×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 27 April 2020

Generation Gap (Baby Boomers, Generation X, Generation Y, Millennial) မ်ားအေၾကာင္း

Generation Gap

လုပ်ငန်းခွင်လို့ပြောလိုက်ရင်တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်နေရတဲ့အဖွဲ့အစည်းတစ်ခု မဟုတ်ဘူးဆိုတာကိုလူတိုင်း နားလည်ကြမှာပါ။ ဒီလိုတစ်ဦးတစ်ယောက်တည်း လုပ်ဆောင်လို့မရတဲ့ လုပ်ငန်းခွင်မှာ အသက်၊ ရာထူး၊ ပညာအရည်အချင်း၊ အတွေ့အကြုံ စသည်အားဖြင့်မတူကွဲပြားချက်တွေ အများကြီး ရှိနိုင်ပါတယ်။ ဒီလိုမတူကွဲပြားချက်တွေ အများကြီးထဲမှာမှ ယခု လက်ရှိအချိန်လုပ်ငန်းခွင်အတွင်းမှာအတွေ့ရများတဲ့ မျိုးဆက် (Generation)တွေ အကြောင်းကို ဆွေးနွေးဖော်ပြပေးချင်ပါတယ်။

 

လုပ်ငန်းခွင်အတွင်းမှာ အတွေ့ရများတဲ့ မျိုးဆက် (Generation) တွေအကြောင်းကိုမဖော်ပြခင်Generation Gapဆိုတဲ့ အကြောင်းလေးကို အရင်ဆုံး မျှဝေ ပေးချင်ပါတယ်။ Generation Gap ဆိုတာကို အလွယ်ကူဆုံးသတ်မှတ်နိုင်တာကတော့မျိုးဆက်တစ်ခုနှင့်တစ်ခုကြား အမြင်၊ ခံယူချက်၊ ယုံကြည်မှု၊ စွမ်းရည်၊ အပြောအဆို၊ အမူအရာ စသည်အားဖြင့်မတူညီကွဲပြားခြား နားမှုတွေ ဆိုလိုခြင်း ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် အသက်အရွယ်အပိုင်းအခြား မတူညီတဲ့အတွက်အထက်ဖော်ပြပါ အချက်တွေ ကွဲပြားသွားခြင်းလို့သတ်မှတ်နိုင်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ အတွေ့ရများတဲ့ မျိုးဆက်တွေကို Baby Boomers, Generation X, Generation Y, Millennials ဆိုပြီး ခွဲခြားနိုင်ပါတယ်။


Baby Boomers တွေကတော့ (၁၉၄၆-၁၉၆၄)ခုနှစ်အတွင်း မွေးဖွားသူတွေဖြစ်ကြပြီး ယခုနှစ်နဲ့တွက်မယ်ဆိုရင်အနည်းဆုံး အသက်(၅၅) နှစ်ပတ်ဝန်းကျင်တွေ ဖြစ်ပါတယ်။ Baby Boomers တွေဟာ တယ်လီဖုန်း၊ စာရိုက်စက်စတာတွေနဲ့ရင်းနှီးပြီး ကြီးပြင်းလာခဲ့ကြသူတွေ ဖြစ်ပြီး ဖုန်းပြော ရတာ၊ မျက်နှာချင်းဆိုင်စကားပြောဆိုဆက်သွယ်ရတာတွေကို နှ စ်သက်တတ်ကြပါတယ်။ ဒါကြောင့်မို့လို့ယခုခေတ်ပေါ်နည်းပညာတွေနဲ့ ပတ်သက်ပြီး တစ်ခါတစ်ရံမှာ အားနည်းတတ်ကြပါတယ်။ အသင်းအဖွဲ့လိုက်ဆောင်ရွက်ရတာတွေကိုနှစ်သက်တတ်ကြပြီးအလုပ်ကိုဦးစားပေးပြီးအလုပ်ဟာဘဝလို့သတ်မှတ်ထားတတ်ကြသူတွေ ဖြစ်ကြပါတယ်။

