×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 18 November 2020

မှတ်သားဖွယ်ရာ ကြောင်းတူသံကွဲ ဝေါဟာရများ

မှတ်သားဖွယ်ရာ ကြောင်းတူသံကွဲ ဝေါဟာရများ

ဘာသာစကားတစ်ခု လေ့လာတဲ့အခါ ဝေါဟာရကြွယ်ဝမှု ဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါ။ အင်္ဂလိပ်စာလေ့လာတဲ့အခါမှာ လည်း သင့်ရဲ့ ကျွမ်းကျင်မှုကို ဝေါဟာရကြွယ်ဝမှုနဲ့ တိုင်းတာနိုင်ပါတယ်။

 

ဝေါဟာရ ကြွယ်ဝဖို့ ဆိုတာ စကားအသုံးအနှုန်းတစ်ခုကို ထပ်ခါထပ်ခါ မသုံးဘဲ အသွင်ကွဲ အဓိပ္ပာယ်တူအသုံးအနှုန်း တွေ ရွေးချယ်အသုံးပြုနိုင်ဖို့ လိုပါတယ်

အဲ့အတွက် Synonyms လေးတွေ သိထားဖို့လိုပါတယ် ဒါမှ သူငယ်ချင်းအချင်းချင်း အင်္ဂလိပ်စကားပြောဆိုဆက်ဆံတဲ့အခါ “ ဟာ သူကတော်လိုက်တာ သူက ဆရာကြီးပဲ “ ဆိုပြီး သင့်ကို အထင်ကြီးသွားစေမှာပါ။ ကဲ ဒါဆို ဒီနေ့ အတွက် Synonyms ( ၈ ) လုံးကို မျှဝေပေးမယ်နော်။

 

( ၁ ) Enjoyable - Festive
အားလုံးသိတဲ့အတိုင်းပဲ Enjoyable က ပျော်ရွှင်ဖွယ်ကောင်းသော ဆိုတဲ့ အဓိပ္ပာယ်ရတယ်ပေါ့။ Festive ကလည်း သူနဲ့ အဓိပ္ပာယ်အတူတူပါပဲ။
Eg. Their enjoyable life is alive again.
Their festive life is alive again.

 

( ၂ ) Huge - Vast
Huge က တော့ ငယ်ငယ်တည်းက သိခဲ့တဲ့အတိုင်း ကြီးမားသော ဆိုပြီး အဓိပ္ပာယ်ရပါတယ်။ သူ့လိုပဲ Vast ကလည်း ကြီးမားသောဆိုတဲ့ အဓိပ္ပာယ်ပါပဲ ။
Eg. The wheel of the cart is huge.
The vast wheel.

 

( ၃ ) Magnificent - Wonderful
Wonderful က Formal အသုံးမှာ အဆင်ပြေပေမဲ့ Informal သုံးတဲ့အခါမှာတော့ ရိုးလွန်းပါတယ် ။ အဲ့တာကြောင့် Informal သုံးတဲ့အခါ အဆင်ပြေအောင် Wonderful ရဲ့ Synonym “ Magnificent “ ကို အသုံးပြုနိုင်ပါတယ် ။

 

( ၄ ) Entertaining - Incredible
ဒီနေရာမှာ တစ်ခု သတိပြုစေချင်တာက Incredible ဟာ Entertaining ရဲ့ Synonym ဖြစ်သလို Unbelievable ရဲ့ Synonym လည်း ဖြစ်ပါတယ် ။ ဒါကြောင့် သင့်အနေနဲ့ ဖျော်ဖြေရေး လို့ သုံးချင်တဲ့အခါ Incredible ကို အသုံးပြုနိုင်သလို မယုံကြည်နိုင်သော လို့ သုံးချင်တဲ့အခါလည်း Incredible ကို သုံးနိုင်ပါတယ် ။

 

( ၅ ) Friendly - Warm
သူက ခင်ဖို့ကောင်းလိုက်တာ ။ လို့ သုံးချင်တဲ့အခါ “ He is friendly “ သုံးနိုင်သလို "He is warm" ဆိုပြီးတော့လည်း သုံးနိုင်ပါတယ် ။

 

