×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 22 December 2020

စိတ်စွမ်းအင်ကို ထိန်းချုပ်နိုင်ဖို့ သင်လိုအပ်တာ ၂၁ ရက်တည်းပါ။

စိတ်စွမ်းအင်ကို ထိန်းချုပ်နိုင်ဖို့ သင်လိုအပ်တာ ၂၁ ရက်တည်းပါ။

စိတ်စွမ်းအင်ဆိုတာ အခြားမဟုတ်ပါဘူး။ “စိတ်ဆိုတဲ့ ဆင်ရိုင်းကို ချွန်းဆိုတဲ့အသိစိတ်နဲ့ ကိုင်တွယ်စေခိုင်းတတ်ခြင်းစွမ်းရည်ဖြစ်ပါတယ်။” ပထမဦးဆုံး ကျွန်တော်တို့စိတ်ကဘယ်လိုအလုပ်လုပ်လဲဆိုတာကို နားလည်အောင်ကြိုးစားရမှာပါ။ ဒီမှာ ကျွန်တော်တို့ နားလည်ရမယ့်အကြောင်းအရာ(၂) ခုရှိပါတယ်။ အဲ့တာကတော့ Awareness (သိခြင်း) နှင့် The Mind(စိတ်)ဖြစ်ပါတယ်။ ဒီအရာနှစ်ခုကို အဓိပ္ပာယ်ဖွင့်ကြည့်ရအောင်။

 

(၁) Awareness - အသိစိတ် ကို ရွေ့လျားနိုင်တဲ့ ဘောလုံးကြီးတစ်ခုအဖြစ်သတ်မှတ်လိုက်ပါ။
(၂) Mind - စိတ်ကိုတော့ မတူညီတဲ့နေရာဒေသတွေအများကြီးရှိတဲ့ နေရာကျယ်ကြီးတစ်ခုအဖြစ်သတ်မှတ်လိုက်ပါ။ ဒီ စိတ်ထဲမှာရှိတဲ့ မတူညီတဲ့ ဒေသတွေကတော့ ဒေါသ၊ အမုန်း၊ မနာလိုခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းသာခြင်း ဆိုတဲ့ ခံစားချက်နယ်ပယ်တွေပါ။

ဒီတော့ ကျွန်တော်တို့ရဲ့ Awareness( အသိစိတ် ) ဆိုတဲ့ ဘောလုံးကြီးက Mind(စိတ်) ရဲ့ ဘယ်နေရာကိုမဆို သွားနိုင်ပါတယ်။ အဓိပ္ပာယ်က ဒီဘောလုံးကြီးက စိတ်ရဲ့ ပျော်ရွှင်ခြင်းဆိုတဲ့ ဒေသကို ရောက်ရင် ကျွန်တော်တို့ ပျော်ရွှင်ကြပါတယ်။ အဆိုပါ ဘောလုံးကြီးက ဒေါသဆိုတဲ့ နေရာကိုရောက်ရင် ကျွန်တော်တို့ ဒေါသထွက်ကြပါတယ်။


ကျွန်တော်တို့ စိတ်က ဖြစ်ပေါ်လာတဲ့ ခံစားချက်တိုင်းက အသိစိတ်က နှိုးဆော်လို့ ဖြစ်လာရတဲ့အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ မျှော်လင့်တဲ့ ဘဝတစ်ခုရရှိဖို့အတွက် ကျွန်တော်တို့ရဲ့ စိတ်(Mind) ကို သွားထိန်းချုပ်လို့မရပါဘူး။

