×
Warning
JUser: :_load: Unable to load user with ID: 81428
Language
Wednesday, 21 October 2020
အီဒီယမ်တွေနဲ့ အားပေးစကားပြောကြမယ်
အီဒီယမ်တွေနဲ့ အားပေးစကားပြောကြမယ်
ဒုက္ခတွေကြုံတွေ့လာရတဲ့အခါမှာ တစ်ဦးကိုတစ်ဦး နှစ်သိမ့်အားပေးရာမှာ အသုံးပြုတဲ့ အီဒီယမ်များကို ရွေးချယ်တင်ပြလိုက်ပါတယ်။
1. Be a devil! - ရဲရဲသာလုပ် (တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး ရဲတင်းစွာပြုလုပ်ရန် တိုက်တွန်းအားပေးရာမှာ အသုံးပြုပါတယ်)
e.g. Come on, Joe, be a devil and have any try. (လုပ်စမ်းပါဂျိုးရာ၊ သတ္တိမွေးပြီး နောက်တစ်ချီကြိုးစားလိုက်စမ်းပါ)
2. Be a man! - ယောကျ်ားပီသစွာပြုမူဆောင်ရွက်ရန် စေ့ဆော်ရာတွင်အသုံးပြုသည်။
e.g. Be a man! You can beat him easily! (ယောကျ်ားပီသလိုက်စမ်းပါ။ မင်းသူ့ကို လွယ်လွယ်လေး နိုင်ပါတယ်)
3. Cheer up! - ပျော်လိုက်စမ်းပါ၊ စိတ်ဓာတ်ကျမနေနဲ့
e.g. Cheer up, Peter, we’re winning by three goals, and there’s only ten minutes left. (ပျော်လိုက်စမ်းပါပီတာ၊ တို့တွေသုံးဂိုးရှိနေပြီ၊ တို့တွေပွဲပြီးဖို့ ဆယ်မိနစ်ပဲကျန်တော့တယ်)
4. (Keep you) chin up! - အရှုံးမပေးနဲ့၊ ခေါင်းမော့ထား
e.g. Chin up, Freddie. It not far to go now, we’re almost home. (အရှုံးမပေးစမ်းပါနဲ့ဖက်ဒရီရာ၊ တို့တွေ သိပ်ဝေးဝေးမသွားရတော့ပါဘူး။ အိမ်ရောက်ခါနီးပါပြီ)
5. Come on! - လုပ်စမ်းပါ
e.g. Come on, Rose, you can tell me. I promise I want tell anyone else. (လုပ်စမ်းပါ ရို့(စ်)ရာ၊ မင်းငါ့ကိုရင်ဖွင့်နိုင်ပါတယ်။ ငါဘယ်သူ့ကိုမှမပြောဘူးလို့ ကတိပေးပါတယ်)
6. Go man, go! - ချ - ချ
e.g. You can beat Perry – go man go! (မင်းပယ်ရီကိုနိုင်ပါတယ်၊ ချသာချ) (အမေရိကန်ဂျပ်စ်တေးဂီတလောကမှ ဆင်းသက်လာသော စကားဖြစ်သည်)
7. Go to it - အလုပ်တစ်ခုကို စတင်ရန်တိုက်တွန်းခြင်း၊ အလုပ်တစ်ခုကို ထက်ထက်သန်သန်လုပ်ဆောင်ရန်ပြောခြင်း
e.g. Go to it, Robert, if you work hard, you’ll have it finished by lunch time. (လုပ်လိုက်စမ်းပါရောဘတ်၊ မင်းကြိုးစားပမ်းစားလုပ်လိုက်ရင် နေ့လည်စာမစားခင် မင်းအပြီးသပ်နိုင်မှာပါ)
8. That’s the stuff! - အဲဒီလိုလုပ်သင့်တယ်။ မင်းလုပ်တာမှန်တယ်
e.g. That’s the stuff! Some more good hits like that and we’ll beat them hollow! (အဲဒီလိုမှပေါ့။ အဲဒီလိုရိုက်ချက်တွေ နောက်ထပ် ထပ်ကောင်းရင် တို့တွေ သူတို့ကို အပြတ်အသတ်နိုင်မှာ)
9. Hang in there! - အခက်အခဲကြုံသောအခါ ဇွဲမလျော့ရန် ပြောသည့် အားပေးစကား (အများအားဖြင့် အမေရိကန်သုံးဖြစ်သည်)
e.g. Hang in there, you’ll win at the end! (ဆက်လုပ်ထား၊ အဆုံးမှာမင်းနိုင်မှာပဲ)
10. Never say die! - စိတ်ဓာတ်မကျနဲ့
e.g. She spoke to me gently, “Never say die! It won’t last forever!” (သူမက ကျွန်တော့်ကိုညင်သာစွာပြောတယ်၊ “စိတ်ဓာတ်မကျနဲ့၊ ဒီအခြေအနေက ထာဝရ မဟုတ်ပါဘူး”
2. Be a man! - ယောက်ျားပီသစွာပြုမူဆောင်ရွက်ရန် စေ့ဆော်ရာတွင်အသုံးပြုသည်။
5. Come on! - လုပ်စမ်းပါ
6. Go man, go! - ချ - ချ
Read times
Rate this articles
(0 votes)