×

Warning

JUser: :_load: Unable to load user with ID: 723


Student

Thursday, 18 January 2018

စကၤာပူပညာေရးအေၾကာင္း စိတ္ဝင္စားတဲ့ ေက်ာင္းသားမ်ားနဲ႕ မိဘမ်ားအတြက္

စကၤာပူပညာေရးအေၾကာင္း စိတ္ဝင္စားတဲ့ ေက်ာင္းသားမ်ားနဲ႕ မိဘမ်ားအတြက္ crown education

စကၤာပူကို ပညာသင္ဖို႔ ေရြးခ်ယ္ၾကရာတြင္ အထူးသျဖင့္ လုံျခဳံ စိတ္ခ်မွုရွိျခင္း၊ (၂) နာရီ (၄၅) မိနစ္ ခရီးခန႔္သာ ရွိသျဖင့္ မိဘမ်ားအေနျဖင့္ အခ်ိန္မေရြး လိုက္ပါနိုင္ျခင္း၊ ဩစေၾတးလ်၊ အဂၤလန္မွ ေပးအပ္ခ်ီးျမႇင့္သည့္ဘြဲ႕မ်ားကို ကုန္က်စရိတ္ သက္သာစြာျဖင့္ စကၤာပူနိုင္ငံတြင္ တက္ေရာက္ ရယူနိုင္ျခင္းတို႔ေၾကာင့္ ျဖစ္သည္။

စကၤာပူတြင္ ပညာသင္ၾကားမည္ဆိုပါက အစိုးရေက်ာင္းပညာေရးလမ္းေၾကာင္းႏွင့္ ပုဂၢလိက ေက်ာင္း ပညာေရးလမ္းေၾကာင္းဟူ၍ ႏွစ္မ်ိဳးခြဲျခားနိုင္ၿပီး ပညာသင္ေထာက္ပံ့ေၾကး ရရွိနိုင္ျခင္း၊ တရားဝင္ အခ်ိန္ပိုင္း အလုပ္လုပ္နိုင္ျခင္း၊ ေက်ာင္းၿပီးေသာအခါ အလုပ္အကိုင္ ေလၽွာက္ထားဖို႔ လြယ္ကူျခင္း စသည့္အခ်က္မ်ား ေၾကာင့္ အစိုးရပညာေရးလမ္းေၾကာင္းကို စိတ္ဝင္စားမွု ပိုခဲ့ၾကသည္။ အစိုးရေက်ာင္းမ်ားအေနျဖင့္လည္း ပညာေရးဆိုင္ရာ မွတ္တမ္းမ်ားတြင္ ထူးခၽြန္သူမ်ားထဲမွ အေတာ္ဆုံးေက်ာင္းသားမ်ားကို ေရြးခ်ယ္ေခၚယူ ေလ့ရွိသျဖင့္ ဝင္ခြင့္အတြက္ ၿပိဳင္ဆိုင္မွုမ်ားကာ ႏွစ္စဥ္ခက္ခဲေလ့ရွိသည္။ ယခင္ႏွစ္မ်ားက အစိုးရေက်ာင္း မ်ားမွ ၿပီးဆုံးပါက ရရွိနိုင္ေသာ PR (Permanent Resident) အတြက္ ၂၀၁၂ မွစ၍ အာမခံခ်က္ မရရွိေတာ့ ျခင္း၊ ဝင္ခြင့္ရရွိရန္ ခက္ခဲလာျခင္း၊ ပုဂၢလိက ပညာေရး လမ္းေၾကာင္းမ်ားမွ (၃) ႏွစ္ႏွင့္ ဘြဲ႕ဒီဂရီ ရရွိနိုင္ ေသာ္လည္း အစိုးရပညာေရးလမ္းေၾကာင္းမွဘြဲ႕ရရွိရန္ (၅) ႏွစ္မွ (၆) ႏွစ္ခန႔္အထိ ၾကာျခင္း၊ မိမိတို႔ စိတ္ ႀကိဳက္ ဘာသာရပ္မ်ားကို ေရြးခ်ယ္သင္ယူခြင့္ မရနိုင္ျခင္း စသည့္အခ်က္မ်ားေၾကာင့္ အမ်ားစုမွာ ပုဂၢလိက ပညာေရးလမ္းေၾကာင္းမွသာ ေလၽွာက္ထားသင္ယူေလ့ ရွိၾကသည္။

