×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 24 September 2019

သင္ဟာ ဧည့္လမ္းညႊန္ေကာင္း တစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ ဘယ္လိုအရည္အခ်င္းေတြရွိဖို႕လိုအပ္မလဲ?

သင္ဟာ ဧည့္လမ္းညႊန္ေကာင္း တစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ ဘယ္လိုအရည္အခ်င္းေတြရွိဖို႕လိုအပ္မလဲ? google.com

<<< Zawgyi >>>

ခရီးေတြသြားၿပီး အရာရာကိုစူးစမ္းေလ့လာေနရတာကို လူတိုင္းႏွစ္သက္ၾကတယ္ပါတယ္။

ဒီလိုဝါသနာနဲ႔ အသက္ေမႊးဝမ္းေက်ာင္း ထပ္တူက်တဲ့ အလုပ္မ်ိဳးဆိုရင္ သေဘာမက်တဲ့သူ ေလာကမွာ ရွိမွာမဟုတ္ပါဘူး။

လူအသစ္ေတြနဲ႔ ေပါင္းသင္းဆက္ဆံရမယ္၊ ကိုယ့္ႏိုင္ငံရဲ႕ အလွအပအားသာခ်က္ေတြကို ဂုဏ္ယူဝင့္ၾကြားစြာနဲ႔ ေျပာႏိုင္ရမယ္၊ ေနရာအစံုကို ေရာက္ဖူးမယ္ ဒီလိုဒီလို လြတ္လပ္ေပါ့ပါးတဲ့ အလုပ္မ်ိဳးကို အသက္ေမြးဝမ္းေက်ာင္းအျဖစ္ ေရြးခ်ယ္ႏိုင္ဖို႔ဆို Tour guide တစ္ေယာက္မွာ ရွိရမယ့္ အရည္အေသြးေတြကို ေသခ်ာသိမွာ ျဖစ္မွာေပါ့။

ဒါမွလည္း ကိုယ္ကိုယ္တိုင္သို႔မဟုတ္၊ ညီ၊ ညီမ၊ သားသမီးေတြကို ငယ္ရြယ္စဥ္ထဲက ေကာင္းေကာင္း train ႏိုင္ၿပီး ဆႏၵနဲ႔ ဘဝ တစ္ထပ္တည္းက်ေအာင္ ကူညီေပးႏိုင္မွာပါ။ ကိုယ္တိုင္ပဲ အျခားႏိုင္ငံတစ္ေနရာကို ခရီးသြားဦးေတာ့ အရည္အခ်င္းရွိတဲ့ ဧည့္လမ္းညႊန္တစ္ေယာက္ကို ေရြးခ်ယ္ငွားရမ္းႏိုင္ဖို႔ မ်ားစြာအေထာက္အကူျဖစ္မွာပါ။


ခရီးသြားဝန္ေဆာင္မႈ ကုမၸဏီေတြမွာ ဧည့္လမ္းညႊန္မရွိရင္ အခ်ည္းႏွီးပါပဲ။ သူတို႔ေတြဟာ လုပ္ငန္းလည္ပတ္မႈ အားလံုးရဲ႕ ပင္မေက်ာ႐ိုးလို႔ ေျပာလို႔ရပါတယ္။

ဧည့္လမ္းညႊန္တစ္ေယာက္ ျဖစ္လာရင္ စာရြက္ထဲကစာေတြ၊ အေၾကာင္းအရာေတြကို ဖတ္ျပတတ္႐ံု၊ ဘာသာစကားေတြေျပာတတ္ဆိုတတ္ရံုနဲ႔ မရပါဘူး။

လုပ္ငန္းလိုအပ္ခ်က္အရ စြမ္းေဆာင္ရည္၊ မွတ္ဥာဏ္၊ ဝန္ေဆာင္မႈအားလံုးဟာ ဧည့္လမ္းညႊန္အလုပ္နဲ႔ လံုးဝသက္ဆိုင္ေနပါတယ္။ အရမ္းကိုေတာ္တဲ့ Tour guide ေတြဆိုရင္ ႏိုင္ငံျခားသားေတြ ျပန္သြားရင္ေတာင္မွ သူတို႔ႏိုင္ငံမွာ သင့္ရဲ႕ေကာင္းသတင္းေတြ ေမႊးေနၿပီး လာသမွ်ဧည္သည္တိုင္း ေခၚခ်င္ၾကပါလိမ့္မယ္။ ဒီလိုအရည္အခ်င္း ျပည့္ဝဖို႔ဆိုရင္ ေအာက္ပါအဓိက ကၽြမ္းက်င္မႈ (၇) ခ်က္ ရွိဖို႔ လိုအပ္ပါတယ္။

