×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 08 December 2020

အရောင်းသမားကောင်းများဖြစ်စေဖို့ သိထားသင့်တဲ့ နိယာမ (၆)ချက်

အရောင်းသမားကောင်းများဖြစ်စေဖို့ သိထားသင့်တဲ့ နိယာမ (၆)ချက်

စီးပွားရေးလုပ်ငန်း အားလုံးမှာ ‘Sales’ ဟာ အရေးကြီးတဲ့ အခန်းဏ္ဍတစ်ခုပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့ ကုမ္ပဏီမှာ အရောင်းသမားကောင်းကောင်းတွေရှိဖို့ လုပ်ငန်းရှင်တွေက မျှော်လင့်တတ်ကြပါတယ်။ ကိုယ်ကိုတိုင်က Sales ပိုင်းကို စိတ်မဝင်စားရင်တောင် Interview တွေ ဖြေတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လို ရောင်းရမလဲ (တစ်နည်း) ကိုယ့်မှာရှိတဲ့ အရည်အသွေးတွေကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ထုတ်ပြနိုင်မလဲ ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါ့ကြောင့် Sales and Marketing နယ်ပယ်ကလူတွေရောတခြားနယ်ပယ်ကလူတွေပါ သိရှိထားသင့်တဲ့ နိယာမ (၆)ချက်ကို အတူတူ လေ့လာကြရအောင်။

 

နိယာမ (၆)ချက်ကတော့
(၁) အပြန်အလှန် အပေးအယူနိယာမ( Principle of Reciprocity)
(၂) ရှားပါးနိယာမ( Principle of Scarcity)
(၃) အထောက်အခံ နိယာမ( Principle of Authority )
(၄) ကတိကဝတ်နိယာမ( Principle of Consistency )
(၅) နှစ်သက်ခြင်းနိယာမ ( Principle of Liking )
(၆) ထပ်တူနိယာမ( Principle of Consensus ) တို့ပဲဖြစ်ပါတယ်။
ကဲ တစ်ခုချင်းဆီကို အသေးစိတ် ဆက်ပြီးလေ့လာကြရအောင်။

 

အပြန်အလှန် အပေးအယူနိယာမ( Principle of Reciprocity)

1.reciprocity1.png  1.reciprocity2.png


ဒီနိယာမက အရောင်းသမား အတော်များများ အသုံးများပြီး ထိရောက်တဲ့အချက်တစ်ခုပါ။ အပေးအယူသဘောကို အခြေခံထားတဲ့ အရောင်းနိယာမပဲဖြစ်ပါတယ်။ လူတစ်ဦးကို ပစ္စည်းတစ်ခုခု ရောင်းတော့မယ်ဆိုရင် ကိုယ့်ရဲ့ရောင်းချင်တဲ့ဆန္ဒကို ရှေ့တန်းတင်လို့မရပါဘူး။ ကိုယ်က သူ့ကိုအရင်ဆုံး တစ်ခုခုပေးဖို့က အရေးအကြီးဆုံးပါ။

 

သတိပြုရမယ့်အချက်တစ်ခုက မိမိ service ကို သွားရောင်းတဲ့ ကုမ္ပဏီရဲ့အကြောင်း၊ လူတွေရဲ့အကြောင်းကို သေသချောချာ လေ့လာထားမယ်၊ ကိုယ့်ကို သူတို့ဆီက ပိုက်ဆံကို ရယူဖို့သပ်သပ် လာတဲ့သူမဟုတ်ဘူး၊ သူတို့ရဲ့လုပ်ငန်း တစ်စိတ်တစ်ဒေသ အောင်မြင်ဖို့ရာ အထောက်အကူပြုမယ့်သူတစ်ယောက်ဆိုတာကို သူတို့လက်ခံလာအောင် ပြောဆိုနိုင်ရပါမယ်။ ဒီလိုဆိုရင်တော့ အောင်မြင်တဲ့အရောင်းသမားတစ်ဦး ဖြစ်လာမှာပါ။

 

