×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 20 September 2018

ပြင်သစ်နိုင်ငံကျောင်းများတွင် စမတ်ဖုန်းအသုံးပြုခြင်းအား ဥပဒေထုတ်ပြန်၍ တားမြစ်လိုက်ပြီ

ပြင်သစ်နိုင်ငံကျောင်းများတွင် စမတ်ဖုန်းအသုံးပြုခြင်းအား ဥပဒေထုတ်ပြန်၍ တားမြစ်လိုက်ပြီ google.com

ပြင်သစ်ကျောင်းသားများအနေနှင့် ၂၀၁၈ စက်တင်ဘာမှစ၍ ၄င်းတို့၏စမတ်ဖုန်းများနှင့် အခြား Smart Devices များအား အိမ်တွင်ထားခဲ့ရမည် သို့မဟုတ် ကျောင်းသို့ယူလာပါက ပါဝါပိတ်ထားရမည်ဟူသော ဥပဒေတစ်ရပ်ကို ပြဌာန်းခဲ့ပါတယ်။


စမတ်ဖုန်းများနှင့် အခြားအင်တာနက်ချိတ်ဆက်၍ရသော တက်ဘလက်များအသုံးပြုမှု တားမြစ်ခြင်းသည် သက် ၃ နှစ်မှ ၁၅ နှစ်အတွင်းရှိသော ကျောင်းသားအားလုံးအတွက်အကျုံးဝင်ပြီး ထိုဥပဒေကို ၂၀၁၈ ဇူလိုင်မှာ ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၁၅ နှစ်နှင့်အထက် ကျောင်းသားများတက်ရောက်သည့် အထက်တန်းကျောင်းများအနေနဲ့ကတော့ စမတ်ဖုန်းသုံးစွဲမှု တားမြစ်ခြင်းကို လိုက်နာ၏မနာ၏ ရွေးချယ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။


“ ခုခေတ်မှာ Screen Addiction နဲ့ ဆိုးရွားစွာမိုဘိုင်းဖုန်းသုံးစွဲနေမှု ဖြစ်ရပ်ဆန်းတွေရှိတယ်ဆိုတာ ကျွန်တော်တို့သိတယ်၊ ကျွန်တော်တို့ရဲ့အဓိကတာဝန်က ကလေးတွေနဲ့ မြီးကောင်ပေါက်အရွယ် ဆယ်ကျော်သက်လေးတွေကို အဲ့တာတွေကနေ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကပညာရေးရဲ့ အခြေခံတာဝန်တစ်ရပ်ဖြစ်ပြီး ဥပဒေအရ ကာကွယ်ခွင့်ပြုထားတာပဲဖြစ်တယ် ” လို့ ပြင်သစ်ပညာရေးဝန်ကြီး Jean-Michel Blanquer က ပြင်သစ်သတင်းချန်နယ် BFMTV မှာ ဆိုထားပါတယ်။


၂၀၁၀ တုန်းကထုတ်ပြန်ခဲ့တဲ့ ဥပဒေက စမတ်ဖုန်းသုံးစွဲခြင်းကို “ စာသင်ချိန်အားလုံး ” မှာ တားမြစ်ထားပေမယ့် အခုအသစ်ထုတ်ပြန်ထားတဲ့ဥပဒေကတော့ ချွင်းချက်အနေနဲ့ မသန်စွမ်းကျောင်းသားများရဲ့ ကျောင်းပြင်ပလှုပ်ရှားမှုများနှင့် “ သင်ထောက်ကူများ ” မှာ သုံးစွဲလို့ရပါတယ်။


ဒါကတော့ စမတ်ဖုန်းသုံးနေချိန် ကျွန်တော်တို့ရဲ့ဦးနှောက်ပါ။ ကျွန်တော်တို့ရဲ့ စမတ်ဖုန်းတွေအပေါ်ကို မှီခိုမှုလွန်ကဲလာခြင်းက “ Nomophobia ” သို့မဟုတ် “ No Mobile PHOne phoBIA ” ဆိုတဲ့ အခေါ်အဝေါ်တစ်ခုကို ပေါ်ထွက်လာစေပါတယ်။ ဒါက ဆဲလ်ဖုန်း သို့မဟုတ် တခြား Smart Device တွေ မသုံးရမှာ ကြောက်ရွံ့ခြင်းပဲ ဖြစ်ပါတယ်။


UK ရဲ့ Survey တစ်ခုအရ ၆၆% သော ဖြေဆိုသူတွေမှာ အနည်းနဲ့အများတော့ nomophobia ရှိနေပြီး ၄၁% သော ဖြေဆိုသူတွေကတော့ အဆက်အသွယ်မပြတ်အောင် သူတို့ဆီမှာ ဖုန်းနှစ်လုံး ဒါမှမဟုတ် နှစ်လုံးထက်ပိုပြီးထားရှိတယ်လို့ ဆိုကြပါတယ်။

 

Recommended for you - ၂၀၁၈-၁၉ ခုနှစ်၊ ရန်ကုန်နည်းပညာတက္ကသိုလ် ပထမနှစ်ဝင်ခွင့်ရရှိသူများ


စမတ်ဖုန်းနဲ့ အင်တာနက်စွဲလန်းမှုနှုန်းများ မြင့်တက်လာခြင်းကြောင့် ကျွန်တော်တို့ရဲ့ဦးနှောက်မှာ ဒီလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဆိုးကျိုးသက်ရောက်မှုတွေလည်း ရှိနေပါတယ်။


တောင်ကိုးရီးယားကပြုလုပ်ထားတဲ့လေ့လာမှုတစ်ခုအရ အင်တာနက်နှင့်စမတ်ဖုန်းစွဲလန်းမှုရှိသော ဆယ်ကျော်သက်များ၏ ဦးနှောက်မှာ Neurons များ၏ လုပ်ဆောင်ချက်အား နှေးကွေးစေသည့် Neurotransmitter Level မြင့်မားတဲ့အတွက် အာရုံစူးစိုက်မှုနဲ့ ထိန်းချုပ်မှုဆိုင်ရာ အတိုင်းအတာကိုလျော့ကျစေပြီး Distractions ရရှိမှုပိုများစေတယ်လို့ ဆိုပါတယ်။


London School of Economics and Political Science မှ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုကလည်း ကျောင်းမှာ စမတ်သုံးစွဲမှုတားမြစ်လိုက်ခြင်းက ကျောင်းသားတွေရဲ့စာမေးပွဲရလဒ်များကို သိသာထင်ရှားစွာ တိုးတက်လာစေတယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံ၏ Telecoms Regulator ARCEP အရ ၂၀၀၅ ခုနှစ်မှာ ၇၂% ရှိနေရာကနေ ၂၀၁၆ မှာ အသက် ၁၂ နဲ့ ၁၇ အတွင်းရှိတဲ့ ပြင်သစ်ကလေးတွေရဲ့ ၉၀% ကျော်ခန့်က မိုဘိုင်းဖုန်းပိုင်ဆိုင်ကြတယ်လို့ ဆိုပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - McMaster University တွင် တက်ရောက်လိုသူများအတွက်

 

Recommended for you - ပညာရေးကောလိပ်ဆင်းများ အဝေးသင်ဒုတိယနှစ်မှ စတက်ခွင့်ပြုမည်

 

Credit; EDGE

Read times Last modified on Wednesday, 08 January 2020 14:50
Rate this articles
(1 Vote)