×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Monday, 23 September 2019

"Japan Anime တွေကြည့်ခြင်း အားဖြင့် ဘယ်အကျိုးကျေးဇူး ၊ ဘယ်လိုသင်ခန်းစာတွေ ရနိုင်မလဲ"

"Japan Anime တွေကြည့်ခြင်း အားဖြင့် ဘယ်အကျိုးကျေးဇူး ၊ ဘယ်လိုသင်ခန်းစာတွေ ရနိုင်မလဲ" google.com

<<< Unicode >>>

Japan Anime တွေ ကြည့်ခြင်းဟာ ဂျပန်ဘာသာစကားသင်ကြား၊ လေ့လာသူတွေအတွက် များစွာအထောက်အကူ ပြုပါတယ်။

ဒါ့အပြင်Animeရုပ်ရှင်တွေ ကနေလည်း မိမိဘဝလျှောက်လှမ်းရာတွင် အထောက်အကူပြုနိုင်မယ့် အတွေ့အကြုံတွေ သင်ခန်းစာတွေ အတုယူစရာတွေ ရရှိနိုင်ပါတယ်။

ဂျပန် Anime တွေထဲမှာ လူကြိုက်များ တဲ့ anime series တွေဖြစ်တဲ့ Naruto, One Piece နဲ့ One Punch Man တို့မှ သင်ခန်းစာယူစရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(1) Naruto series ဘယ်တော့မှ အရှုံးမပေးဖို့ သင်ခန်းစာတွေ ရရှိစေနိုင်ပါတယ်

1_FHucoi2TS6_LD1njieG4sA.jpeg

 

နာမည်ကြီး Hit ဖြစ်တဲ့ ဇာတ်ကားကောင်းကို မကြည့်ဖူးတဲ့သူမရှိသလောက် ရှားပါတယ်။ ဒီဇာတ်လမ်းတွဲကို မကြိုက်တဲ့သူတွေလည်း ရှိနိုင်တယ်ဆိုပေမယ့် ကိုယ့်ဘဝကို စိတ်မပျက်ပဲ အဆက်မပြတ်တိုးတက်စေဖို့အတွက် ကြိုးစားဖို့တွန်းအား အဖြစ်ဆုံးဇာတ်ကောင်ထဲမှာ Naruto လောက် ကောင်းတဲ့အရာ မရှိတော့ဘူးဆိုတာ လူတိုင်း လက်ခံသဘောတူကြမယ်ထင်ပါတယ်။

ဇာတ်လမ်းတွဲရဲ့ အပိုင်းတော်တော်များများက ပုံစံတူတစ်ခုတည်းပေါ်မှာ သွားပါတယ်။ ဘယ်လိုပုံစံလဲ ဆိုရင် အဓိက ဇာတ်ဆောင်ဟီးရိုး ရှုံးသွားမယ်။ ဘာကြောင့်လဲဆိုတော့ သူ့စွမ်းဆောင်ရည်က ရန်သူပြိုင်ဘက်ထက် ညံ့နေလို့ပါ။ ဒါပေမယ့် သူက ဘယ်တော့မှ အရှုံးမပေးဘဲ နည်းဗျူဟာအသစ် နည်းလမ်း အသစ်တွေနဲ့ ပြန်ပြီး ကြိုးစားတိုက်ခိုက်ပြီး နောက်ဆုံးမှာ အနိုင်ရသွားပါတယ်။

သင့်အနေနဲ့ အောင်မြင်မှုရဖို့အတွက်ဆိုရင် သင်ယူ၊ လေ့ကျင့်၊ သင့်အတွက် အဆင်ပြေစေမယ့် နည်းလမ်း ကိုရှာဖေါပြီး အဆက်မပြတ်အကျိုးရှိအောင် လုပ်ဆောင်သင့်ပါတယ်။

 

(2) One Piece ကကနေတော့ တစ်ခုခုပြောင်းလဲချင်ရင် စွန့်စားရမယ်ဆိုတဲ့ သင်ခန်းစာကို ရရှိပါတယ်

We_Can-2.png

 

ဘဝရည်မှန်းချက်ရှိတဲ့လူတိုင်းက လူဖီရဲ့ ရင်ထဲက စိတ်ဓါတ်ကို ၊ ဆန္ဒတွေ အိမ်မက်တွေကို မြင်ရမှာပါ။ သူက လုံးဝကို ပြီးပြည့်စုံနေတဲ့သူတစ်ယောက်မဟုတ်ပေမယ့် ဆုံးဖြတ်ချက်ခိုင်မာ ဇွဲကြီးပြီး တစ်ကယ် ဖြစ်အောင်ကြိုးစားတဲ့သူပါ။ အိမ်မှာပဲနေပြီး ပုံမှန်နစ္စဓူဝအလုပ်တွေကို လုပ်နေရုံနဲ့တော့ ဘဝက ဘယ်လိုမှ ပြောင်းလဲလာစရာ အကြောင်းမရှိဘူးဆိုတာကို နားလည်တဲ့လူငယ်လေးတစ်ယောက်ပါ။