ဥပမာ စားသောက်ဆိုင်တစ်ခုမှာ ကိုယ်က အစားအစာကို မှာစားနေတယ်ဆိုပါဆို့။ စားသောက်ဆိုင်က ဧည့်သည်ကို Extra Services အနနေဲ့ အချိုရည်လေးတစ်ခွက်ပေးတယ်ဆိုတာက သူတို့အတွက် ဝန်မပိုစေသလို စားသောက်ဆိုင်မှာလာစားတဲ့ Customer တွေကိုလည်း အမြဲအမှတ်တရ ဖြစ်နေစေမှာပါ။ ဒါဟာ စားသုံးသူတွေကို အမြဲတမ်း စားသုံးသူအဖြစ် ဆွဲဆောင်လိုက်တာပဲဖြစ်ပါတယ်။

 

ရှားပါးနိယာမ( Principle of Scarcity)

2.scarcity1.png


လူတိုင်းက ရှားပါးတဲ့အရာတွေကို နှစ်သက်ကြပါတယ်။ အဲ့တာကြောင့် ခုနောက်ပိုင်းဆို Limited ဆိုတဲ့ဝေါဟာရပေါ်လာရခြင်းဖြစ်ပါတယ်။ အရေအတွက်အကန့်အသတ်နဲ့ထုတ်တဲ့ပစ္စည်းတွေ ဆို ပိုပြီးလိုချင်ကြပါတယ်။

 

ဥပမာ- ဆိုင်တစ်ဆိုင်မှာ “ Channel ရေမွှေး ကို 30% off နဲ့ရောင်းပေးနေပါတယ်။ အခု ၂ ပုလင်းပဲကျန်ပါတော့တယ်” လို့သာကြော်ငြာလိုက်ပါ။ သေချာပါတယ်။ အဲ့ ရေမွှေး ၂ ပုလင်းက ခဏအတွင်းမှာ ရောင်းထွက်သွားမှာပါ။ ဒါကတော့ ဆိုင်ပိုင်ရှင်က ရှားပါးနိယာမ ကိုအသုံးပြုပြီးရောင်းချသွားတာဖြစ်ပါတယ်။

 

အထောက်အခံ နိယာမ( Principle of Authority )

3.authority1.png 3.authority2.png


ဒါကတော့ ယနေ့ခေတ်ကုန်ပစ္စည်းတော်တော်များများ အရောင်းဖောက်တဲ့အခါ အသုံးပြုတဲ့နိယာမပါ။ အထောက်အခံနိယာမ ဆိုတဲ့အတိုင်း ပြောရေးဆိုခွင့်ရှိတဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဆီက အထောက်အခံကောင်း ကို ရရှိအောင်လုပ်တာဖြစ်ပါတယ်။ Review ပေးတဲ့သဘောပေါ့။ ဒီနိယာမ ကလည်း တော်တော်လေးပေါက်ရောက်တာကိုအားလုံးသတိထားမိကြမှာပါ။

 

မိမိအလေးထားရတဲ့ သူတစ်ဦးဦးက ဒီကုန်ပစ္စည်းကိုကောင်းတယ်၊ ကြိုက်တယ် / ဒါမှမဟုတ် ဒီကုမ္ပဏီက ယုံကြည်ရတယ်၊ အလုပ်လုပ်ရတာအဆင်ပြေတယ် . . . အစရှိတဲ့ ထောက်ခံချက်မျိုးကို ရရှိထားတဲ့ကုန်ပစ္စည်း၊ ကုမ္ပဏီတွေကို ပိုမိုယုံကြည်သုံးစွဲလာကြတာတွေက ရှောင်လွှဲမရတဲ့ Authority နိယာမပါ။

 

ကတိကဝတ်နိယာမ( Principle of Consistency )

4.consistency1.png  4.consistency2.png


ဒါကတော့ ရောင်းသူဝယ်သူအကြား ထားရှိတဲ့ ကတိကဝတ်ကို အခြေခံထားတဲ့ နိယာမပဲဖြစ်ပါတယ်။ ဝယ်သူအပေါ်မှာ ရိုးသားပါ။ ပေးထားတဲ့ကတိအတိုင်း ဝန်ဆောင်မှု၊ အရည်အသွေးပြည့်မှီတဲ့ Services ပေးပါ။ မိမိရဲ့ ကုန်ပစ္စည်းပေါ် အချိန်ယူသုံးဆွဲပေးကြတဲ့ မိမိရဲ့ Customer များကို အမြဲအမှတ်တရ ရှိနေပါစေ။

