×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 12 August 2020

အင်္ဂလိပ်ဘာသာစကားလေ့လာမှု လျှင်မြန်စွာ တိုးတက်လာစေရန် အကြံပြုချက် (၇)ချက်

အင်္ဂလိပ်ဘာသာစကားလေ့လာမှု လျှင်မြန်စွာ တိုးတက်လာစေရန် အကြံပြုချက် (၇)ချက်


၁။ အမှားကို မကြောက်ပါနဲ့
“လူမှန်လျှင် အမှားနှင့်မကင်းနိုင်” ဟူသောစကားသည် ဘာသာစကားတစ်ခုလေ့လာရာတွင်လည်း မမေ့သင့်သော အချက်တစ်ခုဖြစ်ပေသည်။ ကျွန်ုပ်တို့သည်လည်း လူထဲမှလူသားတစ်ယောက် ဖြစ်သဖြင့် အမှားနှင့်မကင်းနိုင်ပေ။ ထို့ကြောင့် ဘာသာစကားတစ်ခုလေ့လာရာတွင်လည်း အမှားလုပ်မိမည်ကို မကြောက်သင့်ပေ။ အမှားများမှ အမှန်ကို ရရှိလာနိုင်ပေသည်။

 

၂။ အင်္ဂလိပ်စာ အသိုင်းအဝန်းရှိပါစေ။
“တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး” ဟူသော ဆိုရိုးစကားကဲ့သို့ ကျွနု်ပ်တို့နှင့် နီးစပ်သော ပတ်ဝန်းကျင်မှ အမူအကျင့်များကိုသာ အများဆုံး ကူးစက်ကြသည်ဖြစ်သည်။ ထိုနည်းတူ ဘာသာစကားတစ်ခု လေ့လာရန် Exposure (အထိအတွေ့) များများ ရှိရန် လိုအပ်ပေသည်။ ထို့ကြောင့် သင်၏အင်္ဂလိပ်ဘာသာစကား အလျင်အမြန် တိုးတက်စေလိုပါက သင်ကိုယ်တိုင်သည်လည်း အင်္ဂလိပ်စာ ဘာသာစကားကို အများဆုံး အသုံးပြုသော ပတ်ဝန်ကျင် အသိုင်းအဝန်းမျိုးနှင့် နီးနီးစပ်စပ်ရှိရန် လိုအပ်ပေသည်။

 

၃။ အမြဲမပြတ် အသုံးပြုကာ လေ့ကျင့်ပါ။
လေ့ကျင့်ခြင်းသည် အောင်မြင်ခြင်း၏ သော့ချက်ဖြစ်ပေသည်။ ထို့ကြောင့် အင်္ဂလိပ်ဘာသာစကး တိုးတက်လိုပါက သင်လေ့လာထားသော စကားလုံးများ သဒ္ဒါပုံစံများ အစရှိသည်တို့ကို သင်နေ့စဉ် အသုံးပြုနေဖို့ လိုအပ်ပေသည်။

 

၄။ စာရင်းပြုစုထားပါ။
သင်နှင့်ရင်းနှီးကျွမ်းဝင်မှုမရှိသော လူတစ်ဦးကို တစ်ကြိမ်မြင်ဖူးရံနှင့် နောက်တစ်ကြိမ် ပြန်လည်မှတ်မိရန် မလွယ်ကူပါ။ ထိုနည်းတူပင် သင်တစ်ကြိမ်လေ့လာဖူးသော စကားလုံးများအား သေချာစာရင်း မပြုစုထားပါက နောက်တစ်ကြိမ် ပြန်လည်မှတ်မိရန် မလွယ်ကူပေ။ ထို့ကြောင့် သင်ကိုယ်ပိုင် Vocabulary Notebook လေး လုပ်ထားခြင်းသည်လည်း သင်၏ဘာသာစကား တုးတက်မှုအား အထောက်အပံ့ ပေးနိုင်ပေသည်။

 

၅။ ရေတိုစီမံကိန်းများ ချထားပါ။
ဘာသာစကားတစ်ခုသည် နေ့ချင်းညချင်း တတ်မြောက်သွားနိုင်သော အရာမဟုတ်ပေ။ ထို့ကြောင့် သင့်အနေနှင့်လည်း နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် စသည်ဖြင့် အစီအစဉ်များ အသေးစိတ် ချမှတ်ကာ လေ့လာသင့်ပေသည်။ ဥပမာ - ယနေ့ အင်္ဂလိပ်စကားလုံး (၁၀)လုံးကျက်မည်ဆိုပါက နေ့စဉ်နေ့တိုင်း (၁၀)လုံးစီ ကျက်မှတ်ကာ အထက်တွင်ဖော်ပြခဲ့သလိုပင် သင်၏ကိုယ်ပိုင် Vocabulary Notebook တွင် မှတ်သားထားခြင်းသည်လည်း သင်၏ဘာသာစကား လေ့လာမှုအး အချိန်တိုအတွင်း တိုးတက်လာစေနိုင်ပါသည်။

