×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Tuesday, 09 August 2022

J.TEST ဂျပန်စာအရည်အချင်းစစ်စာမေးပွဲအား ရန်ကုန် ၊မန္တလေး၊ တောင်ကြီး၊ မိတ္ထီလာ ၊ မော်လမြိုင် မြို့များတွင် ကျင်းပပြုလုပ်မည်

J.TEST ဂျပန်စာအရည်အချင်းစစ်စာမေးပွဲအား ရန်ကုန် ၊မန္တလေး၊ တောင်ကြီး၊ မိတ္ထီလာ ၊ မော်လမြိုင် မြို့များတွင် ကျင်းပပြုလုပ်မည်

▶️ J.TEST စာမေးပွဲသည် ဂျပန်အစိုးရ လူဝင်မှုကြီးကြပ် ရေးမှ အသိအမှတ်ပြု သောစာမေးပွဲ ဖြစ်သည့်အတွက် Training Visa, Work Visa, Student Visa များအတွက်အသုံးပြုနိုင်ပါသည်။ J.TESTစာမေးပွဲ၏ F-G Level(N5 &BASIC) နှင့် D-E Level ( N3, N4 ) များအားကျင်းပပေးသွားမည် ဖြစ်ပါ သည်။

 

▶️ ၁၁.၉.၂၀၂၂ (တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်မည့် J.TEST ဂျပန်စာအရည်အချင်းစစ်စာမေးပွဲအား ရန်ကုန် ၊မန္တလေး၊ တောင်ကြီး၊ မိတ္ထီလာ ၊ မော်လမြိုင် မြို့များတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ စာမေးပွဲလျှောက်လွှာတင်ရန် ရန်ကုန်စာစစ်ဌာနအတွက် ကိုယ်တိုင်လာရောက်လျှောက်ထားခြင်းနှင့် Online Application Form ဖြင့်လျှောက်ထားခြင်း(၂)မျိုးဖြင့်လျှောက်ထားနိုင်မည်ဖြစ်သော်လည်း၊ ကျန်စာစစ်ဌာနများအတွက် Online မှ လျှောက်ထားခြင်းကို လက်ခံလျက်ရှိပါသည်။
(ရန်ကုန်ရုံးဖောင်ပိတ်ရက်-၁၆၊၀၈၊၂၀၂၂ / Online ဖောင်ပိတ်ရက်- ၁၂၊၀၈၊၂၀၂၂)

 

 

LUV Camera

 

▶️ မည်သည့်Levelမဆိုစာမေးပွဲကြေးမှာ၄၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

 

▶️ ယခုအခါ ဒေသအသီးသီးမှ ဂျပန်စာသင်ကျောင်းများ၏ ကူညီပံ့ပိုးပေးမှုဖြင့် မန္တလေး၊ တောင်ကြီး၊ မိတ္ထီလာ ၊ မော်လမြိုင် စာဖြေဌာနများအတွက်လည်း ကိုယ်တိုင်/ကိုယ်စားလျှောက်ထားခြင်းကို အပြင်တွင်လက်ခံပေးသွားပါမည်။

လျှောက်လွှာလက်ခံမည့်ရက်- ၁၃နှင့် ၁၄ ရက်၊ ဩဂုတ်လ (စနေ၊ တနင်္ဂနွေ) ၂ ရက် တည်းသာ (မနက် ၉ နာရီမှ ညနေ ၃ နာရီအထိလက်ခံဆောင်ရွက်ပေးသွားပါမည်။)

 

လျှောက်လွှာလက်ခံမည့်ပုံစံ
▶️အောက်ပါပေးထား သော linkမှ Application Form ကို download ရယူပါ။
http://j-testmm.com/form


▶️လျှောက်လွှာတွင်ပါရှိသော အချက် အလက်များအား(Typing) သို့ လက်ရေးဖြင့်ဖြင့်ဖြည့်သွင်းပြီး၊ဓာတ်ပုံကပ်ရန်နေရာတွင် (3x4)cm ဆိုဒ်ရှိသော ဓာတ်ပုံကိုဖြည့်သွင်းပါ။