Recommended for you - အဂၤလိပ္စာေလ့လာေနသူေတြအတြက္ ဖုန္းမွာ ထည့္ထားသင့္တဲ့ application မ်ား

စကၤာပူအစိုးရေက်ာင္းမ်ားသို႔ ေလ်ာက္ထားရာတြင္ သတိထားရမည့္ အခ်က္ အခ်ိဳ႕ ကို ေဖၚျပအပ္ပါသည္။အစိုးရေက်ာင္းမ်ားအေနျဖင့္ ပိုလီ (၅) ေက်ာင္းႏွင့္ တကၠသိုလ္ (၄) ခု ရွိသည္။

ပိုလီ (၅) ေက်ာင္းမ်ားမွာ –

(1) Singapore Poly

(2) Ngee Ann Poly

(3) Nanyang Poly

(4) Temasek Poly နဲ႔

(5) Republic Polyတို႔ျဖစ္ၿပီး

စကၤာပူအစိုးရတကၠသိုလ္မ်ားအေနျဖင့္ –

(1) National University of Singapore

(2) Nanyang Technological University

(3) Singapore University of Technology and Design (SUTD) ႏွင့္

(4) Singapore Management University တို႔ ျဖစ္သည္။

ပိုလီေက်ာင္းမ်ားဝင္ခြင့္အတြက္ ျမန္မာနိုင္ငံသားမ်ားေလ်ာက္ထားရာ ခါတိုင္းႏွစ္မ်ားထက္ ဝင္ခြင့္ပိုခက္ လာသည္။ အဓိကအခ်က္မွာ သူ႔နိုင္ငံသားမ်ားအတြက္ ဦးစားေပးစနစ္မ်ားေၾကာင့္ ျဖစ္သလို ေလ်ာက္ထား သည့္ ေက်ာင္းသား၏ ပညာေရးအရည္အခ်င္းေၾကာင့္လည္းပါဝင္သည္။ ဥပမာ ျမန္မာနိုင္ငံမွ iGCSE Cambridge စာေမးပြဲလက္မွတ္ကို ေျဖဆိုေလ်ာက္ထားၾကသည္ဆိုရာတြင္၊ စင္ကာပူအစိုးရႏွင့္ Cambridge Exam တို႔ပူးေပါင္း က်င္းပစစ္ေဆးသည့္ Singapore-Cambridge O Level လက္မွတ္မ်ားကို သာ ဦးစားေပး စဥ္းစားသည့္ ျမန္မာနိုင္ငံမွာ ေလ်ာက္ထားသူမ်ား ဝင္ခြင့္ခက္ခဲ့ျခင္းျဖစ္သည္။ ျမန္မာ (၁၀) တန္း အမွတ္ျဖင့္ေလ်ာက္ထားသူမ်ားအေနျဖင့္လည္း ပိုလီေက်ာင္းမ်ား၏ တရားဝင္ ဝက္ဆိုက္မ်ားတြင္ ေဖၚျပထားသည့္ အမွတ္မ်ားႏွင့္ လက္ေတြ႕ဝင္ခြင့္ေလ်ာက္ထားရာတြင္ ခြင့္ျပဳသည့္ အမွတ္မ်ား ကြာဟမွု အမ်ားအျပားရွိသည္။

အစိုးရတကၠသိုလ္မ်ားသို႔ ျမန္မာနိုင္ငံမွ iGCSE (GCE O Level) အမွတ္မ်ားျဖင့္ တိုက္ရိုက္ဝင္ခြင့္ေလ်ာက္ ထား မရနိုင္ပါ။ ၂၀၁၆ ဝင္ခြင့္ မွတ္တမ္းမ်ားအရ ျမန္မာ (၁၀)တန္း အဆင့္ျဖင့္လည္း အမွတ္ (၅၀၀) ေက်ာ္ ရသည့္တိုင္ တိုက္ရိုက္ဝင္ခြင့္ရရွိရန္အလြန္ခဲယဥ္းသည္။ အဆိုပါတကၠသိုလ္မ်ား၏ ဝင္ခြင့္ကို စကၤာပူနိုင္ငံ အစိုးရေက်ာင္းမ်ားျဖစ္သည့္ Junior College တြင္ Singapore အစိုးရႏွင့္ Cambridge အစိုးရတို႔ ပူးေပါင္း စစ္ေဆးသည့္ Singapore-Cambridge GCE”A” စာေမးပြဲ ေျဖဆိုထားသူမ်ားကို ဦးစားေပးေခၚယူသည္။ အဆိုပါ စာေမးပြဲကို ျမန္မာနိုင္ငံတြင္ ေျဖဆို၍မရနိုင္သကဲ့သို႔ စကၤာပူရွိ ပုဂၢလိက ေက်ာင္းမ်ားတြင္လည္း တက္ေရာက္မရနိုင္ေပ။

