×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 06 January 2021

ကိုယ့်ကိုယ်ကို ဘယ်လောက်ဆွဲဆောင်မှုရှိလဲ ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်ပါဦး။

ကိုယ့်ကိုယ်ကို ဘယ်လောက်ဆွဲဆောင်မှုရှိလဲ ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်ပါဦး။

ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တချို့က လူတစ်ယောက်ရဲ့ ဘယ်လို Personality တွေက ဆွဲဆောင်မှုကျဆင်းစေလဲဆိုတာကို သုတေသနပြုစုထားကြပါတယ်။ သူတို့က သေချာစာရင်းပြုစုထားတဲ့အချက်တွေမလို့ ဒီထဲက အချက်တစ်ချက်ချက်နဲ့သာ သင်ညှိနေမယ်ဆိုရင် သင်က ဆွဲဆောင်မှုမရှိတဲ့လူတစ်ယောက်ဆိုတာ သင်သတိပြုမိပါစေ။

 

(၁) စိတ်ပင်ပန်းခြင်း(Stress) ကို မထိန်းချုပ်နိုင်ခြင်း။
၂၀၁၃ ခုနှစ် ဇီဝဗေဒသတင်းစာတစ်ခုကထုတ်ပြန်ချက်အရ အင်မတန် စိတ်ပင်ပန်းမှုများပြီး မထိန်းချုပ်နိုင်တဲ့ အမျိုးသမီးတွေရဲ့ အပြုအမူတွေက အမျိုးသားတွေအတွက်တော့ ဆွဲဆောင်မှုက သုညပါပဲတဲ့။ Stress တွေများလာတဲ့အခါ စိတ်ကဆတ်ဆတ်ထိမခံဖြစ်လာရတဲ့အတွက် သူတို့ရဲ့အပြုအမူတိုင်းက တခြားလူတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် စိတ်ဖိအားများခြင်းကို ကောင်းကောင်းကိုင်တွယ်နိုင်ဖို့လိုအပ်ပါတယ်။

 

(၂) မရိုးသားခြင်း။
“ငါ့နာရီက ဒေါ်လာ ၂၅၀ တောင်ပေးရတယ်” လို့ ကိုယ်ပြောလိုက်တဲ့ အလိမ်အညာသေးသေးလေးက သင့်ကို ဆွဲဆောင်မှု ကျဆင်းစေပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး လူတိုင်းကြုံဖူးကြမှာပါ။ တစ်ခါတစ်ရံမှာ ကိုယ်ကတော့ ဘာရယ်မဟုတ်ဘဲ အလိမ်အညာသေးသေးလေးတစ်ခုနဲ့ မရိုးမသားပြောဆိုလိုက်မိတယ်။ ဒါပေမယ့် အဲ့လိုပြုမူခြင်းက သင့်ရဲ့ ဆွဲဆောင်နိုင်စွမ်းကို ဟိုးအောက်ဆုံးထိကျဆင်းစေတယ်ဆိုတော့ သတိတော့ထားရမယ်နော်။

 

(၃) အိပ်ရေးဝဝမအိပ်ခြင်း။
၂၀၁၀ တုန်းက ဆွီဒင်သိပ္ပံပညာရှင်တချို့က အိပ်ရေးဝဝမအိပ်တဲ့လူတွေက တခြားသူတွေထက်ကိုပိုပြီး ဆွဲဆောင်မှုကျဆင်းပါတယ်တဲ့။ အဲ့တာကြောင့် ညဘက်မလိုအပ်တဲ့အရာတွေကို မလုပ်ဘဲ အိပ်ရေးဝဝအိပ်ဖို့လိုပါတယ်။ ကျန်းမာရေးအတွက်လည်း တကယ့်ကို ကောင်းမွန်တဲ့အကျင့်တစ်ခုပါ။

 

(၄) စိတ်ပုပ်ခြင်း။
တရုတ်မှာ ၂၀၁၄ လောက်တုန်းက လူအများကြီးကိုခေါ်ယူပြီး မျက်နှာအမူအရာတွေပဲပါတဲ့ ပုံတွေနဲ့ မဲပေးဆုံးဖြတ်ခိုင်းခဲ့ပါတယ်။ အဲ့မှာ သူတို့နောက်ဆုံးရရှိတဲ့ ရလဒ်အရ စိတ်ပုပ်တဲ့မျက်နှာအမူအရာနဲ့ ရုပ်ပုံဟာ စိတ်ပျက်စရာအကောင်းဆုံးအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဘယ်သူမှ စင်းလုံးချောကောင်းတယ်ဆိုတာမရှိပါဘူး။ အားလုံးမှာလည်းစိတ်ပုပ်တဲ့အချိန်ဆိုတာတစ်ချိန်တော့ရှိမှာပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို သိပြီး သတိထားနေခြင်းကတော့ ကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။