သင့်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ဆိုရင် လက်ရှိသက်တောင့်သက်သာ နေရတဲ့ comfort ဇုန်ထဲကနေ ရုန်းထွက်ပြီး အစီအစဉ်အသစ်တွေချမှတ်ကာ ရှေ့ဆက်လျှောက်ဖို့ လိုပါတယ်။

ဆုံးရှုံးနိုင်ခြေတွေကို တွက်ချက် စီမံခန့်ခွဲတဲ့နေရာမှာ လူဖီကို အကောင်းဆုံး ဥပမာ ပြလို့မရနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ပြောင်းလဲမှုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး ဘာအခက်အခဲကြုံကြုံဇွဲမလျှောက့်တတ်တဲ့ စိတ်ရှိရင် သူ့လိုပဲ အောင်မြင်မှုတွေ ရရှိလာမှာ ဖြစ်ပါတယ်။

 

(3) ပုံမှန်ကြိုးစားလေ့ကျင့်သွားရင် အောင်မြင်နိုင်တယ်ဆိုတာကို One Punch Man ကနေ သင်ယူနိုင်ပါတယ်

one-punch-man-video-game_1.jpg


တစ်ခါတရံ သင့်ဘဝအတွက် အကောင်းဆုံးတိုးတက်စေမယ့် အရာက သူများမလုပ်နိုင်တဲ့ အရာတွေကို ကိုယ်ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားမှ အောင်မြင်နိုင်ပါတယ်။ ဒီကာတွန်းထဲမှာဆိုရင် ဇာတ်လိုက်က သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားတာမျိုးမဟုတ်တဲ့ သာမန်လူသားတစ်ဦးပါပဲ။ ပျင်းရိဖွယ် ရုံးမှာ ထိုင်အလုပ်လုပ်ရတဲ့ဘဝကနေထွက်ပြီး လူစွမ်းကောင်းဖြစ်လာတဲ့သူတစ်ဦးပါ။

သူ့မှာ ဘာစူပါပါဝါတွေမှမရှိပါဘူး။ သူဘာလို့ဒီလောက်အထိ ခွန်အားကြီးလာတာလဲမေးတဲ့အခါ သူပြန်ဖြေ တာက ရှင်းပါတယ် " တစ်နေ့ကို ဒိုင်ဗင်အခါ ၁၀၀၊ ထိုင်ထအခါ ၁၀၀၊ ဝိတ်မထိုင်ထ အခါ ၁၀၀ နဲ့ ၁၀ ကီလိုမီတာ ပြေးပါတယ်တဲ့" ဘာလျှို့ဝှက်ချက်မှမရှိသလို ဘာစွမ်းအားရှိတဲ့ပစ္စည်းတွေမှ မပါဘဲ နေ့စဉ်ပုံမှန် လေ့ကျင့်ရုံနဲ့ အောင်မြင်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။

မင်းအနေနဲ့ တကယ်ပဲ သန်မာချင်တယ်ဆိုရင် ငါမလုပ်နိုင်ပါဘူးဆိုပြီး သင့်ကိုယ်သင်ထင်ထား မြင်ထားတာ တွေကို ရပ်လိုက်ပါ။ ဘယ်သူက ကန့်သတ်ထားတာလဲ ဘယ်အပေါ်အခြခံပြီး ဆုံးဖြတ်လိုက်တာလဲ? ကောင်းပါပြီ မင်းအတွက် ခက်ခဲတန်ကောင်း ခက်ခဲနိုင်ပါတယ်။ ဒါနဲ့ပဲ ကိုယ့်အစွမ်းအစကို ဒီလောက်ပဲ ရှိတယ် ဆိုပြီး သတ်မှတ်လိုက်တော့မှာလား? ချွေးထွက်များမှ သွေးထွက်နည်းမယ်ဆိုတဲ့ စကားအတိုင်း ဒီနေ့ကြိုးစားသမျှက နောက်နေ့တွေမှာ သိသာလာလိမ့်မယ်။ အရှုံးပေးမယ့်အစား ဆက်ကြိုးစားလိုက်ပါ."_ Saitamaမှ Fubukiကိုပြောသောစကား

One Punch Man ကားကို ကြည့်ပြီး လူတိုင်းလုပ်နိုင်ခဲ့တဲ့ အရာကို ဇွဲရှိရှိနဲ့ မှန်မှန်လုပ်သွားမယ်ဆိုရင် သင့်ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိနိုင်တယ်ဆိုတဲ့ အသိကို ရရှိသွားမှာ ဖြစ်ပါတယ်။ ကိုယ်အောင်မြင်ချင်ရင် ကိုယ်ကိုယ်တိုင် ကြိုးစားလုပ်ရပါမယ်။ ဘယ်သူကမှ ကိုယ့်အစားလာလုပ်ပေးမှာ မဟုတ်ပါဘူး။

 

<<< Zawgyi >>>




 



 




 


We Can 2

 




 


one-punch-man-video-game.jpg






 

Source: fbs

Read times
Rate this articles
(0 votes)