×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 20 October 2020

လူ့ယဉ်ကျေးများ မည်သည့်အခါမှ မေးလေ့မေးထမရှိသည့် မေးခွန်းများ

လူ့ယဉ်ကျေးများ မည်သည့်အခါမှ မေးလေ့မေးထမရှိသည့် မေးခွန်းများ

 

အချို့မေးခွန်းများက သင်ရည်ရွယ်ချက်ရှိရှိ မေးလိုက်တာလည်းဖြစ်နိုင်တယ်။ အမှတ်တမဲ့ မေးမိလိုက်တဲ့ မေးခွန်းတွေလည်း ဖြစ်နိုင်ပါတယ်။ မေးလိုက်တဲ့သူအတွက် ဘာမဟုတ်တဲ့မေးခွန်းလေးတစ်ခုဟာ အမေးခံရသူအတွက် စိတ်အနှောင့်အယှက် တစ်စုံတစ်ရာဖြစ်စေတယ်ဆိုရင်တော့ နှစ်ဦးနှစ်ဘက်လုံးအတွက် ဘယ်လိုမှ ကောင်းနိုင်စရာမရှိပါဘူး။


သင့်ကိုယ်သင် ယဉ်ကျေးတဲ့သူတစ်ယောက်၊ စကားပြောကောင်းသူတစ်ယောက်၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ယောက်လို့ သတ်မှတ်တယ်ဆိုရင်တော့ အခုဖော်ပြထားတဲ့ မေးခွန်းတွေကို မိမိရဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ မိတ်သစ်၊ ဆွေသစ်တွေကို ဘယ်သောအခါမှ မမေးမိပါစေနဲ့။

 

(1) You’re so cute! Why are you still single? (မင်းက ချစ်စရာကောင်းတာပဲ။ ဒါတောင် ဘာကြောင့် ခုထိ အပျိုကြီးဖြစ်နေတာလဲ?)
(2) Why don’t you have kids yet? (ဘာလို့ ခုထိ ခလေးမယူသေးတာလဲ/ ခလေးမရှိသေးတာလဲ?)
(3) You look so thin! Have you lost weight? (ပိန်လိုက်တာ၊ ဘာလဲ ဝိတ်ချနေတာလား?)
(4) Why haven’t you put a ring on it yet? (မင်းရဲ့လက်စွပ်ရော (မင်းတို့စုံတွဲလက်စွပ်ရော) ဘာလို့မဝတ်တာလဲ?)
(5) You seem like you’re doing well, how much money do you make? (အလုပ်ကောင်းတယ်ထင်တယ်၊ မင်းဝင်ငွေဘယ်လောက်ရှိလဲ? (မင်းလစာဘယ်လောက်လဲ))
(6) I’m sorry to hear your (dad) passed, how did he die? (မင်းရဲ့(အဖေ) နာရေးသတင်းကိုကြားလိုက်တယ်။ သူဘယ်လိုဆုံးသွားတာလဲ?)
(7) Why do you look so tired? (ဘာကြောင့်ဒီလောက်ပင်ပန်းနေရတာလဲ?)
(8) So, who are you voting for? (ဒီလိုဆို . . . မင်းဘယ်သူ့ကိုရွေးချယ်မှာလဲ?)
(9) Where did you go to college and what’s your degree in? (မင်း ကျောင်းကိုဘယ်မှာတက်ခဲ့တာလဲ၊ ဘာဘွဲ့ရခဲ့တာလဲ?)
(10) Why don’t you get out more? (ဘာအတွက်ကြောင့်နဲ့ မင်းက အပြင်ထွက်လို့မရဘူးလဲ?)
(11) Oh, where is his dad? (အိုး . . . .ဘယ်မှာလဲ သူ့အဖေ?)
(12) Are you a man or a woman? (နင်က ယောကျ်ားလေးလား၊ မိန်းကလေးလား?)
(13) How old are you? (မင်း အသက်ဘယ်လောက်ရှိပြီလဲ?)
(14) Are you pregnant? (မင်းကိုယ်ဝန်ရှိနေတာလား?)