 

၆။ တည်းဖြတ်ပါ။
သင်လ့လာထားသော အင်္ဂလိပ်စာ စာလုံးများ၊ သဒ္ဒါပုံစံများ စသည်တို့နှင့် သင်နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ရေးသားထားသော အင်္ဂလိပ်ဘာသာစကားဆိုင်ရာ စာစီစာကုံးများ၊ ပေးစာများ စသည်တို့ကို တစ်ကြိမ် ရေးသားပြီးသည်နှင့် လျစ်လျူမရှုထားသင့်ပါ။ အကြိမ်ကြိမ် အခါခါဖတ်ရှု၍ ပထမအကြိမ် ရေးထားသည်ထက် ပိုမိုကောင်းမွန်လာစေရန် တည်းဖြတ်ပြုပြင်သင့်ပေသည်။

၇။ သီချင်းနားထာင်ပါ။ ရုပ်ရှင်ကြည့်ပါ။
ဘာသာစကား လေ့လာခြင်းသည် အင်္ဂလိပ်စာအုပ်များဖတ်ခြင်း၊ အင်္ဂလိပ်စာသင်တန်များတက်ခြင်းဖြင့် မလုံလောက်နိုင်ပါ။ English for pleasure ဟူကဲ့သို့ပင် ပျော်ပျော်ရွှင်ရွှင်နှင့် လေ့လာခြင်းမျာလည်း လိုအပ်ပါသည်။ ထိုသို့လ့လာရန် အကောင်းဆုံးနည်းလမ်းမှာ အင်္ဂလိပ်သီချင်းများ၊ နားထောင်ခြင်၊ အင်္ဂလိပ်ရုပ်ရှင်များကြည့်ခြင်းတို့ ဖြစ်ပေသည်။

 

အထက်ပါ အချက်(၇)ချက်အား လေ့လာမှတ်သားကာ အင်္ဂလိပ်ဘာသာစကားအား လျင်လျင်မြန်မြန် လေ့လာသင်ယူနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။

Credit : Tr. Nway

အဂၤလိပ္ဘာသာစကားေလ့လာမႈ လွ်င္ျမန္စြာ တိုးတက္လာေစရန္ အႀကံျပဳခ်က္ (၇)ခ်က္

၁။ အမွားကို မေၾကာက္ပါနဲ႔
“လူမွန္လွ်င္ အမွားႏွင့္မကင္းႏိုင္” ဟူေသာစကားသည္ ဘာသာစကားတစ္ခုေလ့လာရာတြင္လည္း မေမ့သင့္ေသာ အခ်က္တစ္ခုျဖစ္ေပသည္။ ကၽြႏ္ုပ္တို႔သည္လည္း လူထဲမွလူသားတစ္ေယာက္ ျဖစ္သျဖင့္ အမွားႏွင့္မကင္းႏိုင္ေပ။ ထို႔ေၾကာင့္ ဘာသာစကားတစ္ခုေလ့လာရာတြင္လည္း အမွားလုပ္မိမည္ကို မေၾကာက္သင့္ေပ။ အမွားမ်ားမွ အမွန္ကို ရရွိလာႏိုင္ေပသည္။

 

၂။ အဂၤလိပ္စာ အသိုင္းအ၀န္းရွိပါေစ။
“တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး” ဟူေသာ ဆုိရိုးစကားကဲ့သို႔ ကၽြႏု္ပ္တို႔ႏွင့္ နီးစပ္ေသာ ပတ္၀န္းက်င္မွ အမူအက်င့္မ်ားကိုသာ အမ်ားဆံုး ကူးစက္ၾကသည္ျဖစ္သည္။ ထိုနည္းတူ ဘာသာစကားတစ္ခု ေလ့လာရန္ Exposure (အထိအေတြ႕) မ်ားမ်ား ရွိရန္ လိုအပ္ေပသည္။ ထို႔ေၾကာင့္ သင္၏အဂၤလိပ္ဘာသာစကား အလ်င္အျမန္ တိုးတက္ေစလိုပါက သင္ကိုယ္တိုင္သည္လည္း အဂၤလိပ္စာ ဘာသာစကားကို အမ်ားဆံုး အသံုးျပဳေသာ ပတ္၀န္က်င္ အသိုင္းအ၀န္းမ်ိဳးႏွင့္ နီးနီးစပ္စပ္ရွိရန္ လိုအပ္ေပသည္။

 

၃။ အၿမဲမျပတ္ အသံုးျပဳကာ ေလ့က်င့္ပါ။
ေလ့က်င့္ျခင္းသည္ ေအာင္ျမင္ျခင္း၏ ေသာ့ခ်က္ျဖစ္ေပသည္။ ထို႔ေၾကာင့္ အဂၤလိပ္ဘာသာစကး တိုးတက္လိုပါက သင္ေလ့လာထားေသာ စကားလံုးမ်ား သဒၵါပံုစံမ်ား အစရွိသည္တို႔ကို သင္ေန႔စဥ္ အသံုးျပဳေနဖို႔ လိုအပ္ေပသည္။

