ဒီနေ့အတွက်တော့ ပေါ့ပေါ့ပါးပါး အီဒီယမ်လေးတွေကို လေ့လာရအောင်။ ကိုယ်လေ့လာနေတဲ့ဘာသာစကားတစ်ခုမှာ ပုံမှန်သုံးနေ၊ ပြောနေကျ နေ့စဉ်သုံး စကားများအပြင် ဒီလိုအီဒီယမ်များကို လေ့လာခြင်းအားဖြင့် ဗဟုသုတကို ပိုမိုတိုးပွားစေတယ်။ သူတို့ရဲ့ ယဉ်ကျေးမှု၊ အသုံးအနှုန်းတွေကို ပိုမိုရင်းနှီးစေနိုင်တဲ့အတွက် ဘာသာစကားတွေကိုလေ့လာရာမှာလည်း ဒီအီဒီယမ်တွေက အရေးပါလှပါတယ်။
(၁) as fit as a fiddle - ကျန်းကျန်းမာမာ၊ သွက်သွက်လက်လက်ရှိသည်လို့ ဆိုလိုပါတယ်။
e.g. Walking and swimming regularly makes me as fit as a fiddle.
(၂) as flat as a board - (သစ်သားပြားတစ်ချပ်ကဲ့သို့) ပြားချပ်နေသည်လို့ ဆိုလိုပါတယ်။ အဖုအထစ် အနိမ့်အမြင့်တို့ ရှိသင့်ပါလျက် မရှိသော အခြေအနေမျိုးတွင် သုံးလေ့ရှိပါတယ်။
e.g. The roof of his house is a flat as a board and the rain water will not drain off.
e.g. The land was as flat as a board, without a rise or a hollow for many miles.
(၃) the cock of the walk - လူတစ်ယောက်ဟာ မိမိကိုယ်မိမိ အလွန်အရေးပါသူ (သို့) သြဇာရှိသူလို့ယူဆနေလျှင် ဒီစကားလေးနဲ့ ရည်ညွှန်းပြောလေ့ရှိပါတယ်။
e.g. Ever since his promotion Tom think he is the cock of the walk at the office.
(၄) as flat as a pancake - လုံးဝပြားချပ်နေတယ် (သို့) စိတ်ဝင်စားဖွယ်မရှိဖြစ်တယ် (သို့) စိတ်ပျက်စရာဖြစ်နေတယ် . .ဆိုတဲ့နေရာတွေမှာ အသုံးပြုလေ့ရှိပါတယ်။
e.g. You've sat down on my hat and it is as flat as a pancake now.
e.g. Although he tried hard, his singing was as flat as a pancake.
(၅) cause tongues to wag (or) set tongues wagging - လျှာတွေအဆက်မပြတ်လှုပ်ရှားစေတယ်လို့ တိုက်ရိုက်အဓိပ္ပာယ်ရှိတဲ့ ဒီစကားလေးကတော့ အတင်းအဖျင်းပြောတယ်လို့ ဆိုလိုပါတယ်။
e.g. The news of Mya Mya's engagement with Ko Moe sets the tongues of her friends wagging.
e.g. U Ba's gaining of a lot of caused tongues tongues to wag.
(၆) as free as a bird / the air - အတွယ်အတာ၊ အနှောင်အဖွဲ့၊ တာဝန်ဝတ္တရားမရှိဘဲ လွတ်လပ်နေတဲ့အခြေအနေမျိုးကို ဆိုလိုပါတယ်။
e.g. I've quit my job and now I'm as free as the air.
(၇) chow hound - ဘယ်အစားအစာရယ်လို့မရွေးဘဲ ဘာစားရစားရ စားတတ်လေ့ရှိသူ၊ အစားကြူးသူရယ်လို့ ဆိုလိုပါတယ်။
e.g. Mg Wa Toke said, "I am a chow house and I never get enough chow."
(၈) as gay as a lark - ပျော်ပျော်ရွှင်ရွှင်နှင့် အပူအပင်မရှိ၊ သောကမရှိသော အခြေအနေကို ဆိုလိုပါတယ်။
e.g. Although John drank and danced till three in the morning, he woke up early as gay as a lark.