 

(၅) သက်သောင့်သက်သာမရှိတဲ့အပြုအမူ။
အမေရိကန်တက္ကသိုလ်တစ်ခုကနေ သက်သောင့်သက်သာမရှိတဲ့အပြုအမူတွေက သင့်ကိုဆွဲဆောင်မှုလျော့ကျစေတယ်လို့ ဆိုထားပါတယ်။ ဥပမာ- လက်ကြီးပိုက်ထားတာ၊ ပခုံးကြီးကုန်းနေတာ စတဲ့အပြုအမူတွေပါ။ ဒါကြောင့် လူကြားထဲမှာ ပေါ့ပေါ့ပါးပါးယဉ်ယဉ်ကျေးကျေးနေတာက သင့်ကို ဆွဲဆောင်မှုပိုရှိစေမှာဖြစ်ပါတယ်။

 

(၆) တအားကြီး ပျော်နေပုံပေါက်တာ။
၂၀၁၁ ကိုလမ်ဘီယာတက္ကသိုလ်တစ်ခုရဲ့ စစ်တမ်းအရ တအားအမြဲရယ်မောပြီးမျက်နှာပြောင်လွန်းတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေက မနှစ်သက်ကြပါဘူးတဲ့။ ဒါကြောင့် ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်က အမြဲ မျက်နှာတည်တည်နဲ့ကောင်လေးတွေပဲ ဖြစ်နေတာပါ။

 

(၇) မာနကြီးလွန်းတာ။
ကိုယ့်ကိုယ်ကို သိပ်တော်တယ်၊ သိပ်လှတယ် လို့ ဂုဏ်မောက်လွန်းတာကလည်း ဆွဲဆောင်မှုကို လျော့ကျစေတယ်လို့ ဆိုပါတယ်။

 

(၈) အနံ့တူနေခြင်း။
မက္ကစီကိုကတက္ကသိုလ်တစ်ခုရဲ့ စစ်တမ်းမှာ တူညီတဲ့ကိုယ်သင်းရနံ့ရှိတဲ့ အမျိုးသားနဲ့အမျိုးသမီးတွေက တစ်ယောက်ကိုတစ်ယောက်ဆွဲဆောင်နိုင်ခြင်းမရှိပါဘူးတဲ့။ ဘာလို့ဆို သူတို့က အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်တာနဲ့ ထူးခြားခြင်းဘာကိုမှမခံစားရလို့ပါတဲ့။ ဒါကြောင့် ကောင်မလေးတစ်ယောက်ကို ပိုးပန်းတော့မယ်ဆို သူနဲ့ကိုယ် အနံ့တူမတူ အရင်စုံစမ်းနော်။

 

(၉) ဟာသဉာဏ်မရှိခြင်း။
စိတ်ပညာရှင်အချို့က လူတစ်ယောက်ရဲ့ ဟာသဉာဏ်စူးရှခြင်းဟာလည်း ထိုလူရဲ့ ဆွဲဆောင်မှုပါပဲတဲ့။ ဒါကြောင့် ဟာသဉာဏ်ရှိတဲ့ အမျိုးသား၊အမျိုးသမီးတွေက အမြဲ လူကြားထဲမှာထင်ပေါ်ပြီး ဆွဲဆောင်မှုအရှိဆုံးလူသားတွေဖြစ်ပါတယ်တဲ့။

 

ကဲ ဒါဆို သင်ကရော ဘယ်လောက်ဆွဲဆောင်မှုရှိပါသလဲ။ ပြီးတော့ ဒီအချက်လေးတွေက အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် သိထားရမယ့် အချက်တွေဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာလည်း အသုံးချတတ်ရင် အသုံးအကြီးကြီးဝင်မှာမလို့ သေချာလေးမှတ်ထားကြနော်။

 

 

ကိုယ့္ကိုယ္ကို ဘယ္ေလာက္ဆြဲေဆာင္မႈရွိလဲ ဒီအခ်က္ေလးေတြနဲ႔ ဆန္းစစ္ၾကည့္ပါဦး။

ကမာၻတစ္ဝန္းက သိပၸံပညာရွင္တခ်ိဳ႕က လူတစ္ေယာက္ရဲ႕ ဘယ္လို Personality ေတြက ဆြဲေဆာင္မႈက်ဆင္းေစလဲဆိုတာကို သုေတသနျပဳစုထားၾကပါတယ္။ သူတို႔က ေသခ်ာစာရင္းျပဳစုထားတဲ့အခ်က္ေတြမလို႔ ဒီထဲက အခ်က္တစ္ခ်က္ခ်က္နဲ႔သာ သင္ညႇိေနမယ္ဆိုရင္ သင္က ဆြဲေဆာင္မႈမရွိတဲ့လူတစ္ေယာက္ဆိုတာ သင္သတိျပဳမိပါေစ။

