×

Warning

JUser: :_load: Unable to load user with ID: 723


Success

Friday, 05 January 2018

ေအာင္ျမင္ျပီးမွ ဘာလို႔က်ရွံဳးရတာလည္း

ေအာင္ျမင္ျပီးမွ ဘာလို႔က်ရွံဳးရတာလည္း google.com

ေအာင္ျမင္ျပီးရင္ က်ရွံဳးမွဳဆိုတာ သင္နဲ႕မဆိုင္ေတာ့ဘူးလို႔ ထင္ေနတာလား။ ေအာင္ျမင္ေနေပမယ့္လည္း ျပန္လည္က်ရွံဳးနိုင္တယ္ဆိုတာကို သတိရေနေပးပါ။ ယခုစာက အသက္ေမြးဝမ္းေက်ာင္း ပညာရပ္ တစ္ခုမွာ လုပ္ကိုင္ျပီး စြန္႔ခြာသြားသူ၊ အျခားေသာ အသက္ေမြးဝမ္းေက်ာင္း ပညာရပ္သိ႔ု ကူးေျပာင္းသြားသူမ်ား ရဲ႕ အေၾကာင္းျပခ်က္မ်ားလည္း ျဖစ္ပါတယ္။

၁။ အရင္လိုပဲ ဆက္ေအာင္ျမင္မယ္လို႔ ထင္ျမင္ျခင္း

ေနရာတစ္ခု၊ ပန္းတိုင္တစ္ခုကို ရရွိထားျပီးသူ၊ ရလဒ္ေကာင္း တစ္ခုကို ပိုင္ဆိုင္ျပီးသူဟာ အနာဂတ္မွာ ဆက္လက္ ေအာင္ျမင္မယ္လို႔ ထင္တတ္ၾကပါတယ္။ ဘာနဲ႔တူသလဲဆုိေတာ့ ေလာင္းကစားဝိုင္းမွာ ေဆာ့တုန္း တစ္ပြဲႏုိင္ သြားျပီးရင္ ေနာက္ပြဲေတြလည္း ဆက္ႏိုင္မယ္လို႔ ထင္ျမင္တဲ့ ခံစားခ်က္ ျဖစ္ပါတယ္။ ကံၾကမၼာဆုိတဲ့ အရာကို ယံုၾကည္ျခင္းကလည္း က်ရွံုးေစတဲ့ အေၾကာင္းအရင္းတစ္ခု ျဖစ္ပါတယ္။ တစ္နည္း ေျပာရရင္ မိမိကိုယ္ကို ယံုၾကည္မွု လြန္ကဲျခင္း ျဖစ္ပါတယ္။

Recommended for you - သင္အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ခ်င္တာေသခ်ာျပီလား

၂။ အေသးစိတ္ ေလ့လာမွု မရွိေတာ့ျခင္း

အဆင့္ရာထူး တစ္ခုကို တက္သြားတဲ့အခါ၊ သုိ႔တည္းမဟုတ္ ေအာင္ျမင္မွုရရွိလို႔ ေနာက္ထက္ ေျခလွမ္း အသစ္ကို ေရႊ႕လ်ားတဲ့အခါ အမ်ားစု အားနည္းသြားတဲ့ အခ်က္က အေသးစိတ္ စစ္ေဆး ေလ့လာမွု မရွိေတာ့ျခင္း ျဖစ္ပါတယ္။ အလုပ္မ်ားတယ္။ မအားဘူး ဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ လိုအပ္တဲ့ အေသးစိတ္ အခ်က္မ်ားကို လစ္လ်ဴရွုပစ္လိုက္ျခင္းကလည္း က်ရွံုးေစျခင္း ျဖစ္ပါတယ္။