Recommended for you - အက်ဥ္းစံ ေထာင္သား ဘဝကေန စြန္႔ဦးတီထြင္သူျဖစ္လာခဲ့ရတဲ့ အဓိကအေၾကာင္းရင္း ခုနစ္ခ်က္

ေနာက္လမ္းေၾကာင္းတစ္ခုအေနျဖင့္ EduTrust လက္မွတ္ရ Private Education Institution ေက်ာင္းမ်ား တြင္ တက္ေရာက္ ပညာသင္ယူနိုင္သည္။

စကၤာပူနိုင္ငံရွိ ပုဂၢလိကေက်ာင္းမ်ား၏ ထူးျခားခ်က္မွာ စကၤာပူနိုင္ငံတြင္ တက္ေရာက္ရေသာ္လည္း ၎တို႔ ႏွင့္ ခ်ိတ္ဆက္ ထားသည့္ အဂၤလန္၊ ဩစေၾတးလ်၊ အေမရိကန္ တကၠသိုလ္မ်ားမွ ဘြဲ႕မ်ားကို ကုန္က်စရိတ္ သက္သာစြာျဖင့္ ေလ့လာသင္ယူနိုင္ျခင္း ျဖစ္သည္။ ဘြဲ႕ရရွိသည့္အခါ အဆိုပါနိုင္ငံမ်ားတြင္ သြားေရာက္ ပညာသင္သည့္ ေက်ာင္းသားမ်ားႏွင့္ထပ္တူ ခြဲျခားထားမွုမရွိသည့္ ဘြဲ႕လက္မွတ္မ်ား ရရွိျခင္းျဖစ္သည္။

စကၤာပူနိုင္ငံတြင္ ပညာေရးအဆင့္ျမႇင့္တင္ျခင္း၊ နိုင္ငံတကာေက်ာင္းသားမ်ားအတြက္ ပညာေရးဆိုင္ရာ အရည္အေသြးမ်ား၊ ေငြေၾကးဆိုင္ရာ ကိစၥမ်ားအတြက္ အကာအကြယ္ေပးနိုင္ရန္ Council For Private Education ကို ဖြဲ႕စည္းခဲ့ၿပီး ၎အဖြဲ႕အစည္းမွ ပုဂၢလိက ပညာေရးအရည္အေသြးမ်ားကို စိစစ္ထိန္းခ်ဳပ္ကာ ေက်ာင္းမ်ား၏ အရည္အေသြးအလိုက္

(1) EduTrust Star (4 Years)

(2) EduTrust (4 Years) နဲ႔

(3) EduTrust (one Year – Provisional) ဟူ၍ လက္မွတ္မ်ား ထုတ္ေပးထားသည္။

အဆိုပါလက္မွတ္ရရွိထားေသာေက်ာင္းမ်ားသည္ ေက်ာင္းသူ ေက်ာင္းသားမ်ားမွ ေက်ာင္းမ်ားသို႔ ေပးသြင္း ရမည့္ ေငြေၾကးမ်ားႏွင့္ ပတ္သက္၍ အကာအကြယ္ေပးျခင္း၊ က်န္းမာေရးေစာင့္ေရွာက္မွု အကာအကြယ္ ေပးသည့္ အစီအစဥ္မ်ားအျပင္ ေက်ာင္းမ်ား၏ အုပ္ခ်ဳပ္ေရး၊ စီမံခန႔္ခြဲမွုအေရးႏွင့္ ပညာေရးအရည္အေသြး ပိုင္းဆိုင္ရာ စစ္ေဆးကာ ႀကီးၾကပ္ျခင္းမ်ားကိုပါ လုပ္ေဆာင္သည့္အတြက္ အဆိုပါ EduTrust လက္မွတ္ရ ေက်ာင္းမ်ားသည္ အရည္အေသြးႏွင့္ ျပည့္စုံသည့္ ေက်ာင္းမ်ား ျဖစ္ၾကသည္။ EduTrust Star သို႔မဟုတ္ EduTrust (4 Years) လက္မွတ္ရေက်ာင္းမ်ားကိုေရြးခ်ယ္ ေလ်ာက္ထားသင့္သည္။

