`သိန်းလေးဆယ်တန်´မီးပုံးပျံကြီးတက်သွားတဲ့အခါ
`လေးရာတန်´ထမင်းထုပ်လေးစားနေတဲ့
ကလေးလေးက ငေးကြည့်နေတယ်
သိန်းသောင်းများစွာနဲ့တည်ဆောက်ထားတဲ့
ဝေရောစဏ ကျောက်စိမ်းစေတီကြီးရဲ့ရှေ့မှ
အစိမ်းရောင်ဆင်းတုတော်တစ်ဆူ
ခြေရင်းက လက်အုပ်ချီပြီး ရောင်းနေတဲ့
ပန်းသည်လေးက`အကိုရယ်ယူပါနော်´တဲ့!!
သီချင်းတပုဒ်ဆိုရင် သိန်းဆယ်ဂဏန်းရတဲ့
အဆိုတော်မလေးက မီးပွိုင့်က
သီချင်းညည်းရင်း စံပါယ်ပန်းရောင်းတဲ့
ပန်းသည်လေးကိုအကြွေ မရှိသေးဘူးတဲ့!!
ရွှေဆိုင်ပိုင်ရှင် အဒေါ်ကြီးက
ကန်စွန်းရွက်သည် ကလေးလေးကို
`၃စည်း ၅၀၀ မရရင် မယူဘူး´တဲ့!!
ဒါပေမယ့်လေ
မီးပုံးပျံ သိန်းလေးရာတန်ကို
လက်ခုပ်တီးရင်း ကနေကြသူတွေဟာ
ကလေးငယ်လေးရဲ့ ထမင်းထုတ်ကို
မတွေ့မိလိုက်ကြဘူး။
ဟင်းဆိုတာ
ပဲရည်ကျဲလေးနဲ့ ဂေါ်ဖီကြော်!!
ကလေးလေးနားကို ဖုတ်ခနဲ ကျသွားတာက
သိန်းဂဏန်းတန်တဲ့ အရက်ပုလင်းခွံတစ်လုံး
ကျောက်စိမ်း စေတီကြီးဆီမှာ
ဆုတောင်းနေသံတွေကို လေ့လာရင်
လောဘတွေ ပြည့်နေပေမယ့်
ပန်းရောင်းတဲ့ ကလေးလေးပါးစပ်က
မေတ္တာပို့သံလေးလွင့်လွင့်လာတတ်တယ်!!
စံပါယ်ပန်းတွဲလေးကိုင်ထားတဲ့
ကလေးလေးက
သူ ဈေးမရောင်းရတာကို ဝမ်းမနည်းဘူးဗျာ
ကားပေါ်က အဆိုတော်မလေးကိုတွေ့ရလို့
အားရဝမ်းသာ ရယ်ပြနေတယ်!!
ကန်စွန်းရွက်
၃ စီး ၅၀၀ နဲ့ ဈေးဆစ်နိုင်လို့
ပြုံးနေတဲ့ အဒေါ်ကြီးကို
ဈေးသည်လေးက
နောက်တစ်ခါ ဝယ်လှည့်ပါဦးတဲ့!!
တစ်ခါတစ်ခါ
ပြောင်းပြန်ဖြစ်တဲ့လောကဓံနဲ့
လောကကြီးကို မုန်းတယ်!!
Read More
အလုပ်ပြီးချိန် ညခင်းတွေမှာ မင်းဘာလုပ်လဲဆိုတာက မင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်
credit - original writer