ဒီလိုသတ်မှတ်ချက်ကလည်းသူတို့နဲ့Generation Y နဲ့ Millennials တွေကြားထဲမှာ အလွန်သိသာကွာခြားတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ သူတို့ဟာ အလုပ်ကိုလည်း အရမ်းကြိုးစားတတ်ကြပြီး သူတို့ရဲ့ကြိုးစားမှုကိုရာထူးတိုး ပေးခြင်း၊ လစာတိုးပေးခြင်း၊ အပိုဆုကြေးငွေများပေးခြင်း၊ စသည်အားဖြင့်အသိအမှတ်ပြု ပေးတာကိုနှစ်သက်တတ်ကြပါတယ်။

 

Generation X တွေကတော့ (၁၉၆၅-၁၉၇၆) ခုနှစ်အတွင်း မွေးဖွားလာသူတွေ ဖြစ်ကြပြီး ယခုအချိန်မှာ အနည်းဆုံး အသက် (၄၃) နှစ်ပတ်ဝန်းကျင်လောက်ရှိနေကြသူတွေ ဖြစ်ပါတယ်။ Generation X တွေက ယခုခေတ်ပေါ်နည်းပညာတွေနဲ့ အနည်းငယ်ကျွမ်းဝင်မှုရှိသူတွေ ဖြစ်ကြပြီး အမီလိုက်နိုင်အောင်လည်း ကြိုးစားတတ်ကြပါတယ်။ပင်ပန်းမှုဒဏ်ကိုပိုမိုခံနိုင်တတ်ကြပြီး အခြား Generation တွေနဲ့နှိုင်းယှဉ်ရင်လိုက်လျောညီထွေမှုရှိစွာ နေတတ်ကြပါတယ်။ သူတို့ကတော့ သူတို့လုပ်တာ မှန်လား၊ မှားလားဆိုတာကို အမြဲတစေ ကြည့်ရှုစေချင်ကြပြီး လမ်းညွှန်ပြသမှုတွေကိုနှစ်သက်ကြပါတယ်။ အသစ်တွေ လုပ်ဆောင်ရတာကို နှစ်သက် ကြသော်ငြားလည်း Work-Life balance ဖြစ်မှုကိုလည်း အလေးထားတတ်ကြပါတယ်။


Generation Y တွေကတော့ (၁၉၇၇-၁၉၉၀)ခုနှစ်အတွင်း မွေးဖွားလာကြသူတွေ ဖြစ်ကြပြီး ယခုလက်ရှိမှာ အနည်းဆုံး အသက်(၂၉) နှစ်ပတ်ဝန်းကျင်လောက်ရှိနေကြသူတွေ ဖြစ်ပါတယ်။ Millennials တွေ ကတော့(၁၉၉၀) နောက်ပိုင်း မွေးဖွားလာကြသူတွေ ဖြစ်ပြီး အသက်(၂၉) နှစ်အောက် ပတ်ဝန်းကျင်ရှိကြသူတွေ ဖြစ်ပါတယ်။ Generation Y နဲ့ Millennials တွေကတော့ယနေ့ခေတ်ပေါ်နည်းပညာတွေ နဲ့ ဖက်လှဲတကင်း ကြီးပြင်းလာကြသူတွေ ဖြစ်ကြပါတယ်။ အမြဲတမ်းလည်း online ပေါ်မှာ ရှိနေတတ်ပြီး Facebook, Instagram, Twitter, Snapchat, Whatsapp အစရှိတဲ့Social Media Platforms တွေဟာ သူတို့ရဲ့နေ့စဉ်ဘဝမှာ မပါမဖြစ်ရှိနေတတ်ကြပါတယ်။