၃။ မိမိ အားသာခ်က္ႏွင့္ အားနည္းခ်က္ မ်ားကို ေမ့လ်ာ့ျခင္း

အခ်ိဳ႕က အားသာခ်က္ကို မွတ္မိတယ္။ အားနည္းခ်က္ကို မွတ္မထားဘူး။ အခ်ိဳ႕က အားနည္းခ်က္ေတြပဲ သိတယ္။ ကိုယ့္ အားသာခ်က္ကို မေဖာ္ ထုတ္တတ္ဘူး။ အခ်ိဳ႕က်ေတာ့လည္း အားနည္းခ်က္ေကာ၊ အားသာခ်က္ေကာ အားလံုးကိုမသိပဲ ေနတတ္ၾကပါတယ္။ ယင္းအခ်က္ဟာလည္း အသက္ေမြးဝမ္း ေက်ာင္းပညာ တစ္ခု၊ လမ္းေၾကာင္း တစ္ခုကေန က်ရွံုးေစတဲ့ အေၾကာင္း အခ်က္ တစ္ခုပဲ ျဖစ္ပါတယ္။

၄။ ကြဲျပားျခားနားေသာ အိုင္ဒီယာမ်ားကို လက္မခံေတာ့ျခင္း

အဆင့္ရာထူးတစ္ခု တက္သြားတဲ့အခါ သုိ႔တည္းမဟုတ္ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းတစ္ခုမွာ ေအာင္ျမင္မွု တစ္ခု ရျပီးတဲ့အခါ ပိုျပီးၾကီးေလးတဲ့ တာဝန္ယူျခင္း၊ လုပ္ငန္းအသစ္ တိုးခ်ဲ႕ျခင္းတို႔ ျပဳလုပ္ၾကပါတယ္။ ယင္းသုိ႔ ျပဳလုပ္တဲ့ အခါ လူအမ်ားရဲ႕ ထင္ျမင္ယူဆခ်က္ အၾကံေပးခ်က္ မ်ားကို လက္ခံႏိုင္ရပါမယ္။ ကိုယ့္ကို အျမဲ Yes လို႔ ေျဖေနတဲ့ လူေတြနဲ႔သာ အျမဲဝန္းရံ ထားေစခ်င္ရင္ က်ရွံုးမွု ဆုိတာကို လွမ္းေခၚ ေနသလို ပါပဲ။

Recommended for you - ၂၀၁၈ မင္းအတြက္ ငါ့ကတိစကား

၅။ သၾကား တစ္မ်ိဳးသာ အခ်ိဳဓာတ္ ရွိသည္ဟု ထင္ျခင္း

အေနာက္တိုင္း စကားပံုတစ္ခု ရွိပါတယ္။ ေလွကား အေပၚတက္ေနတုန္း မိမိ ေအာက္ကလူေတြကို ေအာက္ငံု႔ ႏွုတ္ဆက္ ရယ္ျပပါတဲ့။ အေၾကာင္းကေတာ့ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ သူတို႔ဟာ မိမိထက္ အျမင့္ကို ေရာက္သြားႏိုင္တဲ့ အတြက္ မိမိသာ ျပံဳးျပ မထားခဲ့ရင္ ကိုယ့္ကိုယ္ ျပံဳးျပေတာ့မွာ မဟုတ္ပါဘူး။ ဆိုလိုရင္းက ဒီလိုပါ။ မိမိဟာ ေအာင္ျမင္မွု အတြက္ ၾကိဳးပမ္းေနတုန္း အထက္က လူၾကီးေတြ အရာရွိေတြ ကို ျပံဳးျပကူညီ၊ ခ်ည္းကပ္ ေနတတ္ျပီး မိမိေအာက္က လူေတြကို ျပံဳးျပ၊ ကူညီေပးဖို႔ေတာ့ ေမ့ေနၾကပါတယ္။ မထင္မွတ္တဲ့ ကံၾကမၼာေၾကာင့္ သို႔မဟုတ္ မိမိရဲ႕ အားနည္းခ်က္ေၾကာင့္ တစ္ခ်ိန္ခ်ိန္မွာ ေနာက္က်က်န္ခဲ့ ႏိုင္ျပီး ကိုယ့္ေအာက္ကလူေတြကို ကူညီမထားခဲ့ရင္ ေကာင္းေကာင္း မဆက္ဆံထားခဲ့ရင္ သူတို႔လည္း ကိုယ့္ကိုလွည့္ေတာင္ ၾကည့္ေတာ့မွာ မဟုတ္ပါဘူး။