 

ဥပမာဆိုပါစို့။ မိမိရဲ့ Services ကို ဝယ်ယူတဲ့ Customer တွေကို ဘယ်နေ့ဘယ်အချိန်မှာတော့ ဘယ်လိုအရည်အသေေွးရှိတဲ့ Services ကို အရောက်ပို့ပေးပါ့မယ်လို့ ကတိပြုထားခဲ့တယ်ဆိုရင် ဒီကတိကို တည်အောင် ကြိုးစားပါ။ အကြောင်းအရင်းတစ်ခုခုကြောင့် ကတိမတည်နိုင်ခဲ့ဘူးဆိုရင်လည်း ကိုယ်ပေးထားတဲ့ကတိအပေါ်မှာ တာဝန်ယူမှုရှိပါစေ။ ဒီလိုနည်းနဲ့ မိမိက ကတိတည်တဲ့သူဖြစ်ကြောင်း customer များ အမြဲ အမှတ်တရ ရှိနေပါစေ။

 

နှစ်သက်ခြင်းနိယာမ ( Principle of Liking )

5.liking1.png/5.liking2.png

 

ဒါကတော့ ရှင်းပါတယ်။ ဝယ်သူနှစ်သက်အောင်ပြုမူရတဲ့ နိယာမပေါ့။ တစ်ခါတစ်ရံမှာ ဝယ်သူတွေက ဝယ်နေကျပစ္စည်းတစ်ခုပဲ ဒါပေမယ့် တခြားဆိုင်ကမဝယ်ချင်ဘူး။ ဒီဆိုင်ကပဲဝယ်ချင်တယ် ဆိုတာမျိုးဖြစ်အောင်လုပ်ရမယ့် နိယာမပါ။ ဒါကတော့အားလုံးသိတဲ့ ငယ်ငယ်က အမေက ကုန်စုံဆိုင်မှာ ကြက်သွန်သွားဝယ်ခိုင်းရင်တောင် “ဟဲ့ ဒေါ်ပုမ ဆီကပဲ ဝယ်နော်” လို့ တစ်စုံတစ်ယောက်စီကပဲ ဝယ်ခိုင်းတာကို ကြုံဖူးကြမှာပါ။ ဒါက ဝယ်သူနှစ်သက်ခြင်းဖြစ်အောင် ရောင်းပေးလို့ ဝယ်သူက သူမှသူဖြစ်နေတာပါ။ ဒါကြောင့်လည်း အရောင်းသမားတွေရဲ့ ပန်းတိုင် က ဘယ်လောက်ရောင်းရလဲ ဆိုတာထက် ဝယ်သူဘယ်လောက်စိတ်ချမ်းသာသွားသလဲ ဆိုတာပါပဲ။ အဲ့တာကအရေးကြီးဆုံးပါပဲ။

 

ထပ်တူနိယာမ( Principle of Consensus )

6.consensus.png  6.consensus2.png


အလှပြင်ပစ္စည်းရောင်းတဲ့ဆိုင်တစ်ဆိုင် ကို သွားတယ်ဆိုပါစို့။ ကိုယ်က ဝယ်ချင်သလို မဝယ်ချင်သလိုတွေဝေနေတဲ့အချိန်မှာ ကောင်တာက အမကြီးက “ညီမလေးတို့ အသက်အရွယ်တွေဆို ဒါလေး သိပ်သုံးကြတာ။ ညီမလေးလို အသားအရေသမားတွေအကြိုက်ပဲ။ အဲ့တာလေးကောင်းတယ် ညီမလေး။ ယူသွား” ဆိုပြီး ပြောတာကိုကြုံဖူးပါသလား။ ကိုယ်က နဂိုတည်းက ဝယ်ချင်ချင်ဖြစ်နေတာ။ အဲ့မှာ အရောင်းဝန်ထမ်းက တခြားလူတွေလည်းသုံးတယ်၊သုံးပါ လည်းပြောလိုက်ရော ချက်ချင်းဆုံးဖြတ်ချက်တွေပြတ်သားသွားပြီးကောက်ဝယ်လိုက်ရော။ သူများဝယ် လိုက်ဝယ်၊ သူများသုံး လိုက်သုံးချင်တဲ့ လူတွေရဲ့ အခြေခံစိတ်လေးကို ချုပ်ကိုင်ပြီးရောင်းတဲ့အရောင်းနည်းပဲ ဖြစ်ပါတယ်။