 

၁။ လူမႈဆက္သြယ္ေရး
ဧည့္လမ္းညႊန္တစ္ေယာက္ဟာ မတူကြဲျပားတဲ့ လူမ်ိဳးေတြ၊ မ်ားျပားတဲ့အုပ္စုေတြနဲ႔ ေျပာဆိုဆက္ဆံေနရတာ ျဖစ္တဲ့အတြက္ သူတို႔ကိုဘယ္လို communicate လုပ္ရမယ္။

လြယ္လြယ္ကူကူနဲ႔ နားလည္ၿပီး ကိုယ္တိုင္လည္း ရွင္းရွင္းလင္းလင္း ေျပာဆိုႏိုင္မွသာ Tour guide တစ္ေယာက္ပီသပါလိမ့္မယ္။

ေတာ္တဲ့ ဧည့္လမ္းညႊန္တစ္ေယာက္ဟာ သူ႔ရဲ႕အသံ ရွင္းလင္းေနဖို႔နဲ႔ အာ႐ံုစူးစိုက္မႈ ေကာင္မြန္ဖို႔အတြက္ ႐ုပ္ပိုင္းဆိုင္ရာစြမ္ရည္ ရွိဖို႔ လိုအပ္႐ံုမကပဲ ေန႔စဥ္လူအသစ္ေပါင္းမ်ားစြာနဲ႔ ဆက္ဆံရမွာျဖစ္တာေၾကာင့္ ေမးခြန္းေမးတာေတြ ေျဖဆိုတာေတြကိုသံုးၿပီး လူမႈကၽြမ္းက်င္ျခင္းနဲ႔ ခ်ဥ္းကပ္တတ္ရပါမယ္။

 

၂။ မွတ္ဥာဏ္နဲ႔ သမိုင္းေၾကာင္းေတြကို ေျပာဆိုႏိုင္ျခင္း
သင္တကယ္လို႔ ဧည့္လမ္းညႊန္တစ္ေယာက္ ျဖစ္ၿပီဆိုရင္ ျမင္ကြင္းေတြ အသံေတြကို ပိုၿပီးေရာင္းခ်ေပးေနေၾကာင္း သတိရပါ။

သင္က ဗဟုသုတေတြ၊ သမိုင္းေၾကာင္းေတြ၊ နဲ႔ဇာတ္လမ္းေတြကို ေျပာဆိုၿပီး သူတို႔ကိုေရာင္းခ်မႈ ျပဳလုပ္ေနျခင္းကို ဆိုလိုပါတယ္။

တကယ္လို႔ ဧည့္လမ္းညႊန္တစ္ေယာက္ဟာ မွတ္စုထဲကစာေတြဖတ္ျခင္း သို႔မဟုတ္ အခ်က္အလက္အမွားေတြ ေျပာမိတဲ့အခါ ခရီးသြားေတြက အထင္ႀကီးမွာ မဟုတ္ေတာ့ပါဘူး။

သင့္အေနနဲ႔ သမိုင္းေၾကာင္းေတြကို ေျပာဆိုတဲ့အခါ သင့္ရဲ႕ဧည့္သည္ေတြ သူ႕ဘာသာဇာတ္ေၾကာင္းေဖာ္ၿပီး ျမင္ေယာင္လာေအာင္သာ အဓိကထားသင့္ပါတယ္။

သင့္စိတ္ထဲကဖန္တီးထားတဲ့ ျမင္ကြင္းေတြ၊ သမိုင္းေတြကို အေသးစိတ္ေျပာေနဖို႔ မလိုအပ္ပါဘူး။

 

