×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 26 February 2021

ဘဝအမောပြေစေဖို့ . .

ဘဝအမောပြေစေဖို့ . .
မောပမ်းနေတဲ့ဘဝအမောလေး တဒင်္ဂပြေစေဖို့ရာအတွက် ဟာသလေးကို တင်ပေးလိုက်ပါတယ်

*****

ဆရာတော်ဘုရားကို ဆွမ်းချိုင့်လေးလာကပ်ပြီး ပြန်ခါနီးကျ ကလေးမက လျှောက်တယ်....

 

တပည့်တော်မ ပြန်ကြွလိုက်ပါအုံးမယ်ဘုရား

ဟယ်..မိုက်လိုက်တဲ့ကလေးမ၊ နင် ဘယ်သူ့သမီးတုန်းဟဲ့

 

မယ်ရှင့်သမီးပါဘုရား
အေး..နင့်အမေ လွှတ်လိုက်စမ်း

 

ဒကာမကြီး မယ်ရှင် ဖျင်တဘက်လေး ပုခုံးတင်ပြီးရောက်လာရော

 

ဟဲ့..မယ်ရှင်...နင့်သမီးဟာလေ
ဘုန်းကြီးရဟန်းများနဲ့ အပြောအဆို မတတ်ပါလား။ ငါ့ကိုတောင်..တပည့်တော်မ ပြန်ကြွပါအုံးမယ်လုပ်သွားသဟဲ့

 

ဒကာမကြီး ရင်ဘတ်ဖိပြီး
အမ်မယ်လေး..လေး..မိုက်လိုက်တဲ့သမီး။ အိမ်ပြန်ရောက်မှ တပည့်တော်မ သေချာ မိန့်လိုက်ပါ့မယ်ဖျား..တဲ့

 

ဟယ်..နင်ပြောမှပိုဆိုး။ မဖြစ်ချေဘူး..နင့်ယောက်ျား ဖိုးထင် ကျောင်းလွှတ်လိုက်စမ်း....

ဝါးခမောက်လေး ခေါင်းဆောင်းပြီး ဒကာကြီးဖိုးထင် ကျောင်းပေါ်တက်လာတယ်...

 

ဟဲ့..ဒကာဖိုးထင်
နင့်သမီးနဲ့မိန်းမကတော့ ဒီလိုဒီလိုတွေပြောသဟဲ့ဆိုတော့
ဦးဖိုးထင် မျက်နှာကြီးရဲသွားပြီး တောက်တချက်ခေါက်တယ်

 

ကြည့်..ဇမ်း
မိုက်လိုက်တဲ့ သမီးနဲ့ မိန်းမ။ နောင်ဆိုရင် ဒင်းတို့နှစ်ယောက်ကို ကျောင်းဝင်းထဲ ခြေတော်ရာတောင် မချစေနဲ့ဘုရား..တဲ့

 

ဟယ်..နင့်ပြောကာမှ ပိုဆိုး။ နင်တို့အိမ်မှာ သွန်သင်ဆုံးမမယ် လူကြီးသူမ မရှိကြတော့ဘူးလား

 

မှန်လှပါ
ယောက္ခမကြီး ဒေါ်ငွေလုံးရှိပါဖျား

အေး..သူ့သာ လွှတ်လိုက်တော့ဟေ့

 

အသက်ရှစ်ဆယ်နီးနေတဲ့ အဖွားကြီး ဒေါ်ငွေလုံးရောက်ချလာတယ်။
တောင်ဝှေးလေးထောက်ပြီး ခေါင်းလေးခါတာခါတာနဲ့...

 

ဒကာမကြီးရေ
ခင်ဗျားသားသမီးဒေနဲ့ မြေးကတော့ဖြင့် ဘုန်းကြီးရဟန်းနဲ့ အပ်စပ်အောင် မပြောတတ်ကြပါလား။ ကျုပ်ကို ဒီလိုဒီလိုတွေ ပြောသွားသဗျဆိုတော့...

စိတ်မကောင်းခြင်းကြီးစွာနဲ့ အဖွားကြီး မျက်ရည်တွေဝိုင်းသွားရှာပြီး...

 

မှန်လှပါ
ဒင်းတို့ကြောင့် အရှက်ရလွန်းလို့ တခါတခါဆို တပည့်တော်မ ပျံလွန်တော်မူချင်စိတ်တောင် ဖြစ်မိပါတယ်ဘုရား..ဆိုတော့

 

ဆရာတော်ဘုရားလဲ ပက်လက်လန်သွားသတဲ့ . . .

