×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 17 September 2020

Financial Literacy Online Learning Festival ငွေကြေးဆိုင်ရာပညာရပ်တွေကို အခမဲ့လေ့လာနိုင်မယ့် အွန်လိုင်း ရက်သတ္တပတ် သင်တန်း

Financial Literacy Online Learning Festival  (ငွေကြေးဆိုင်ရာပညာရပ်တွေအကြောင်း အွန်လိုင်းကနေ အခမဲ့သင်ယူနိုင်မယ့် သင်တန်းရက်သတ္တပတ်) ဟာဆိုရင် Yoma Bank နဲ့ Prudential Myanmar တို့ရဲ့ ပူးပေါင်းပံ့ပိုးကူညီမှုနဲ့အတူ Phandeeyar Institute က ပြုလုပ်ဖန်တီးပေးမယ့် အစီအစဉ်လေး တစ်ခု ဖြစ်ပါတယ်။

 

ဒီအစီအစဉ်လေးကတော့ အခုလို COVID 19 ဖြစ်နေတဲ့ ကာလမှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ကျောင်းသားလူငယ်တွေ၊ လုပ်ငန်းခွင်ဝင်ရောက်နေသူတွေ၊ အသေးစားအလတ်စားလုပ်ငန်းပိုင်ဆိုင်သူတွေ၊ နည်းပညာအခြေပြုစီးပွားရေးလုပ်ငန်းတည်ထောင်လိုသူအားလုံးအတွက် အကျိုးရှိစေဖို့အတွက်ရည်ရွယ်ထားတဲ့ အစီအစဉ်လေးဖြစ်ပြီး ဒီအစီအစဉ်မှာဆိုရင် တက်ရောက် ပါဝင်သူတွေဟာ မိမိအိမ်မှာပဲနေပြီး မိမိဘဝအတွက် မိမိလုပ်ငန်းအတွက် အရေးကြီးတဲ့ ငွေကြေးဆိုင်ရာပညာရပ်တွေအကြောင်းကို  နယ်ပယ်အသီးသီးက အတွေ့အကြုံရှိ အသိပညာရှင် အတတ်ပညာရှင်တွေထံမှ စက်တင်ဘာလ(၂၈)ရက်နေ့ကနေ အောက်တိုဘာလ( ၄)ရက်နေ့အထိ တစ်ပတ်တာအချိန်အတွင်း အွန်လိုင်းကနေအခမဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။

 

ဘယ်သူတွေပါဝင်ဆွေးနွေးမျှဝေပေးမှာလဲ.....?

ဒီ Program မှာဆိုရင် လက်ရှိမြန်မာနိုင်ငံရဲ့ နယ်ပယ်အသီးသီးက လုပ်ငန်းအတွေ့အကြုံများစွာကို ပိုင်ဆိုင်ထားတဲ့ ငွေကြေးဆိုင်ရာ အသိပညာရှင်၊အတတ်ပညာရှင်၊Manager တွေ၊CEO တွေ အစရှိတဲ့ ပညာရှင် (၃၀)နီးပါးက ဝင်ရောက်ဆွေးနွေးသွားကြမှာပါ။

 

ဘယ်လိုသင်တန်းခေါင်းစဉ်တွေပါဝင်မှာလဲ....?

Personal Track ( မိမိရဲ့နေ့စဉ်ဘဝအတွက် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုပညာ) နဲ့ MSME Track ( မိမိရဲ့ စီးပွားရေးလုပ်ငန်းအတွက် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုပညာ) , Kids Track (ကလေးတို့အတွက် ငွေကြေးစီမံခန့်ခွဲမှုပညာ) အစရှိတဲ့ ကဏ္ဍ(၃)ခုအောက်ကနေ စိတ်ဝင်စားစရာအခမဲ့အွန်လိုင်းသင်တန်း (၃၀)နီးပါး ပါဝင်မှာဖြစ်ပါတယ်။

 

မိမိရဲ့နေ့စဉ်ဘဝအတွက် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုပညာ ကဏ္ဍအောက်မှာ သင်ကြားပေးမယ့် အကြောင်းအရာတွေကတော့

-Planning for the future

-Saving Strategies

-Income and Benefits

-Emergency Fund

-Insurance and protection

-Time Value Money

-The danger of Informal Lending

-Excel Basic

-Managing Income Taxes

-Financial Terms for Everyone

အစရှိတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေကိုလေ့လာနိုင်မှာဖြစ်ပါတယ်။

 

မိမိရဲ့ စီးပွားရေးလုပ်ငန်းအတွက် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုပညာကဏ္ဍအောက်မှာတော့

-Income/Profit and Loss Statement

-Balance Sheet

-Financial Analysis Series

-Financial Planning

-Cashflow Statement

-Practical Financial Modelling for Startups and SMEs

-Risk Management အစရှိတဲ့ ငွေကြေးဆိုင်ရာပညာရပ်တွေကို လက်တွေ့လေ့ကျင့်ခန်းတွေနဲ့အတူ လေ့လာရမှာပါ။

 

ထူးခြားချက်ကတော့ ရက်သတ္တပတ်လုံး သင်ယူစရာမလိုဘဲ ကိုယ်စိတ်ဝင်စားတဲ့ ပညာရပ်တွေကို နေ့ရက်အလိုက် ရွေးချယ်သင်ယူနိုင်မှာပါ။

Webinar Session တွေမှာ လေ့လာနိုင်မယ့် ဘာသာရပ်တွေ၊ trainer တွေနဲ့ နေ့ရက်တွေကို ဒီလင့်ခ် ( https://app.phandeeyar.institute/  ) မှာကြည့်နိုင်ပြီး မိမိစိတ်ဝင်စားတဲ့ အကြောင်းအရာဘာသာရပ်တွေကို အခမဲ့စာရင်းပေးသွင်းလေ့လာနိုင်ပါတယ်။


သင်တန်းအစီအစဉ်

သင်တန်းနေ့ရက်

စက်တင်ဘာလ၂၈ရက်-အောက်တိုဘာလ၄ရက်

သင်တန်းချိန်

မနက် ၉နာရီ- ၁၀နာရီခွဲ

မနက်၁၁နာရီ- ၁၂နာရီခွဲ

နေ့လည်၁နာရီ-၂နာရီခွဲ

ညနေ၃နာရီ-၄နာရီခွဲ

ည၇နာရီ-၈နာရီခွဲ

(မိမိလေ့လာလိုတဲ့ အကြောင်းအရာအလိုက် မိမိအားလပ်တဲ့အချိန်မှာ လေ့လာနိုင်ပါတယ်)

 

စာရင်းပေးသွင်းရန်

>> Click Here  <<

Read times
Rate this articles
(0 votes)