၃။ ဟာသဥာဏ္
သမိုင္းေၾကာင္းတစ္ခုဟာ ပ်င္းေျခာက္ေျခာက္နဲ႔ ရယ္စရာ၊ ဝမ္းနည္းစရာေတြနဲ႔ သမိုင္းသင္ခန္းစာေတြမပါရင္ ဘယ္သူမွနားမေထာင္ခ်င္သလို အခ်ိန္ေကာင္းေလးတစ္ခုလည္း ျဖစ္လာမွာ မဟုတ္ပါဘူး။

ဒါေၾကာင့္ သမိုင္းေၾကာင္းအေပၚအေျခခံတဲ့ ဟာသဥာဏ္ သို႔မဟုတ္ အျခားအေၾကာင္းတစ္ခုခုေပၚ အေျခခံတဲ့ ဟာသေလးေတြကို ေျပာျပၿပီး အရႊမ္းေဖာက္ေပးမွသာ တိုးရစ္ေတြလည္း ေပ်ာ္ရြင္လာၿပီး ဆက္ဆံေရးပိုမို အဆင္ေျပျခင္းနဲ႔ ေပ်ာ္စရာခရီးစဥ္ေလးေတြ ကို ပိုင္ဆိုင္ႏိုင္ပါလိမ့္မယ္။

ဘာသာ စကား မ်ား သင္ၾကားေပးေသာဆရာ၊ ဆရာမမ်ားကို တစ္ေနရာတည္းတြင္ လြယ္လြယ္ကူကူ၊ စံုစံုလင္လင္နဲ႕ အခမဲ့ ရွာေဖြလို ပါက ဤလင့္ Languages ေလးကိုႏွိပ္လိုက္ပါ။

 

၄။ စိတ္ဓာတ္ျပင္းျပမႈ
ဧည့္လမ္းညႊန္ေကာင္းတစ္ေယာက္ ျဖစ္လာတာနဲ႔အမွ် သင္မကၽြမ္းက်င္တဲ့ ေဒသတစ္ခုကုိ ေရာက္ခဲ့ရင္ေတာင္မွ ေဒသထြက္စားစရာေတြအေၾကာင္းနဲ႔ သန္႔ရွင္းသပ္ရပ္ၿပီး ထူးျခားေကာင္းမြန္တဲ့ ေဟာ္တယ္ေတြ စားေသာက္ဆိုင္ေတြအေၾကာင္းကို သိေနရပါမယ္။

ဒီလိုသိဖို႔အတြက္ သိလိုစိတ္ျပင္းျပမႈ လိုအပ္ၿပီး သင့္ရဲ႕ဧည့္သည္ကိုလည္း စိတ္အားထက္သန္စြာ အၾကံေပးျခင္း ေခၚေဆာင္သြားျခင္းတို႔ကို ျပဳလုပ္ႏိုင္ရပါမယ္။ သင္ကက်ိဳးေၾကာင္းဆီေလွ်ာ္ေအာင္နဲ႔ သူတို႔စိတ္ဆႏၵျပင္းျပလာေအာင္ ေျပာဆိုႏိုင္ျခင္းဟာလည္း မရွိမျဖစ္လိုအပ္တဲ့ စြမ္းရည္တစ္ခုပါ။

 

၅။ အလိုက္အထိုက္ျဖစ္ျခင္း
ဧည့္လမ္းညႊန္တစ္ေယာက္ဟာ တစ္စံုတစ္ေယာက္အား စင္ျမင့္ေပၚသို႔ လိုက္ပါပို႔ေဆာင္ေပးရသလို မဟုတ္ပါဘူး။ သင့္ရဲ႕ ဧည့္သည္မွာ ေမးခြန္းေတြ မွတ္ခ်က္ေတြ ၊ တံု႕ျပန္မႈေတြေပးႏိုင္တဲ့ အာဏာရွိပါတယ္။

