×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 21 September 2018

ဆရာများ သင်ကြားရေးထိရောက်ဖို့အတွက် အရေးကြီးသောအချက်များ

ဆရာများ သင်ကြားရေးထိရောက်ဖို့အတွက် အရေးကြီးသောအချက်များ google.com

၁။ မိမိသင်ကြားမည့်ဘာသာရပ်ကို နားလည်ခြင်း

သုသေသနလေ့လာမှုပေါင်း ၂၀၀ အရ ကိုယ်သင်ကြားမယ့်ဘာသာရပ်ကို သေသေချာချာနားလည်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်က သိသာတယ်ဆိုပေမယ့် လေ့လာချက်အရ ဒီလို ဘာသာရပ်ကိုနားလည်မှု စာသင်ကြားပေးမယ့် ဆရာတွေက အရမ်းအရေးကြီးပါတယ်။


၂။ အရမ်းချီးကျူးမှုက ကောင်းတာထက် ဆိုးတာကိုပိုအားပေးပါတယ်

မှားယွင်းတဲ့ ချီးကျူးမှုမျိုးက ကျောင်းသားတွေအတွက် မကောင်းပါဘူး။ ကျွမ်းကျင်သူများ လေ့လာချက်အရ ချီးကျူးတယ်ဆိုတာ အားပေးတယ်လို့ ဆိုလိုချင်ပေမယ့်၊ တကယ့် အဓိပ္ပာယ်ပေါက်သွားတာက ဆရာဘက်က ကျောင်းသားအပေါ်ကို မမျှော်လင့်တဲ့ပုံ ဖြစ်သွားစေပါတယ်။ ဥပမာ ကျောင်းသားရဲ့ ရှုံးနိမ့်မှုကို ဆရာက ဒေါသထွက်မယ့်အစား ဂရုဏာသက်တဲ့ပုံ ပြမယ်ဆိုရင် ကျောင်းသားက သူအရည်အချင်းမရှိလို့ ဒီလိုဖြစ်သွားတာလို့ ခံယူသွားနိုင်ပါတယ်။ ဒါပေမယ့် အချို့နည်းလမ်းတွေက အခြေအနေပေါ် မူတည်ပါတယ်။


၃။ သင်ကြားမှုပုံစံများ

သင်ကြားမှုပုံစံက အခြေခံအရမ်းမကောင်းတဲ့ ကျောင်းသားတွေအတွက် အရမ်းအရေးကြီးပြီး၊ မေးခွန်းထုတ်တဲ့ပုံစံ၊ စာစစ်တဲ့ ပုံစံတွေကလည်း အရေးကြီးပါတယ်။ ဒီအပိုင်းမှာဆိုရင် ကျောင်းသားတွေကို လေ့လာဖို့အချိန်ပေးခြင်း၊ ဖြည်းဖြည်းချင်း သင်ကြားပေးတာတို့ ပါဝင်ပါတယ်။ ထိရောက်တဲ့သင်ကြားမှုဆိုတာ အဓိပ္ပါယ်ဖွင့်ဖို့ ခက်ပေမယ့်၊ ကျောင်းသားရဲ့ အောင်မြင်မှုဆိုတာ ဆရာရဲ့အရည်အချင်းကို ဖော်ပြရာလည်း ရောက်ပါတယ်။

 

Recommended for you - ၂၀၁၈-၁၉ ခုနှစ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် - UIT ဝင်ခွင့်ရစာရင်း ထုတ်ပြန်ခြင်း


၎။ ဆရာရဲ့ ယုံကြည်မှု

အတန်းထဲမှာ သင်ကြားမှုပုံစံနဲ့ ရည်ရွယ်ချက်ကို သိဖို့လိုပါတယ်။ ဥပမာ သင်္ချာသင်ကြားတဲ့ပုံစံနဲ့ ဘာကိုနားလည်စေချင်လဲ၊ ကျောင်းသားတွေ ဘယ်လိုလေ့လာစေချင်လဲ ဆိုတာတွေကလည်း ထည့်သွင်းစဉ်းစားရမှာပါ။


၅။ ဆရာနဲ့ကျောင်းသား ဆက်ဆံရေး

ဆရာနဲ့ ကျောင်းသား အပြန်အလှန်ဆက်ဆံမှုကလည်း သင်ကြားရေးမှာ သက်ရောက်မှုရှိပါတယ်။ ဆရာအနေနဲ့လည်း သင်ကြားဖို့တက်ကြွနေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးရမှာပါ။ ကျောင်းသားရဲ့အောင်မြင်မှုဆိုတာ အရည်အချင်းထက်၊ ကြိုးစားမှုပါဝင်သင့်ပါတယ်။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - သင့်ရဲ့ တစ်နေ့တာကို ဖျက်ဆီးပစ်နိုင်တဲ့ မနက်ခင်းအပြုအမူ (၅) ခု

Read times Last modified on Wednesday, 08 January 2020 14:49
Rate this articles
(1 Vote)