×

Warning

JUser: :_load: Unable to load user with ID: 723


Success

Tuesday, 29 May 2018

သင်လျှောက်လှမ်းမယ့်ဘဝခရီးအတွက် လိုအပ်တဲ့ စကားစုတချို့

သင်လျှောက်လှမ်းမယ့်ဘဝခရီးအတွက် လိုအပ်တဲ့ စကားစုတချို့ google.com

() ယုံကြည်မှုဆိုတာ ခိုင်မာလာအောင် အကြိမ်ကြိမ်တည်ဆောက်ယူရတယ်... တစ်ကြိမ်ဖျက်ဆီးပစ်လိုက်ပြီးရင်တော့ ယုံကြည်မှုအစစ်ကို ဘယ်တော့မှပြန်မရနိုင်တော့ဘူး...

() ကိုယ့်ကိုယ်ကို လေးစားပါ... ကိုယ်ကိုယ်တိုင်ကတောင် မလေးစားတဲ့သူကို ဘယ်သူကမှ လေးစားမှာမဟုတ်ဘူး...

() ကောင်းတဲ့အစဉ်အလာတွေကို ထိန်းသိမ်းပါ... အစဉ်အလာဆိုးတွေကို အသိဥာဏ်နဲ့သုံးသပ်ပြီး ဖယ်ရှားလိုက်ပါ... အစဉ်အလာဆိုတာ လူတွေကလုပ်ခဲ့တာပါပဲ...

() နှစ်ခုရှိတဲ့အင်္ဂါ အစိတ်အပိုင်းတွေကို အလုပ်ပိုလုပ်ပေးရမယ်... များများနားထောင် များများကြည့် နည်းနည်းပြော ဆိုတာမျိုး... အရေးအကြီးဆုံးကတော့ ဘာပဲလုပ်လုပ် ဦးနှောက်ကိုသုံးဖို့ပဲ...

Recommended for you - သင့်ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တဲ့ အတွေးတချို့

() လုပ်စရာရှိတာကို ချက်ချင်းလုပ်ပါ... အချိန်ဆွဲနေတာဟာ ရရှိမယ့်အခွင့်အလမ်းတွေကို ဖြုန်းတီးပစ်နေတာပါပဲ...

() အားမနာပါနဲ့... ကိုယ်မတတ်နိုင်တဲ့ ကိစ္စကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်တာက တစ်ဖက်လူကို ကူညီရာရောက်ပါတယ်...

() လူတိုင်းအမှားနဲ့မကင်းနိုင်ပါဘူး... မှားတာကို မှားမှန်းသိဖို့လိုပါတယ်... ကိုယ့်အမှားအတွက်လည်း တာဝန်ယူရဲရမယ်...

() ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေ ရှိပါတယ်... ဆက်တက်မှာလား ဆက်ကျမှာလားဆိုတာတော့ သင့်အပေါ်မှာပဲမူတည်တယ်...

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Credit; Original Writer

Recommended for you - မိမိကိုယ်မိမိ အားကိုးခြင်း

Read times Last modified on Wednesday, 08 January 2020 14:02
Rate this articles
(1 Vote)