အသိစိတ်( Awareness ) ကို သာ ထိန်းချုပ်ရမှာဖြစ်ပါတယ်။


ဒါဆို အသိစိတ်(Awareness) ကို ဘယ်လိုထိန်းချုပ်မလဲ ဆိုတဲ့ မေးခွန်းရှိလာပါပြီ။
အသိစိတ်(Awareness) ကို ထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်တဲ့အရာကတော့ “စိတ်စွမ်းအင်” နဲ့ “အာရုံစိုက်နိုင်စွမ်း” ပါပဲ။ များသောအားဖြင့်တော့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အသိစိတ်ဘောလုံးကြီးကို ပတ်ဝန်းကျင်ကြောင့် ရွှေ့ချင်သလိုရွှေ့ခွင့်ပေးထားတတ်ကြပါတယ်။ ဒီလိုသာ ပတ်ဝန်းကျင်က လူနဲ့တခြားသောအရာတွေကြောင့် ဒီ အသိစိတ်ဘောလုံးကြီး ကို ရွှေ့ချင်တိုင်းရွှေ့ခွင့်ပေးထားသလိုဖြစ်နေတာက ကျွန်တော်တို့ အာရုံစိုက်နိုင်စွမ်းမရှိလို့ပါ။

 

“အာရုံစိုက်နိုင်စွမ်း နဲ့ စိတ်စွမ်းအင်” ဆိုတာ လေ့ကျင့်ပျိုးထောင်ရတဲ့ အရာဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ကျွန်တော်တို့ရဲ့ ဆရာ၊ဆရာမတွေက “ နင်တို့ ဒီကိုအာရုံစိုက်” လို့အမြဲပြောခဲ့ပေမယ့် ဘယ်လိုအာရုံစိုက်ရမလဲ ဆိုတာကိုတော့ မသင်ပြခဲ့ကြပါဘူး။
လူတွေအာရုံမစိုက်နိုင်တာက အကြောင်းပြချက်(၂ ) ခုကြောင့်ဖြစ်နိုင်ပါတယ်။


(၁) ဘယ်လိုအာရုံစိုက်မလဲဆိုတာကို မသင်ခဲ့ဖူးတာ။
(၂) ဘယ်လိုအာရုံစိုက်ရမလဲဆိုတာကို မလေ့ကျင့်ခဲ့ကြတာ။
ဒီအချက်(၂) ခုကြောင့် ကျွန်တော်တို့ရဲ့ အာရုံစိုက်နိုင်စွမ်းက နည်းပါးနေရတာဖြစ်ပါတယ်။

ကျွန်တော်တို့က အာရုံလွဲပြောင်းဖို့ကျ တအားလွယ်ပါတယ်။ ဒါပေမယ့် အာရုံကျသေချာမစိုက်နိုင်ကြပါဘူး။ ဒါဟာ ကျွန်တော်တို့ အာရုံလွဲပြောင်းမှုကို နေ့တိုင်းကျင့်နေလို့ပါ။

 

အာရုံစိုက်နိုင်စွမ်းကောင်းဖို့ ဘယ်လိုလေ့ကျင့်ကြရမလဲ?
အလုပ်လုပ်ရင်တစ်ခုပဲလုပ်ပါ။ နေ့တိုင်းကျင့်ကြံပါ။ ၂၁ရက်တာ လေ့ကျင့်ခြင်းက ကျွန်တော်တို့ရဲ့ အာရုံစိုက်နိုင်စွမ်းကို တိုးတက်စေပါတယ်။ အာရုံစိုက်နိုင်စွမ်းအားကောင်းလာရင် စိတ်စွမ်းအင် ဆိုတဲ့ အဆင့်ကိုသင်တက်နိုင်ပါပြီ။

 

စိတ်စွမ်းအင်ကောင်းဖို့အတွက်လည်း လေ့ကျင့်ယူရပါမယ်။ စိတ်စွမ်းအင် က ခန္ဓာကိုယ်ကြွက်သားလိုပါပဲ။ စိတ်စွမ်းအင်တိုးတက်အောင် လေ့ကျင့်နည်းက(၃) နည်းရှိပါတယ်။
(၁) စ တာကို ဆုံးအောင်လုပ်ပါ။
(၂) မျော်လင့်ထားတာကိုကောင်းကောင်းအဆုံးသတ်ပါ။
(၃) သင်လုပ်နိုင်တယ်လို့ထင်တာထက်နည်းနည်းလေးဖြစ်ဖြစ်ပိုလုပ်ပါ။

