×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Monday, 23 September 2019

"လူတွေမြင်နိုင်တဲ့ ခမ်းနားထည်ဝါမှုများ နောက်ကွယ်က အမည်မသိပေးဆပ်မှုများ"

"လူတွေမြင်နိုင်တဲ့ ခမ်းနားထည်ဝါမှုများ နောက်ကွယ်က အမည်မသိပေးဆပ်မှုများ" google.com

<<< Unicode >>>

ကျွန်တော်တို့ အပြင်သွားတဲ့အခါ နာမည်ကောင်းနဲ့ အရမ်းချမ်းသာကြွယ်ဝပြီး နာမည်ကြီးနေတဲ့ သူဋ္ဌေးကြီး တစ်ယောက်ကို လမ်းမှာတွေ့လိုက်မိပြီဆိုပါစို့ …. ကျွန်တော်တို့ အရင်ဆုံး ဘာစဉ်းစားမိမလဲ….???

" အဲဒီလူကြီးက အရမ်းချမ်းသာတာပဲ...သူက ဘယ်ကုမ္ပဏီကြီးရဲ့ပိုင်ရှင်လေ။ သူ့ဆီမှာ အိမ်တွေ အများကြီး ကားတွေလည်း အများကြီးပဲ... လုပ်ငန်းတွေကလည်းအများကြီး...သူစီးတဲ့ကားကြီးက ကောင်းလိုက်တာ.
အိမ်ကြီးကလည်း ခမ်းနားလို့.. လူကလည်း သန့်နေတာပဲ .. တစ်ပတ်တစ်ပတ်ကို စင်္ကာပူထိ သွားပြီး
Shopping ထွက်တာဆိုပဲ ... လုပ်ငန်းရှင်အချင်းချင်းတောင် သူကို အားကျရတယ်" စသဖြင့် စသဖြင့် ...

ကျွန်တော်တို့တွေ အရင်ဆုံးမြင်လိုက်တာက ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ရဲ့ပုံရိပ်မှာ ... သူ ငွေကို ဘယ်လိုတွေ သုံးတယ် ဘယ်လိုအိမ်မှာ နေတယ်... ဘယ်လိုကားတွေ စီးတယ် … စသဖြင့် စသဖြင့် သန်းကြွယ်သူဠေးတစ်ယောက်ရဲ့ ပြင်ပရုပ်သဏ္ဍာန်ကို ကျွန်တော်တို့ ပထမဆုံး အရမ်းအားကျတယ်။ သူ့လိုမျိုး ဘယ်သူမဆို လိုချင်ကြတယ်... ကျွန်တော်တို့အမြင်မှာ သူဘဝကအရမ်းကို ခမ်းနားကြီးကျယ် လွန်းတယ်လေ… ။

ဒါပေမဲ့ ကျွန်တော်တို့မေ့သွားတာက ခမ်းနားကြီးကျယ်လှတဲ့ သူ့ရုံးခန်းကြီးထဲ ထည်ဝါလှတဲ့ သူရဲ့အလုပ် စားပွဲနောက်ကွယ်က သူရဲ့စိတ်ဓာတ် အတွေးအခေါ် ကိုပါပဲ။ ကျွန်တော်တို့တွေက သူရဲ့ပြင်ပ အသုံး အဆောင် အရာဝတ္ထုတွေကိုပဲမြင်တတ်ကြပြီး သူ ဒီလိုဘ၀ ရောက်လာအောင် ဘယ်လိုလုပ်ခဲ့တယ်ဘယ်လို ကြိုးစားခဲ့တယ် ဘယ်လိုနည်းလမ်းတွေ ရှာပြီး အောင်မြင်အောင်လုပ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ မေ့လျော့နေကြတယ်။

သာမန်လူအများစုက အဲဒီသူဋ္ဌေးကြီးရဲ့ ပိုက်ဆံအိတ် ဘယ်လောက်ကြီၤးတယ်ဆိုတာသာ စိတ်ဝင်စားကြပြီး ဒီသူဋ္ဌေးကြီး ပိုက်ဆံအိတ်ထဲ ငွေတွေ ဝင်မြဲဝင်နေအောင် ဘယ်လိုလုပ်ပါလိမ့်လို့ တွေးမိတဲ့သူဟာလူနည်းစု
လေးသာရှိပါလိမ့်မယ်။