စကၤာပူတြင္ တစ္ႏွစ္ သို႔မဟုတ္ ႏွစ္ႏွစ္ သင္ယူၿပီး အေမရိကန္၊ ၾသစေၾတးလ်၊ အဂၤလန္ စသည့္ နိုင္ငံမ်ားကို ဆက္လက္ ေလ်ာက္ထားမည္ ဆိုပါက၊ မိမိတို႔ ဆက္လက္ ေလ်ာက္ထားလိုသည့္ နိုင္ငံရွိတကၠသိုလ္သည္ စကၤာပူတြင္တက္ေရာက္မည့္တကၠသိုလ္ႏွင့္ ခိုင္မာစြာ ခ်ိတ္ဆက္ထားမွုရွိ မရွိစုံစမ္းစစ္ေဆးၿပီးမွ ေလ်ာက္ ထားသင့္သည္။

အထူးသျဖင့္ အဂၤလန္၊ အေမရိကန္၊ ၾသစေၾတလ် ဘြဲ႕မ်ားကို ကုန္က်စရိတ္သက္သာစြာအခ်ိန္တိုတို အတြင္း စကၤာပူတြင္ တက္ေရာက္သင္နိုင္ျခင္း၏ အဓိကအခ်က္မွာ စကၤာပူရွိေက်ာင္းမ်ားတြင္ Semester System အစား၊ Trimester System ျဖင့္ သင္ၾကားသည့္အတြက္ ဘြဲ႕၊ ဒီဂရီမ်ားကို အခ်ိန္တိုတိုအတြင္း ရရွိျခင္းေၾကာင့္ျဖစ္သည္။ စာ သင္ၾကားသည့္အခ်ိန္ကို ေလ်ာ့ခ်လိုက္ျခင္းေၾကာင့္ မဟုတ္ေပ။ စကၤာပူတြင္ ဘြဲ႕ရယူၿပီး အျခားနိုင္ငံႀကီးမ်ားတြင္ ဘြဲလြန္မ်ား (MBA, MSc, PhD) စသျဖင့္ ဆက္လက္သင္ယူေလ့လာ နိုင္သည္။

ဘယ္နုိင္ငံကုိသြားသြား အဓိကအခက္အခဲၾကံဳေတြ႕ရတာက ဘာသာစကားအခက္အခဲ ျဖစ္ပါတယ္။ နိုင္ငံ တကာမွာ ပညာသြားေရာက္သင္ၾကားဖို႔ စိတ္ဝင္စားေနတဲ့ လူငယ္ေတြအေနနဲ႕ အဂၤလိပ္စာကို ေသခ်ာျပင္ ဆင္သြားဖုိ႔လိုပါတယ္။ ကြ်န္ေတာ္တို႔ sayar.com.mm နဲ႕ လက္တြဲထားတဲ့ အဂၤလိပ္စာ သင္ၾကားေပးတဲ့ ဆရာ ဆရာမေတြကို ဒီ link ထဲမွာ ရွာေဖြနိုင္ပါတယ္။

သင္က ဆရာတစ္ေယာက္ဆိုရင္ေတာ့ အခုပဲ အခမဲ့ register လုပ္လုိက္ပါ။

Credit: crown education

[Unicode Version]

စင်္ကာပူကို ပညာသင်ဖို့ ရွေးချယ်ကြရာတွင် အထူးသဖြင့် လုံခြုံ စိတ်ချမှုရှိခြင်း၊ (၂) နာရီ (၄၅) မိနစ် ခရီးခန့်သာ ရှိသဖြင့် မိဘများအနေဖြင့် အချိန်မရွေး လိုက်ပါနိုင်ခြင်း၊ ဩစတြေးလျ၊ အင်္ဂလန်မှ ပေးအပ်ချီးမြှင့်သည့်ဘွဲ့များကို ကုန်ကျစရိတ် သက်သာစွာဖြင့် စင်္ကာပူနိုင်ငံတွင် တက်ရောက် ရယူနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။