▶️လျှောက်လွှာ၊ ဓာတ်ပုံ(၂)ပုံ၊ မှတ်ပုံတင်မိတ္တူ(၁)စုံ၊ စာမေးပွဲကြေး ၄၀၀၀၀/နှင့်အတူ အောက်ပါကျောင်းများသို့ ကိုယ်တိုင်/ကိုယ်စား လာရောက်လျှောက်ထားနိုင်ပါသည်။

 

ကိုယ်တိုင်/ ကိုယ်စားလျှောက်လွှာတင်ရန်

J. Test Yangon Myanmar Office (VAC Yangon Co., Ltd)
▶️ အမှတ်(၃၇)အလံပြဘုရားလမ်း၊အခန်း(၂၀၆)၊လပြည့်ဝန်းပလာဇာ(ဒုတိယထပ်)ဒဂုံမြို့နယ်၊ ရန်ကုန်မြို့(ယောက်လမ်းမှတ်တိုင်သမ္မတရုပ်ရှင်ရုံအနီး) ☎09-950205385

 

မန္တလေး
▶️ Jimoto Japanese Language School
မန္တလေးမြို့ ၇၈လမ်း၊၂၉×၃၀လမ်းကြား၊ဘူတာကြီးအနီး

 

မိတ်ထီလာ
▶️ Crown Japanese School
KBZ 4 နောက်ကျော၊ကားကွင်းအသစ်၊ တိုက်တန်း၊ မိတ္တီလာမြို့

 

တောင်ကြီး
▶️ Taunggyi Hikari Japanese Language School
ရပ-၁၆၄( က) ၊ဇီဇဝါလမ်း ၊နယ်မြေ-၁၀၊ အရှေ့ပင်စင်၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီးမြို့။

 

မော်လမြိုင်
▶️ KHW Centre
အမှတ် (၇)၊၃ လွှာ၊ အရှေ့တပ်မြေလမ်း၊ ဗဟိုမီးသတ်ရှေ့၊ ဖက်တန်းရပ်၊မော်လမြိုင်မြို့

 

Online မှလျှောက်ထားလိုသူများအတွက်
① Yangon Test Site
https://forms.gle/DjdpKNdrKawDaYgU6

 

② Mandalay Test Site
https://forms.gle/jkRJpmzSDbb6vXDP7

③ Taunggyi Test Site
https://forms.gle/d1d85ZXxYzghYYbV7

 

④ Mawlamyine Test Site
https://forms.gle/gqrRgy4wzDYPTqNW6

 

⑤ Meiktila Test Site
https://forms.gle/tpPhQYr675fJ3rvFA

 


နယ်မှ စာမေးပွဲဖြေဆိုလိုသူများအဆင်ပြေစေရန် J-Test နှင့် ပူးပေါင်းဆောင်ရွက်ပေးသော ဂျပန်စာသင် ကျောင်းများအား အထူးကျေးဇူးတင်ရှိပါသည်။

 

အခြားသော ဒေသများတွင်လည်း စာမေးပွဲကျင်းပနိုင်ရန်စီစဉ်နေသောကြောင့် ကူညီပူးပေါင်းဆောင်ရွက်ပေးလိုသော ကျောင်းများကို နွေးထွေးစွာကြိုဆိုလျက်ရှိပါသည်။

 

Jtest ရန်ကုန်ရုံးတွင် တိုက်ရိုက်လျှောက်ထားခြင်းနှင့်၊ online မှ လျှောက်ထားခြင်းကိုလည်း ပုံမှန်အတိုင်းဆက်လက်လက်ခံလျက်ရှိသောကြောင့် တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။

 

Source : Jtest Myanmar Office (http://j-testmm.com/)

Read times Last modified on Tuesday, 09 August 2022 10:22
Rate this articles
(0 votes)