ပထမတစ်စုက သူဌေးကြီးရဲ့ငွေထုပ် ၊ အဆောင်အယောင်တွေသာ အားကျ ငေးမောနေတတ်ပြီး ဘယ်လို ရှာရမလဲ မတွေးမိတဲ့ မတွေးချင်တဲ့ အုပ်စုဖြစ်ပြီး

ဒုတိယလူနည်းစုကတော့ သူဘယ်လိုရှာလဲ ၊ကိုယ်ရော ဘယ်လိုရှာရင်ရနိုင်မလဲ ၊ သူ နည်းလမ်းတွေက ဘာလဲ သူဌေးစဉ်းစားသလို လိုက်စဉ်းစားနိုင်မဲ့ အုပ်စုဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအချက်ကသာ ကျွန်တော်တို့ကို ချမ်းသာဖို့ ဆင်းရဲဖို့ ကွဲပြားသွားစေတဲ့အချက်လို့ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောပါတယ်။

အရမ်းချမ်းသာလာတဲ့ သူဌေးတိုင်းပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။


"လူတွေကကျွန်တော်ချမ်းသာတာ အောင်မြင်တာကိုပဲမြင်ကြတာကျွန်တော်ဘယ်လို ကြိုးစားခဲ့ရတယ် ဘယ်လို နည်းလမ်းရှာခဲ့ရတယ်ဆိုတာ မမြင်ဘူးတဲ့”။ ဒီတော့ ဆက်စပ်တွေးကြည့်ရင် ထိုက်တန်အောင်
ကြိုးစားမှုကြောင့်သာ ခမ်းနားထည်ဝါတဲ့နေထိုင်မှုကိုရတယ်ဆိုတဲ့ အဖြေထွက်လာပါတယ်။

သူရဲ့လုပ်ရည် ကိုင်ရည် ၊ အရည်အချင်း ၊ အတတ်ပညာ ၊ အတွေ့အကြုံ ၊ အတွေးအခေါ်တွေဟာ ခမ်းနားထည်ဝါတဲ့ ဘဝနဲ့ ထိုက်တန်တဲ့ အချက်တွေရှိလို့သာ ရရှိလာတာဖြစ်ပါတယ်။

ကျွန်တော်တို့အများစုဟာ လူတစ်ယောက် ချမ်းသာသွားတယ်ဆိုရင် သူ ကံကောင်းလို့ ဒါမှမဟုတ် သူချမ်းသာတာတွေက မိုးပေါ်ကပဲ ကျလာသလို ချက်ချင်းပဲ ရွှေတောင်ကြီးပေါက်လာသလို ထင်တတ် ပါတယ်။ ကိုယ်နဲ့ဘာဆိုင်လို့လဲတွေးကောင်းတွေးမိနိုင်ပါတယ်။ သူ ဘယ်လိုချမ်းသာအောင် ဘယ်လိုလုပ် သွားတယ်ဆိုတာ လုံး၀ မစဉ်းစားမိသလောက်ပါပဲ။

 ဥပမာ မြင်အောင်ပေးရရင် ကိုယ်ကိုတိုင်က ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းလုပ်နေတယ်ဆိုရင် ငါတို့ သူဋ္ဌေးက ဘယ်လိုသုံးတာ ဘယ်လိုကားစီးတာ သူဋ္ဌေး အိမ်ကဘယ်လို ဘယ်လောက်ကြီးတာ စသဖြင့် ကုမ္ပဏီတစ်ခုစီက ဝန်ထမ်းအချင်းချင်းတွေ့ရင် သူနိုင်ကိုယ်နိုင် ကြွားတတ်ကြတာကို တွေ့ဖူးပါလိမ့်မယ်။

