×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 27 April 2020

လိုက်လျောညီထွေ နေထိုင်ခြင်း (Adapt Change)

လိုက်လျောညီထွေ နေထိုင်ခြင်း (Adapt Change)


လိုက်လျောညီထွေနေထိုင်ခြင်း (Adapt Change) ဆိုတာ ဘယ်လိုနေထိုင်တာမျိုးလဲ၊ ဘယ်လိုနေထိုင်သင့်လဲ၊ ဘာကောင်းကျိုး တွေ ရရှိနိုင်လဲ၊ အခြားမည်သည့်အကျိုးတွေ ဖြစ်နိုင်သလဲ ……

 

ဘယ်လိုနေထိုင်တာမျိုးလဲ 

လူတစ်ကိုယ် စိတ်တစ်မျိုးဆိုသလို လူတယောက်နဲ့ တယောက်မတူသလို အကြိုက်ခြင်း၊ စရိုက်ခြင်း၊ အနေအထိုင်၊ အပြောအဆိုဆက်ဆံပုံခြင်း အရာတော် တော်များများကွဲပြားကြပါတယ်။ သို့သော် ကိုယ့်ပုံစံနဲ့ပဲကိုယ်နေမယ် မပြောင်းလဲနိုင် ဘူးဆိုသူတွေဟာ နေရာဒေသတခုခုမှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းပတ်ဝန်းကျင် အသစ်တခုရောက်သွားတာပဲဖြစ်ဖြစ်၊ ခရီးသွားလာတဲ့အချိန်မှာပဲဖြစ်ဖြစ် အတော်လေး အဆင် မပြေဖြစ်ကြရပါတယ်။

ဘယ်လိုနေထိုင်သင့်တာလဲ
ရောမရောက်ရင်၊ ရောမလိုကျင့်ဆိုတဲ့ ဆိုရိုးစကားရှိသလိုပါပဲ၊ မိမိရောက်ရှိ နေတဲ့နေရာအပေါ်မှာ အသင့်တော်ဆုံးနဲ့ အကောင်းဆုံးပြုမူ နေထိုင်သင့်ပါတယ်။ ကျွန်တော်/ကျွန်မကတော့ လွတ်လွတ်လပ်လပ်ပဲ နေတတ်တယ်၊ ပေါ့ပေါ့ပါးပါးပဲ ပြေတတ်တာပါ၊ အဲ့နေရာကိုမကြိုက်ဘူး၊ အဲ့လို တော့မလုပ်ချင်ဘူး၊ စသည်ဖြင့် ဆင်ခြေမျိုးစုံ ပေးပြီး ပြောင်းလဲဖို့ငြင်းဆန်တတ်ကြပါတယ်။ မိမိအိမ်မှာ ဒါမှမဟုတ် သူငယ်ချင်း တွေကြားထဲမှာ ဘယ်လိုပုံစံမျိုးပဲ နေခဲ့သော်ငြားလည်း၊ ပတ်ဝန်းကျင်အသစ်တခုရောက်သွားခဲ့ရင် အများကို သတိထားသင့်ပါတယ်။ အချို့သော နေထိုင်မှုပုံစံ (Type) တွေက ကိုယ့်ကိုယ်ကိုယ်လည်း အနေအထိုင်ခက်ခဲ စေသလို တပါးသူအတွက်လည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ ထို့အပြင် မိမိအပေါ်တွင်သာမက မိမိနှင့်သက်ဆိုင်တဲ့ အဖွဲ့အစည်း၊ လုပ်ငန်းအပေါင်းအသင်းပေါ်ကိုပါ သက်ရောက်တတ်ပါတယ်။

 