၆။ မိမိ ကြ်မ္းက်င္သည့္ နယ္ပယ္မွ ေက်ာ္လြန္၍ လုပ္ေဆာင္ျခင္း
ကိုယ္ကြ်မ္းက်င္တဲ့ အသက္ေမြးဝမ္းေက်ာင္းပညာ မဟုတ္ပဲ ေငြအရင္းရွိလို႔ သို႔တည္းမဟုတ္ စိတ္ဝင္စားလို႔ ပါ ဆုိျပီး အျခားလုပ္ငန္း နယ္ပယ္တစ္ခုကို ဝင္တာဟာလည္း မွားယြင္းပါတယ္။ အဲ့ဒီလို ဝင္တာက မမွား ယြင္းပါဘးူ။ အကယ္၍ ေသခ်ာျပင္ဆင္ထားျခင္း မရွိ။ တကယ္လည္း မတတ္ေျမာက္ပဲနဲ႔ ေလာဘနဲ႔ ဂုဏ္ပကာသနကို ေရွ႕တန္းတင္လုိ႔ သြားမိမယ္ဆုိရင္ က်ရွံုးမွာပဲ ျဖစ္ပါတယ္။

၇။ စြန္႔စားလြန္းျခင္း

နည္းလမ္းက်က် တြက္ခ်က္လု႔ိ ကိုယ့္ရဲ႕ ေအာင္ျမင္ႏိုင္ေခ်က ၅၀ ရာခိုင္ႏွုန္းေတာင္ မရွိဘူး ဆုိရင္ မစြန္႔စား သင့္ပါဘူး။ ကိုယ္ပိုင္လုပ္ငန္းတစ္ခု ျဖစ္တယ္ဆုိရင္ ေငြအရင္းအႏွီး အကုန္ထည့္လိုက္မယ္။ ကုမၸဏီ ဝန္ထမ္း ျဖစ္ေနရင္ ဒီထက္ ၾကီးတဲ့ တာဝန္ကုိ ယူျပလိုက္မယ္ ဆုိတာမ်ိဳးတို႔က သာမန္ထက္ လြန္ကဲတဲ့ စြန္႔စားမွု ျဖစ္ျပီး က်ရွံုးေစမယ့္ အေၾကာင္းမ်ားထဲက တစ္ခုပဲ ျဖစ္ပါတယ္။

Credit : ေအာင္ခမ္း

[Unicode Version]

အောင်မြင်ပြီးရင် ကျရှုံးမှုဆိုတာ သင်နဲ့မဆိုင်တော့ဘူးလို့ ထင်နေတာလား။ အောင်မြင်နေပေမယ့်လည်း ပြန်လည်ကျရှံုးနိုင်တယ်ဆိုတာကို သတိရနေပေးပါ။ ယခုစာက အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုမှာ လုပ်ကိုင်ပြီး စွန့်ခွာသွားသူ၊ အခြားသော အသက်မွေးဝမ်းကျောင်း ပညာရပ်သို့ ကူးပြောင်းသွားသူများ ရဲ့ အကြောင်းပြချက်များလည်း ဖြစ်ပါတယ်။
၁။ အရင်လိုပဲ ဆက်အောင်မြင်မယ်လို့ ထင်မြင်ခြင်း
နေရာတစ်ခု၊ ပန်းတိုင်တစ်ခုကို ရရှိထားပြီးသူ၊ ရလဒ်ကောင်း တစ်ခုကို ပိုင်ဆိုင်ပြီးသူဟာ အနာဂတ်မှာ ဆက်လက် အောင်မြင်မယ်လို့ ထင်တတ်ကြပါတယ်။ ဘာနဲ့တူသလဲဆိုတော့ လောင်းကစားဝိုင်းမှာ ဆော့တုန်း တစ်ပွဲနိုင် သွားပြီးရင် နောက်ပွဲတွေလည်း ဆက်နိုင်မယ်လို့ ထင်မြင်တဲ့ ခံစားချက် ဖြစ်ပါတယ်။ ကံကြမ္မာဆိုတဲ့ အရာကို ယုံကြည်ခြင်းကလည်း ကျရှံုးစေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ တစ်နည်း ပြောရရင် မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲခြင်း ဖြစ်ပါတယ်။