တစ်ခါတစ်ခါမှ ကိုယ့်သူဋ္ဌေးက ဘယ်လို နည်းလမ်းနဲ့ငွေရှာတော်တာ ဘယ်လိုတာဝန်ယူ တတ်တဲ့စိတ် ရှိတာ လို့ ကြွားတာသိပ်တွေ့ရမှာ မဟုတ်ပါဘူး။ တကယ်ဆို ကျွန်တော်တို့တွေဟာငွေထုပ်ကိုသာ မြင်တတ်ပြီး ငွေရှာနည်းကိုမမြင်တတ်ပါဘူးလို့ ပြောလို့ရပါတယ်။

ငွေထုပ်ကိုသာ အားကျပြီး ငွေရှာနည်းကို အားမကျတတ်ခဲ့ကြပါဘူး။ ကျွန်တော်တို့ ဒီနေ့ ဒီလောက်ပဲ ရ နေတဲ့အချိန်မှာ အချို့သောသူတွေဟာ ကျွန်တော်တို့ထက် များစွာချမ်းသာနေကြတာဟာ ကျွန်တော်တို့ ထက် ငွေရှာတဲ့နည်း ၊ ငွေဝင်တဲ့နည်းတွေ ရှိနေတယ်လို့ မထင်မိဘူလား။ သူတို့ ဘယ်လိုစဉ်းစားလဲဆိုတာ မတွေးသင့် ဘူးလား။ မစဉ်းစားသင့်ဘူးလား ?

ကျွန်တော်တို့ စဉ်းစားသင့်ပါတယ်။ ရာထူး နေရာနဲ့ ပတ်သက်ရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ ကုမ္ပဏီ ကော်ပိုရေးရှင်း အဖွဲ့အစည်းတွေမှာ ခေါင်းဆောင် ၊ ဥက္ကဌ ၊ မန်နေဂျင်းဒါရိုက်တာ ၊ CEO ဆိုတဲ့ ရာထူးတွေက တပ်မက်ချင် လောက်စရာပါပဲ။

ဒါပေမဲ့ ရာထူး ကြီးကြီးယူထားရသူရဲ့စားပွဲခုံနောက်က နေရာဟာ တာဝန်ယူရမှုတွေ ဆုံးဖြတ်နိုင်မှုတွေ စိတ်ရှုပ်ခံနိုင်မှု တွေနဲ့ အပြည့်ပါ။ တကယ်တော့ ရာထူးဆိုတာ ကျွန်တော်တို့ မျက်စိမှာ မြင်နေရတဲ့ ပကာသနတွေ ဂုဏ်ဒြပ်တွေ ဖယ်ချလိုက်ရင် တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်ရည်ကိုင်ရည် ဆိုတဲ့ အတွင်းထုထည်သာ ထွက်လာပါတယ်။

ဥက္ကဌကြီး ၊ CEO ကြီးဆိုတဲ့မက်လောက်စရာ ရာထူးနောက်မှာ တာဝန်ယူရမှု တွေ တစ်ထပ်ကြီးရှိနေတာ ကျွန်တော်တို့ မြင်တတ်ဖို့ လိုပါတယ်။

တကယ်တော့ ရာထူး ဆိုတာ ဘယ်လောက် လုပ်ရည်ကိုင်ရည်ရှိလဲ ဘယ်လောက်တာဝန်ယူနိုင်လဲဆိုတဲ့ အချက်သာ အဓိကကျပါတယ်။

ဆိုင်ရာ လုပ်ငန်းခွင်မှာအထက်လူကြီးက လူတစ်ယောက်ကို ရာထူးတိုးပေးမယ်ဆိုရင် အဲဒီလူက တာဝန်ရော
ယူနိုင်ရဲ့လား ပြောတတ်ဆိုတတ်ရဲ့လား ရာထူးနဲ့တန်အောင် လုပ်ရည်ကိုင်ရည်ရှိရဲ့လား လို့ ထည့်စဉ်းစားကြပါတယ်။ရာထူးကြီးလေလေ တာဝန်ကြီးလေလေ ပါပဲ။