 

(၁) စိတ္ပင္ပန္းျခင္း(Stress) ကို မထိန္းခ်ဳပ္ႏိုင္ျခင္း။
၂၀၁၃ ခုႏွစ္ ဇီဝေဗဒသတင္းစာတစ္ခုကထုတ္ျပန္ခ်က္အရ အင္မတန္ စိတ္ပင္ပန္းမႈမ်ားၿပီး မထိန္းခ်ဳပ္ႏိုင္တဲ့ အမ်ိဳးသမီးေတြရဲ႕ အျပဳအမူေတြက အမ်ိဳးသားေတြအတြက္ေတာ့ ဆြဲေဆာင္မႈက သုညပါပဲတဲ့။ Stress ေတြမ်ားလာတဲ့အခါ စိတ္ကဆတ္ဆတ္ထိမခံျဖစ္လာရတဲ့အတြက္ သူတို႔ရဲ႕အျပဳအမူတိုင္းက တျခားလူေတြကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ စိတ္ဖိအားမ်ားျခင္းကို ေကာင္းေကာင္းကိုင္တြယ္ႏိုင္ဖို႔လိုအပ္ပါတယ္။

 

(၂) မ႐ိုးသားျခင္း။
“ငါ့နာရီက ေဒၚလာ ၂၅၀ ေတာင္ေပးရတယ္” လို႔ ကိုယ္ေျပာလိုက္တဲ့ အလိမ္အညာေသးေသးေလးက သင့္ကို ဆြဲေဆာင္မႈ က်ဆင္းေစပါတယ္။ ဒီလိုအျဖစ္အပ်က္မ်ိဳး လူတိုင္းႀကဳံဖူးၾကမွာပါ။ တစ္ခါတစ္ရံမွာ ကိုယ္ကေတာ့ ဘာရယ္မဟုတ္ဘဲ အလိမ္အညာေသးေသးေလးတစ္ခုနဲ႔ မ႐ိုးမသားေျပာဆိုလိုက္မိတယ္။ ဒါေပမယ့္ အဲ့လိုျပဳမူျခင္းက သင့္ရဲ႕ ဆြဲေဆာင္ႏိုင္စြမ္းကို ဟိုးေအာက္ဆုံးထိက်ဆင္းေစတယ္ဆိုေတာ့ သတိေတာ့ထားရမယ္ေနာ္။

 

(၃) အိပ္ေရးဝဝမအိပ္ျခင္း။
၂၀၁၀ တုန္းက ဆြီဒင္သိပၸံပညာရွင္တခ်ိဳ႕က အိပ္ေရးဝဝမအိပ္တဲ့လူေတြက တျခားသူေတြထက္ကိုပိုၿပီး ဆြဲေဆာင္မႈက်ဆင္းပါတယ္တဲ့။ အဲ့တာေၾကာင့္ ညဘက္မလိုအပ္တဲ့အရာေတြကို မလုပ္ဘဲ အိပ္ေရးဝဝအိပ္ဖို႔လိုပါတယ္။ က်န္းမာေရးအတြက္လည္း တကယ့္ကို ေကာင္းမြန္တဲ့အက်င့္တစ္ခုပါ။

 

(၄) စိတ္ပုပ္ျခင္း။
တ႐ုတ္မွာ ၂၀၁၄ ေလာက္တုန္းက လူအမ်ားႀကီးကိုေခၚယူၿပီး မ်က္ႏွာအမူအရာေတြပဲပါတဲ့ ပုံေတြနဲ႔ မဲေပးဆုံးျဖတ္ခိုင္းခဲ့ပါတယ္။ အဲ့မွာ သူတို႔ေနာက္ဆုံးရရွိတဲ့ ရလဒ္အရ စိတ္ပုပ္တဲ့မ်က္ႏွာအမူအရာနဲ႔ ႐ုပ္ပုံဟာ စိတ္ပ်က္စရာအေကာင္းဆုံးအျဖစ္မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ဘယ္သူမွ စင္းလုံးေခ်ာေကာင္းတယ္ဆိုတာမရွိပါဘူး။ အားလုံးမွာလည္းစိတ္ပုပ္တဲ့အခ်ိန္ဆိုတာတစ္ခ်ိန္ေတာ့ရွိမွာပါ။ ဒါေပမယ့္ ကိုယ့္ကိုယ္ကို သိၿပီး သတိထားေနျခင္းကေတာ့ ေကာင္းတဲ့အရာတစ္ခုျဖစ္ပါတယ္။