( ၆ ) Earn - Receive
Receive ( ရရှိသည် ) နဲ့ Earn ( ရှာဖွေသည် ) ကလည်း Synonym ပါတဲ့ ။ တစ်ခါတစ်ရံ မှာ ကိုယ်စကားပြောတဲ့အခါ Receive တွေတအားထပ်လာတဲ့အခါ Earn ကို အစားထိုးသုံးလို့ရတယ် နော် ။

 

( ၇ ) Courteous - Pleasant
သာယာသော လို့ သုံးချင်တဲ့အခါ အများစု သတိရမိတာ “ Pleasant “ ဆိုတဲ့ ဝေါဟာရလေးပါ။ ဒါပေမဲ့ သူနဲ့ အဓိပ္ပာယ်တူတဲ့ “ Courteous “ လေး ကိုတော့ သတိမထားမိကြပါဘူး ။ ခု သိသွားပြီဆိုတော့ နောက်တစ်ခါ သာယာသော လို့ ရေးချင်တဲ့အခါ Courteous ကို သတိရ ရမယ်နော် ။

 

( ၈ ) Hardworking - Diligent
Hardworking ကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ သို့သော် Diligent ဆိုတဲ့ ဝေါဟာရလေး က လည်း Hardworking နဲ့ အဓိပ္ပာယ်တူပြီးတော့ သူက Advanced words လေးမို့ မှတ်ထားရမယ်နော် ။

 

Synonym တွေ လေ့လာတာက သင့် ရဲ့ အင်္ဂလိပ်စာ Level ကို တစ်ဆင့် တက်စေပါတယ် ။ အဲ့တာကြောင့် သင့်အနေနဲ့ အင်္ဂလိပ်စာလေ့လာတဲ့အခါ Synonym လေးတွေကို အချိန်ပေးလေ့လာသင့်တယ် လို့ အကြံပြုပါရစေ။

 

 

မွတ္သားဖြယ္ရာ ေၾကာင္းတူသံကြဲ ေဝါဟာရမ်ား

ဘာသာစကားတစ္ခု ေလ့လာတဲ့အခါ ေဝါဟာရႂကြယ္ဝမႈ ဟာ အေရးပါတဲ့ အခန္းက႑တစ္ခုပါ။ အဂၤလိပ္စာေလ့လာတဲ့အခါမွာ လည္း သင့္ရဲ႕ ကြၽမ္းက်င္မႈကို ေဝါဟာရႂကြယ္ဝမႈနဲ႔ တိုင္းတာႏိုင္ပါတယ္။

 

ေဝါဟာရ ႂကြယ္ဝဖို႔ ဆိုတာ စကားအသုံးအႏႈန္းတစ္ခုကို ထပ္ခါထပ္ခါ မသုံးဘဲ အသြင္ကြဲ အဓိပၸာယ္တူအသုံးအႏႈန္း ေတြ ေ႐ြးခ်ယ္အသုံးျပဳႏိုင္ဖို႔ လိုပါတယ္

အဲ့အတြက္ Synonyms ေလးေတြ သိထားဖို႔လိုပါတယ္ ဒါမွ သူငယ္ခ်င္းအခ်င္းခ်င္း အဂၤလိပ္စကားေျပာဆိုဆက္ဆံတဲ့အခါ “ ဟာ သူကေတာ္လိုက္တာ သူက ဆရာႀကီးပဲ “ ဆိုၿပီး သင့္ကို အထင္ႀကီးသြားေစမွာပါ။ ကဲ ဒါဆို ဒီေန႔ အတြက္ Synonyms ( ၈ ) လုံးကို မွ်ေဝေပးမယ္ေနာ္။

 

( ၁ ) Enjoyable - Festive
အားလုံးသိတဲ့အတိုင္းပဲ Enjoyable က ေပ်ာ္႐ႊင္ဖြယ္ေကာင္းေသာ ဆိုတဲ့ အဓိပၸာယ္ရတယ္ေပါ့။ Festive ကလည္း သူနဲ႔ အဓိပၸာယ္အတူတူပါပဲ။
Eg. Their enjoyable life is alive again.
Their festive life is alive again.

