×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Saturday, 16 January 2021

IELTS ရမှတ်အပေါ် မူတည်၍ အဆင့်သတ်မှတ်ချက်များ

IELTS ရမှတ်အပေါ် မူတည်၍ အဆင့်သတ်မှတ်ချက်များ

IELTS ဟာ “အပြည်ပြည်ဆိုင်ရာ အင်္ဂလိပ်ဘာသာစကားစစ်ဆေးမှုစနစ်” ရဲ့အတိုကောက်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူသိအများဆုံးနဲ့ ဂုဏ်သိက္ခာအရှိဆုံး အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်တတ်မြောက်မှု စစ်ဆေးချက်တစ်ခုဖြစ်ပါတယ်။ IELTS ဟာ လေ့လာသင်ယူသူတွေရဲ့အရေး၊ အဖတ်၊ အပြော၊ အကြားဆိုတဲ့ စွမ်းရည်၄မျိုးစလုံးကို အကဲဖြတ်သုံးသပ်ပေးပါတယ်။ IELTS နောက်ဆုံးရမှတ်ဟာ စစ်ဆေးမှုခံယူသူအနေနဲ့ အင်္ဂလိပ်ဘာသာစကားကို လက်တွေ့ဘဝမှာ ဘယ်လောက်အထိကျွမ်းကျင်စွာအသုံးပြုနိုင်မယ်ဆိုတာကို ထင်ဟပ်နေတဲ့အချက်ပဲဖြစ်ပါတယ်။

 

>>> 1/9 အမှတ်ရသူဆိုရင် ထိုလူဟာ ဘာသာစကားကို လုံးဝအသုံးမပြုနိုင်သူ။ စကားလုံးအနည်းငယ်ကလွဲပြီး အသုံးပြုနိုင်စွမ်းမရှိတဲ့သူ လို့အဆင့်သတ်မှတ်ပါတယ်။

>>> 2/9 မှတ်ရသူကတော့ ပုံမှန်အသုံးမပြုနိုင်သူ။ အင်္ဂလိပ်ဘာသာစကား အပြောနှင့် အရေးတို့ကို နားလည်နိုင်ရန်အခက်အခဲရှိသူအဖြစ်သတ်မှတ်ကြပါတယ်။

>>> 3/9 မှတ်ရရှိသူကတော့ ထမင်းစားရေသောက်ပြောနိုင်ပေမယ့် ရင်းနှီးတဲ့အခြေအနေမျိုးများတွင် ယေဘုယျလောက်သာ ပြောနိုင်၊ ဆိုနိုင်၊ နားလည်နိုင်တဲ့သူတွေလို့သတ်မှတ်ကြပါတယ်။

>>> 4/9 မှတ်ဆိုရင်တော့ အကန့်အသတ်နဲ့သာ အင်္ဂလိပ်စကားကို ပြောဆိုနိုင်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်ကပြောသော အဓိပ္ပာယ်ကို နားလည်ဖို့နဲ့ မိမိပြောလိုတဲ့ အကြောင်းအရာကို ထုတ်ဖော်ပြောပြဖို့အတွက် အခက်အခဲတွေရှိကြပါတယ်။

>>> 5/9 အမှတ်ရရှိသူတွေကတော့ အင်္ဂလိပ်စာကို အသင့်အတင့်အသုံးပြုနိုင်ကြသူများဖြစ်ပါတယ်။ အခြေအနေအများစုမှာ သက်ဆိုင်ရာစကားလုံးထဲက တစ်စိတ်တစ်ပိုင်းကို အသုံးပြုပြောဆိုနိုင်ပြီး ယေဘုယျအဓိပ္ပာယ်ကိုတော့ နားလည်နိုင်တဲ့သူတွေပါ။ ဒါပေမယ့် အမှားတွေအများကြီး ဖြစ်စေတဲ့ အဆင့်ဖြစ်ပါတယ်။

>>> 6/9 မှတ်သမားတွေကတော့ အခြခံလိုအပ်ချက်တွေကို ပြည့်မီတဲ့သူတွေပါ။ မတိကျမှု၊ လွဲမှားမှုနဲ့ နားလည်မှုလွဲမှားမှုတွေ ရှိပေမယ့်လည်း ဘာသာစကားကို ထိထိရောက်ရောက်အသုံးပြုနိုင်စွမ်းရှိကြပါတယ်။ ရှုပ်ထွေးတဲ့စကားအသုံးအနှုန်းတွေကိုလည်း အသင့်အတင့်နားလည်သူတွေဖြစ်ကြပါတယ်။