ဒီ(၃)ခုလုံးကို လုပ်ဆောင်ဖို့အတွက် အားစိုက်ထုတ်မှု(Commitment) လိုအပ်ပါတယ်။ ဒီ အားစိုက်ထုတ်မှုကပဲ သင့်ကို စိတ်စွမ်းအင်ကောင်းအောင် ကူညီပေးပါလိမ့်မယ်။


ကျွန်တော်တို့ ဘဝမှာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရှာဖွေဖို့အတွက် စိတ်စွမ်းအင် က အပြည့်အဝကူညီနိုင်ပါတယ်။ ဒါကြောင့် စိတ်စွမ်းအင် နဲ့ အာရုံစိုက်မှု ကို လေ့ကျင့်ပျိုးထောင်တာက သင့်ရဲ့ ပျော်ရွှင်ခြင်းသစ်ပင် ကို ပျိုးထောင်နေတာနဲ့ တူတူပါပဲ။

ဒီလို အာရုံစိုက်နိုင်အားကောင်းဖို့ စိတ်စွမ်းအင်ကောင်းဖို့အတွက် သင်တကယ်ထိထိရောက်ရောက် ကျင့်ယူရမယ့် ရက်က ၂၁ ရက်တည်းပါ။ ၂၁ ရက်အတွင်းမှာ သင် စိုက်ထုတ်ထားတဲ့ အား ရဲ့ ရလဒ် က သင့်ဘဝတစ်သက်စာအတွက် အလေ့အကျင့်ကောင်းတစ်ခုကို မွေးထုတ်ပြီးသားဖြစ်နေမှာပါ။

 

Ref: https://www.youtube.com/watch?v=i0KQanVxMck

 

 

စိတ္စြမ္းအင္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ သင္လိုအပ္တာ ၂၁ ရက္တည္းပါ။

စိတ္စြမ္းအင္ဆိုတာ အျခားမဟုတ္ပါဘူး။ “စိတ္ဆိုတဲ့ ဆင္႐ိုင္းကို ခြၽန္းဆိုတဲ့အသိစိတ္နဲ႔ ကိုင္တြယ္ေစခိုင္းတတ္ျခင္းစြမ္းရည္ျဖစ္ပါတယ္။” ပထမဦးဆုံး ကြၽန္ေတာ္တို႔စိတ္ကဘယ္လိုအလုပ္လုပ္လဲဆိုတာကို နားလည္ေအာင္ႀကိဳးစားရမွာပါ။ ဒီမွာ ကြၽန္ေတာ္တို႔ နားလည္ရမယ့္အေၾကာင္းအရာ(၂) ခုရွိပါတယ္။ အဲ့တာကေတာ့ Awareness (သိျခင္း) ႏွင့္ The Mind(စိတ္)ျဖစ္ပါတယ္။ ဒီအရာႏွစ္ခုကို အဓိပၸာယ္ဖြင့္ၾကည့္ရေအာင္။

 

(၁) Awareness - အသိစိတ္ ကို ေ႐ြ႕လ်ားႏိုင္တဲ့ ေဘာလုံးႀကီးတစ္ခုအျဖစ္သတ္မွတ္လိုက္ပါ။
(၂) Mind - စိတ္ကိုေတာ့ မတူညီတဲ့ေနရာေဒသေတြအမ်ားႀကီးရွိတဲ့ ေနရာက်ယ္ႀကီးတစ္ခုအျဖစ္သတ္မွတ္လိုက္ပါ။ ဒီ စိတ္ထဲမွာရွိတဲ့ မတူညီတဲ့ ေဒသေတြကေတာ့ ေဒါသ၊ အမုန္း၊ မနာလိုျခင္း၊ ေပ်ာ္႐ႊင္ျခင္း၊ ဝမ္းသာျခင္း ဆိုတဲ့ ခံစားခ်က္နယ္ပယ္ေတြပါ။