 

၄။ စာရင္းျပဳစုထားပါ။
သင္ႏွင့္ရင္းႏွီးကၽြမ္း၀င္မႈမရွိေသာ လူတစ္ဦးကို တစ္ႀကိမ္ျမင္ဖူးရံႏွင့္ ေနာက္တစ္ႀကိမ္ ျပန္လည္မွတ္မိရန္ မလြယ္ကူပါ။ ထိုနည္းတူပင္ သင္တစ္ႀကိမ္ေလ့လာဖူးေသာ စကားလံုးမ်ားအား ေသခ်ာစာရင္း မျပဳစုထားပါက ေနာက္တစ္ႀကိမ္ ျပန္လည္မွတ္မိရန္ မလြယ္ကူေပ။ ထို႔ေၾကာင့္ သင္ကိုယ္ပိုင္ Vocabulary Notebook ေလး လုပ္ထားျခင္းသည္လည္း သင္၏ဘာသာစကား တုးတက္မႈအား အေထာက္အပံ့ ေပးႏိုင္ေပသည္။

 

၅။ ေရတိုစီမံကိန္းမ်ား ခ်ထားပါ။
ဘာသာစကားတစ္ခုသည္ ေန႔ခ်င္းညခ်င္း တတ္ေျမာက္သြားႏိုင္ေသာ အရာမဟုတ္ေပ။ ထို႔ေၾကာင့္ သင့္အေနႏွင့္လည္း ေန႔စဥ္၊ အပတ္စဥ္၊ လစဥ္၊ ႏွစ္စဥ္ စသည္ျဖင့္ အစီအစဥ္မ်ား အေသးစိတ္ ခ်မွတ္ကာ ေလ့လာသင့္ေပသည္။ ဥပမာ - ယေန႔ အဂၤလိပ္စကားလံုး (၁၀)လံုးက်က္မည္ဆိုပါက ေန႔စဥ္ေန႔တိုင္း (၁၀)လံုးစီ က်က္မွတ္ကာ အထက္တြင္ေဖာ္ျပခဲ့သလိုပင္ သင္၏ကိုယ္ပိုင္ Vocabulary Notebook တြင္ မွတ္သားထားျခင္းသည္လည္း သင္၏ဘာသာစကား ေလ့လာမႈအး အခ်ိန္တိုအတြင္း တိုးတက္လာေစႏိုင္ပါသည္။

 

၆။ တည္းျဖတ္ပါ။
သင္လ့လာထားေသာ အဂၤလိပ္စာ စာလံုးမ်ား၊ သဒၵါပံုစံမ်ား စသည္တို႔ႏွင့္ သင္ေန႔စဥ္၊ အပတ္စဥ္၊ လစဥ္ ေရးသားထားေသာ အဂၤလိပ္ဘာသာစကားဆိုင္ရာ စာစီစာကံုးမ်ား၊ ေပးစာမ်ား စသည္တို႔ကို တစ္ႀကိမ္ ေရးသားၿပီးသည္ႏွင့္ လ်စ္လ်ဴမရႈထားသင့္ပါ။ အႀကိမ္ႀကိမ္ အခါခါဖတ္ရႈ၍ ပထမအႀကိမ္ ေရးထားသည္ထက္ ပိုမိုေကာင္းမြန္လာေစရန္ တည္းျဖတ္ျပဳျပင္သင့္ေပသည္။

၇။ သီခ်င္းနားထာင္ပါ။ ရုပ္ရွင္ၾကည့္ပါ။
ဘာသာစကား ေလ့လာျခင္းသည္ အဂၤလိပ္စာအုပ္မ်ားဖတ္ျခင္း၊ အဂၤလိပ္စာသင္တန္မ်ားတက္ျခင္းျဖင့္ မလံုေလာက္ႏိုင္ပါ။ English for pleasure ဟူကဲ့သို႔ပင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ႏွင့္ ေလ့လာျခင္းမ်ာလည္း လိုအပ္ပါသည္။ ထုိသို႔လ့လာရန္ အေကာင္းဆံုးနည္းလမ္းမွာ အဂၤလိပ္သီခ်င္းမ်ား၊ နားေထာင္ျခင္၊ အဂၤလိပ္ရုပ္ရွင္မ်ားၾကည့္ျခင္းတို႔ ျဖစ္ေပသည္။

 

အထက္ပါ အခ်က္(၇)ခ်က္အား ေလ့လာမွတ္သားကာ အဂၤလိပ္ဘာသာစကားအား လ်င္လ်င္ျမန္ျမန္ ေလ့လာသင္ယူႏိုင္ၾကပါေစဟု ဆႏၵျပဳလိုက္ပါသည္။

Credit : Tr. Nway

Read times Last modified on Thursday, 13 August 2020 10:09
Rate this articles
(0 votes)