုတာမရွိပါဘူး။ အေရးႀကီးတာက အမွားကေန သင္ခန္းစာယူတတ္ၿပီး ေနာက္တစ္ေခါက္ အလားတူအမွားမ်ိဳးထပ္မမွားဖို႔ပါပဲ။ ရာထူးပိုႀကီးသြားသြားေလေလ တာဝန္ယူမႈေတြမ်ားေလ ျဖစ္တဲ့အတြက္ လုပ္ငန္းခြင္မွာတာဝန္ယူမႈနဲ႔ တာဝန္ခံမႈရွိတဲ့လူေတြကို အထက္လူႀကီးေတြကပိုၿပီးသတိထားမိၿပီး အေရးႀကီးတဲ့တာဝန္ေတြ ကို ခြဲေဝေပးေလ့ရွိပါတယ္။

၈။ ကိုယ့္ရဲ႕ပံုရိပ္ကိုသတိထားပါ။
လူတစ္ေယာက္ရဲ႕ပံုရိပ္ဟာ အဲဒီလူရဲ႕အလုပ္အကိုင္လမ္းေၾကာင္းတိုးတက္ေရးအတြက္ တစ္ေထာင့္တစ္ေနရာကေနပံ့ပိုးေပးပါတယ္။ ပံုရိပ္လို႔ေျပာလိုက္တဲ့အခါမွာ ဝတ္စားဆင္ယင္မႈ၊ ကိုယ္အမူအရာ၊ စကားေျပာဆိုပံု၊ တစ္ကိုယ္ရည္သန္႔ရွင္းမႈအစရွိတာေတြ ပါဝင္ပါ တယ္။ ဝတ္စားဆင္ယင္မႈလို႔ေျပာတဲ့အခါမွာ ကိုယ့္ရဲ႕ရာထူး၊ အလုပ္ နဲ႔သင့္ေတာ္ကိုက္ညီတဲ့အဝတ္ကို ဝတ္စားဆင္ယင္သင့္ပါတယ္။ ေနာက္ၿပီး အလုပ္စားပြဲမွာ ပ်င္းရိပ်င္းတြဲထိုင္တာေတြကိုလည္း ေရွာင္ ပါ။ လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း ခ်ီးက်ဴးစကားေျပာတတ္တဲ့အေလ့အထေတြ၊ စကားေျပာရင္ မ်က္လံုးခ်င္းဆံုၿပီးအေလးထားၿပီး ေျပာ တတ္ေတြ၊ ေဖာ္ေရြတဲ့အျပံဳးနဲ႔ဆက္ဆံတာေတြဟာ လုပ္ငန္းခြင္မွာ ကိုယ့္ရဲ႕ပံုရိပ္ကိုျမႇင့္တတ္ေစပါတယ္။

Read times
Rate this articles
(1 Vote)