>>> 7/9 မှတ်ရရှိသူတွေကတော့ အင်္ဂလိပ်စာကို ကောင်းကောင်းအသုံးပြုနိုင်သူတွေဖြစ်ပါတယ်။ ရံဖန်ရံခါအခြေအနေတွေမှာတော့ မတိကျတဲ့ အသုံးအနှုန်းလွဲမှားမှု၊ နားလည်မှုလွဲမှားမှုတွေရှိနိုင်ပေမယ့် ဘာသာစကားကို လက်တွေ့အလုပ်ဖြစ်အောင်အသုံးပြုပြောဆိုနိုင်တဲ့ အဆင့်လို့သတ်မှတ်ကြပါတယ်။

>>> 8/9 သမားကတော့ အင်္ဂလိပ်စာကို အလွန်ကောင်းမွန်စွာအသုံးပြုနိုင်တဲ့သူဖြစ်ပြီး ဘာသာစကားကို အပြည့်အဝအသုံးပြုနိုင်တဲ့ အဆင့်သတ်မှတ်ချက်ဖြစ်ပါတယ်.

>>> 9/9 အမှတ်ရရှိသူကတော့ လုံးဝကျွမ်းကျင်တဲ့အသုံးပြုသူတွေဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို တိကျစွာပြောနိုင်ဆိုနိုင်ပြီး လွဲမှားမှုတွေမရှိတဲ့ အကောင်းဆုံးအသုံးပြုနိုင်သူအဆင့်သတ်မှတ်ချက်ရရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

 

ဒါတွေကတော့ IELTS အဆင့်သတ်မှတ်ချက်တွေဖြစ်ပါတယ်။ IELTS က ကမ္ဘာကအသိအမှတ်ပြုထားတဲ့ အင်္ဂလိပ်စာစစ်ဆေးခြင်းမျိုးဖြစ်တဲ့ အတွက် ကမ္ဘာတစ်ဝန်းလုံးက တံခါးတွေကိုဖွင့်နိုင်မယ့်သော့ချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်း IELTS လေ့လာထားသင့်တယ်နော်။

 

IELTS သင်သောဆရာများကို www.sayar.com.mm ရဲ့ >>> https://bit.ly/3nLNUJQ <<< ဒီ link ကနေတစ်ဆင့် အခုပဲရှာဖွေလိုက်ပါ။

 

 

 

IELTS ရမွတ္အေပၚ မူတည္၍ အဆင့္သတ္မွတ္ခ်က္မ်ား

IELTS ဟာ “အျပည္ျပည္ဆိုင္ရာ အဂၤလိပ္ဘာသာစကားစစ္ေဆးမႈစနစ္” ရဲ႕အတိုေကာက္ျဖစ္ပါတယ္။ ကမာၻေပၚမွာ လူသိအမ်ားဆုံးနဲ႔ ဂုဏ္သိကၡာအရွိဆုံး အဂၤလိပ္ဘာသာစကားကြၽမ္းက်င္တတ္ေျမာက္မႈ စစ္ေဆးခ်က္တစ္ခုျဖစ္ပါတယ္။ IELTS ဟာ ေလ့လာသင္ယူသူေတြရဲ႕အေရး၊ အဖတ္၊ အေျပာ၊ အၾကားဆိုတဲ့ စြမ္းရည္၄မ်ိဳးစလုံးကို အကဲျဖတ္သုံးသပ္ေပးပါတယ္။ IELTS ေနာက္ဆုံးရမွတ္ဟာ စစ္ေဆးမႈခံယူသူအေနနဲ႔ အဂၤလိပ္သာစကားကို လက္ေတြ႕ဘဝမွာ ဘယ္ေလာက္အထိကြၽမ္းက်င္စြာအသုံးျပဳႏိုင္မယ္ဆိုတာကို ထင္ဟပ္ေနတဲ့အခ်က္ပဲျဖစ္ပါတယ္။

 

>>> 1/9 အမွတ္ရသူဆိုရင္ ထိုလူဟာ ဘာသာစကားကို လုံးဝအသုံးမျပဳႏိုင္သူ။ စကားလုံးအနည္းငယ္ကလြဲၿပီး အသုံးျပဳႏိုင္စြမ္းမရွိတဲ့သူ လို႔အဆင့္သတ္မွတ္ပါတယ္။

>>> 2/9 မွတ္ရသူကေတာ့ ပုံမွန္အသုံးမျပဳႏိုင္သူ။ အဂၤလိပ္ဘာသာစကား အေျပာႏွင့္ အေရးတို႔ကို နားလည္ႏိုင္ရန္အခက္အခဲရွိသူအျဖစ္သတ္မွတ္ၾကပါတယ္။

>>> 3/9 မွတ္ရရွိသူကေတာ့ ထမင္းစားေရေသာက္ေျပာႏိုင္ေပမယ့္ ရင္းႏွီးတဲ့အေျခအေနမ်ိဳးမ်ားတြင္ ေယဘုယ်ေလာက္သာ ေျပာႏိုင္၊ ဆိုႏိုင္၊ နားလည္ႏိုင္တဲ့သူေတြလို႔သတ္မွတ္ၾကပါတယ္။