အသစ်အသစ်တွေကိုအမြဲလေ့လာသင်ယူနေစိတ်ရှိတတ်ကြပြီးအခွင့်အရေး ကောင်းတွေကို အမြဲနားစွင့်နေတတ်ကြပါတယ်။ အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်တွေကိုမျှော်လင့်နေတတ်ကြသလိုတောင်း ဆိုတတ်ကြပြီး ‘ဘာကြောင့်လဲ’ ဆိုတဲ့ မေးခွန်းကို မ ကြာခဏမေးလေ့ရှိ ကြပါတယ်။ အလုပ်တစ်ခုတည်းကိုဇောက်ချလုပ်ဆောင်နေရတာထက်အလုပ်(၂) ခု(၃) ခုလုပ်ကိုင် နေတတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ကတော့သူတို့ကိုအလေးထားတာ၊ နေရာပေးတာ၊ ချီးကျူးဂုဏ်ပြုပေးတာတွေကိုနှစ်သက်တတ်ကြပြီး ဘာကြောင့်သူတို့ကိုသက်ဆိုင်ရာတာဝန်တွေပေးတယ်ဆိုတာကိုသိချင်ကြ၊ စူးစမ်းလေ့လာချင်ကြပါတယ်။စည်းကမ်းတွေအများကြီးနဲ့ချုပ်ချယ်ထားတာမျိုးကိုမနှစ်မြို့ တတ်ကြဘဲ (၂) ဦး (၂) ဖက်အပြန်အလည် နားလည်မှုရှိစွာ လုပ်ကိုင်နိုင်တဲ့လုပ်ငန်းခွင်မျိုးကိုပိုမိုနှစ်သက်ပြီးလုပ်ကိုင်လိုကြပါတယ်။ ဒီလိုမျိုး ကွဲပြားခြားနားမှုတွေ အမျာကြီးရှိတဲ့ မျိုးဆက်တွေရဲ့အားသာချက်တွေကို မြင်အောင်ကြည့်ရှုပြီးအပြုသဘောဆောင်သော အပြုအမူ၊ အပြောအဆိုများနှင့်သာ ပြုမူနေထိုင်သွားကြမည်ဆိုပါကပိုမိုအောင်မြင်သော အဖွဲ့အစည်းတစ်ရပ်ကိုတည်ဆောက်နိုင်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။

 

 

Generation Gap

လုပ္ငန္းခြင္လို့ေျပာလုိက္ရင္တစ္ဦးတစ္ေယာက္တည္း လုပ္ေဆာင္ေနရတဲ့အဖြဲ့အစည္းတစ္ခု မဟုတ္ဘူးဆိုတာကိုလူတိုင္း နားလည္ၾကမွာပါ။ ဒီလိုတစ္ဦးတစ္ေယာက္တည္း လုပ္ေဆာင္လို႔မရတဲ့ လုပ္ငန္းခြင္မွာ အသက္၊ ရာထူး၊ ပညာအရည္အခ်င္း၊ အေတြ့အၾကံဳ စသည္အားျဖင့္မတူကြဲျပားခ်က္ေတြ အမ်ားႀကီး ရွိႏိုင္ပါတယ္။ ဒီလိုမတူကြဲျပားခ်က္ေတြ အမ်ားႀကီးထဲမွာမွ ယခု လက္ရွိအခ်ိန္လုပ္ငန္းခြင္အတြင္းမွာအေတြ႔ရမ်ားတဲ့ မ်ဳိးဆက္ (Generation)ေတြ အေၾကာင္းကို ေဆြးေႏြးေဖာ္ျပေပးခ်င္ပါတယ္။

 

လုပ္ငန္းခြင္အတြင္းမွာ အေတြ႔ရမ်ားတဲ့ မ်ဳိးဆက္ (Generation) ေတြအေၾကာင္းကိုမေဖာ္ျပခင္Generation Gapဆိုတဲ့ အေၾကာင္းေလးကို အရင္ဆံုး မွ်ေ၀ ေပးခ်င္ပါတယ္။ Generation Gap ဆိုတာကို အလြယ္ကူဆံုးသတ္မွတ္ႏိုင္တာကေတာ့မ်ဳိးဆက္တစ္ခုႏွင့္တစ္ခုၾကား အျမင္၊ ခံယူခ်က္၊ ယံုၾကည္မႈ၊ စြမ္းရည္၊ အေျပာအဆို၊ အမူအရာ စသည္အားျဖင့္မတူညီကြဲျပားျခား နားမႈေတြ ဆိုလိုျခင္း ျဖစ္ပါတယ္။

 

ေယဘုယ်အားျဖင့္ အသက္အရြယ္အပိုင္းအျခား မတူညီတဲ့အတြက္အထက္ေဖာ္ျပပါ အခ်က္ေတြ ကြဲျပားသြားျခင္းလို ့သတ္မွတ္ႏိုင္ပါတယ္။ လုပ္ငန္းခြင္အတြင္းမွာ အေတြ ့ရမ်ားတဲ့ မ်ဳိးဆက္ေတြကို Baby Boomers, Generation X, Generation Y, Millennials ဆိုၿပီး ခြဲျခားႏိုင္ပါတယ္။