Recommended for you - သင်အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်တာသေချာပြီလား
၂။ အသေးစိတ် လေ့လာမှု မရှိတော့ခြင်း
အဆင့်ရာထူး တစ်ခုကို တက်သွားတဲ့အခါ၊ သို့တည်းမဟုတ် အောင်မြင်မှုရရှိလို့ နောက်ထက် ခြေလှမ်း အသစ်ကို ရွှေ့လျားတဲ့အခါ အများစု အားနည်းသွားတဲ့ အချက်က အသေးစိတ် စစ်ဆေး လေ့လာမှု မရှိတော့ခြင်း ဖြစ်ပါတယ်။ အလုပ်များတယ်။ မအားဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ လိုအပ်တဲ့ အသေးစိတ် အချက်များကို လစ်လျူရှုပစ်လိုက်ခြင်းကလည်း ကျရှံုးစေခြင်း ဖြစ်ပါတယ်။
၃။ မိမိ အားသာချက်နှင့် အားနည်းချက် များကို မေ့လျာ့ခြင်း
အချို့က အားသာချက်ကို မှတ်မိတယ်။ အားနည်းချက်ကို မှတ်မထားဘူး။ အချို့က အားနည်းချက်တွေပဲ သိတယ်။ ကိုယ့် အားသာချက်ကို မဖော် ထုတ်တတ်ဘူး။ အချို့ကျတော့လည်း အားနည်းချက်ကော၊ အားသာချက်ကော အားလုံးကိုမသိပဲ နေတတ်ကြပါတယ်။ ယင်းအချက်ဟာလည်း အသက်မွေးဝမ်း ကျောင်းပညာ တစ်ခု၊ လမ်းကြောင်း တစ်ခုကနေ ကျရှံုးစေတဲ့ အကြောင်း အချက် တစ်ခုပဲ ဖြစ်ပါတယ်။
၄။ ကွဲပြားခြားနားသော အိုင်ဒီယာများကို လက်မခံတော့ခြင်း
အဆင့်ရာထူးတစ်ခု တက်သွားတဲ့အခါ သို့တည်းမဟုတ် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုမှာ အောင်မြင်မှု တစ်ခု ရပြီးတဲ့အခါ ပိုပြီးကြီးလေးတဲ့ တာဝန်ယူခြင်း၊ လုပ်ငန်းအသစ် တိုးချဲ့ခြင်းတို့ ပြုလုပ်ကြပါတယ်။ ယင်းသို့ ပြုလုပ်တဲ့ အခါ လူအများရဲ့ ထင်မြင်ယူဆချက် အကြံပေးချက် များကို လက်ခံနိုင်ရပါမယ်။ ကိုယ့်ကို အမြဲ Yes လို့ ဖြေနေတဲ့ လူတွေနဲ့သာ အမြဲဝန်းရံ ထားစေချင်ရင် ကျရှံုးမှု ဆိုတာကို လှမ်းခေါ် နေသလို ပါပဲ။