...........
Credit : Mg Thant

 

 

ဘ၀အေမာေျပေစဖို႔ . .
ေမာပမ္းေနတဲ့ဘ၀အေမာေလး တဒဂၤေျပေစဖို႔ရာအတြက္ ဟာသေလးကို တင္ေပးလိုက္ပါတယ္

*****

 

ဆရာေတာ္ဘုရားကို ဆြမ္းခ်ိဳင့္ေလးလာကပ္ၿပီး ျပန္ခါနီးက် ကေလးမက ေလွ်ာက္တယ္....

တပည့္ေတာ္မ ျပန္ႂကြလိုက္ပါအုံးမယ္ဘုရား

 

ဟယ္..မိုက္လိုက္တဲ့ကေလးမ၊ နင္ ဘယ္သူ႔သမီးတုန္းဟဲ့

မယ္ရွင့္သမီးပါဘုရား


ေအး..နင့္အေမ လႊတ္လိုက္စမ္း

ဒကာမႀကီး မယ္ရွင္ ဖ်င္တဘက္ေလး ပုခုံးတင္ၿပီးေရာက္လာေရာ

 

ဟဲ့..မယ္ရွင္...နင့္သမီးဟာေလ
ဘုန္းႀကီးရဟန္းမ်ားနဲ႔ အေျပာအဆို မတတ္ပါလား။ ငါ့ကိုေတာင္..တပည့္ေတာ္မ ျပန္ႂကြပါအုံးမယ္လုပ္သြားသဟဲ့

 

ဒကာမႀကီး ရင္ဘတ္ဖိၿပီး
အမ္မယ္ေလး..ေလး..မိုက္လိုက္တဲ့သမီး။ အိမ္ျပန္ေရာက္မွ တပည့္ေတာ္မ ေသခ်ာ မိန္႔လိုက္ပါ့မယ္ဖ်ား..တဲ့

 

ဟယ္..နင္ေျပာမွပိုဆိုး။ မျဖစ္ေခ်ဘူး..နင့္ေယာက္်ား ဖိုးထင္ ေက်ာင္းလႊတ္လိုက္စမ္း....

ဝါးခေမာက္ေလး ေခါင္းေဆာင္းၿပီး ဒကာႀကီးဖိုးထင္ ေက်ာင္းေပၚတက္လာတယ္...

 

ဟဲ့..ဒကာဖိုးထင္
နင့္သမီးနဲ႔မိန္းမကေတာ့ ဒီလိုဒီလိုေတြေျပာသဟဲ့ဆိုေတာ့
ဦးဖိုးထင္ မ်က္ႏွာႀကီးရဲသြားၿပီး ေတာက္တခ်က္ေခါက္တယ္

 

ၾကည့္..ဇမ္း
မိုက္လိုက္တဲ့ သမီးနဲ႔ မိန္းမ။ ေနာင္ဆိုရင္ ဒင္းတို႔ႏွစ္ေယာက္ကို ေက်ာင္းဝင္းထဲ ေျခေတာ္ရာေတာင္ မခ်ေစနဲ႔ဘုရား..တဲ့

 

ဟယ္..နင့္ေျပာကာမွ ပိုဆိုး။ နင္တို႔အိမ္မွာ သြန္သင္ဆုံးမမယ္ လူႀကီးသူမ မရွိၾကေတာ့ဘူးလား

 

မွန္လွပါ
ေယာကၡမႀကီး ေဒၚေငြလုံးရွိပါဖ်ား

ေအး..သူ႔သာ လႊတ္လိုက္ေတာ့ေဟ့

 

အသက္ရွစ္ဆယ္နီးေနတဲ့ အဖြားႀကီး ေဒၚေငြလုံးေရာက္ခ်လာတယ္။
ေတာင္ေဝွးေလးေထာက္ၿပီး ေခါင္းေလးခါတာခါတာနဲ႔...

 

ဒကာမႀကီးေရ
ခင္ဗ်ားသားသမီးေဒနဲ႔ ေျမးကေတာ့ျဖင့္ ဘုန္းႀကီးရဟန္းနဲ႔ အပ္စပ္ေအာင္ မေျပာတတ္ၾကပါလား။ က်ဳပ္ကို ဒီလိုဒီလိုေတြ ေျပာသြားသဗ်ဆိုေတာ့...

 

စိတ္မေကာင္းျခင္းႀကီးစြာနဲ႔ အဖြားႀကီး မ်က္ရည္ေတြဝိုင္းသြားရွာၿပီး...

မွန္လွပါ
ဒင္းတို႔ေၾကာင့္ အရွက္ရလြန္းလို႔ တခါတခါဆို တပည့္ေတာ္မ ပ်ံလြန္ေတာ္မူခ်င္စိတ္ေတာင္ ျဖစ္မိပါတယ္ဘုရား..ဆိုေတာ့

 

ဆရာေတာ္ဘုရားလဲ ပက္လက္လန္သြားသတဲ့ . . .

...........
Credit : Mg Thant

Read times
Rate this articles
(1 Vote)