 

(၅) သက္ေသာင့္သက္သာမရွိတဲ့အျပဳအမူ။
အေမရိကန္တကၠသိုလ္တစ္ခုကေန သက္ေသာင့္သက္သာမရွိတဲ့အျပဳအမူေတြက သင့္ကိုဆြဲေဆာင္မႈေလ်ာ့က်ေစတယ္လို႔ ဆိုထားပါတယ္။ ဥပမာ- လက္ႀကီးပိုက္ထားတာ၊ ပခုံးႀကီးကုန္းေနတာ စတဲ့အျပဳအမူေတြပါ။ ဒါေၾကာင့္ လူၾကားထဲမွာ ေပါ့ေပါ့ပါးပါးယဥ္ယဥ္ေက်းေက်းေနတာက သင့္ကို ဆြဲေဆာင္မႈပိုရွိေစမွာျဖစ္ပါတယ္။

 

(၆) တအားႀကီး ေပ်ာ္ေနပုံေပါက္တာ။
၂၀၁၁ ကိုလမ္ဘီယာတကၠသိုလ္တစ္ခုရဲ႕ စစ္တမ္းအရ တအားအၿမဲရယ္ေမာၿပီးမ်က္ႏွာေျပာင္လြန္းတဲ့ အမ်ိဳးသားေတြကို အမ်ိဳးသမီးေတြက မႏွစ္သက္ၾကပါဘူးတဲ့။ ဒါေၾကာင့္ ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာလည္း ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္က အၿမဲ မ်က္ႏွာတည္တည္နဲ႔ေကာင္ေလးေတြပဲ ျဖစ္ေနတာပါ။

 

(၇) မာနႀကီးလြန္းတာ။
ကိုယ့္ကိုယ္ကို သိပ္ေတာ္တယ္၊ သိပ္လွတယ္ လို႔ ဂုဏ္ေမာက္လြန္းတာကလည္း ဆြဲေဆာင္မႈကို ေလ်ာ့က်ေစတယ္လို႔ ဆိုပါတယ္။

 

(၈) အနံ႔တူေနျခင္း။
မကၠစီကိုကတကၠသိုလ္တစ္ခုရဲ႕ စစ္တမ္းမွာ တူညီတဲ့ကိုယ္သင္းရနံ႔ရွိတဲ့ အမ်ိဳးသားနဲ႔အမ်ိဳးသမီးေတြက တစ္ေယာက္ကိုတစ္ေယာက္ဆြဲေဆာင္ႏိုင္ျခင္းမရွိပါဘူးတဲ့။ ဘာလို႔ဆို သူတို႔က အခ်င္းခ်င္းတစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္တာနဲ႔ ထူးျခားျခင္းဘာကိုမွမခံစားရလို႔ပါတဲ့။ ဒါေၾကာင့္ ေကာင္မေလးတစ္ေယာက္ကို ပိုးပန္းေတာ့မယ္ဆို သူနဲ႔ကိုယ္ အနံ႔တူမတူ အရင္စုံစမ္းေနာ္။

 

(၉) ဟာသဉာဏ္မရွိျခင္း။
စိတ္ပညာရွင္အခ်ိဳ႕က လူတစ္ေယာက္ရဲ႕ ဟာသဉာဏ္စူးရွျခင္းဟာလည္း ထိုလူရဲ႕ ဆြဲေဆာင္မႈပါပဲတဲ့။ ဒါေၾကာင့္ ဟာသဉာဏ္ရွိတဲ့ အမ်ိဳးသား၊အမ်ိဳးသမီးေတြက အၿမဲ လူၾကားထဲမွာထင္ေပၚၿပီး ဆြဲေဆာင္မႈအရွိဆုံးလူသားေတြျဖစ္ပါတယ္တဲ့။

 

ကဲ ဒါဆို သင္ကေရာ ဘယ္ေလာက္ဆြဲေဆာင္မႈရွိပါသလဲ။ ၿပီးေတာ့ ဒီအခ်က္ေလးေတြက အမ်ိဳးသားျဖစ္ျဖစ္၊ အမ်ိဳးသမီးျဖစ္ျဖစ္ သိထားရမယ့္ အခ်က္ေတြျဖစ္ပါတယ္။ ေန႔စဥ္ဘဝမွာလည္း အသုံးခ်တတ္ရင္ အသုံးအႀကီးႀကီးဝင္မွာမလို႔ ေသခ်ာေလးမွတ္ထားၾကေနာ္။

Read times
Rate this articles
(1 Vote)