ဥပမာ ပေးရရင် လူတိုင်း သမ္မတကြီး ဖြစ်ချင်တယ်လို့ စိတ်ကူးယဉ်ကောင်း ယဉ်နိုင်ပါတယ်။ ဒါပေမဲ့ ငါသာ သမ္မတကြီးဖြစ်လိုက်ရင်တော့ကွာ ဆိုတာ စိတ်ကူးယဉ်မိနိုင်ပေမဲ့ ငါ ဘယ်လောက်တာဝန်ယူရမှာဆိုတာ ထည့်မစဉ်းစားမိပါဘူး။

ရာထူးဆိုတာ တာဝန်ယူနိုင်သော လုပ်နိုင်သော သူအတွက်သာ ဖြစ်သလို ခမ်းနားထည်ဝါတဲ့ လူနေမှု ဘဝဟာ သူနဲ့ထိုက်တန်တဲ့အရည်အချင်းရှိသူအတွက်သာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာရာထူးကြီးကြီးလိုချင်ရင် တာဝန်ကြီးကြီး ယူရဲရပါမယ်။ ခမ်းနားထည်ဝါတဲ့ဘ၀ လိုချင်ရင် ထိုက်တန်တဲ့ အရည်အချင်းတွေ ရအောင် ကြိုးစားရပါမယ်။

 

<<< Zawgyi >>>

ကြ်န္ေတာ္တို႕ အျပင္သြားတဲ့အခါ နာမည္ေကာင္းနဲ႕ အရမ္းခ်မ္းသာၾကြယ္ဝျပီး နာမည္ၾကီးေနတဲ့ သူေ႒းၾကီး တစ္ေယာက္ကို လမ္းမွာေတြ႕လိုက္မိျပီဆိုပါစို႕ …. ကြ်န္ေတာ္တို႕ အရင္ဆံုး ဘာစဥ္းစားမိမလဲ….???

" အဲဒီလူၾကီးက အရမ္းခ်မ္းသာတာပဲ...သူက ဘယ္ကုမၸဏီၾကီးရဲ႕ပိုင္ရွင္ေလ။ သူ႔ဆီမွာ အိမ္ေတြ အမ်ားၾကီး ကားေတြလည္း အမ်ားၾကီးပဲ... လုပ္ငန္းေတြကလည္းအမ်ားၾကီး...သူစီးတဲ့ကားၾကီးက ေကာင္းလိုက္တာ.
အိမ္ၾကီးကလည္း ခမ္းနားလို႕.. လူကလည္း သန္႕ေနတာပဲ .. တစ္ပတ္တစ္ပတ္ကို စကၤာပူထိ သြားျပီး
Shopping ထြက္တာဆိုပဲ ... လုပ္ငန္းရွင္အခ်င္းခ်င္းေတာင္ သူကို အားက်ရတယ္" စသျဖင့္ စသျဖင့္ ...

ကြ်န္ေတာ္တို႕ေတြ အရင္ဆံုးျမင္လုိက္တာက ခ်မ္းသာၾကြယ္၀တဲ့လူတစ္ေယာက္ရဲ႕ပံုရိပ္မွာ ... သူ ေငြကို ဘယ္လိုေတြ သံုးတယ္ ဘယ္လိုအိမ္မွာ ေနတယ္... ဘယ္လိုကားေတြ စီးတယ္ … စသျဖင့္ စသျဖင့္ သန္းၾကြယ္သူေဠးတစ္ေယာက္ရဲ႕ ျပင္ပရုပ္သ႑ာန္ကို ကြ်န္ေတာ္တို႕ ပထမဆံုး အရမ္းအားက်တယ္။ သူ႔လိုမ်ိဳး ဘယ္သူမဆို လိုခ်င္ၾကတယ္... ကြ်န္ေတာ္တို႕အျမင္မွာ သူဘ၀ကအရမ္းကို ခမ္းနားၾကီးက်ယ္ လြန္းတယ္ေလ… ။