လိုက်လျောညီထွေနေထိုင်တာနဲ့ အလိုက်အထိုက်နေထိုင်တာ အတူတူပဲလား သာမန်အားဖြင့် တူညီပေမဲ့ တကယ်တမ် တော့ ကွဲပြားပါသေးတယ်။ လိုုက်လျောညီ ထွေနေထိုင်တယ်ဆိုတာ (Adapt Change) အများက နားလည်လက်ခံပေး အောင်နေထိုင်တာ၊ အလိုက်အထိုက်နေထိုင်တယ်ဆိုတာက (Follow the crowd) တပါးသူဖြစ် စေချင်တာကို လိုက်လုပ်တာမျိုးပါ။ လိုက်လျောညီထွေ နေထိုင်တယ်ဆိုုတာ လူအများ နဲ့ကိုက်ညီအောင် ပြုပြင်နေထိုင်တာမျိုး ဖြစ်ပြီး၊ အလိုက်အထိုက်နေတယ်ဆိုတာ တဦးချင်းဆီရဲ့ စရိုက်နဲ့ကိုက်ညီအောင် ပြောင်းလဲနေထိုင်တာမျိုးကို ဆိုလိုတာပါ။ တခါတခါ ၂ မျိုးစလုံးလိုအပ်ပေမဲ့ အမြဲတမ်း တော့ မလိုအပ်ဘူးလို့ ထင်ပါတယ်။

 

လိုက်လျောညီထွေနေတာ ဘာကောင်းမှာလဲ
ဒီအပိုင်းမှာတော့ နည်းနည်းပြော စရာရှိပါတယ်။ ပြောင်းလဲမှုမလုပ်ခင် အရင် ဆုံး သင့်ကိုယ်သင် ဆန်းစစ်ပါ။ ငါဒီလိုနေတာ ဘာအတွက်လဲ၊ ဘယ်သူ့အတွက်လဲ၊ မဖြစ် မနေ ပြောင်းလဲနေထိုင်သင့်တာလား၊ ငါကော အဲ့လိုပြောင်းလဲရင် ပျော်နိုင်ပါ့မလား၊ ငါ့ရဲ့တကယ့် ဘဝနဲ့ကိုက်ညီပါ့မလား ဆို တာပါပဲ။ Positive Change နဲ့ Negative Change ဆိုပြီး ၂ မျိုးခွဲလိုက်ပါ။ ကိုယ့် အတွက် မကောင်းတဲ့ဆိုးကျိုးတွေ သက် ရောက်စေမယ့်အရာကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြောင်းလဲပါ။ ပြောင်းလဲမှုတိုင်းကို ဆန်းစစ်ပါ။ အဖွဲ့အစည်းတခု သို့မဟုတ် ပတ်ဝန်းကျင်အသစ်တစ်ခုမှာ လိုက်လျောညီ ထွေနေထိုင်တတ်ခြင်းက သင့်ကို အများကြီး အထောက်အကူပြုစေပါတယ်။ သင်ယူရလွယ်ကူမယ်၊ ကူညီအားပေးမှုရမယ်၊ အတားအဆီးအဟန့်အတားတွေနည်းလာမယ်၊ အသစ်အဆန်းတွေ လွယ်ကူလျင်မြန်စွာ လေ့လာလို့ရမယ်၊ တသီးတသန့်ဖြစ်မနေတဲ့ အတွက် လူအများရဲ့ ချစ်ခင်နှစ်သက်မှုကိုရ မယ်၊ ဒါ့အပြင် တယောက်နဲ့တယောက် ယုံ ကြည်မှုနဲ့ ရိုင်းပင်းမှုတွေပိုမိုဖြစ်ပေါ်လာပါမယ်။

 

ငါက အကြီးပဲ ငါပြောင်းလဲစရာမလိုပါဘူးဆိုတာမျိုးရှိလာရင်ကော ...?
ကျွန်တော်တို့ ဒီလိုအရာမျိုးကို ကြုံဖူးကြမယ်ထင်ပါတယ်။ ယနေ့ခေတ်ကြီးက အလွန်လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ ကိုယ်မပြောင်းလဲနိုင်ဘူးဆို ကျန်နေခဲ့မယ့်သူက ကိုယ်တိုင်ပဲဖြစ်နေမှာပါ။ ဒီလိုအဖြစ်အပျက်သာဓက များစွာလည်းရှိပါတယ်။ မိမိမပြောင်းလဲနိုင်ရင် ပြောင်းလဲနိုင်သူကအသာစီးရသွားမှာ မလွဲပါပဲ။ ယခင်ကဓါတ်ပုံတွေ ဖလင်နဲ့ရိုက်တယ်၊ ယနေ့ခေတ်ရောက်တော့ ဒီဂျစ်တယ် (Digital) ခေတ်ကြီးဖြစ်သွားတယ်။ အပြောင်းအလဲ အရမ်းမြန်ပါတယ်။ ထို့အပြင် အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် အလုပ်လုပ်ရတဲ့ Team Working ဆိုတဲ့ အရာမှာ အလွန်ပင် အားနည်းသွားနိုင်ပါတယ်။