Baby Boomers ေတြကေတာ့ (၁၉၄၆-၁၉၆၄)ခုႏွစ္အတြင္း ေမြးဖြားသူေတြျဖစ္ၾကျပီး ယခုႏွစ္နဲ႔တြက္မယ္ဆိုရင္အနည္းဆံုး အသက္(၅၅) ႏွစ္ပတ္၀န္းက်င္ေတြ ျဖစ္ပါတယ္။ Baby Boomers ေတြဟာ တယ္လီဖုန္း၊ စာရုိက္စက္စတာေတြနဲ ့ရင္းႏွီးၿပီး ႀကီးျပင္းလာခဲ့ၾကသူေတြ ျဖစ္ၿပီး ဖုန္းေျပာ ရတာ၊ မ်က္ႏွာခ်င္းဆိုင္စကားေျပာဆိုဆက္သြယ္ရတာေတြကို ႏွ စ္သက္တတ္ၾကပါတယ္။ ဒါေၾကာင့္မို့လို့ယခုေခတ္ေပၚနည္းပညာေတြနဲ႔ ပတ္သက္ၿပီး တစ္ခါတစ္ရံမွာ အားနည္းတတ္ၾကပါတယ္။ အသင္းအဖြဲ ့လုိက္ေဆာင္ရြက္ရတာေတြကိုႏွစ္သက္တတ္ၾကၿပီးအလုပ္ကိုဦးစားေပးၿပီးအလုပ္ဟာဘ၀လို႔သတ္မွတ္ထားတတ္ၾကသူေတြ ျဖစ္ၾကပါတယ္။ ဒီလိုသတ္မွတ္ခ်က္ကလည္းသူတို႔နဲ႔Generation Y နဲ႔ Millennials ေတြၾကားထဲမွာ အလြန္သိသာကြာျခားတဲ့အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ သူတို႔ဟာ အလုပ္ကိုလည္း အရမ္းႀကိဳးစားတတ္ၾကၿပီး သူတို့ရဲ႕ႀကိဳးစားမႈကိုရာထူးတိုး ေပးျခင္း၊ လစာတိုးေပးျခင္း၊ အပိုဆုေၾကးေငြမ်ားေပးျခင္း၊ စသည္အားျဖင့္အသိအမွတ္ျပဳ ေပးတာကိုႏွစ္သက္တတ္ၾကပါတယ္။

Generation X ေတြကေတာ့ (၁၉၆၅-၁၉၇၆) ခုႏွစ္အတြင္း ေမြးဖြားလာသူေတြ ျဖစ္ၾကၿပီး ယခုအခ်ိန္မွာ အနည္းဆံုး အသက္ (၄၃) ႏွစ္ပတ္၀န္းက်င္ေလာက္ရွိေနၾကသူေတြ ျဖစ္ပါတယ္။ Generation X ေတြက ယခုေခတ္ေပ ၚနည္းပညာေတြနဲ ႔ အနည္းငယ္ကြ်မ္း၀င္မႈရွိသူေတြ ျဖစ္ၾကၿပီး အမီလိုက္ႏိုင္ေအာင္လည္း ၾကိဳးစားတတ္ၾကပါတယ္။ပင္ပန္းမႈဒဏ္ကိုပိုမိုခံႏိုင္တတ္ၾကၿပီး အျခား Generation ေတြနဲ ့ႏႈိင္းယွဥ္ရင္လိုက္ေလ်ာညီေထြမႈရွိစြာ ေနတတ္ၾကပါတယ္။ သူတို႔ကေတာ့ သူတို႔လုပ္တာ မွန္လား၊ မွားလားဆိုတာကို အျမဲတေစ ၾကည့္ရႈေစခ်င္ၾကၿပီး လမ္းညႊန္ျပသမွုေတြကိုႏွစ္သက္ၾကပါတယ္။ အသစ္ေတြ လုပ္ေဆာင္ရတာကို ႏွစ္သက္ ၾကေသာ္ျငားလည္း Work-Life balance ျဖစ္မႈကုိလည္း အေလးထားတတ္ၾကပါတယ္။

