×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Tuesday, 27 October 2020

လျှပ်တပြက် အင်္ဂလိပ်ဝါကျများ

လျှပ်တပြက် အင်္ဂလိပ်ဝါကျများ


ရိုးရာဓလေ့နှောသော လျှပ်တပြက်ဝါကျများနှင့် အခြားနေ့စဉ်သုံးဝါကျများကို တင်ပြပေးလိုက်ပါတယ်

God bless you! - ဘုရားသခင် သင့်အားကောင်းချီးပေးပါစေ။
တစ်ဦးတစ်ယောက်က နှာချေရာတွင ်အခြားသူတစ်ယောက်က လျှပ်တပြက်ပြောဆိုသောစကားဖြစ်သည်။ ပညာဗဟုသုတ မဖွံ့ဖြိုသေးသော ဟိုးရှေးပဝေသဏီက လူတစ်ဦးနှာချေလျှင် မကောင်းဆိုးဝါးဝင်ပူးသည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် ထိုမကောင်းဆိုးဝါးထွက်သွားစေရန်အတွက် နှာချေသည့်သူအား ဘုရားသခင်သင့်အားကောင်းချီးပေးပါစေဟု ဆုတောင်းပေးခြင်းဖြစ်သည်။ နှာချေသူအနေဖြင့် “Thanks You” ပြန်လည်တုန့်ပြန်လေ့ရှိသည်။ [အင်္ဂလိပ်စာသင်ကြားသည့် ဆရာ/ဆရာမများကို ရှာဖွေလိုလျှင်]

 

Touch wood! - သစ်သားထိ
သူငယ်ချင်းနှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင် စကားဆုံမိလျှင် လျှပ်တပြက်အော်လိုက်သော ဝါကျဖြစ်သည်။ စကားလုံးတစ်လုံးကို ပြိုင်တူပြောမိလျှင် နီးရာသစ်သားတစ်မျိုးမျိုးကို လက်နှင့်ထိ၍ “Touch wood!” ဟု စတင်အော်နိုင်ပြီး ဆုတေင်းသူအတွက် ဆုတောင်းပြည့်သည်ဟု ဆိုကြသည်။

 

Cross my heart! - ဘုရားစူးပါစေရဲ့။
မိမိအနေဖြင့် မိမိပြောဆိုသောစကားသည် လုံး၀ အမှားအယွင်းမရှိ၊ အမှန်သာဖြစ်ကောင်း ပိုမိုခိုင်လုံစေရန်အတွက် ပြောဆိုသည့်စကားပြောသည်။ ထိုဝါကျကိုပြောဆိုနေစဉ် တစ်ချိန်တည်းမှာပဲ မိမိနှလုံးကို ညာလက်ညှိုးဖြင့် ကြက်ခြေခတ်ရသည်။ ထိုဝါကျ၏အပြည့်အစုံမှာ “Cross my heart and hope to die” ဟူ၍ဖြစ်သည်။ မြန်မာဆန်ဆန်ပြောရလျှင်ဖြင့် - “ဘုရားစူး၊ မိုးကြိုးပစ်” ဟူ၍ . . .

 

Keep your fingers crossed! - အောင်မြင်ဖို့ ဆုတောင်းနေကြ
တစ်စုံတစ်ခုပြုလုပ်ရာတွင် အောင်မြင်မည်၊ မအောင်မြင်မည်ကို မသိရှိရသေးသောအခါ ( ဥပမာ - စာမေးပွဲအောင်စာရင်း . . ) သူငယ်ချင်းများအား အောင်မြင်မှုအတွက် ဆုတောင်းနေကြဟု ဆိုလိုသော ဝါကျဖြစ်သည်။ ထိုဝါကျကိုပြောဆိုရာတွင် လက်ညှိုးနှင့်လက်ခလယ်တို့အား မုန့်ကြိုးလိမ်သဏ္ဍာန် လိမ်ထားရသည်။

 