ဒါဟာဘာကို ဆိုလိုတာလဲဆိုေတာ့ လမ္းညႊန္ပံုစံစာရြက္ထဲကအတိုင္း တေသြမတိမ္းလိုက္နာရမယ္လို႔ ဆိုလိုတာမဟုတ္ပဲ သူတို႔ရဲ႕ဆႏၵ၊ ခရီးစဥ္လႈပ္ရွားမႈ အေျပာင္းအလဲေတြကိုလည္း လိုက္ပါေဆာင္ရြက္ေပးႏိုင္ဖို႔အတြက္ အလိုက္အထိုက္ ျဖစ္ဖို႔ လိုအပ္တာကို ဆိုလိုတာပါ။


၆။ အခ်ိန္တိက်ရမယ္
ဧည့္လမ္းညႊန္တစ္ေယာက္ကို ထိုင္ေစာင့္ေနရတဲ့ အေျခအေနမ်ိဳး ဘယ္တိုးရစ္မွ မလိုခ်င္သလို ဒါဟာ လံုးဝကို ပေရာ္ဖက္ရွင္နယ္ မဆန္တဲ့ လုပ္ရပ္ျဖစ္ပါတယ္။

ဒါေၾကာင့္ အခ်ိန္တိက်မႈကို ေလးစားရမွာျဖစ္သလို သင္တကယ္လို႔ အမွားတစ္ခုခုေၾကာင့္ ေႏွာင့္ေႏွးရတယ္ဆိုပါက သူတို႔ေတြကို အဆိုပါကိစၥနဲ႔ ပတ္သတ္ၿပီးေတာင္းပန္မႈေတြ၊ တာဝန္ခံမႈေတြနဲ႔ စည္း႐ံုႏိုင္စြမ္းေတြ ရွိဖို႔ လိုအပ္ပါတယ္။

 

၇။ ထိလြယ္ရွလြယ္မႈ
သင္ဆက္ဆံေနရတဲ့ ျပည္ပႏိုင္ငံသားေတြဟာ ကိုယ္ပိုင္ယဥ္ေက်းမႈ၊ စ႐ိုက္လကၡဏာေတြ ရွိတာေၾကာင့္ လူမႈေရးယဥ္ေက်းမႈေတြ ကြဲျပားႏိုင္ပါတယ္။

တခ်ိဳ႕ Tour guide ေတြက ဒီအခ်က္ကိုေတာ့ သိပ္ၿပီးသည္းမခံႏိုင္ၾကပါဘူး။

ဘာပဲျဖစ္ျဖစ္ ႏိုင္ငံတစ္ကာနဲ႔ ဆက္ဆံရတာျဖစ္တဲ့အတြက္ မတူကြဲျပားမႈအျမင္ေတြ၊ အေလ့အထေတြနဲ႔ ယဥ္ေက်းမႈစ႐ိုက္ေတြကို နားလည္ေပးႏိုင္ဖို႔ လိုအပ္ပါတယ္။

ဒီလိုိုက္ေလ်ာညီေထြ ရွိမွသာလွ်င္ ေအာင္ျမင္ၿပီး ထူးခၽြန္တဲ့ ဧည့္လမ္းညႊန္ေကာင္းတစ္ေယာက္ ျဖစ္လာပါလိမ့္မယ္။

ဘာသာ စကား မ်ား သင္ၾကားေပးေသာဆရာ၊ ဆရာမမ်ားကို တစ္ေနရာတည္းတြင္ လြယ္လြယ္ကူကူ၊ စံုစံုလင္လင္နဲ႕ အခမဲ့ ရွာေဖြလို ပါက   ဤလင့္ Languages ေလးကိုႏွိပ္လိုက္ပါ။

 

<<< Unicode >>>

ခရီးတွေသွားပြီး အရာရာကိုစူးစမ်းလေ့လာနေရတာကို လူတိုင်းနှစ်သက်ကြတယ်ပါတယ်။

ဒီလိုဝါသနာနဲ့ အသက်မွှေးဝမ်းကျောင်း ထပ်တူကျတဲ့ အလုပ်မျိုးဆိုရင် သဘောမကျတဲ့သူ လောကမှာ ရှိမှာမဟုတ်ပါဘူး။

