×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 01 December 2020

Depression မဝင်အောင် ဘယ်လိုနေထိုင်မလဲ?

Depression မဝင်အောင် ဘယ်လိုနေထိုင်မလဲ?

ဒီနေ့ခေတ်လို စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ခေတ်ကြီးမှာ လူသားတိုင်း ကိုယ်စီကိုယ်စီ စိတ်ဓာတ်ကျခြင်း ( Depression ) ဖြစ်တတ်ကြပါတယ်။ ရှင်သန်ရုန်းကန်ဖို့အတွက် ကြိုးစားရင်း ဖိအားတွေတအားများလာတဲ့အခါ စိတ်ဓာတ်တွေထိခိုက်လာပြီး နောက်ဆုံးစိတ်ကျရောဂါ အထိ ဖြစ်နိုင်ပါတယ်။

 

ဒါပေမဲ့ ဒီလို Depression မဝင်လာအောင် သင့်အနေနဲ့ ဆင်ဆင်ခြင်ခြင်နေထိုင်ပြီး ကာကွယ်နိုင်ပါတယ်။ Depression မဝင်အောင် နေနည်း၊ ထိုင်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

 

( ၁ ) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ကျန်းမာရေးအတွက် အထိရောက်ဆုံးသော နည်းလမ်းလို့ Mayo Clinic က ထုတ်ပြန်ထားပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် သင့်ရဲ့ ခန္ဓာကိုယ်အပူချိန်မြင့်တက်လာပြီး အဲ့လို မြင့်တက်လာခြင်းက သင့်ရဲ့ ပင်မအာရုံကြောစနစ်ကို တည်ငြိမ်စေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းက Endorphins လို့ခေါ်တဲ့ ပျော်စေတဲ့ ဟော်မုန်းကို ထုတ်ပေးပါတယ်။ ဒါကြောင့် Depression မဝင်အောင်လို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးသင့်ပါတယ်။

 

( ၂ ) Social Platform တွေကနေ အနားယူပါ။
Facebook လို Noise များတဲ့ လူမှုကွန်ရက်တွေကနေ ခဏအနားယူလိုက်ပါ။ ဒါက သင် စိတ်ဖိစီးလာတဲ့အခါ လုပ်ကိုလုပ်သင့်တဲ့အရာပါ။ နေ့စဉ်ဘဝမှာ သင့်ရဲ့အလိုမကျမှု ၇၅ ရာခိုင်နှုန်း က Social Media က လာတာကို သင် သတိပြုရှောင်ကျဉ်နိုင်ပါစေ။

 

( ၃ ) သင့်ရဲ့ဆန္ဒတွေကို အသေးဆုံးဖြစ်အောင်ချုံ့တတ်ပါစေ။
သင်က ကစားကွင်းတစ်ခုထဲ ရောက်သွားတဲ့အခါ စီးစရာအားလုံးကို မစီးနိုင်ပါဘူး။ သင်အစီးချင်ဆုံး ကစားစရာကိုပဲ သင်ရွေးချယ်စီးနိုင်မှာပါ။ ဒီလိုပဲ နေ့စဉ်ဘဝမှာလည်း သင့်ရဲ့ လိုချင်တောင့်တမှုတွေကို သင် အလိုချင်ဆုံးကနေ တစ်ဆင့်ချင်းဖြည့်ဆည်းနိုင်ဖို့ ကြိုးစားပါ။ ဒီ အပြုအမူကလည်း သင့်ကို Depression မဝင်အောင် ကာကွယ်ပေးပါလိမ့်မယ်။

 

( ၄ ) Toxic People တွေကိုရှောင်ပါ။
Toxic People ဆိုတာ သင့်ရဲ့စိတ်ကိုသိမ်ငယ်စေတဲ့သူ၊ သူ့ရဲ့ကောင်းကြောင်းကိုပြောဖို့အတွက် သင့်ကိုအသုံးချတဲ့သူတွေပါ။ ဒီလိုလူတွေနဲ့ ဝေးဝေးနေပါ။ သူတို့အတွက်အချိန်အကုန်မခံပါနဲ့။ သင့်ရဲ့တန်ဖိုးက သင့်လက်ထဲမှာမလို့ Toxic People တွေကြောင့် သင့်စိတ်ကိုအထိအခိုက်မဖြစ်စေဖို့ သူတို့နဲ့ ဝေးရာမှာနေပါ။

 