ဒါေပမဲ့ ကြ်န္ေတာ္တို႕ေမ႕သြားတာက ခမ္းနားၾကီးက်ယ္လွတဲ့ သူ႕ရံုးခန္းၾကီးထဲ ထည္၀ါလွတဲ့ သူရဲ႕အလုပ္ စားပြဲေနာက္ကြယ္က သူရဲ႕စိတ္ဓာတ္ အေတြးအေခၚ ကိုပါပဲ။ ကြ်န္ေတာ္တို႕ေတြက သူရဲ႕ျပင္ပ အသံုး အေဆာင္ အရာ၀တၳဳေတြကိုပဲျမင္တတ္ၾကျပီး သူ ဒီလိုဘ၀ ေရာက္လာေအာင္ ဘယ္လိုလုပ္ခဲ့တယ္ဘယ္လို ၾကိဳးစားခဲ့တယ္ ဘယ္လုိနည္းလမ္းေတြ ရွာျပီး ေအာင္ျမင္ေအာင္လုပ္ခဲ့တယ္ဆိုတာ ကြ်န္ေတာ္တို႕ ေမ႕ေလ်ာ့ေနၾကတယ္။

သာမန္လူအမ်ားစုက အဲဒီသူေ႒းၾကီးရဲ႕ ပိုက္ဆံအိတ္ ဘယ္ေလာက္ၾကီၤးတယ္ဆိုတာသာ စိတ္၀င္စားၾကျပီး ဒီသူေ႒းၾကီး ပိုက္ဆံအိတ္ထဲ ေငြေတြ ၀င္ျမဲ၀င္ေနေအာင္ ဘယ္လိုလုပ္ပါလိမ့္လို႕ ေတြးမိတဲ့သူဟာလူနည္းစု
ေလးသာရွိပါလိမ့္မယ္။

ပထမတစ္စုက သူေဌးၾကီးရဲ႕ေငြထုပ္ ၊ အေဆာင္အေယာင္ေတြသာ အားက် ေငးေမာေနတတ္ျပီး ဘယ္လို ရွာရမလဲ မေတြးမိတဲ့ မေတြးခ်င္တဲ့ အုပ္စုျဖစ္ျပီး

ဒုတိယလူနည္းစုကေတာ့ သူဘယ္လုိရွာလဲ ၊ကိုယ္ေရာ ဘယ္လိုရွာရင္ရနိုင္မလဲ ၊ သူ နည္းလမ္းေတြက ဘာလဲ သူေဌးစဥ္းစားသလို လိုက္စဥ္းစားနုိင္မဲ့ အုပ္စုျဖစ္တယ္လုိ႕ ဆိုပါတယ္။ အဲဒီအခ်က္ကသာ ကြ်န္ေတာ္တို႕ကို ခ်မ္းသာဖို႕ ဆင္းရဲဖို႕ ကြဲျပားသြားေစတဲ့အခ်က္လို႕ စီးပြားေရး လုပ္ငန္းရွင္ၾကီးတစ္ဦးက ေျပာပါတယ္။

အရမ္းခ်မ္းသာလာတဲ့ သူေဌးတိုင္းေျပာေလ့ရွိတဲ့စကားတစ္ခြန္းရွိပါတယ္။
"လူေတြကကြ်န္ေတာ္ခ်မ္းသာတာ ေအာင္ျမင္တာကိုပဲျမင္ၾကတာကြ်န္ေတာ္ဘယ္လို ၾကိဳးစားခဲ့ရတယ္ ဘယ္လို နည္းလမ္းရွာခဲ့ရတယ္ဆိုတာ မျမင္ဘူးတဲ့”။

ဒီေတာ့ ဆက္စပ္ေတြးၾကည့္ရင္ ထိုက္တန္ေအာင္ၾကိဳးစားမႈေၾကာင့္သာ ခမ္းနားထည္၀ါတဲ႕ေနထိုင္မႈကိုရတယ္ဆုိတဲ့ အေျဖထြက္လာပါတယ္။

သူရဲ႕လုပ္ရည္ ကိုင္ရည္ ၊ အရည္အခ်င္း ၊ အတတ္ပညာ ၊ အေတြ႕အၾကံဳ ၊ အေတြးအေခၚေတြဟာ ခမ္းနားထည္၀ါတဲ့ ဘ၀နဲ႕ ထိုက္တန္တဲ့ အခ်က္ေတြရွိလို႕သာ ရရွိလာတာျဖစ္ပါတယ္။