ယခုကဲ့သို့ တိုးတက်နေသော ခေတ် ကြီးမှာ တိုးတက်မှုများကို လေ့လာဆန်းစစ်ရင်း မိမိကိုယ်ကို ရေကဲ့သို့ အလားသဏ္ဍာန် ယူပြီးနေထိုင်သင့်ပါတယ်။ ရေဆိုတာအဝိုင်းထဲရောက်ရင်အဝိုင်းပုံ၊ လေးထောင့်ထဲ ရောက်ရင် လေးထောင့်၊ မာကြောသော ကျောက်ဆောင်များအကြားမှာလည်း ရရှိတဲ့ နေရာလေးကို အကောင်းဆုံးပုံဖော်နေထိုင်သွားနိုင်ပါတယ်။ ထိုကဲ့သို့ ဥပမာပြု၍ ကောင်းမွန်သော လိုက်လျောညီထွေပြောင်း လဲနေထိုင်မှုများကို ပြောင်းလဲနေထိုင်သင့်ပါကြောင်း အကြံပေးတင်ပြလိုပါတယ်။

 

 

လိုက္ေလ်ာညီေထြ ေနထိုင္ျခင္း (Adapt Change)


လိုက္ေလ်ာညီေထြေနထိုင္ျခင္း (Adapt Change) ဆိုတာ ဘယ္လိုေနထိုင္တာမ်ိဳးလဲ၊ ဘယ္လိုေနထိုင္သင့္လဲ၊ ဘာေကာင္းက်ိဳး ေတြ ရရွိႏိုင္လဲ၊ အျခားမည္သည့္အက်ိဳးေတြ ျဖစ္ႏိုင္သလဲ ……

ဘယ္လိုေနထိုင္တာမ်ိဳးလဲ
လူတစ္ကိုယ္ စိတ္တစ္မ်ိဳးဆိုသလို လူတေယာက္နဲ႔ တေယာက္မတူသလို အႀကိဳက္ျခင္း၊ စရိုက္ျခင္း၊ အေနအထိုင္၊ အေျပာအဆိုဆက္ဆံပံုျခင္း အရာေတာ္ ေတာ္မ်ားမ်ားကြဲျပားၾကပါတယ္။ သို႔ေသာ္ ကိုယ့္ပံုစံနဲ႔ပဲကိုယ္ေနမယ္ မေျပာင္းလဲႏိုင္ ဘူးဆိုသူေတြဟာ ေနရာေဒသတခုခုမွာပဲ ျဖစ္ျဖစ္၊ လုပ္ငန္းပတ္၀န္းက်င္ အသစ္တခုေရာက္သြားတာပဲျဖစ္ျဖစ္၊ ခရီးသြားလာတဲ့အခ်ိန္မွာပဲျဖစ္ျဖစ္ အေတာ္ေလး အဆင္ မေျပျဖစ္ၾကရပါတယ္။

 