ဒီေတာ့ ကြၽန္ေတာ္တို႔ရဲ႕ Awareness( အသိစိတ္ ) ဆိုတဲ့ ေဘာလုံးႀကီးက Mind(စိတ္) ရဲ႕ ဘယ္ေနရာကိုမဆို သြားႏိုင္ပါတယ္။ အဓိပၸာယ္က ဒီေဘာလုံးႀကီးက စိတ္ရဲ႕ ေပ်ာ္႐ႊင္ျခင္းဆိုတဲ့ ေဒသကို ေရာက္ရင္ ကြၽန္ေတာ္တို႔ ေပ်ာ္႐ႊင္ၾကပါတယ္။ အဆိုပါ ေဘာလုံးႀကီးက ေဒါသဆိုတဲ့ ေနရာကိုေရာက္ရင္ ကြၽန္ေတာ္တို႔ ေဒါသထြက္ၾကပါတယ္။


ကြၽန္ေတာ္တို႔ စိတ္က ျဖစ္ေပၚလာတဲ့ ခံစားခ်က္တိုင္းက အသိစိတ္က ႏႈိးေဆာ္လို႔ ျဖစ္လာရတဲ့အေၾကာင္းအရာေတြပဲ ျဖစ္ပါတယ္။ ဒီေတာ့ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္တဲ့ ဘဝတစ္ခုရရွိဖို႔အတြက္ ကြၽန္ေတာ္တို႔ရဲ႕ စိတ္(Mind) ကို သြားထိန္းခ်ဳပ္လို႔မရပါဘူး။

 

အသိစိတ္( Awareness ) ကို သာ ထိန္းခ်ဳပ္ရမွာျဖစ္ပါတယ္။
ဒါဆို အသိစိတ္(Awareness) ကို ဘယ္လိုထိန္းခ်ဳပ္မလဲ ဆိုတဲ့ ေမးခြန္းရွိလာပါၿပီ။
အသိစိတ္(Awareness) ကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ လိုအပ္တဲ့အရာကေတာ့ “စိတ္စြမ္းအင္” နဲ႔ “အာ႐ုံစိုက္ႏိုင္စြမ္း” ပါပဲ။ မ်ားေသာအားျဖင့္ေတာ့ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ရဲ႕ အသိစိတ္ေဘာလုံးႀကီးကို ပတ္ဝန္းက်င္ေၾကာင့္ ေ႐ႊ႕ခ်င္သလိုေ႐ႊ႕ခြင့္ေပးထားတတ္ၾကပါတယ္။ ဒီလိုသာ ပတ္ဝန္းက်င္က လူနဲ႔တျခားေသာအရာေတြေၾကာင့္ ဒီ အသိစိတ္ေဘာလုံးႀကီး ကို ေ႐ႊ႕ခ်င္တိုင္းေ႐ႊ႕ခြင့္ေပးထားသလိုျဖစ္ေနတာက ကြၽန္ေတာ္တို႔ အာ႐ုံစိုက္ႏိုင္စြမ္းမရွိလို႔ပါ။

 

“အာ႐ုံစိုက္ႏိုင္စြမ္း နဲ႔ စိတ္စြမ္းအင္” ဆိုတာ ေလ့က်င့္ပ်ိဳးေထာင္ရတဲ့ အရာျဖစ္ပါတယ္။ ေန႔စဥ္ဘဝမွာ ကြၽန္ေတာ္တို႔ရဲ႕ ဆရာ၊ဆရာမေတြက “ နင္တို႔ ဒီကိုအာ႐ုံစိုက္” လို႔အၿမဲေျပာခဲ့ေပမယ့္ ဘယ္လိုအာ႐ုံစိုက္ရမလဲ ဆိုတာကိုေတာ့ မသင္ျပခဲ့ၾကပါဘူး။
လူေတြအာ႐ုံမစိုက္ႏိုင္တာက အေၾကာင္းျပခ်က္(၂ ) ခုေၾကာင့္ျဖစ္ႏိုင္ပါတယ္။


(၁) ဘယ္လိုအာ႐ုံစိုက္မလဲဆိုတာကို မသင္ခဲ့ဖူးတာ။
(၂) ဘယ္လိုအာ႐ုံစိုက္ရမလဲဆိုတာကို မေလ့က်င့္ခဲ့ၾကတာ။
ဒီအခ်က္(၂) ခုေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ အာ႐ုံစိုက္ႏိုင္စြမ္းက နည္းပါးေနရတာျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔က အာ႐ုံလြဲေျပာင္းဖို႔က် တအားလြယ္ပါတယ္။ ဒါေပမယ့္ အာ႐ုံက်ေသခ်ာမစိုက္ႏိုင္ၾကပါဘူး။ ဒါဟာ ကြၽန္ေတာ္တို႔ အာ႐ုံလြဲေျပာင္းမႈကို ေန႔တိုင္းက်င့္ေနလို႔ပါ။