လူအသစ်တွေနဲ့ ပေါင်းသင်းဆက်ဆံရမယ်၊ ကိုယ့်နိုင်ငံရဲ့ အလှအပအားသာချက်တွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောနိုင်ရမယ်၊ နေရာအစုံကို ရောက်ဖူးမယ် ဒီလိုဒီလို လွတ်လပ်ပေါ့ပါးတဲ့ အလုပ်မျိုးကို အသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်နိုင်ဖို့ဆို Tour guide တစ်ယောက်မှာ ရှိရမယ့် အရည်အသွေးတွေကို သေချာသိမှာ ဖြစ်မှာပေါ့။

ဒါမှလည်း ကိုယ်ကိုယ်တိုင်သို့မဟုတ်၊ ညီ၊ ညီမ၊ သားသမီးတွေကို ငယ်ရွယ်စဉ်ထဲက ကောင်းကောင်း train နိုင်ပြီး ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းကျအောင် ကူညီပေးနိုင်မှာပါ။ ကိုယ်တိုင်ပဲ အခြားနိုင်ငံတစ်နေရာကို ခရီးသွားဦးတော့ အရည်အချင်းရှိတဲ့ ဧည့်လမ်းညွှန်တစ်ယောက်ကို ရွေးချယ်ငှားရမ်းနိုင်ဖို့ များစွာအထောက်အကူဖြစ်မှာပါ။


ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတွေမှာ ဧည့်လမ်းညွှန်မရှိရင် အချည်းနှီးပါပဲ။ သူတို့တွေဟာ လုပ်ငန်းလည်ပတ်မှု အားလုံးရဲ့ ပင်မကျောရိုးလို့ ပြောလို့ရပါတယ်။

ဧည့်လမ်းညွှန်တစ်ယောက် ဖြစ်လာရင် စာရွက်ထဲကစာတွေ၊ အကြောင်းအရာတွေကို ဖတ်ပြတတ်ရုံ၊ ဘာသာစကားတွေပြောတတ်ဆိုတတ်ရုံနဲ့ မရပါဘူး။

လုပ်ငန်းလိုအပ်ချက်အရ စွမ်းဆောင်ရည်၊ မှတ်ဉာဏ်၊ ဝန်ဆောင်မှုအားလုံးဟာ ဧည့်လမ်းညွှန်အလုပ်နဲ့ လုံးဝသက်ဆိုင်နေပါတယ်။

အရမ်းကိုတော်တဲ့ Tour guide တွေဆိုရင် နိုင်ငံခြားသားတွေ ပြန်သွားရင်တောင်မှ သူတို့နိုင်ငံမှာ သင့်ရဲ့ကောင်းသတင်းတွေ မွှေးနေပြီး လာသမျှဧည်သည်တိုင်း ခေါ်ချင်ကြပါလိမ့်မယ်။ ဒီလိုအရည်အချင်း ပြည့်ဝဖို့ဆိုရင် အောက်ပါအဓိက ကျွမ်းကျင်မှု (၇) ချက် ရှိဖို့ လိုအပ်ပါတယ်။

 

၁။ လူမှုဆက်သွယ်ရေး
ဧည့်လမ်းညွှန်တစ်ယောက်ဟာ မတူကွဲပြားတဲ့ လူမျိုးတွေ၊ များပြားတဲ့အုပ်စုတွေနဲ့ ပြောဆိုဆက်ဆံနေရတာ ဖြစ်တဲ့အတွက် သူတို့ကိုဘယ်လို communicate လုပ်ရမယ်။

လွယ်လွယ်ကူကူနဲ့ နားလည်ပြီး ကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်မှသာ Tour guide တစ်ယောက်ပီသပါလိမ့်မယ်။

တော်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်ဟာ သူ့ရဲ့အသံ ရှင်းလင်းနေဖို့နဲ့ အာရုံစူးစိုက်မှု ကောင်မွန်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာစွမ်ရည် ရှိဖို့ လိုအပ်ရုံမကပဲ နေ့စဉ်လူအသစ်ပေါင်းများစွာနဲ့ ဆက်ဆံရမှာဖြစ်တာကြောင့် မေးခွန်းမေးတာတွေ ဖြေဆိုတာတွေကိုသုံးပြီး လူမှုကျွမ်းကျင်ခြင်းနဲ့ ချဉ်းကပ်တတ်ရပါမယ်။

 