ကြ်န္ေတာ္တို႕အမ်ားစုဟာ လူတစ္ေယာက္ ခ်မ္းသာသြားတယ္ဆုိရင္ သူ ကံေကာင္းလုိ႕ ဒါမွမဟုတ္ သူခ်မ္းသာတာေတြက မိုးေပၚကပဲ က်လာသလို ခ်က္ခ်င္းပဲ ေရႊေတာင္ၾကီးေပါက္လာသလို ထင္တတ္ ပါတယ္။

ကိုယ္နဲ႕ဘာဆိုင္လို႕လဲေတြးေကာင္းေတြးမိနုိင္ပါတယ္။ သူ ဘယ္လိုခ်မ္းသာေအာင္ ဘယ္လိုလုပ္ သြားတယ္ဆိုတာ လံုး၀ မစဥ္းစားမိသေလာက္ပါပဲ။

ဥပမာ ျမင္ေအာင္ေပးရရင္ ကိုယ္ကိုတိုင္က ကုမၸဏီတစ္ခုမွာ ၀န္ထမ္းလုပ္ေနတယ္ဆုိရင္ ငါတုိ႕ သူေ႒းက ဘယ္လုိသံုးတာ ဘယ္လုိကားစီးတာ သူေ႒း အိမ္ကဘယ္လို ဘယ္ေလာက္ၾကီးတာ စသျဖင့္ ကုမၸဏီတစ္ခုစီက ၀န္ထမ္းအခ်င္းခ်င္းေတြ႕ရင္ သူနုိင္ကိုယ္နုိင္ ၾကြားတတ္ၾကတာကို ေတြ႕ဖူးပါလိမ့္မယ္။

တစ္ခါတစ္ခါမွ ကိုယ့္သူေ႒းက ဘယ္လို နည္းလမ္းနဲ႕ေငြရွာေတာ္တာ ဘယ္လိုတာ၀န္ယူ တတ္တဲ့စိတ္ ရွိတာ လို႕ ၾကြားတာသိပ္ေတြ႔ရမွာ မဟုတ္ပါဘူး။

တကယ္ဆို ကြ်န္ေတာ္တို႕ေတြဟာေငြထုပ္ကိုသာ ျမင္တတ္ျပီး ေငြရွာနည္းကိုမျမင္တတ္ပါဘူးလို႕ ေျပာလုိ႕ရပါတယ္။

ေငြထုပ္ကိုသာ အားက်ျပီး ေငြရွာနည္းကို အားမက်တတ္ခဲ့ၾကပါဘူး။ ကြ်န္ေတာ္တို႕ ဒီေန႕ ဒီေလာက္ပဲ ရ ေနတဲ့အခ်ိန္မွာ အခ်ိဳ႕ေသာသူေတြဟာ ကြ်န္ေတာ္တို႕ထက္ မ်ားစြာခ်မ္းသာေနၾကတာဟာ ကြ်န္ေတာ္တို႕ ထက္ ေငြရွာတဲ့နည္း ၊ ေငြ၀င္တဲ့နည္းေတြ ရွိေနတယ္လို႕ မထင္မိဘူလား။

သူတို႕ ဘယ္လိုစဥ္းစားလဲဆိုတာ မေတြးသင့္ ဘူးလား။ မစဥ္းစားသင့္ဘူးလား ? ကြ်န္ေတာ္တို႕ စဥ္းစားသင့္ပါတယ္။ ရာထူး ေနရာနဲ႕ ပတ္သက္ရင္လည္း ထိုနည္းလည္းေကာင္းပါပဲ။