 

( ၂ ) Huge - Vast
Huge က ေတာ့ ငယ္ငယ္တည္းက သိခဲ့တဲ့အတိုင္း ႀကီးမားေသာ ဆိုၿပီး အဓိပၸာယ္ရပါတယ္။ သူ႔လိုပဲ Vast ကလည္း ႀကီးမားေသာဆိုတဲ့ အဓိပၸာယ္ပါပဲ ။
Eg. The wheel of the cart is huge.
The vast wheel.

 

( ၃ ) Magnificent - Wonderful
Wonderful က Formal အသုံးမွာ အဆင္ေျပေပမဲ့ Informal သုံးတဲ့အခါမွာေတာ့ ႐ိုးလြန္းပါတယ္ ။ အဲ့တာေၾကာင့္ Informal သုံးတဲ့အခါ အဆင္ေျပေအာင္ Wonderful ရဲ႕ Synonym “ Magnificent “ ကို အသုံးျပဳႏိုင္ပါတယ္ ။

 

( ၄ ) Entertaining - Incredible
ဒီေနရာမွာ တစ္ခု သတိျပဳေစခ်င္တာက Incredible ဟာ Entertaining ရဲ႕ Synonym ျဖစ္သလို Unbelievable ရဲ႕ Synonym လည္း ျဖစ္ပါတယ္ ။ ဒါေၾကာင့္ သင့္အေနနဲ႔ ေဖ်ာ္ေျဖေရး လို႔ သုံးခ်င္တဲ့အခါ Incredible ကို အသုံးျပဳႏိုင္သလို မယုံၾကည္ႏိုင္ေသာ လို႔ သုံးခ်င္တဲ့အခါလည္း Incredible ကို သုံးႏိုင္ပါတယ္ ။

 

( ၅ ) Friendly - Warm
သူက ခင္ဖို႔ေကာင္းလိုက္တာ ။ လို႔ သုံးခ်င္တဲ့အခါ “ He is friendly “ သုံးႏိုင္သလို "He is warm" ဆိုၿပီးေတာ့လည္း သုံးႏိုင္ပါတယ္ ။

 

( ၆ ) Earn - Receive
Receive ( ရရွိသည္ ) နဲ႔ Earn ( ရွာေဖြသည္ ) ကလည္း Synonym ပါတဲ့ ။ တစ္ခါတစ္ရံ မွာ ကိုယ္စကားေျပာတဲ့အခါ Receive ေတြတအားထပ္လာတဲ့အခါ Earn ကို အစားထိုးသုံးလို႔ရတယ္ ေနာ္ ။

 

( ၇ ) Courteous - Pleasant
သာယာေသာ လို႔ သုံးခ်င္တဲ့အခါ အမ်ားစု သတိရမိတာ “ Pleasant “ ဆိုတဲ့ ေဝါဟာရေလးပါ။ ဒါေပမဲ့ သူနဲ႔ အဓိပၸာယ္တူတဲ့ “ Courteous “ ေလး ကိုေတာ့ သတိမထားမိၾကပါဘူး ။ ခု သိသြားၿပီဆိုေတာ့ ေနာက္တစ္ခါ သာယာေသာ လို႔ ေရးခ်င္တဲ့အခါ Courteous ကို သတိရ ရမယ္ေနာ္ ။

 

( ၈ ) Hardworking - Diligent
Hardworking ကေတာ့ အားလုံးနဲ႔ ရင္းႏွီးၿပီးသား ျဖစ္ပါတယ္။ သို႔ေသာ္ Diligent ဆိုတဲ့ ေဝါဟာရေလး က လည္း Hardworking နဲ႔ အဓိပၸာယ္တူၿပီးေတာ့ သူက Advanced words ေလးမို႔ မွတ္ထားရမယ္ေနာ္ ။

 

Synonym ေတြ ေလ့လာတာက သင့္ ရဲ႕ အဂၤလိပ္စာ Level ကို တစ္ဆင့္ တက္ေစပါတယ္ ။ အဲ့တာေၾကာင့္ သင့္အေနနဲ႔ အဂၤလိပ္စာေလ့လာတဲ့အခါ Synonym ေလးေတြကို အခ်ိန္ေပးေလ့လာသင့္တယ္ လို႔ အႀကံျပဳပါရေစ။

Read times
Rate this articles
(0 votes)