စင်္ကာပူတွင် ပညာသင်ကြားမည်ဆိုပါက အစိုးရကျောင်းပညာရေးလမ်းကြောင်းနှင့် ပုဂ္ဂလိက ကျောင်း ပညာရေးလမ်းကြောင်းဟူ၍ နှစ်မျိုးခွဲခြားနိုင်ပြီး ပညာသင်ထောက်ပံ့ကြေး ရရှိနိုင်ခြင်း၊ တရားဝင် အချိန်ပိုင်း အလုပ်လုပ်နိုင်ခြင်း၊ ကျောင်းပြီးသောအခါ အလုပ်အကိုင် လျှောက်ထားဖို့ လွယ်ကူခြင်း စသည့်အချက်များ ကြောင့် အစိုးရပညာရေးလမ်းကြောင်းကို စိတ်ဝင်စားမှု ပိုခဲ့ကြသည်။ အစိုးရကျောင်းများအနေဖြင့်လည်း ပညာရေးဆိုင်ရာ မှတ်တမ်းများတွင် ထူးချွန်သူများထဲမှ အတော်ဆုံးကျောင်းသားများကို ရွေးချယ်ခေါ်ယူ လေ့ရှိသဖြင့် ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုများကာ နှစ်စဉ်ခက်ခဲလေ့ရှိသည်။ ယခင်နှစ်များက အစိုးရကျောင်း များမှ ပြီးဆုံးပါက ရရှိနိုင်သော PR (Permanent Resident) အတွက် ၂၀၁၂ မှစ၍ အာမခံချက် မရရှိတော့ ခြင်း၊ ဝင်ခွင့်ရရှိရန် ခက်ခဲလာခြင်း၊ ပုဂ္ဂလိက ပညာရေး လမ်းကြောင်းများမှ (၃) နှစ်နှင့် ဘွဲ့ဒီဂရီ ရရှိနိုင် သော်လည်း အစိုးရပညာရေးလမ်းကြောင်းမှဘွဲ့ရရှိရန် (၅) နှစ်မှ (၆) နှစ်ခန့်အထိ ကြာခြင်း၊ မိမိတို့ စိတ် ကြိုက် ဘာသာရပ်များကို ရွေးချယ်သင်ယူခွင့် မရနိုင်ခြင်း စသည့်အချက်များကြောင့် အများစုမှာ ပုဂ္ဂလိက ပညာရေးလမ်းကြောင်းမှသာ လျှောက်ထားသင်ယူလေ့ ရှိကြသည်။