One for all and all for one - သွားအတူ - လာအတူ၊ လုပ်အတူ - ခံအတူ
ထိုဝါကျကို သူငယ်ချင်းအုပ်စုများကြားတွင် အသုံးပြုကြသည်။ အလွန်ခင်မင်ရင်းနှီးသော သူငယ်ချင်းများသည် တစ်ဦးနှင့်တစ်ဦး စိတ်တူ၊ ကိုယ်တူ၊ ဝါသနာတူ၊ လုပ်လည်းအတူ၊ ခံရလည်အတူတူကို ပြောလိုရာတွင် ထိုလျှပ်ပြက်ဝါကျကို အသုံးပြုသည်။

 

Look who’s talking! - နားရှိလို့သာကြားရတယ်။
တစ်စုံတစ်ဦးပြောသောစကာသည် ယုံရခက်သည့်သဘောဖြင့် ပြန်လည်တုန့်ပြန်လိုက်သော ဝါကျဖြစ်ပါသည်။

 

Business is business - စီးပွားရေးကတော့စီးပွားရေးပဲ။
အရောင်းအဝယ်၊ စီးပွားရေးကိစ္စရပ်များဆောင်ရွက်ရာတွင် သူငယ်ချင်း၊ မိတ်ဆွေဟူသောအသိကို ခေတ္တလျှစ်လျူရှုပြီး စီးပွားရေးဆန်ဆန် ပြုမူဆောင်ရွက်ရာတွင် အသုံးပြုသည်။

 

Say ‘cheese!’ - ပြုံးပါ။
ထိုလျှပ်တပြက်ဝါကျတိုလေးမှာ ဓာတ်ပုံဆရာတို့ လက်သုံးစကားဖြစ်သည်။ အချို့လူများသည် ဓာတ်ပုံအရိုက်ခံရာတွင် ပြုံးရမှာကိုရှက်သလို၊ မပြုံးတတ်သလိုလိုနှင့် အခက်ကြုံနေတတ်သည်။ အုပ်စုလိုက် ဓာတ်ပုံအရိုက်ခံရာတွင်လည်း အချို့ကပြုံး၊ အချို့ကမပြုံးနှင့် မညီမညာ ကြည့်ရရုပ်ဆိုးနေတတ်သည်။ ထိုအခါမျိုးတွင် ဓာတ်ပုံအရိုက်ခံသူများ တစ်ညီတစ်ညာတည်း လှလှပပကလေး ပြုံးရအောင် ဓာတ်ပုံဆရာက “Say Cheese” ဟု ပြောလိုက်ခြင်းဖြစ်သည်။ Cheese ဟုပြောလိုက်စဉ်တွင် ထိုပြောသူ၏ပါးစပ်မှာ သွားကလေးများ မပေါ့်တပေါ်နှင့် အလွန်ကျက်သရေရှိသော အပြုံးကလေးကို ပန်ဆင်သယောင် ဖြစ်နေတတ်သည်။

 

Gotcha! - မိပြီ။
လူတစ်ဦးတစ်ယောက် ခိုးချောင်ခိုးဝှက် ပြုလုပ်သည်ကို လက်ပူးလက်ကြပ်မိလျှင်သော်လည်းကောင်း၊ တစ်ယောက်ယောက်ကို အငိုက်ဖမ်းရာတွင်လည်းကောင်း၊ ကိုယ်စင်ထားသောထောင်ချောက်အတွင်းသို့ သားကောင်ကျရောက်လာလျှင်သော်လည်းကောင်း “မိပြီ” ဟု အဓိပ္ပာယ်ဆောင်သည့် Gotcha! လျှပ်တပြက် စကာလုံးကို အော်တတ်ကြသည်။ Gotcha! သည် I have got you! မှနေ၍ I have got ya! သို့ပြောင်းကာ နောက်ဆုံးတွင် Gotcha! ဟူ၍ အတိုကောက်ပြောင်းသွားဖြင်းဖြစ်သည်။

 