 

အာ႐ုံစိုက္ႏိုင္စြမ္းေကာင္းဖို႔ ဘယ္လိုေလ့က်င့္ၾကရမလဲ?
အလုပ္လုပ္ရင္တစ္ခုပဲလုပ္ပါ။ ေန႔တိုင္းက်င့္ႀကံပါ။ ၂၁ရက္တာ ေလ့က်င့္ျခင္းက ကြၽန္ေတာ္တို႔ရဲ႕ အာ႐ုံစိုက္ႏိုင္စြမ္းကို တိုးတက္ေစပါတယ္။
အာ႐ုံစိုက္ႏိုင္စြမ္းအားေကာင္းလာရင္ စိတ္စြမ္းအင္ ဆိုတဲ့ အဆင့္ကိုသင္တက္ႏိုင္ပါၿပီ။

စိတ္စြမ္းအင္ေကာင္းဖို႔အတြက္လည္း ေလ့က်င့္ယူရပါမယ္။ စိတ္စြမ္းအင္ က ခႏၶာကိုယ္ႂကြက္သားလိုပါပဲ။ စိတ္စြမ္းအင္တိုးတက္ေအာင္ ေလ့က်င့္နည္းက(၃) နည္းရွိပါတယ္။
(၁) စ တာကို ဆုံးေအာင္လုပ္ပါ။
(၂) ေမ်ာ္လင့္ထားတာကိုေကာင္းေကာင္းအဆုံးသတ္ပါ။
(၃) သင္လုပ္ႏိုင္တယ္လို႔ထင္တာထက္နည္းနည္းေလးျဖစ္ျဖစ္ပိုလုပ္ပါ။

ဒီ(၃)ခုလုံးကို လုပ္ေဆာင္ဖို႔အတြက္ အားစိုက္ထုတ္မႈ(Commitment) လိုအပ္ပါတယ္။ ဒီ အားစိုက္ထုတ္မႈကပဲ သင့္ကို စိတ္စြမ္းအင္ေကာင္းေအာင္ ကူညီေပးပါလိမ့္မယ္။


ကြၽန္ေတာ္တို႔ ဘဝမွာ စစ္မွန္တဲ့ ေပ်ာ္႐ႊင္မႈကို ရွာေဖြဖို႔အတြက္ စိတ္စြမ္းအင္ က အျပည့္အဝကူညီႏိုင္ပါတယ္။ ဒါေၾကာင့္ စိတ္စြမ္းအင္ နဲ႔ အာ႐ုံစိုက္မႈ ကို ေလ့က်င့္ပ်ိဳးေထာင္တာက သင့္ရဲ႕ ေပ်ာ္႐ႊင္ျခင္းသစ္ပင္ ကို ပ်ိဳးေထာင္ေနတာနဲ႔ တူတူပါပဲ။

ဒီလို အာ႐ုံစိုက္ႏိုင္အားေကာင္းဖို႔ စိတ္စြမ္းအင္ေကာင္းဖို႔အတြက္ သင္တကယ္ထိထိေရာက္ေရာက္ က်င့္ယူရမယ့္ ရက္က ၂၁ ရက္တည္းပါ။ ၂၁ ရက္အတြင္းမွာ သင္ စိုက္ထုတ္ထားတဲ့ အား ရဲ႕ ရလဒ္ က သင့္ဘဝတစ္သက္စာအတြက္ အေလ့အက်င့္ေကာင္းတစ္ခုကို ေမြးထုတ္ၿပီးသားျဖစ္ေနမွာပါ။

 

Ref: https://www.youtube.com/watch?v=i0KQanVxMck

Read times
Rate this articles
(0 votes)