၂။ မှတ်ဉာဏ်နဲ့ သမိုင်းကြောင်းတွေကို ပြောဆိုနိုင်ခြင်း
သင်တကယ်လို့ ဧည့်လမ်းညွှန်တစ်ယောက် ဖြစ်ပြီဆိုရင် မြင်ကွင်းတွေ အသံတွေကို ပိုပြီးရောင်းချပေးနေကြောင်း သတိရပါ။

သင်က ဗဟုသုတတွေ၊ သမိုင်းကြောင်းတွေ၊ နဲ့ဇာတ်လမ်းတွေကို ပြောဆိုပြီး သူတို့ကိုရောင်းချမှု ပြုလုပ်နေခြင်းကို ဆိုလိုပါတယ်။

တကယ်လို့ ဧည့်လမ်းညွှန်တစ်ယောက်ဟာ မှတ်စုထဲကစာတွေဖတ်ခြင်း သို့မဟုတ် အချက်အလက်အမှားတွေ ပြောမိတဲ့အခါ ခရီးသွားတွေက အထင်ကြီးမှာ မဟုတ်တော့ပါဘူး။

သင့်အနေနဲ့ သမိုင်းကြောင်းတွေကို ပြောဆိုတဲ့အခါ သင့်ရဲ့ဧည့်သည်တွေ သူ့ဘာသာဇာတ်ကြောင်းဖော်ပြီး မြင်ယောင်လာအောင်သာ အဓိကထားသင့်ပါတယ်။

သင့်စိတ်ထဲကဖန်တီးထားတဲ့ မြင်ကွင်းတွေ၊ သမိုင်းတွေကို အသေးစိတ်ပြောနေဖို့ မလိုအပ်ပါဘူး။

 

၃။ ဟာသဉာဏ်
သမိုင်းကြောင်းတစ်ခုဟာ ပျင်းခြောက်ခြောက်နဲ့ ရယ်စရာ၊ ဝမ်းနည်းစရာတွေနဲ့ သမိုင်းသင်ခန်းစာတွေမပါရင် ဘယ်သူမှနားမထောင်ချင်သလို အချိန်ကောင်းလေးတစ်ခုလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့် သမိုင်းကြောင်းအပေါ်အခြေခံတဲ့ ဟာသဉာဏ် သို့မဟုတ် အခြားအကြောင်းတစ်ခုခုပေါ် အခြေခံတဲ့ ဟာသလေးတွေကို ပြောပြပြီး အရွှမ်းဖောက်ပေးမှသာ တိုးရစ်တွေလည်း ပျော်ရွင်လာပြီး ဆက်ဆံရေးပိုမို အဆင်ပြေခြင်းနဲ့ ပျော်စရာခရီးစဉ်လေးတွေ ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

ဘာသာ စကား များ သင်ကြားပေးသောဆရာ၊ ဆရာမများကို တစ်နေရာတည်းတွင် လွယ်လွယ်ကူကူ၊ စုံစုံလင်လင်နဲ့ အခမဲ့ ရှာဖွေလို ပါက ဤလင့် Languages လေးကိုနှိပ်လိုက်ပါ။

 

၄။ စိတ်ဓာတ်ပြင်းပြမှု
ဧည့်လမ်းညွှန်ကောင်းတစ်ယောက် ဖြစ်လာတာနဲ့အမျှ သင်မကျွမ်းကျင်တဲ့ ဒေသတစ်ခုကို ရောက်ခဲ့ရင်တောင်မှ ဒေသထွက်စားစရာတွေအကြောင်းနဲ့ သန့်ရှင်းသပ်ရပ်ပြီး ထူးခြားကောင်းမွန်တဲ့ ဟော်တယ်တွေ စားသောက်ဆိုင်တွေအကြောင်းကို သိနေရပါမယ်။

ဒီလိုသိဖို့အတွက် သိလိုစိတ်ပြင်းပြမှု လိုအပ်ပြီး သင့်ရဲ့ဧည့်သည်ကိုလည်း စိတ်အားထက်သန်စွာ အကြံပေးခြင်း ခေါ်ဆောင်သွားခြင်းတို့ကို ပြုလုပ်နိုင်ရပါမယ်။ သင်ကကျိုးကြောင်းဆီလျှော်အောင်နဲ့ သူတို့စိတ်ဆန္ဒပြင်းပြလာအောင် ပြောဆိုနိုင်ခြင်းဟာလည်း မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်တစ်ခုပါ။