ဘယ္လိုေနထိုင္သင့္တာလဲ
ေရာမရာက္ရင္၊ ေရာမလိုက်င့္ဆိုတဲ့ ဆိုရိုးစကားရွိသလိုပါပဲ၊ မိမိေရာက္ရွိ ေနတဲ့ေနရာအေပၚမွာ အသင့္ေတာ္ဆံုးနဲ႕ အေကာင္းဆံုးျပဳမူ ေနထိုင္သင့္ပါတယ္။ ကၽြန္ေတာ္/ကၽြန္မကေတာ့ လြတ္လြတ္လပ္လပ္ပဲ ေနတတ္တယ္၊ ေပါ့ေပါ့ပါးပါးပဲ ေျပတတ္တာပါ၊ အဲ့ေနရာကိုမႀကိဳက္ဘူး၊ အဲ့လို ေတာ့မလုပ္ခ်င္ဘူး၊ စသည္ျဖင့္ ဆင္ေျခမ်ိဳးစံု ေပးၿပီး ေျပာင္းလဲဖို႔ျငင္းဆန္တတ္ၾကပါတယ္။ မိမိအိမ္မွာ ဒါမွမဟုတ္ သူငယ္ခ်င္း ေတြၾကားထဲမွာ ဘယ္လိုပံုစံမ်ိဳးပဲ ေနခဲ့ေသာ္ျငားလည္း၊ ပတ္၀န္းက်င္အသစ္တခုေရာက္သြားခဲ့ရင္ အမ်ားကို သတိထားသင့္ပါတယ္။ အခ်ိဳ႕ေသာ ေနထိုင္မႈပံုစံ (Type) ေတြက ကိုယ့္ကိုယ္ကိုယ္လည္း အေနအထိုင္ခက္ခဲ ေစသလို တပါးသူအတြက္လည္း အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ထို႔အျပင္ မိမိအေပၚတြင္သာမက မိမိႏွင့္သက္ဆိုင္တဲ့ အဖြဲ႔အစည္း၊ လုပ္ငန္းအေပါင္းအသင္းေပၚကိုပါ သက္ေရာက္တတ္ပါတယ္။

လိုက္ေလ်ာညီေထြေနထိုင္တာနဲ႔ အလိုက္အထိုက္ေနထိုင္တာ အတူတူပဲလား သာမန္အားျဖင့္ တူညီေပမဲ့ တကယ္တမ္ ေတာ့ ကြဲျပားပါေသးတယ္။ လုိုက္ေလ်ာညီ ေထြေနထိုင္တယ္ဆိုတာ (Adapt Change) အမ်ားက နားလည္လက္ခံေပး ေအာင္ေနထိုင္တာ၊ အလိုက္အထိုက္ေနထိုင္တယ္ဆိုတာက (Follow the crowd) တပါးသူျဖစ္ ေစခ်င္တာကို လိုက္လုပ္တာမ်ိဳးပါ။ လိုက္ေလ်ာညီေထြ ေနထိုင္တယ္ဆုိုတာ လူအမ်ား နဲ႔ကိုက္ညီေအာင္ ျပဳျပင္ေနထိုင္တာမ်ိဳး ျဖစ္ၿပီး၊ အလိုက္အထိုက္ေနတယ္ဆိုတာ တဦးခ်င္းဆီရဲ႕ စရိုက္နဲ႔ကိုက္ညီေအာင္ ေျပာင္းလဲေနထိုင္တာမ်ိဳးကို ဆိုလိုတာပါ။ တခါတခါ ၂ မ်ိဳးစလံုးလိုအပ္ေပမဲ့ အၿမဲတမ္း ေတာ့ မလိုအပ္ဘူးလို႔ ထင္ပါတယ္။

 

လိုက္ေလ်ာညီေထြေနတာ ဘာေကာင္းမွာလဲ
ဒီအပိုင္းမွာေတာ့ နည္းနည္းေျပာ စရာရွိပါတယ္။ ေျပာင္းလဲမႈမလုပ္ခင္ အရင္ ဆံုး သင့္ကိုယ္သင္ ဆန္းစစ္ပါ။ ငါဒီလိုေနတာ ဘာအတြက္လဲ၊ ဘယ္သူ႔အတြက္လဲ၊ မျဖစ္ မေန ေျပာင္းလဲေနထိုင္သင့္တာလား၊ ငါေကာ အဲ့လိုေျပာင္းလဲရင္ ေပ်ာ္ႏိုင္ပါ့မလား၊ ငါ့ရဲ႕တကယ့္ ဘ၀နဲ႔ကိုက္ညီပါ့မလား ဆို တာပါပဲ။ Positive Change နဲ႕ Negative Change ဆိုၿပီး ၂ မ်ိဳးခြဲလိုက္ပါ။ ကိုယ့္ အတြက္ မေကာင္းတဲ့ဆိုးက်ိဳးေတြ သက္ ေရာက္ေစမယ့္အရာကို အတတ္ႏိုင္ဆံုး ထိန္းခ်ဳပ္ေျပာင္းလဲပါ။ ေျပာင္းလဲမႈတိုင္းကို ဆန္းစစ္ပါ။ အဖြဲ႕အစည္းတခု သို႔မဟုတ္ ပတ္၀န္းက်င္အသစ္တစ္ခုမွာ လိုက္ေလ်ာညီ ေထြေနထိုင္တတ္ျခင္းက သင့္ကို အမ်ားႀကီး အေထာက္အကူျပဳေစပါတယ္။ သင္ယူရလြယ္ကူမယ္၊ ကူညီအားေပးမႈရမယ္၊ အတားအဆီးအဟန္႔အတားေတြနည္းလာမယ္၊ အသစ္အဆန္းေတြ လြယ္ကူလ်င္ျမန္စြာ ေလ့လာလို႔ရမယ္၊ တသီးတသန္႔ျဖစ္မေနတဲ့ အတြက္ လူအမ်ားရဲ႕ ခ်စ္ခင္ႏွစ္သက္မႈကိုရ မယ္၊ ဒါ့အျပင္ တေယာက္နဲ႔တေယာက္ ယံု ၾကည္မႈနဲ႔ ရိုင္းပင္းမႈေတြပိုမိုျဖစ္ေပၚလာပါမယ္။