( ၅ ) အိပ်ရေးဝဝအိပ်ပါ။
အိပ်စက်ခြင်း က အကောင်းမွန်ဆုံးအနားယူခြင်းပါ။ အိပ်ချိန်မှန်ပြီး အားအင်ပြည့်နေတဲ့လူတစ်ယောက် က ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာ ပါ သန်မာတာကြောင့် ဘယ် စိတ်ဓာတ်ကျခြင်းမှ မဝင်ရောက်နိုင်ပါဘူး။ အကယ်၍ သင် က အိပ်မပျော်တတ်တဲ့သူဆို အိပ်ပျော်အောင် ဒီအချက်လေးတွေ လုပ်ကြည့်ပါ။


- မအိပ်ခင် နှစ်နာရီအတွင်း Screen ( Phone, TV, Laptop ) လုံးဝမကြည့်ပါနဲ့။
- အိပ်ရာမဝင်ခင် တရားထိုင်ကြည့်ပါ။
- သန့်ရှင်းသပ်ရပ်တဲ့ အိပ်ရာနဲ့ အိပ်ကြည့်ပါ။

 

ဒီ အချက် ( ၅ ) ချက်က သိပ်ကိုလွယ်ကူပေမဲ့ နေ့စဉ်ဘဝမှာ လိုက်လုပ်နိုင်ဖို့တော့ အတော်လေး ခဲယဉ်းပါတယ်။ ဒါပေမဲ့ ဒီလို စိန်ခေါ်မှုတွေ များလွန်းတဲ့ခေတ်မှာ သင့် စိတ်ကျန်းမာရေး အတွက် သင်ကြိုတင်လေ့ကျင့်ထားသင့်တဲ့ အလေ့အကျင့်ကောင်းတွေမလို့ အားလုံးဒီအချက်လေးတွေကိုလိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

 

 

Depression မဝင္ေအာင္ ဘယ္လိုေနထိုင္မလဲ?
ဒီေန႔ေခတ္လို စိန္ေခၚမႈေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ေခတ္ႀကီးမွာ လူသားတိုင္း ကိုယ္စီကိုယ္စီ စိတ္ဓာတ္က်ျခင္း ( Depression ) ျဖစ္တတ္ၾကပါတယ္။ ရွင္သန္႐ုန္းကန္ဖို႔အတြက္ ႀကိဳးစားရင္း ဖိအားေတြတအားမ်ားလာတဲ့အခါ စိတ္ဓာတ္ေတြထိခိုက္လာၿပီး ေနာက္ဆုံးစိတ္က်ေရာဂါ အထိ ျဖစ္ႏိုင္ပါတယ္။

 

ဒါေပမဲ့ ဒီလို Depression မဝင္လာေအာင္ သင့္အေနနဲ႔ ဆင္ဆင္ျခင္ျခင္ေနထိုင္ၿပီး ကာကြယ္ႏိုင္ပါတယ္။ Depression မ၀င္ေအာင္ ေနနည္း၊ ထိုင္နည္းေတြကို မွ်ေ၀ေပးလိုက္ပါတယ္။

 

( ၁ ) ေလ့က်င့္ခန္းပုံမွန္လုပ္ပါ။
ေလ့က်င့္ခန္းလုပ္ျခင္းက စိတ္က်န္းမာေရးအတြက္ အထိေရာက္ဆုံးေသာ နည္းလမ္းလို႔ Mayo Clinic က ထုတ္ျပန္ထားပါတယ္။ ေလ့က်င့္ခန္းလုပ္ရင္ သင့္ရဲ႕ ခႏၶာကိုယ္အပူခ်ိန္ျမင့္တက္လာၿပီး အဲ့လို ျမင့္တက္လာျခင္းက သင့္ရဲ႕ ပင္မအာ႐ုံေၾကာစနစ္ကို တည္ၿငိမ္ေစပါတယ္။ ဒါ့အျပင္ ေလ့က်င့္ခန္းလုပ္ျခင္းက Endorphins လို႔ေခၚတဲ့ ေပ်ာ္ေစတဲ့ ေဟာ္မုန္းကို ထုတ္ေပးပါတယ္။ ဒါေၾကာင့္ Depression မဝင္ေအာင္လို႔ ေလ့က်င့္ခန္းပုံမွန္လုပ္ေပးသင့္ပါတယ္။

 

( ၂ ) Social Platform ေတြကေန အနားယူပါ။
Facebook လို Noise မ်ားတဲ့ လူမႈကြန္ရက္ေတြကေန ခဏအနားယူလိုက္ပါ။ ဒါက သင္ စိတ္ဖိစီးလာတဲ့အခါ လုပ္ကိုလုပ္သင့္တဲ့အရာပါ။ ေန႔စဥ္ဘဝမွာ သင့္ရဲ႕အလိုမက်မႈ ၇၅ ရာခိုင္ႏႈန္း က Social Media က လာတာကို သင္ သတိျပဳေရွာင္က်ဥ္ႏိုင္ပါေစ။