 

“နှုတ်ချို သျှိုတစ်ပါး” ဆိုတဲ့စကားနဲ့အတိုင်း ကိုယ်ပြောလိုက်တဲ့စကားတိုင်းအတွက် အပေါင်းအသင်း၊ မိတ်ဆွေတွေ တိုးပွားနိုင်စေဖို့ရာအတွက် ဒီအချက်အလက်တွေ မေးခြင်းမှ ရှောင်ကြဉ်ကြပါစို့။

 

 

လူ႔ယဥ္ေက်းမ်ား မည္သည့္အခါမွ ေမးေလ့ေမးထမရွိသည့္ ေမးခြန္းမ်ား

အခ်ိဳ႕ေမးခြန္းမ်ားက သင္ရည္ရြယ္ခ်က္ရွိရွိ ေမးလိုက္တာလည္းျဖစ္ႏိုင္တယ္။ အမွတ္တမဲ့ ေမးမိလိုက္တဲ့ ေမးခြန္းေတြလည္း ျဖစ္ႏိုင္ပါတယ္။ ေမးလိုက္တဲ့သူအတြက္ ဘာမဟုတ္တဲ့ေမးခြန္းေလးတစ္ခုဟာ အေမးခံရသူအတြက္ စိတ္အေႏွာင့္အယွက္ တစ္စံုတစ္ရာျဖစ္ေစတယ္ဆိုရင္ေတာ့ ႏွစ္ဦးႏွစ္ဘက္လံုးအတြက္ ဘယ္လိုမွ ေကာင္းႏိုင္စရာမရွိပါဘူး။


သင့္ကိုယ္သင္ ယဥ္ေက်းတဲ့သူတစ္ေယာက္၊ စကားေျပာေကာင္းသူတစ္ေယာက္၊ ေပါင္းသင္းဆက္ဆံေရးေကာင္းသူတစ္ေယာက္လို႔ သတ္မွတ္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပထားတဲ့ ေမးခြန္းေတြကို မိမိရဲ႕ မိတ္ေဆြသူငယ္ခ်င္းေတြ၊ ကိုယ္နဲ႔ရင္းႏွီးကၽြမ္း၀င္မႈမရွိတဲ့ မိတ္သစ္၊ ေဆြသစ္ေတြကို ဘယ္ေသာအခါမွ မေမးမိပါေစနဲ႔။

 

(1) You’re so cute! Why are you still single? (မင္းက ခ်စ္စရာေကာင္းတာပဲ။ ဒါေတာင္ ဘာေၾကာင့္ ခုထိ အပ်ိဳႀကီးျဖစ္ေနတာလဲ?)
(2) Why don’t you have kids yet? (ဘာလို႔ ခုထိ ခေလးမယူေသးတာလဲ/ ခေလးမရွိေသးတာလဲ?)
(3) You look so thin! Have you lost weight? (ပိန္လိုက္တာ၊ ဘာလဲ ၀ိတ္ခ်ေနတာလား?)
(4) Why haven’t you put a ring on it yet? (မင္းရဲ႕လက္စြပ္ေရာ (မင္းတို႔စံုတြဲလက္စြပ္ေရာ) ဘာလို႔မ၀တ္တာလဲ?)
(5) You seem like you’re doing well, how much money do you make? (အလုပ္ေကာင္းတယ္ထင္တယ္၊ မင္း၀င္ေငြဘယ္ေလာက္ရွိလဲ? (မင္းလစာဘယ္ေလာက္လဲ))
(6) I’m sorry to hear your (dad) passed, how did he die? (မင္းရဲ႕(အေဖ) နာေရးသတင္းကိုၾကားလိုက္တယ္။ သူဘယ္လိုဆံုးသြားတာလဲ?)
(7) Why do you look so tired? (ဘာေၾကာင့္ဒီေလာက္ပင္ပန္းေနရတာလဲ?)
(8) So, who are you voting for? (ဒီလိုဆို . . . မင္းဘယ္သူ႔ကိုေရြးခ်ယ္မွာလဲ?)
(9) Where did you go to college and what’s your degree in? (မင္း ေက်ာင္းကိုဘယ္မွာတက္ခဲ့တာလဲ၊ ဘာဘြဲ႕ရခဲ့တာလဲ?)
(10) Why don’t you get out more? (ဘာအတြက္ေၾကာင့္နဲ႔ မင္းက အျပင္ထြက္လို႔မရဘူးလဲ?)
(11) Oh, where is his dad? (အိုး . . . .ဘယ္မွာလဲ သူ႔အေဖ?)
(12) Are you a man or a woman? (နင္က ေယာက်္ားေလးလား၊ မိန္းကေလးလား?)
(13) How old are you? (မင္း အသက္ဘယ္ေလာက္ရွိၿပီလဲ?)
(14) Are you pregnant? (မင္းကိုယ္၀န္ရွိေနတာလား?)

 

“ႏႈတ္ခ်ိဳ သွ်ိဳတစ္ပါး” ဆိုတဲ့စကားနဲ႔အတိုင္း ကိုယ္ေျပာလိုက္တဲ့စကားတိုင္းအတြက္ အေပါင္းအသင္း၊ မိတ္ေဆြေတြ တိုးပြားႏိုင္ေစဖို႔ရာအတြက္ ဒီအခ်က္အလက္ေတြ ေမးျခင္းမွ ေရွာင္ၾကဥ္ၾကပါစို႔။

Read times
Rate this articles
(0 votes)