There’s one born every minute! - အချဉ်ဖမ်းရတာ လွယ်ပါတယ်။
လူတစ်ဦးသည် အခြားသူတစ်ဦးကို ကလိမ်ဉာဏ်စင်၍ အောင်မြင်စွာလှည့်စားနိုင်ခဲ့လျှင် “အချဉ်မိပြီ” “အချဉ်ဖမ်းရတာလွယ်ပါတယ်” စသဖြင့် ဝင့်ကြွားစွာဂုဏ်ယူတတ်ကြသည်။ အင်္ဂလိပ်စကားပြောနိုင်ငံအတော်များများတွင် “အချဉ်” မိလျှင် “There’s one born every minute!” ဟူ၍ ဂုဏ်ယူကြွေးကြော်တတ်သည်။ ထိုဝါကျကို “ကမ္ဘာ့ကလိန်ဝိဇ္ဇာကြီး” ဟု အမည်တွင်ခဲ့သော “ပီ-တီဘားနမ်း” (P.T Barnum) (1810-1891) က တီထွင်ခဲ့ခြင်းဖြစ်သည်။

 

Boys will be boys - ယောကျ်ားလေးတွေပဲ ဒီလောက်တော့ရှိမှာပေါ့။

ယောကျ်ားလေး - ကလေးတို့သဘာ၀ ခုန်ပေါက်မြူးတူးဆော့ကစားတတ်သည်ကို အဆန်းမဟုတ်ကြောင်း ဖော်ပြသော ဝါကျဖြစ်သည်။ မိန်းကလေးများကို ရည်ညွန်းလိုလျှင် Boys နေရာတွင် Girls အစားထိုး၍ Girls will be girls ဟု ပြောတတ်ကြသည်။

 

Ref: Top English Magazine

 

 

လွ်ပ္တျပက္ အဂၤလိပ္၀ါက်မ်ား


ရိုးရာဓေလ့ေႏွာေသာ လွ်ပ္တျပက္၀ါက်မ်ားႏွင့္ အျခားေန႔စဥ္သံုး၀ါက်မ်ားကို တင္ျပေပးလိုက္ပါတယ္

 

God bless you! - ဘုရားသခင္ သင့္အားေကာင္းခ်ီးေပးပါေစ။
တစ္ဦးတစ္ေယာက္က ႏွာေခ်ရာတြင ္အျခားသူတစ္ေယာက္က လွ်ပ္တျပက္ေျပာဆိုေသာစကားျဖစ္သည္။ ပညာဗဟုသုတ မဖြံ႕ၿဖိဳေသးေသာ ဟိုးေရွးပေ၀သဏီက လူတစ္ဦးႏွာေခ်လွ်င္ မေကာင္းဆိုး၀ါး၀င္ပူးသည္ဟု ယူဆခဲ့ၾကသည္။ ထို႔ေၾကာင့္ ထိုမေကာင္းဆိုး၀ါးထြက္သြားေစရန္အတြက္္္္္္္္္္္္္္္္္္ ႏွာေခ်သည့္သူအား ဘုရားသခင္သင့္အားေကာင္းခ်ီးေပးပါေစဟု ဆုေတာင္းေပးျခင္းျဖစ္သည္။ ႏွာေခ်သူအေနျဖင့္ “Thanks You” ျပန္လည္တုန္႔ျပန္ေလ့ရွိသည္။

 

Touch wood! - သစ္သားထိ
သူငယ္ခ်င္းႏွစ္ေယာက္ တိုက္တိုက္ဆိုင္ဆိုင္ စကားဆံုမိလွ်င္ လွ်ပ္တျပက္ေအာ္လိုက္ေသာ ၀ါက်ျဖစ္သည္။ စကားလံုးတစ္လံုးကို ျပိဳင္တူေျပာမိလွ်င္ နီးရာသစ္သားတစ္မ်ိဳးမ်ိဳးကို လက္ႏွင့္ထိ၍ “Touch wood!” ဟု စတင္ေအာ္ႏိုင္ၿပီး ဆုေတင္းသူအတြက္ ဆုေတာင္းျပည့္သည္ဟု ဆိုၾကသည္။ [အင်္ဂလိပ်စာသင်ကြားသည့် ဆရာ/ဆရာမများကို ရှာဖွေလိုလျှင်]

 