 

ဒီ အချက်(၆)ချက် က လက်တွေ့မှာ အရောင်းသမားတိုင်း လက်ကိုင်ထားတဲ့နိယာမလေးတွေဖြစ်ပါတယ်။ သင်က အောင်မြင်တဲ့အရောင်းသမားတစ်ယောက်ဖြစ်ချင်ရင်တော့ ဒီနိယာမလေးတွေကို သေချာလေ့ကျင့်ဖို့လိုမယ်နော်။ အရောင်းသမားမဟုတ်တဲ့သူတွေအဖို့လည်း ဒီနိယာမတွေက သိထားရင် အကျိုးရှိတာဖြစ်တာကြောင့် အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။

 

 

အေရာင္းသမားေကာင္းမ်ားျဖစ္ေစဖို႔ သိထားသင့္တဲ့ နိယာမ (၆)ခ်က္

စီးပြားေရးလုပ္ငန္း အားလုံးမွာ ‘Sales’ ဟာ အေရးႀကီးတဲ့ အခန္း႑တစ္ခုပါ။ ဒါ့ေၾကာင့္ ကိုယ့္ရဲ႕ ကုမၸဏီမွာ အေရာင္းသမားေကာင္းေကာင္းေတြရွိဖို႔ လုပ္ငန္းရွင္ေတြက ေမွ်ာ္လင့္တတ္ၾကပါတယ္။ ကိုယ္ကိုတိုင္က Sales ပိုင္းကို စိတ္မဝင္စားရင္ေတာင္ Interview ေတြ ေျဖတဲ့အခါ ကိုယ့္ကိုယ္ကို ဘယ္လို ေရာင္းရမလဲ (တစ္နည္း) ကိုယ့္မွာရွိတဲ့ အရည္အေသြးေတြကို ဘယ္လိုနည္းနဲ႔ အေကာင္းဆုံး ထုတ္ျပႏိုင္မလဲ ဆိုတာကို သိထားဖို႔လိုပါတယ္။ ဒါ့ေၾကာင့္ Sales and Marketing နယ္ပယ္ကလူေတြေရာတျခားနယ္ပယ္ကလူေတြပါ သိရွိထားသင့္တဲ့ နိယာမ (၆)ခ်က္ကို အတူတူ ေလ့လာၾကရေအာင္။

 

နိယာမ (၆)ခ်က္ကေတာ့
(၁) အျပန္အလွန္ အေပးအယူနိယာမ( Principle of Reciprocity)
(၂) ရွားပါးနိယာမ( Principle of Scarcity)
(၃) အေထာက္အခံ နိယာမ( Principle of Authority )
(၄) ကတိကဝတ္နိယာမ( Principle of Consistency )
(၅) ႏွစ္သက္ျခင္းနိယာမ ( Principle of Liking )
(၆) ထပ္တူနိယာမ( Principle of Consensus ) တို႔ပဲျဖစ္ပါတယ္။
ကဲ တစ္ခုခ်င္းဆီကို အေသးစိတ္ ဆက္ၿပီးေလ့လာၾကရေအာင္။

 

အျပန္အလွန္ အေပးအယူနိယာမ( Principle of Reciprocity)

 