 

( ၃ ) သင့္ရဲ႕ဆႏၵေတြကို အေသးဆုံးျဖစ္ေအာင္ခ်ဳံ႕တတ္ပါေစ။
သင္က ကစားကြင္းတစ္ခုထဲ ေရာက္သြားတဲ့အခါ စီးစရာအားလုံးကို မစီးႏိုင္ပါဘူး။ သင္အစီးခ်င္ဆုံး ကစားစရာကိုပဲ သင္ေ႐ြးခ်ယ္စီးႏိုင္မွာပါ။ ဒီလိုပဲ ေန႔စဥ္ဘဝမွာလည္း သင့္ရဲ႕ လိုခ်င္ေတာင့္တမႈေတြကို သင္ အလိုခ်င္ဆုံးကေန တစ္ဆင့္ခ်င္းျဖည့္ဆည္းႏိုင္ဖို႔ ႀကိဳးစားပါ။ ဒီ အျပဳအမူကလည္း သင့္ကို Depression မဝင္ေအာင္ ကာကြယ္ေပးပါလိမ့္မယ္။

 

( ၄ ) Toxic People ေတြကိုေရွာင္ပါ။
Toxic People ဆိုတာ သင့္ရဲ႕စိတ္ကိုသိမ္ငယ္ေစတဲ့သူ၊ သူ႔ရဲ႕ေကာင္းေၾကာင္းကိုေျပာဖို႔အတြက္ သင့္ကိုအသုံးခ်တဲ့သူေတြပါ။ ဒီလိုလူေတြနဲ႔ ေဝးေဝးေနပါ။ သူတို႔အတြက္အခ်ိန္အကုန္မခံပါနဲ႔။ သင့္ရဲ႕တန္ဖိုးက သင့္လက္ထဲမွာမလို႔ Toxic People ေတြေၾကာင့္ သင့္စိတ္ကိုအထိအခိုက္မျဖစ္ေစဖို႔ သူတို႔နဲ႔ ေဝးရာမွာေနပါ။

 

( ၅ ) အိပ္ေရးဝဝအိပ္ပါ။
အိပ္စက္ျခင္း က အေကာင္းမြန္ဆုံးအနားယူျခင္းပါ။ အိပ္ခ်ိန္မွန္ၿပီး အားအင္ျပည့္ေနတဲ့လူတစ္ေယာက္ က ႐ုပ္ပိုင္းဆိုင္ရာ ေရာ စိတ္ပိုင္းဆိုင္ရာ ပါ သန္မာတာေၾကာင့္ ဘယ္ စိတ္ဓာတ္က်ျခင္းမွ မဝင္ေရာက္ႏိုင္ပါဘူး။ အကယ္၍ သင္ က အိပ္မေပ်ာ္တတ္တဲ့သူဆို အိပ္ေပ်ာ္ေအာင္ ဒီအခ်က္ေလးေတြ လုပ္ၾကည့္ပါ။


- မအိပ္ခင္ ႏွစ္နာရီအတြင္း Screen ( Phone, TV, Laptop ) လုံးဝမၾကည့္ပါနဲ႔။

- အိပ္ရာမဝင္ခင္ တရားထိုင္ၾကည့္ပါ။
- သန႔္ရွင္းသပ္ရပ္တဲ့ အိပ္ရာနဲ႔ အိပ္ၾကည့္ပါ။

 

ဒီ အခ်က္ ( ၅ ) ခ်က္ က သိပ္ကိုလြယ္ကူေပမဲ့ ေန႔စဥ္ဘဝမွာ လိုက္လုပ္ႏိုင္ဖို႔ေတာ့ အေတာ္ေလး ခဲယဥ္းပါတယ္။ ဒါေပမဲ့ ဒီလို စိန္ေခၚမႈေတြ မ်ားလြန္းတဲ့ေခတ္မွာ သင့္ စိတ္က်န္းမာေရး အတြက္ သင္ႀကိဳတင္ေလ့က်င့္ထားသင့္တဲ့ အေလ့အက်င့္ေကာင္းေတြမလို႔ အားလုံးဒီအခ်က္ေလးေတြကိုလိုက္လုပ္ၾကည့္ၾကဖို႔ တိုက္တြန္းလိုက္ပါရေစ။

Read times Last modified on Wednesday, 02 December 2020 09:10
Rate this articles
(0 votes)