 

၅။ အလိုက်အထိုက်ဖြစ်ခြင်း
ဧည့်လမ်းညွှန်တစ်ယောက်ဟာ တစ်စုံတစ်ယောက်အား စင်မြင့်ပေါ်သို့ လိုက်ပါပို့ဆောင်ပေးရသလို မဟုတ်ပါဘူး။ သင့်ရဲ့ ဧည့်သည်မှာ မေးခွန်းတွေ မှတ်ချက်တွေ ၊ တုံ့ပြန်မှုတွေပေးနိုင်တဲ့ အာဏာရှိပါတယ်။

ဒါဟာဘာကို ဆိုလိုတာလဲဆိုတော့ လမ်းညွှန်ပုံစံစာရွက်ထဲကအတိုင်း တသွေမတိမ်းလိုက်နာရမယ်လို့ ဆိုလိုတာမဟုတ်ပဲ သူတို့ရဲ့ဆန္ဒ၊ ခရီးစဉ်လှုပ်ရှားမှု အပြောင်းအလဲတွေကိုလည်း လိုက်ပါဆောင်ရွက်ပေးနိုင်ဖို့အတွက် အလိုက်အထိုက် ဖြစ်ဖို့ လိုအပ်တာကို ဆိုလိုတာပါ။

 


၆။ အချိန်တိကျရမယ်
ဧည့်လမ်းညွှန်တစ်ယောက်ကို ထိုင်စောင့်နေရတဲ့ အခြေအနေမျိုး ဘယ်တိုးရစ်မှ မလိုချင်သလို ဒါဟာ လုံးဝကို ပရော်ဖက်ရှင်နယ် မဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ဒါကြောင့် အချိန်တိကျမှုကို လေးစားရမှာဖြစ်သလို သင်တကယ်လို့ အမှားတစ်ခုခုကြောင့် နှောင့်နှေးရတယ်ဆိုပါက သူတို့တွေကို အဆိုပါကိစ္စနဲ့ ပတ်သတ်ပြီးတောင်းပန်မှုတွေ၊ တာဝန်ခံမှုတွေနဲ့ စည်းရုံနိုင်စွမ်းတွေ ရှိဖို့ လိုအပ်ပါတယ်။

 

၇။ ထိလွယ်ရှလွယ်မှု
သင်ဆက်ဆံနေရတဲ့ ပြည်ပနိုင်ငံသားတွေဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ စရိုက်လက္ခဏာတွေ ရှိတာကြောင့် လူမှုရေးယဉ်ကျေးမှုတွေ ကွဲပြားနိုင်ပါတယ်။

တချို့ Tour guide တွေက ဒီအချက်ကိုတော့ သိပ်ပြီးသည်းမခံနိုင်ကြပါဘူး။

ဘာပဲဖြစ်ဖြစ် နိုင်ငံတစ်ကာနဲ့ ဆက်ဆံရတာဖြစ်တဲ့အတွက် မတူကွဲပြားမှုအမြင်တွေ၊ အလေ့အထတွေနဲ့ ယဉ်ကျေးမှုစရိုက်တွေကို နားလည်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

ဒီလိုက်လျောညီထွေ ရှိမှသာလျှင် အောင်မြင်ပြီး ထူးချွန်တဲ့ ဧည့်လမ်းညွှန်ကောင်းတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

ဘာသာ စကား များ သင်ကြားပေးသောဆရာ၊ ဆရာမများကို တစ်နေရာတည်းတွင် လွယ်လွယ်ကူကူ၊ စုံစုံလင်လင်နဲ့ အခမဲ့ ရှာဖွေလို ပါက ဤလင့် Languages လေးကိုနှိပ်လိုက်ပါ။

 

sources : LM_Naung_Naung Lifestyle_Myanmar

sayar.com.mm

 

Read times Last modified on Tuesday, 24 September 2019 10:26
Rate this articles
(0 votes)