Recommended for you - ၂၀၁၈ မင်းအတွက် ငါ့ကတိစကား
၅။ သကြား တစ်မျိုးသာ အချိုဓာတ် ရှိသည်ဟု ထင်ခြင်း
အနောက်တိုင်း စကားပုံတစ်ခု ရှိပါတယ်။ လှေကား အပေါ်တက်နေတုန်း မိမိ အောက်ကလူတွေကို အောက်ငုံ့ နှုတ်ဆက် ရယ်ပြပါတဲ့။ အကြောင်းကတော့ အကြောင်း အမျိုးမျိုးကြောင့် သူတို့ဟာ မိမိထက် အမြင့်ကို ရောက်သွားနိုင်တဲ့ အတွက် မိမိသာ ပြံုးပြ မထားခဲ့ရင် ကိုယ့်ကိုယ် ပြံုးပြတော့မှာ မဟုတ်ပါဘူး။ ဆိုလိုရင်းက ဒီလိုပါ။ မိမိဟာ အောင်မြင်မှု အတွက် ကြိုးပမ်းနေတုန်း အထက်က လူကြီးတွေ အရာရှိတွေ ကို ပြံုးပြကူညီ၊ ချည်းကပ် နေတတ်ပြီး မိမိအောက်က လူတွေကို ပြံုးပြ၊ ကူညီပေးဖို့တော့ မေ့နေကြပါတယ်။ မထင်မှတ်တဲ့ ကံကြမ္မာကြောင့် သို့မဟုတ် မိမိရဲ့ အားနည်းချက်ကြောင့် တစ်ချိန်ချိန်မှာ နောက်ကျကျန်ခဲ့ နိုင်ပြီး ကိုယ့်အောက်ကလူတွေကို ကူညီမထားခဲ့ရင် ကောင်းကောင်း မဆက်ဆံထားခဲ့ရင် သူတို့လည်း ကိုယ့်ကိုလှည့်တောင် ကြည့်တော့မှာ မဟုတ်ပါဘူး။
၆။ မိမိ ကျွမ်းကျင်သည့် နယ်ပယ်မှ ကျော်လွန်၍ လုပ်ဆောင်ခြင်း
ကိုယ်ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်းပညာ မဟုတ်ပဲ ငွေအရင်းရှိလို့ သို့တည်းမဟုတ် စိတ်ဝင်စားလို့ ပါ ဆိုပြီး အခြားလုပ်ငန်း နယ်ပယ်တစ်ခုကို ဝင်တာဟာလည်း မှားယွင်းပါတယ်။ အဲ့ဒီလို ဝင်တာက မမှား ယွင်းပါဘူး။ အကယ်၍ သေချာပြင်ဆင်ထားခြင်း မရှိ။ တကယ်လည်း မတတ်မြောက်ပဲနဲ့ လောဘနဲ့ ဂုဏ်ပကာသနကို ရှေ့တန်းတင်လို့ သွားမိမယ်ဆိုရင် ကျရှံုးမှာပဲ ဖြစ်ပါတယ်။
၇။ စွန့်စားလွန်းခြင်း
နည်းလမ်းကျကျ တွက်ချက်လို့ ကိုယ့်ရဲ့ အောင်မြင်နိုင်ချေက ၅၀ ရာခိုင်နှုန်းတောင် မရှိဘူး ဆိုရင် မစွန့်စား သင့်ပါဘူး။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ဖြစ်တယ်ဆိုရင် ငွေအရင်းအနှီး အကုန်ထည့်လိုက်မယ်။ ကုမ္ပဏီ ဝန်ထမ်း ဖြစ်နေရင် ဒီထက် ကြီးတဲ့ တာဝန်ကို ယူပြလိုက်မယ် ဆိုတာမျိုးတို့က သာမန်ထက် လွန်ကဲတဲ့ စွန့်စားမှု ဖြစ်ပြီး ကျရှံုးစေမယ့် အကြောင်းများထဲက တစ်ခုပဲ ဖြစ်ပါတယ်။
Credit : အောင်ခမ်း

Read times Last modified on Friday, 03 January 2020 10:31
Rate this articles
(0 votes)