ဒီေန႔အတြက္ေတာ့ ေပါ့ေပါ့ပါးပါး အီဒီယမ္ေလးေတြကို ေလ့လာရေအာင္။ ကိုယ္ေလ့လာေနတဲ့ဘာသာစကားတစ္ခုမွာ ပံုမွန္သံုးေန၊ ေျပာေနက် ေန႔စဥ္သံုး စကားမ်ားအျပင္ ဒီလိုအီဒီယမ္မ်ားကို ေလ့လာျခင္းအားျဖင့္ ဗဟုသုတကို ပိုမိုတိုးပြားေစတယ္။ သူတို႔ရဲ႕ ယဥ္ေက်းမႈ၊ အသံုးအႏႈန္းေတြကို ပိုမုိရင္းႏွီးေစႏိုင္တဲ့အတြက္ ဘာသာစကားေတြကိုေလ့လာရာမွာလည္း ဒီအီဒီယမ္ေတြက အေရးပါလွပါတယ္။
(၁) as fit as a fiddle - က်န္းက်န္းမာမာ၊ သြက္သြက္လက္လက္ရွိသည္လို႔ ဆိုလိုပါတယ္။
e.g. Walking and swimming regularly makes me as fit as a fiddle.
(၂) as flat as a board - (သစ္သားျပားတစ္ခ်ပ္ကဲ့သုိ႔) ျပားခ်ပ္ေနသည္လို႔ ဆိုလိုပါတယ္။ အဖုအထစ္ အနိမ့္အျမင့္တို႔ ရွိသင့္ပါလ်က္ မရွိေသာ အေျခအေနမ်ိဳးတြင္ သံုးေလ့ရွိပါတယ္။
e.g. The roof of his house is a flat as a board and the rain water will not drain off.
e.g. The land was as flat as a board, without a rise or a hollow for many miles.
(၃) the cock of the walk - လူတစ္ေယာက္ဟာ မိမိကိုယ္မိမိ အလြန္အေရးပါသူ (သို႔) ၾသဇာရွိသူလို႔ယူဆေနလွ်င္ ဒီစကားေလးနဲ႔ ရည္ညႊန္းေျပာေလ့ရွိပါတယ္။
e.g. Ever since his promotion Tom think he is the cock of the walk at the office.
(၄) as flat as a pancake - လံုး၀ျပားခ်ပ္ေနတယ္ (သို႔) စိတ္၀င္စားဖြယ္မရွိျဖစ္တယ္ (သို႔) စိတ္ပ်က္စရာျဖစ္ေနတယ္ . .ဆိုတဲ့ေနရာေတြမွာ အသံုးျပဳေလ့ရွိပါတယ္။
e.g. You've sat down on my hat and it is as flat as a pancake now.
e.g. Although he tried hard, his singing was as flat as a pancake.
(၅) cause tongues to wag (or) set tongues wagging - လွ်ာေတြအဆက္မျပတ္လႈပ္ရွားေစတယ္လို႔ တိုက္ရိုက္အဓိပၸာယ္ရွိတဲ့ ဒီစကားေလးကေတာ့ အတင္းအဖ်င္းေျပာတယ္လို႔ ဆိုလိုပါတယ္။
e.g. The news of Mya Mya's engagement with Ko Moe sets the tongues of her friends wagging.
e.g. U Ba's gaining of a lot of caused tongues tongues to wag.
(၆) as free as a bird / the air - အတြယ္အတာ၊ အေႏွာင္အဖြဲ႕၊ တာ၀န္၀တၱရားမရွိဘဲ လြတ္လပ္ေနတဲ့အေျခအေနမ်ိဳးကို ဆိုလိုပါတယ္။
e.g. I've quit my job and now I'm as free as the air.
(၇) chow hound - ဘယ္အစားအစာရယ္လို႔မေရြးဘဲ ဘာစားရစားရ စားတတ္ေလ့ရွိသူ၊ အစားၾကဴးသူရယ္လို႔ ဆိုလိုပါတယ္။
e.g. Mg Wa Toke said, "I am a chow house and I never get enough chow."
(၈) as gay as a lark - ေပ်ာ္ေပ်ာ္ရႊင္ရႊင္ႏွင့္ အပူအပင္မရွိ၊ ေသာကမရွိေသာ အေျခအေနကို ဆိုလိုပါတယ္။
e.g. Although John drank and danced till three in the morning, he woke up early as gay as a lark.