ကုမၸဏီ ေကာ္ပိုေရးရွင္း အဖြဲ႕အစည္းေတြမွာ ေခါင္းေဆာင္ ၊ ဥကၠဌ ၊ မန္ေနဂ်င္းဒါရိုက္တာ ၊ CEO ဆိုတဲ့ ရာထူးေတြက တပ္မက္ခ်င္ ေလာက္စရာပါပဲ။ ဒါေပမဲ့ ရာထူး ၾကီးၾကီးယူထားရသူရဲ႕စားပြဲခံုေနာက္က ေနရာဟာ တာ၀န္ယူရမႈေတြ ဆံုးျဖတ္နုိင္မႈေတြ စိတ္ရွုပ္ခံနုိင္မႈ ေတြနဲ႕ အျပည့္ပါ။

တကယ္ေတာ့ ရာထူးဆိုတာ ကြ်န္ေတာ္တို႕ မ်က္စိမွာ ျမင္ေနရတဲ့ ပကာသနေတြ ဂုဏ္ျဒပ္ေတြ ဖယ္ခ်လိုက္ရင္ တာ၀န္ယူမႈ တာ၀န္ခံမႈနဲ႕ လုပ္ရည္ကိုင္ရည္ ဆိုတဲ့ အတြင္းထုထည္သာ ထြက္လာပါတယ္။

ဥကၠဌၾကီး ၊ CEO ၾကီးဆိုတဲ့မက္ေလာက္စရာ ရာထူးေနာက္မွာ တာ၀န္ယူရမႈ ေတြ တစ္ထပ္ၾကီးရွိေနတာ ကြ်န္ေတာ္တို႕ ျမင္တတ္ဖို႕ လိုပါတယ္။

တကယ္ေတာ့ ရာထူး ဆုိတာ ဘယ္ေလာက္ လုပ္ရည္ကိုင္ရည္ရွိလဲ ဘယ္ေလာက္တာ၀န္ယူနိုင္လဲဆုိတဲ့ အခ်က္သာ အဓိကက်ပါတယ္။

ဆုိင္ရာ လုပ္ငန္းခြင္မွာအထက္လူၾကီးက လူတစ္ေယာက္ကို ရာထူးတိုးေပးမယ္ဆိုရင္ အဲဒီလူက တာ၀န္ေရာယူနိုင္ရဲ႕လား ေျပာတတ္ဆိုတတ္ရဲ႕လား ရာထူးနဲ႕တန္ေအာင္ လုပ္ရည္ကိုင္ရည္ရွိရဲ႕လား လို႕ ထည့္စဥ္းစားၾကပါတယ္။

ရာထူးၾကီးေလေလ တာ၀န္ၾကီးေလေလ ပါပဲ။

ဥပမာ ေပးရရင္ လူတုိင္း သမၼတၾကီး ျဖစ္ခ်င္တယ္လို႕ စိတ္ကူးယဥ္ေကာင္း ယဥ္နုိင္ပါတယ္။ ဒါေပမဲ့ ငါသာ သမၼတၾကီးျဖစ္လိုက္ရင္ေတာ့ကြာ ဆိုတာ စိတ္ကူးယဥ္မိနုိင္ေပမဲ့ ငါ ဘယ္ေလာက္တာ၀န္ယူရမွာဆိုတာ ထည့္မစဥ္းစားမိပါဘူး။

ရာထူးဆိုတာ တာ၀န္ယူနုိင္ေသာ လုပ္နုိင္ေသာ သူအတြက္သာ ျဖစ္သလို ခမ္းနားထည္၀ါတဲ့ လူေနမႈ ဘ၀ဟာ သူနဲ႕ထိုက္တန္တဲ့အရည္အခ်င္းရွိသူအတြက္သာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ကြ်န္ေတာ္တို႕ဟာရာထူးၾကီးၾကီးလိုခ်င္ရင္ တာ၀န္ၾကီးၾကီး ယူရဲရပါမယ္။ ခမ္းနားထည္၀ါတဲ့ဘ၀ လိုခ်င္ရင္ ထိုက္တန္တဲ့ အရည္အခ်င္းေတြ ရေအာင္ ၾကိဳးစားရပါမယ္။

 

Fuji San (CG) via နည်းစနစ်ကျကျအတွေးအခေါ်

sayar.com.mm

Read times
Rate this articles
(0 votes)