1.reciprocity1.png  1.reciprocity2.png


ဒီနိယာမက အေရာင္းသမား အေတာ္မ်ားမ်ား အသုံးမ်ားၿပီး ထိေရာက္တဲ့အခ်က္တစ္ခုပါ။ အေပးအယူသေဘာကို အေျခခံထားတဲ့ အေရာင္းနိယာမပဲျဖစ္ပါတယ္။ လူတစ္ဦးကို ပစၥည္းတစ္ခုခု ေရာင္းေတာ့မယ္ဆိုရင္ ကိုယ့္ရဲ႕ေရာင္းခ်င္တဲ့ဆႏၵကို ေရွ႕တန္းတင္လို႔မရပါဘူး။ ကိုယ္က သူ႔ကိုအရင္ဆုံး တစ္ခုခုေပးဖို႔က အေရးအႀကီးဆုံးပါ။

 

သတိျပဳရမယ့္အခ်က္တစ္ခုက မိမိ service ကို သြားေရာင္းတဲ့ ကုမၸဏီရဲ႕အေၾကာင္း၊ လူေတြရဲ႕အေၾကာင္းကို ေသသေခ်ာခ်ာ ေလ့လာထားမယ္၊ ကိုယ့္ကို သူတို႔ဆီက ပိုက္ဆံကို ရယူဖို႔သပ္သပ္ လာတဲ့သူမဟုတ္ဘူး၊ သူတို႔ရဲ႕လုပ္ငန္း တစ္စိတ္တစ္ေဒသ ေအာင္ျမင္ဖို႔ရာ အေထာက္အကူျပဳမယ့္သူတစ္ေယာက္ဆိုတာကို သူတို႔လက္ခံလာေအာင္ ေျပာဆိုႏိုင္ရပါမယ္။ ဒီလိုဆိုရင္ေတာ့ ေအာင္ျမင္တဲ့အေရာင္းသမားတစ္ဦး ျဖစ္လာမွာပါ။

 

ဥပမာ စားေသာက္ဆိုင္တစ္ခုမွာ ကိုယ္က အစားအစာကို မွာစားေနတယ္ဆိုပါဆို႔။ စားေသာက္ဆိုင္က ဧည့္သည္ကို Extra Services အနေနဲ႔ အခ်ိဳရည္ေလးတစ္ခြက္ေပးတယ္ဆိုတာက သူတို႔အတြက္ ဝန္မပိုေစသလို စားေသာက္ဆိုင္မွာလာစားတဲ့ Customer ေတြကိုလည္း အၿမဲအမွတ္တရ ျဖစ္ေနေစမွာပါ။ ဒါဟာ စားသုံးသူေတြကို အၿမဲတမ္း စားသုံးသူအျဖစ္ ဆြဲေဆာင္လိုက္တာပဲျဖစ္ပါတယ္။

 

ရွားပါးနိယာမ( Principle of Scarcity)

 

2.scarcity1.png


လူတိုင္းက ရွားပါးတဲ့အရာေတြကို ႏွစ္သက္ၾကပါတယ္။ အဲ့တာေၾကာင့္ ခုေနာက္ပိုင္းဆို Limited ဆိုတဲ့ေဝါဟာရေပၚလာရျခင္းျဖစ္ပါတယ္။ အေရအတြက္အကန႔္အသတ္နဲ႔ထုတ္တဲ့ပစၥည္းေတြ ဆို ပိုၿပီးလိုခ်င္ၾကပါတယ္။

 

ဥပမာ- ဆိုင္တစ္ဆိုင္မွာ “ Channel ေရေမႊး ကို 30% off နဲ႔ေရာင္းေပးေနပါတယ္။ အခု ၂ ပုလင္းပဲက်န္ပါေတာ့တယ္” လို႔သာေၾကာ္ျငာလိုက္ပါ။ ေသခ်ာပါတယ္။ အဲ့ ေရေမႊး ၂ ပုလင္းက ခဏအတြင္းမွာ ေရာင္းထြက္သြားမွာပါ။ ဒါကေတာ့ ဆိုင္ပိုင္ရွင္က ရွားပါးနိယာမ ကိုအသုံးျပဳၿပီးေရာင္းခ်သြားတာျဖစ္ပါတယ္။

 

အေထာက္အခံ နိယာမ( Principle of Authority )

 