Recommended for you - အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် ဖုန်းမှာ ထည့်ထားသင့်တဲ့ application များ
စင်္ကာပူအစိုးရကျောင်းများသို့ လျောက်ထားရာတွင် သတိထားရမည့် အချက် အချို့ ကို ဖေါ်ပြအပ်ပါသည်။အစိုးရကျောင်းများအနေဖြင့် ပိုလီ (၅) ကျောင်းနှင့် တက္ကသိုလ် (၄) ခု ရှိသည်။
ပိုလီ (၅) ကျောင်းများမှာ –
(1) Singapore Poly
(2) Ngee Ann Poly
(3) Nanyang Poly
(4) Temasek Poly နဲ့
(5) Republic Polyတို့ဖြစ်ပြီး
စင်္ကာပူအစိုးရတက္ကသိုလ်များအနေဖြင့် –
(1) National University of Singapore
(2) Nanyang Technological University
(3) Singapore University of Technology and Design (SUTD) နှင့်
(4) Singapore Management University တို့ ဖြစ်သည်။
ပိုလီကျောင်းများဝင်ခွင့်အတွက် မြန်မာနိုင်ငံသားများလျောက်ထားရာ ခါတိုင်းနှစ်များထက် ဝင်ခွင့်ပိုခက် လာသည်။ အဓိကအချက်မှာ သူ့နိုင်ငံသားများအတွက် ဦးစားပေးစနစ်များကြောင့် ဖြစ်သလို လျောက်ထား သည့် ကျောင်းသား၏ ပညာရေးအရည်အချင်းကြောင့်လည်းပါဝင်သည်။ ဥပမာ မြန်မာနိုင်ငံမှ iGCSE Cambridge စာမေးပွဲလက်မှတ်ကို ဖြေဆိုလျောက်ထားကြသည်ဆိုရာတွင်၊ စင်ကာပူအစိုးရနှင့် Cambridge Exam တို့ပူးပေါင်း ကျင်းပစစ်ဆေးသည့် Singapore-Cambridge O Level လက်မှတ်များကို သာ ဦးစားပေး စဉ်းစားသည့် မြန်မာနိုင်ငံမှာ လျောက်ထားသူများ ဝင်ခွင့်ခက်ခဲ့ခြင်းဖြစ်သည်။ မြန်မာ (၁၀) တန်း အမှတ်ဖြင့်လျောက်ထားသူများအနေဖြင့်လည်း ပိုလီကျောင်းများ၏ တရားဝင် ဝက်ဆိုက်များတွင် ဖေါ်ပြထားသည့် အမှတ်များနှင့် လက်တွေ့ဝင်ခွင့်လျောက်ထားရာတွင် ခွင့်ပြုသည့် အမှတ်များ ကွာဟမှု အများအပြားရှိသည်။
အစိုးရတက္ကသိုလ်များသို့ မြန်မာနိုင်ငံမှ iGCSE (GCE O Level) အမှတ်များဖြင့် တိုက်ရိုက်ဝင်ခွင့်လျောက် ထား မရနိုင်ပါ။ ၂၀၁၆ ဝင်ခွင့် မှတ်တမ်းများအရ မြန်မာ (၁၀)တန်း အဆင့်ဖြင့်လည်း အမှတ် (၅၀၀) ကျော် ရသည့်တိုင် တိုက်ရိုက်ဝင်ခွင့်ရရှိရန်အလွန်ခဲယဉ်းသည်။ အဆိုပါတက္ကသိုလ်များ၏ ဝင်ခွင့်ကို စင်္ကာပူနိုင်ငံ အစိုးရကျောင်းများဖြစ်သည့် Junior College တွင် Singapore အစိုးရနှင့် Cambridge အစိုးရတို့ ပူးပေါင်း စစ်ဆေးသည့် Singapore-Cambridge GCE”A” စာမေးပွဲ ဖြေဆိုထားသူများကို ဦးစားပေးခေါ်ယူသည်။ အဆိုပါ စာမေးပွဲကို မြန်မာနိုင်ငံတွင် ဖြေဆို၍မရနိုင်သကဲ့သို့ စင်္ကာပူရှိ ပုဂ္ဂလိက ကျောင်းများတွင်လည်း တက်ရောက်မရနိုင်ပေ။

Recommended for you - အကျဉ်းစံ ထောင်သား ဘဝကနေ စွန့်ဦးတီထွင်သူဖြစ်လာခဲ့ရတဲ့ အဓိကအကြောင်းရင်း ခုနစ်ချက်
နောက်လမ်းကြောင်းတစ်ခုအနေဖြင့် EduTrust လက်မှတ်ရ Private Education Institution ကျောင်းများ တွင် တက်ရောက် ပညာသင်ယူနိုင်သည်။
စင်္ကာပူနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများ၏ ထူးခြားချက်မှာ စင်္ကာပူနိုင်ငံတွင် တက်ရောက်ရသော်လည်း ၎င်းတို့ နှင့် ချိတ်ဆက် ထားသည့် အင်္ဂလန်၊ ဩစတြေးလျ၊ အမေရိကန် တက္ကသိုလ်များမှ ဘွဲ့များကို ကုန်ကျစရိတ် သက်သာစွာဖြင့် လေ့လာသင်ယူနိုင်ခြင်း ဖြစ်သည်။ ဘွဲ့ရရှိသည့်အခါ အဆိုပါနိုင်ငံများတွင် သွားရောက် ပညာသင်သည့် ကျောင်းသားများနှင့်ထပ်တူ ခွဲခြားထားမှုမရှိသည့် ဘွဲ့လက်မှတ်များ ရရှိခြင်းဖြစ်သည်။
စင်္ကာပူနိုင်ငံတွင် ပညာရေးအဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတကာကျောင်းသားများအတွက် ပညာရေးဆိုင်ရာ အရည်အသွေးများ၊ ငွေကြေးဆိုင်ရာ ကိစ္စများအတွက် အကာအကွယ်ပေးနိုင်ရန် Council For Private Education ကို ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့အစည်းမှ ပုဂ္ဂလိက ပညာရေးအရည်အသွေးများကို စိစစ်ထိန်းချုပ်ကာ ကျောင်းများ၏ အရည်အသွေးအလိုက်
(1) EduTrust Star (4 Years)
(2) EduTrust (4 Years) နဲ့
(3) EduTrust (one Year – Provisional) ဟူ၍ လက်မှတ်များ ထုတ်ပေးထားသည်။
အဆိုပါလက်မှတ်ရရှိထားသောကျောင်းများသည် ကျောင်းသူ ကျောင်းသားများမှ ကျောင်းများသို့ ပေးသွင်း ရမည့် ငွေကြေးများနှင့် ပတ်သက်၍ အကာအကွယ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ် ပေးသည့် အစီအစဉ်များအပြင် ကျောင်းများ၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှုအရေးနှင့် ပညာရေးအရည်အသွေး ပိုင်းဆိုင်ရာ စစ်ဆေးကာ ကြီးကြပ်ခြင်းများကိုပါ လုပ်ဆောင်သည့်အတွက် အဆိုပါ EduTrust လက်မှတ်ရ ကျောင်းများသည် အရည်အသွေးနှင့် ပြည့်စုံသည့် ကျောင်းများ ဖြစ်ကြသည်။ EduTrust Star သို့မဟုတ် EduTrust (4 Years) လက်မှတ်ရကျောင်းများကိုရွေးချယ် လျောက်ထားသင့်သည်။