Cross my heart! - ဘုရားစူးပါေစရဲ႕။
မိမိအေနျဖင့္ မိမိေျပာဆိုေသာစကားသည္ လံုး၀ အမွားအယြင္းမရွိ၊ အမွန္သာျဖစ္ေကာင္း ပိုမိုခိုင္လံုေစရန္အတြက္ ေျပာဆိုသည့္စကားေျပာသည္။ ထို၀ါက်ကိုေျပာဆိုေနစဥ္ တစ္ခ်ိန္တည္းမွာပဲ မိမိႏွလံုးကို ညာလက္ညွိဳးျဖင့္ ၾကက္ေျခခတ္ရသည္။ ထို၀ါက်၏အျပည့္အစံုမွာ “Cross my heart and hope to die” ဟူ၍ျဖစ္သည္။ ျမန္မာဆန္ဆန္ေျပာရလွ်င္ျဖင့္ - “ဘုရားစူး၊ မိုးႀကိဳးပစ္” ဟူ၍ . . .

 

Keep your fingers crossed! - ေအာင္ျမင္ဖို႔ ဆုေတာင္းေနၾက
တစ္စံုတစ္ခုျပဳလုပ္ရာတြင္ ေအာင္ျမင္မည္၊ မေအာင္ျမင္မည္ကို မသိရွိရေသးေသာအခါ ( ဥပမာ - စာေမးပြဲေအာင္စာရင္း . . ) သူငယ္ခ်င္းမ်ားအား ေအာင္ျမင္မႈအတြက္ ဆုေတာင္းေနၾကဟု ဆိုလိုေသာ ၀ါက်ျဖစ္သည္။ ထို၀ါက်ကိုေျပာဆိုရာတြင္ လက္ညွိဳးႏွင့္လက္ခလယ္တို႔အား မုန္႔ႀကိဳးလိမ္သ႑ာန္ လိမ္ထားရသည္။

 

One for all and all for one - သြားအတူ - လာအတူ၊ လုပ္အတူ - ခံအတူ
ထို၀ါက်ကို သူငယ္ခ်င္းအုပ္စုမ်ားၾကားတြင္ အသံုးျပဳၾကသည္။ အလြန္ခင္မင္ရင္းႏွီးေသာ သူငယ္ခ်င္းမ်ားသည္ တစ္ဦးႏွင့္တစ္ဦး စိတ္တူ၊ ကိုယ္တူ၊ ၀ါသနာတူ၊ လုပ္လည္းအတူ၊ ခံရလည္အတူတူကို ေျပာလိုရာတြင္ ထိုလွ်ပ္ျပက္၀ါက်ကို အသံုးျပဳသည္။

 

Look who’s talking! - နားရွိလို႔သာၾကားရတယ္။
တစ္စံုတစ္ဦးေျပာေသာစကာသည္ ယံုရခက္သည့္သေဘာျဖင့္ ျပန္လည္တုန္႔ျပန္လိုက္ေသာ ၀ါက်ျဖစ္ပါသည္။

 

Business is business - စီးပြားေရးကေတာ့စီးပြားေရးပဲ။
အေရာင္းအ၀ယ္၊ စီးပြားေရးကိစၥရပ္မ်ားေဆာင္ရြက္ရာတြင္ သူငယ္ခ်င္း၊ မိတ္ေဆြဟူေသာအသိကို ေခတၱလွ်စ္လ်ဴရႈၿပီး စီးပြားေရးဆန္ဆန္ ျပဳမူေဆာင္ရြက္ရာတြင္ အသံုးျပဳသည္။

 