3.authority1.png 3.authority2.png
ဒါကေတာ့ ယေန႔ေခတ္ကုန္ပစၥည္းေတာ္ေတာ္မ်ားမ်ား အေရာင္းေဖာက္တဲ့အခါ အသုံးျပဳတဲ့နိယာမပါ။ အေထာက္အခံနိယာမ ဆိုတဲ့အတိုင္း ေျပာေရးဆိုခြင့္ရွိတဲ့ လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္ဆီက အေထာက္အခံေကာင္း ကို ရရွိေအာင္လုပ္တာျဖစ္ပါတယ္။ Review ေပးတဲ့သေဘာေပါ့။ ဒီနိယာမ ကလည္း ေတာ္ေတာ္ေလးေပါက္ေရာက္တာကိုအားလုံးသတိထားမိၾကမွာပါ။

 

မိမိအေလးထားရတဲ့ သူတစ္ဦးဦးက ဒီကုန္ပစၥည္းကိုေကာင္းတယ္၊ ႀကိဳက္တယ္ / ဒါမွမဟုတ္ ဒီကုမၸဏီက ယုံၾကည္ရတယ္၊ အလုပ္လုပ္ရတာအဆင္ေျပတယ္ . . . အစရွိတဲ့ ေထာက္ခံခ်က္မ်ိဳးကို ရရွိထားတဲ့ကုန္ပစၥည္း၊ ကုမၸဏီေတြကို ပိုမိုယုံၾကည္သုံးစြဲလာၾကတာေတြက ေရွာင္လႊဲမရတဲ့ Authority နိယာမပါ။

 

ကတိကဝတ္နိယာမ( Principle of Consistency )

 

4.consistency1.png  4.consistency2.png


ဒါကေတာ့ ေရာင္းသူဝယ္သူအၾကား ထားရွိတဲ့ ကတိကဝတ္ကို အေျခခံထားတဲ့ နိယာမပဲျဖစ္ပါတယ္။ ဝယ္သူအေပၚမွာ ႐ိုးသားပါ။ ေပးထားတဲ့ကတိအတိုင္း ဝန္ေဆာင္မႈ၊ အရည္အေသြးျပည့္မွီတဲ့ Services ေပးပါ။ မိမိရဲ႕ ကုန္ပစၥည္းေပၚ အခ်ိန္ယူသုံးဆြဲေပးၾကတဲ့ မိမိရဲ႕ Customer မ်ားကို အၿမဲအမွတ္တရ ရွိေနပါေစ။

 

ဥပမာဆိုပါစို႔။ မိမိရဲ႕ Services ကို ဝယ္ယူတဲ့ Customer ေတြကို ဘယ္ေန႔ဘယ္အခ်ိန္မွာေတာ့ ဘယ္လိုအရည္အေသေြးရွိတဲ့ Services ကို အေရာက္ပို႔ေပးပါ့မယ္လို႔ ကတိျပဳထားခဲ့တယ္ဆိုရင္ ဒီကတိကို တည္ေအာင္ ႀကိဳးစားပါ။ အေၾကာင္းအရင္းတစ္ခုခုေၾကာင့္ ကတိမတည္ႏိုင္ခဲ့ဘူးဆိုရင္လည္း ကိုယ္ေပးထားတဲ့ကတိအေပၚမွာ တာဝန္ယူမႈရွိပါေစ။ ဒီလိုနည္းနဲ႔ မိမိက ကတိတည္တဲ့သူျဖစ္ေၾကာင္း customer မ်ား အၿမဲ အမွတ္တရ ရွိေနပါေစ။

 

ႏွစ္သက္ျခင္းနိယာမ ( Principle of Liking )