>>> 4/9 မွတ္ဆိုရင္ေတာ့ အကန႔္အသတ္နဲ႔သာ အဂၤလိပ္စကားကို ေျပာဆိုႏိုင္တဲ့သူေတြျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ဖက္ကေျပာေသာ အဓိပၸာယ္ကို နားလည္ဖို႔နဲ႔ မိမိေျပာလိုတဲ့ အေၾကာင္းအရာကို ထုတ္ေဖာ္ေျပာျပဖို႔အတြက္ အခက္အခဲေတြရွိၾကပါတယ္။

>>> 5/9 အမွတ္ရရွိသူေတြကေတာ့ အဂၤလိပ္စာကို အသင့္အတင့္အသုံးျပဳႏိုင္ၾကသူမ်ားျဖစ္ပါတယ္။ အေျခအေနအမ်ားစုမွာ သက္ဆိုင္ရာစကားလုံးထဲက တစ္စိတ္တစ္ပိုင္းကို အသုံးျပဳေျပာဆိုႏိုင္ၿပီး ေယဘုယ်အဓိပၸာယ္ကိုေတာ့ နားလည္ႏိုင္တဲ့သူေတြပါ။ ဒါေပမယ့္ အမွားေတြအမ်ားႀကီး ျဖစ္ေစတဲ့ အဆင့္ျဖစ္ပါတယ္။

>>> 6/9 မွတ္သမားေတြကေတာ့ အျခခံလိုအပ္ခ်က္ေတြကို ျပည့္မီတဲ့သူေတြပါ။ မတိက်မႈ၊ လြဲမွားမႈနဲ႔ နားလည္မႈလြဲမွားမႈေတြ ရွိေပမယ့္လည္း ဘာသာစကားကို ထိထိေရာက္ေရာက္အသုံးျပဳႏိုင္စြမ္းရွိၾကပါတယ္။ ရႈပ္ေထြးတဲ့စကားအသုံးအႏႈန္းေတြကိုလည္း အသင့္အတင့္နားလည္သူေတြျဖစ္ၾကပါတယ္။

>>> 7/9 မွတ္ရရွိသူေတြကေတာ့ အဂၤလိပ္စာကို ေကာင္းေကာင္းအသုံးျပဳႏိုင္သူေတြျဖစ္ပါတယ္။ ရံဖန္ရံခါအေျခအေနေတြမွာေတာ့ မတိက်တဲ့ အသုံးအႏႈန္းလြဲမွားမႈ၊ နားလည္မႈလြဲမွားမႈေတြရွိႏိုင္ေပမယ့္ ဘာသာစကားကို လက္ေတြ႕အလုပ္ျဖစ္ေအာင္အသုံးျပဳေျပာဆိုႏိုင္တဲ့ အဆင့္လို႔သတ္မွတ္ၾကပါတယ္။

>>> 8/9 သမားကေတာ့ အဂၤလိပ္စာကို အလြန္ေကာင္းမြန္စြာအသုံးျပဳႏိုင္တဲ့သူျဖစ္ၿပီး ဘာသာစကားကို အျပည့္အဝအသုံးျပဳႏိုင္တဲ့ အဆင့္သတ္မွတ္ခ်က္ျဖစ္ပါတယ္.

>>> 9/9 အမွတ္ရရွိသူကေတာ့ လုံးဝကြၽမ္းက်င္တဲ့အသုံးျပဳသူေတြျဖစ္ပါတယ္။ အဂၤလိပ္ဘာသာစကားကို တိက်စြာေျပာႏိုင္ဆိုႏိုင္ၿပီး လြဲမွားမႈေတြမရွိတဲ့ အေကာင္းဆုံးအသုံးျပဳႏိုင္သူအဆင့္သတ္မွတ္ခ်က္ရရွိသူတစ္ဦးလည္းျဖစ္ပါတယ္။

 

ဒါေတြကေတာ့ IELTS အဆင့္သတ္မွတ္ခ်က္ေတြျဖစ္ပါတယ္။ IELTS က ကမာၻကအသိအမွတ္ျပဳထားတဲ့ အဂၤလိပ္စာစစ္ေဆးျခင္းမ်ိဳးျဖစ္တဲ့ အတြက္ ကမာၻတစ္ဝန္းလုံးက တံခါးေတြကိုဖြင့္ႏိုင္မယ့္ေသာ့ခ်က္တစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ လူတိုင္း IELTS ေလ့လာထားသင့္တယ္ေနာ္။

 

IELTS သင္ေသာဆရာမ်ားကို www.sayar.com.mm ရဲ႕ >>> https://bit.ly/3nLNUJQ <<< ဒီ link ကေနတစ္ဆင့္ အခုပဲရွာေဖြလိုက္ပါ။

Read times Last modified on Saturday, 16 January 2021 11:12
Rate this articles
(1 Vote)