စင်္ကာပူတွင် တစ်နှစ် သို့မဟုတ် နှစ်နှစ် သင်ယူပြီး အမေရိကန်၊ သြစတြေးလျ၊ အင်္ဂလန် စသည့် နိုင်ငံများကို ဆက်လက် လျောက်ထားမည် ဆိုပါက၊ မိမိတို့ ဆက်လက် လျောက်ထားလိုသည့် နိုင်ငံရှိတက္ကသိုလ်သည် စင်္ကာပူတွင်တက်ရောက်မည့်တက္ကသိုလ်နှင့် ခိုင်မာစွာ ချိတ်ဆက်ထားမှုရှိ မရှိစုံစမ်းစစ်ဆေးပြီးမှ လျောက် ထားသင့်သည်။
အထူးသဖြင့် အင်္ဂလန်၊ အမေရိကန်၊ သြစတြေလျ ဘွဲ့များကို ကုန်ကျစရိတ်သက်သာစွာအချိန်တိုတို အတွင်း စင်္ကာပူတွင် တက်ရောက်သင်နိုင်ခြင်း၏ အဓိကအချက်မှာ စင်္ကာပူရှိကျောင်းများတွင် Semester System အစား၊ Trimester System ဖြင့် သင်ကြားသည့်အတွက် ဘွဲ့၊ ဒီဂရီများကို အချိန်တိုတိုအတွင်း ရရှိခြင်းကြောင့်ဖြစ်သည်။ စာ သင်ကြားသည့်အချိန်ကို လျော့ချလိုက်ခြင်းကြောင့် မဟုတ်ပေ။ စင်္ကာပူတွင် ဘွဲ့ရယူပြီး အခြားနိုင်ငံကြီးများတွင် ဘွဲလွန်များ (MBA, MSc, PhD) စသဖြင့် ဆက်လက်သင်ယူလေ့လာ နိုင်သည်။

ဘယ်နိုင်ငံကိုသွားသွား အဓိကအခက်အခဲကြုံတွေ့ရတာက ဘာသာစကားအခက်အခဲ ဖြစ်ပါတယ်။ နိုင်ငံ တကာမှာ ပညာသွားရောက်သင်ကြားဖို့ စိတ်ဝင်စားနေတဲ့ လူငယ်တွေအနေနဲ့ အင်္ဂလိပ်စာကို သေချာပြင် ဆင်သွားဖို့လိုပါတယ်။ ကျွန်တော်တို့ sayar.com.mm နဲ့ လက်တွဲထားတဲ့ အင်္ဂလိပ်စာ သင်ကြားပေးတဲ့ ဆရာ ဆရာမတွေကို ဒီ link ထဲမှာ ရှာဖွေနိုင်ပါတယ်။
သင်က ဆရာတစ်ယောက်ဆိုရင်တော့ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
Credit: crown education

Read times Last modified on Friday, 03 January 2020 14:16
Rate this articles
(0 votes)