5.liking1.png/5.liking2.png


ဒါကေတာ့ ရွင္းပါတယ္။ ဝယ္သူႏွစ္သက္ေအာင္ျပဳမူရတဲ့ နိယာမေပါ့။ တစ္ခါတစ္ရံမွာ ဝယ္သူေတြက ဝယ္ေနက်ပစၥည္းတစ္ခုပဲ ဒါေပမယ့္ တျခားဆိုင္ကမဝယ္ခ်င္ဘူး။ ဒီဆိုင္ကပဲဝယ္ခ်င္တယ္ ဆိုတာမ်ိဳးျဖစ္ေအာင္လုပ္ရမယ့္ နိယာမပါ။ ဒါကေတာ့အားလုံးသိတဲ့ ငယ္ငယ္က အေမက ကုန္စုံဆိုင္မွာ ၾကက္သြန္သြားဝယ္ခိုင္းရင္ေတာင္ “ဟဲ့ ေဒၚပုမ ဆီကပဲ ဝယ္ေနာ္” လို႔ တစ္စုံတစ္ေယာက္စီကပဲ ဝယ္ခိုင္းတာကို ႀကဳံဖူးၾကမွာပါ။ ဒါက ဝယ္သူႏွစ္သက္ျခင္းျဖစ္ေအာင္ ေရာင္းေပးလို႔ ဝယ္သူက သူမွသူျဖစ္ေနတာပါ။ ဒါေၾကာင့္လည္း အေရာင္းသမားေတြရဲ႕ ပန္းတိုင္ က ဘယ္ေလာက္ေရာင္းရလဲ ဆိုတာထက္ ဝယ္သူဘယ္ေလာက္စိတ္ခ်မ္းသာသြားသလဲ ဆိုတာပါပဲ။ အဲ့တာကအေရးႀကီးဆုံးပါပဲ။

 

ထပ္တူနိယာမ( Principle of Consensus )

6.consensus.png  6.consensus2.png


အလွျပင္ပစၥည္းေရာင္းတဲ့ဆိုင္တစ္ဆိုင္ ကို သြားတယ္ဆိုပါစို႔။ ကိုယ္က ဝယ္ခ်င္သလို မဝယ္ခ်င္သလိုေတြေဝေနတဲ့အခ်ိန္မွာ ေကာင္တာက အမႀကီးက “ညီမေလးတို႔ အသက္အ႐ြယ္ေတြဆို ဒါေလး သိပ္သုံးၾကတာ။ ညီမေလးလို အသားအေရသမားေတြအႀကိဳက္ပဲ။ အဲ့တာေလးေကာင္းတယ္ ညီမေလး။ ယူသြား” ဆိုၿပီး ေျပာတာကိုႀကဳံဖူးပါသလား။ ကိုယ္က နဂိုတည္းက ဝယ္ခ်င္ခ်င္ျဖစ္ေနတာ။ အဲ့မွာ အေရာင္းဝန္ထမ္းက တျခားလူေတြလည္းသုံးတယ္၊သုံးပါ လည္းေျပာလိုက္ေရာ ခ်က္ခ်င္းဆုံးျဖတ္ခ်က္ေတြျပတ္သားသြားၿပီးေကာက္ဝယ္လိုက္ေရာ။ သူမ်ားဝယ္ လိုက္ဝယ္၊ သူမ်ားသုံး လိုက္သုံးခ်င္တဲ့ လူေတြရဲ႕ အေျခခံစိတ္ေလးကို ခ်ဳပ္ကိုင္ၿပီးေရာင္းတဲ့အေရာင္းနည္းပဲ ျဖစ္ပါတယ္။

 

ဒီ အခ်က္(၆)ခ်က္ က လက္ေတြ႕မွာ အေရာင္းသမားတိုင္း လက္ကိုင္ထားတဲ့နိယာမေလးေတြျဖစ္ပါတယ္။ သင္က ေအာင္ျမင္တဲ့အေရာင္းသမားတစ္ေယာက္ျဖစ္ခ်င္ရင္ေတာ့ ဒီနိယာမေလးေတြကို ေသခ်ာေလ့က်င့္ဖို႔လိုမယ္ေနာ္။ အေရာင္းသမားမဟုတ္တဲ့သူေတြအဖို႔လည္း ဒီနိယာမေတြက သိထားရင္ အက်ိဳးရွိတာျဖစ္တာေၾကာင့္ အားလုံးအတြက္ ေဝမွ်ေပးလိုက္ပါတယ္။

Read times Last modified on Tuesday, 08 December 2020 14:43
Rate this articles
(1 Vote)