Say ‘cheese!’ - ၿပံဳးပါ။
ထိုလွ်ပ္တျပက္၀ါက်တိုေလးမွာ ဓာတ္ပံုဆရာတို႔ လက္သံုးစကားျဖစ္သည္။ အခ်ိဳ႕လူမ်ားသည္ ဓာတ္ပံုအရိုက္ခံရာတြင္ ၿပံဳးရမွာကိုရွက္သလို၊ မျပံဳးတတ္သလိုလိုႏွင့္ အခက္ႀကံဳေနတတ္သည္။ အုပ္စုလိုက္ ဓာတ္ပံုအရိုက္ခံရာတြင္လည္း အခ်ိဳ႕ကၿပံဳး၊ အခ်ိဳ႕ကမျပံဳးႏွင့္ မညီမညာ ၾကည့္ရရုပ္ဆိုးေနတတ္သည္။ ထိုအခါမ်ိဳးတြင္ ဓာတ္ပံုအရိုက္ခံသူမ်ား တစ္ညီတစ္ညာတည္း လွလွပပကေလး ၿပံဳးရေအာင္ ဓာတ္ပံုဆရာက “Say Cheese” ဟု ေျပာလိုက္ျခင္းျဖစ္သည္။ Cheese ဟုေျပာလိုက္စဥ္တြင္ ထိုေျပာသူ၏ပါးစပ္မွာ သြားကေလးမ်ား မေပၚ့တေပၚႏွင့္ အလြန္က်က္သေရရွိေသာ အၿပံဳးကေလးကို ပန္ဆင္သေယာင္ ျဖစ္ေနတတ္သည္။

 

Gotcha! - မိၿပီ။
လူတစ္ဦးတစ္ေယာက္ ခိုးေခ်ာင္ခိုး၀ွက္ ျပဳလုပ္သည္ကို လက္ပူးလက္ၾကပ္မိလွ်င္ေသာ္လည္းေကာင္း၊ တစ္ေယာက္ေယာက္ကို အငိုက္ဖမ္းရာတြင္လည္းေကာင္း၊ ကိုယ္စင္ထားေသာေထာင္ေခ်ာက္အတြင္းသို႔ သားေကာင္က်ေရာက္လာလွ်င္ေသာ္လည္းေကာင္း “မိၿပီ” ဟု အဓိပၸာယ္ေဆာင္သည့္ Gotcha! လွ်ပ္တျပက္ စကာလံုးကို ေအာ္တတ္ၾကသည္။ Gotcha! သည္ I have got you! မွေန၍ I have got ya! သို႔ေျပာင္းကာ ေနာက္ဆံုးတြင္ Gotcha! ဟူ၍ အတိုေကာက္ေျပာင္းသြားျဖင္းျဖစ္သည္။

 

There’s one born every minute! - အခ်ဥ္ဖမ္းရတာ လြယ္ပါတယ္။
လူတစ္ဦးသည္ အျခားသူတစ္ဦးကို ကလိမ္ဥာဏ္စင္၍ ေအာင္ျမင္စြာလွည့္စားႏိုင္ခဲ့လွ်င္ “အခ်ဥ္မိၿပီ” “အခ်ဥ္ဖမ္းရတာလြယ္ပါတယ္” စသျဖင့္ ၀င့္ၾကြားစြာဂုဏ္ယူတတ္ၾကသည္။ အဂၤလိပ္စကားေျပာႏိုင္ငံအေတာ္မ်ားမ်ားတြင္ “အခ်ဥ္” မိလွ်င္ “There’s one born every minute!” ဟူ၍ ဂုဏ္ယူေၾကြးေၾကာ္တတ္သည္။ ထို၀ါက်ကို “ကမၻာ့ကလိန္၀ိဇၨာႀကီး” ဟု အမည္တြင္ခဲ့ေသာ “ပီ-တီဘားနမ္း” (P.T Barnum) (1810-1891) က တီထြင္ခဲ့ျခင္းျဖစ္သည္။

 

Boys will be boys - ေယာက်္ားေလးေတြပဲ ဒီေလာက္ေတာ့ရွိမွာေပါ့။
ေယာက်္ားေလး - ကေလးတို႔သဘာ၀ ခုန္ေပါက္ျမဴးတူးေဆာ့ကစားတတ္သည္ကို အဆန္းမဟုတ္ေၾကာင္း ေဖာ္ျပေသာ ၀ါက်ျဖစ္သည္။ မိန္းကေလးမ်ားကို ရည္ညြန္းလိုလွ်င္ Boys ေနရာတြင္ Girls အစားထိုး၍ Girls will be girls ဟု ေျပာတတ္ၾကသည္။

 

Ref: Top English Magazine

Read times
Rate this articles
(0 votes)