×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 16 December 2020

သင့်ဘဝတိုးတက်ဖို့အတွက် မအားအောင်နေပါ

လူတစ်ယောက်ရဲ့ဘဝမှာ ဘာကအရေးကြီးဆုံးလဲ? ပိုက်ဆံလား? အာဏာလား? ပျော်ရွှင်ခြင်းလား? သင့်အတွက်ကရောဘယ်ဟာအရေးကြီးဆုံးလဲ?

အမှန်ကတော့ လူတစ်ယောက်ရဲ့ဘဝမှာ အတွေးကောင်းဖို့က အရေးအကြီးဆုံးပါ။ လူ့ခန္ဓာကိုယ်တစ်ခုမှာ “စိတ်”ဆိုတဲ့ အရာက အခြားသော အင်္ဂါရပ်တွေကို လိုချင်သလိုစေခိုင်းနေတာဖြစ်ပါတယ်။

ဒါကြောင့် ဒီ “စိတ်” က မကောင်းတဲ့အတွေးတွေနဲ့ ပြည့်နေတဲ့အခါ သင်လုပ်သမျှအရာတိုင်းကလည်း မကောင်းမှုဖြစ်နေမှာပါ။ ဒီ့အတွက် “စိတ်ကောင်း၊အတွေးကောင်းတွေ ရှိနေဖို့ ကြိုးစားကြရပါမယ်။ အတွေးတွေကောင်းနေဖို့ က ကိုယ့်စိတ်ထဲမှာ အတွေးကောင်းတွေ နေရာမလပ်ဖြည့်ထားဖို့လိုပါတယ်။ ဒါမှ တခြားသောအတွေးဆိုး၊အတွေးညစ်တွေ စိတ်ထဲဝင်မလာနိုင်မှာပါ။ ဒါကြောင့် သင့်စိတ်မအားအောင်နေဖို့လိုပါတယ်။

 

(၁) မအားအောင်နေပါ။ မအားအောင်အလုပ်လုပ်ပါ။ အားတဲ့အချိန်မှာကောင်းမွန်စွာအနားယူပါ။
(၂) သင့်ဘဝတက်လမ်းအတွက် သင်လုပ်ရမယ့်အရာတွေကို အသေအချာစီစဉ်ပါ။
(၃) ဘယ်အရာက အရေးကြီးဆုံးလဲ။ အရေးကြီးဆုံးအရာကနေ တစ်ခုချင်း လုပ်စရာရှိတဲ့အရာတွေကို အကောင်းဆုံးလုပ်ပါ။
(၄) သင့်ရဲ့အားလပ်ချိန်တွေမှာ သင်ချစ်တဲ့သူတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့အတူ အချိန်ကို ကောင်းစွာအသုံးချပါ။
(၅) သင်လုပ်ချင်တဲ့အရာတွေကို တစ်ခုချင်းလုပ်နိုင်အောင်ကြိုးစားပါ။
(၆) သင့်ဘဝတိုးတက်ဖို့အတွက်သင်ယူစရာတွေကို စဉ်ဆက်မပြတ်သင်ယူပါ။
(၇) ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုလုပ်ပါ။
(၈) ဖြစ်နိုင်ရင် တရားထိုင်ဖို့အချိန်တစ်ခုသတ်မှတ်ပါ။
(၉) သင့်အတွေးတွေကောင်းလာပြီး သင့်ဘဝတိုးတက်ဖို့အတွက် မအားအောင်နေပါ။

 

 

လူတစ္ေယာက္ရဲ႕ဘဝမွာ ဘာကအေရးႀကီးဆုံးလဲ? ပိုက္ဆံလား? အာဏာလား? ေပ်ာ္႐ႊင္ျခင္းလား? သင့္အတြက္ကေရာဘယ္ဟာအေရးႀကီးဆုံးလဲ?

အမွန္ကေတာ့ လူတစ္ေယာက္ရဲ႕ဘဝမွာ အေတြးေကာင္းဖို႔က အေရးအႀကီးဆုံးပါ။ လူ႔ခႏၶာကိုယ္တစ္ခုမွာ “စိတ္”ဆိုတဲ့ အရာက အျခားေသာ အဂၤါရပ္ေတြကို လိုခ်င္သလိုေစခိုင္းေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီ “စိတ္” က မေကာင္းတဲ့အေတြးေတြနဲ႔ ျပည့္ေနတဲ့အခါ သင္လုပ္သမွ်အရာတိုင္းကလည္း မေကာင္းမႈျဖစ္ေနမွာပါ။ ဒီ့အတြက္ “စိတ္ေကာင္း၊အေတြးေကာင္းေတြ ရွိေနဖို႔ ႀကိဳးစားၾကရပါမယ္။ အေတြးေတြေကာင္းေနဖို႔ က ကိုယ့္စိတ္ထဲမွာ အေတြးေကာင္းေတြ ေနရာမလပ္ျဖည့္ထားဖို႔လိုပါတယ္။ ဒါမွ တျခားေသာအေတြးဆိုး၊အေတြးညစ္ေတြ စိတ္ထဲဝင္မလာႏိုင္မွာပါ။ ဒါေၾကာင့္ သင့္စိတ္မအားေအာင္ေနဖို႔လိုပါတယ္။

 

(၁) မအားေအာင္ေနပါ။ မအားေအာင္အလုပ္လုပ္ပါ။ အားတဲ့အခ်ိန္မွာေကာင္းမြန္စြာအနားယူပါ။
(၂) သင့္ဘဝတက္လမ္းအတြက္ သင္လုပ္ရမယ့္အရာေတြကို အေသအခ်ာစီစဥ္ပါ။
(၃) ဘယ္အရာက အေရးႀကီးဆုံးလဲ။ အေရးႀကီးဆုံးအရာကေန တစ္ခုခ်င္း လုပ္စရာရွိတဲ့အရာေတြကို အေကာင္းဆုံးလုပ္ပါ။
(၄) သင့္ရဲ႕အားလပ္ခ်ိန္ေတြမွာ သင္ခ်စ္တဲ့သူေတြ၊ သူငယ္ခ်င္းေတြ၊ မိတ္ေဆြေတြ၊ မိသားစုဝင္ေတြနဲ႔အတူ အခ်ိန္ကို ေကာင္းစြာအသုံးခ်ပါ။
(၅) သင္လုပ္ခ်င္တဲ့အရာေတြကို တစ္ခုခ်င္းလုပ္ႏိုင္ေအာင္ႀကိဳးစားပါ။
(၆) သင့္ဘဝတိုးတက္ဖို႔အတြက္သင္ယူစရာေတြကို စဥ္ဆက္မျပတ္သင္ယူပါ။
(၇) က်န္းမာေရးအတြက္ ကိုယ္လက္လႈပ္ရွားအားကစားတစ္ခုခုလုပ္ပါ။
(၈) ျဖစ္ႏိုင္ရင္ တရားထိုင္ဖို႔အခ်ိန္တစ္ခုသတ္မွတ္ပါ။
(၉) သင့္အေတြးေတြေကာင္းလာၿပီး သင့္ဘဝတိုးတက္ဖို႔အတြက္ မအားေအာင္ေနပါ။

Read times
Rate this articles
(0 votes)