 

ငါက အႀကီးပဲ ငါေျပာင္းလဲစရာမလိုပါဘူးဆိုတာမ်ိဳးရွိလာရင္ေကာ ...?
ကၽြန္ေတာ္တို႔ ဒီလိုအရာမ်ိဳးကို ၾကံဳဖူးၾကမယ္ထင္ပါတယ္။ ယေန႔ေခတ္ႀကီးက အလြန္လ်င္ျမန္စြာ ေျပာင္းလဲေနပါတယ္။ ကိုယ္မေျပာင္းလဲႏုိင္ဘူးဆို က်န္ေနခဲ့မယ့္သူက ကိုယ္တိုင္ပဲျဖစ္ေနမွာပါ။ ဒီလိုအျဖစ္အပ်က္သာဓက မ်ားစြာလည္းရွိပါတယ္။ မိမိမေျပာင္းလဲႏိုင္ရင္ ေျပာင္းလဲႏိုင္သူကအသာစီးရသြားမွာ မလြဲပါပဲ။ ယခင္ကဓါတ္ပံုေတြ ဖလင္နဲ႔ရိုက္တယ္၊ ယေန႔ေခတ္ေရာက္ေတာ့ ဒီဂ်စ္တယ္ (Digital) ေခတ္ႀကီးျဖစ္သြားတယ္။ အေျပာင္းအလဲ အရမ္းျမန္ပါတယ္။ ထို႕အျပင္ အဖြဲ႕အစည္းစိတ္ဓါတ္ျဖင့္ အလုပ္လုပ္ရတဲ့ Team Working ဆိုတဲ့ အရာမွာ အလြန္ပင္ အားနည္းသြားႏိုင္ပါတယ္။

 

ယခုကဲ့သို႔ တိုးတက္ေနေသာ ေခတ္ ႀကီးမွာ တိုးတက္မႈမ်ားကို ေလ့လာဆန္းစစ္ရင္း မိမိကုိယ္ကို ေရကဲ့သို႔ အလားသ႑ာန္ ယူၿပီးေနထိုင္သင့္ပါတယ္။ ေရဆိုတာအ၀ိုင္းထဲေရာက္ရင္အ၀ုိင္းပံု၊ ေလးေထာင့္ထဲ ေရာက္ရင္ ေလးေထာင့္၊ မာေၾကာေသာ ေက်ာက္ေဆာင္မ်ားအၾကားမွာလည္း ရရွိတဲ့ ေနရာေလးကို အေကာင္းဆံုးပံုေဖာ္ေနထိုင္သြားႏုိင္ပါတယ္။ ထိုကဲ့သို႔ ဥပမာျပဳ၍ ေကာင္းမြန္ေသာ လိုက္ေလ်ာညီေထြေျပာင္း လဲေနထိုင္မႈမ်ားကို ေျပာင္းလဲေနထိုင္သင့္ပါေၾကာင္း အၾကံေပးတင္ျပလိုပါတယ္။

Read times Last modified on Monday, 27 April 2020 15:10
Rate this articles
(0 votes)