Generation Y ေတြကေတာ့ (၁၉၇၇-၁၉၉၀)ခုႏွစ္အတြင္း ေမြးဖြားလာၾကသူေတြ ျဖစ္ၾကၿပီး ယခုလက္ရွိမွာ အနည္းဆံုး အသက္(၂၉) ႏွစ္ပတ္၀န္းက်င္ေလာက္ရွိေနၾကသူေတြ ျဖစ္ပါတယ္။ Millennials ေတြ ကေတာ့(၁၉၉၀) ေနာက္ပိုင္း ေမြးဖြားလာၾကသူေတြ ျဖစ္ျပီး အသက္(၂၉) ႏွစ္ေအာက္ ပတ္၀န္းက်င္ရွိၾကသူေတြ ျဖစ္ပါတယ္။ Generation Y နဲ႔ Millennials ေတြကေတာ့ယေန႔ေခတ္ေပၚနည္းပညာေတြ နဲ႔ ဖက္လွဲတကင္း ႀကီးျပင္းလာၾကသူေတြ ျဖစ္ၾကပါတယ္။ အျမဲတမ္းလည္း online ေပၚမွာ ရွိေနတတ္ၿပီး Facebook, Instagram, Twitter, Snapchat, Whatsapp အစရွိတဲ့Social Media Platforms ေတြဟာ သူတို႔ရဲ႕ေန ့စဥ္ဘ၀မွာ မပါမျဖစ္ရွိေနတတ္ၾကပါတယ္။ အသစ္အသစ္ေတြကိုအျမဲေလ့လာသင္ယူေနစိတ္ရွိတတ္ၾကျပီးအခြင့္အေရး ေကာင္းေတြကို အျမဲနားစြင့္ေနတတ္ၾကပါတယ္။ အျပဳသေဘာေဆာင္တဲ့ တံု႔ျပန္ခ်က္ေတြကိုေမွ်ာ္လင့္ေနတတ္ၾကသလိုေတာင္း ဆိုတတ္ၾကၿပီး ‘ဘာေၾကာင့္လဲ’ ဆိုတဲ့ ေမးခြန္းကို မ ၾကာခဏေမးေလ့ရွိ ၾကပါတယ္။

 

အလုပ္တစ္ခုတည္းကိုေဇာက္ခ်လုပ္ေဆာင္ေနရတာထက္အလုပ္(၂) ခု(၃) ခုလုပ္ကိုင္ ေနတတ္ၾကသူေတြ ျဖစ္ပါတယ္။ သူတို႔ကေတာ့သူတို႔ကိုအေလးထားတာ၊ ေနရာေပးတာ၊ ခ်ီးက်ဴးဂုဏ္ျပဳေပးတာေတြကိုႏွစ္သက္တတ္ၾကၿပီး ဘာေၾကာင့္သူတို႔ကိုသက္ဆိုင္ရာတာ၀န္ေတြေပးတယ္ဆိုတာကိုသိခ်င္ၾက၊ စူးစမ္းေလ့လာခ်င္ၾကပါတယ္။စည္းကမ္းေတြအမ်ားၾကီးနဲ ့ခ်ဳပ္ခ်ယ္ထားတာမ်ဳိးကိုမႏွစ္ျမိဳ႕ တတ္ၾကဘဲ (၂) ဦး (၂) ဖက္အျပန္အလည္ နားလည္မွုရွိစြာ လုပ္ကိုင္ႏိုင္တဲ့လုပ္ငန္းခြင္မ်ဳိးကိုပိုမိုႏွစ္သက္ျပီးလုပ္ကိုင္လိုၾကပါတယ္။ ဒီလိုမ်ဳိး ကြဲျပားျခားနားမွုေတြ အမ်ာႀကီးရွိတဲ့ မ်ဳိးဆက္ေတြရဲ ့အားသာခ်က္ေတြကို ျမင္ေအာင္ၾကည့္ရႈၿပီးအျပဳသေဘာေဆာင္ေသာ အျပဳအမူ၊ အေျပာအဆိုမ်ားႏွင့္သာ ျပဳမူေနထိုင္သြားၾကမည္ဆိုပါကပိုမိုေအာင္ျမင္ေသာ အဖြဲ႕အစည္းတစ္ရပ္ကိုတည္ေဆာက္ႏိုင္မွာ မလြဲဧကန္ပင္ျဖစ္ပါသည္။

Read times Last modified on Monday, 27 April 2020 12:09
Rate this articles
(0 votes)