×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 08 October 2020

ကျန်းမာခြင်းသည် လာဘ်တစ်ပါး

COVID19 ကာလမှာ တော်တော်များများသောသူတွေဟာ (အားလုံးဟု မဆိုလို) စိတ်ပိုင်းဆိုင်ရာ ခံစားချက် ပြသနာတွေရှိနေကြပါတယ်။ အိမ်နဲ့ အဝေးမှာရောက်နေသူတွေဆို မိသားစုကို ပူပန်ရခြင်း၊ အိမ်ကိုသတိရခြင်း (မလုပ်ရဘူးဆိုမှ ပိုလုပ်ချင်တဲ့ လူ့သဘာဝကြောင့် ပုံမှန် တနှစ်တခါ မပြန်ဖြစ်တောင် ခုချိန် မပြန်သင့်ဘူးဆိုမှ အိမ်ပြန်လိုခြင်း)၊ စားဝတ်နေရေးအတွက် ပူပန်နေရခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် စိုးရိမ်ပူပန်ရခြင်း၊ လမ်းပျောက်သလို ခံစားချက်များဝင်လာခြင်း၊ မရေရာခြင်းခံစားချက်များ၊ စိုးရိမ်စိတ်များ၊ ကြောက်ရွံခြင်းစတဲ့ စတဲ့ ခံစားချက်ပေါင်းများစွာ ရှိနေတတ်ပါတယ်။

 

အဲ့လိုခံစားချက်တွေ ဝင်လာတဲ့အခါ သင်တစ်ယောက်ထဲ မဟုတ်ဘူးဆိုတာကို သတိရပါ။ ဖြစ်တတ်တာ သဘာဝပဲ ဆိုတာကိုလဲ မမေ့ပါနဲ့။ အဲ့ဒီ့အရာတွေကို ကျော်ဖြတ်ဖို့ သင်ကိုယ်တိုင်ပဲ လုပ်နိုင်တယ်ဆိုတာ သတိပြုပါနော်။

 

အရာအားလုံးထဲမှာ ကျန်းမာခြင်းဆိုတာက အရေးအကြီးဆုံးပါ။ မိမိကိုယ်တိုင် ကျန်းမာမှ တခြားကိစ္စရပ်တွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာခြင်းဆိုတာ မြန်မာအယူအရ ပြောရရင် ကိုယ်၊ စိတ်၊ နှလုံး သုံးပါး ညီညွတ်မှ ကျန်းမာတာဖြစ်လို့ ခန္ဓာကိုယ် ကျန်မာဖို့ ထိန်းသိမ်းနေထိုင်သလို စားသောက်သလို စိတ်ကျန်းမာဖို့ ဖြေလျော့ခြင်းလေ့ကျင့်ခန်းတွေ၊ ကိုယ်ဝါသနာပါတာလုပ်ပေးတာတွေ၊ ကိုယ်ချစ်ခင်ရတဲ့ ကိုယ့်ကိုချစ်ခင်တဲ့ သူတွေနဲ့ ဆက်သွယ်တာတွေ လုပ်ပေးပါနော်။

 

နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတစ်ယောက် မိတ်ဆွေတယောက်ကို ဖုန်းခေါ်ပြီး စကားပြောတဲ့အခါ တခါတရံ သူတို့နဲ့ရှိဖူးတဲ့ ကောင်းတဲ့ အမှတ်ရခြင်းတွေ ပြန်ရတတ်တယ်လေ။ အဓိကတော့ ပစ္စုပ္ပန်မှာနေပါ။ မရေရာ မသေချာတဲ့ အနာဂတ်ကို တွေးပူပြီး စိတ်သောက မရှာပါနဲ့။

 

ပြီးခဲ့တဲ့ အတိတ်ကို ပြန်တွေးပြီးလဲ အပူမရှာပါနဲ့။ အားလုံးက တဒဂ်တွေဆိုတာကို သတိရပြီး ရှင်သန်နေချိန် မိမိကိုယ်ကို ချစ်ခြင်းဖြင့် စောင့်ရှောက်နိုင်ပြီး အကောင်းဆုံး ပျော်ရွှင် ကျန်းမာစွာ နေနိုင်ကြပါစေကြောင်း...

 

 

 


 


 


 


 


Read times Last modified on Thursday, 08 October 2020 10:34
Rate this articles
(0 votes)