×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 26 September 2018

ဘာသာစကားအသစ်တစ်ခုသင်ယူခြင်းကြောင့် ရလာမယ့်အကျိုကျေးဇူးများ

ဘာသာစကားအသစ်တစ်ခုသင်ယူခြင်းကြောင့် ရလာမယ့်အကျိုကျေးဇူးများ google.com

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ မိခင်ဘာသာစကားအပြင် နောက်ထပ်ဘာသာစကားအသစ်တစ်ခုကို သင်ယူတတ်မြောက်ထားတဲ့သူတွေဟာ စမတ်ကျပြီး ဆွဲဆောင်မှုပိုရှိကြတယ်လို့ ဆိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းခွင်အပါအဝင် လူမှုဆက်ဆံရေးနယ်ပယ်မှာ ပိုမိုကောင်းမွန်တဲ့ စကားပြောစွမ်းရည်တွေရှိစေခြင်းကြောင့် ဖြစ်ပါတယ်။


ဘာသာစကားအသစ်တစ်ခုသင်ယူခြင်းကြောင့် သင့်ကို လူတော်တစ်ယောက်ဖြစ်စေတဲ့ နောက်ထပ်အကြောင်းအရင်းတွေလည်း ရှိသေးတဲ့အတွက် အခုပဲ ဗဟုသုတမှတ်စုတိုအဖြစ် ဖော်ပြပေးလိုက်ပါတယ်။


ဦးနှောက်စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေခြင်း

ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် သင်ယူတတ်မြောက်ထားတဲ့သူတွေဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို တိုးတက်စေပါတယ်။ မိခင်ဘာသာစကားမဟုတ်တဲ့ ဘာသာစကားအသစ်တစ်ခုရဲ့မတူညီတဲ့ လေ့လာမှတ်သားမှုပုံစံ၊ စကားလုံးအသစ်တွေကို သင်ယူမှုအခက်အခဲ စတာတွေကို ညှိနှိုင်းအဖြေရှာရင်း ဦးနှောက်ရဲ့လုပ်ငန်းတွေကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေပါတယ်။ ဒါ့အပြင် မိခင်ဘာသာစကားနဲ့ နောက်ထပ်ဘာသာစကားအသစ်ရဲ့ မတူညီတဲ့ စကားလုံးအသုံးအနှုန်းနဲ့ ဘာသာစကားအသုံးပြုတဲ့ မတူညီတဲ့ပတ်ဝန်းကျင် အနေအထားကိုလည်း ကောင်းမွန်စွာ စီမံခန့်ခွဲလာနိုင်မှာပါ။


ရူးသွပ်ခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းကို ကာကွယ်ပေးခြင်း

ဘာသာစကားနှစ်ခု (မိခင်ဘာသာစကားနှင့် ဘာသာစကားအသစ်) ကို သင်ယူတတ်မြောက်ထားသူတွေဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းကို လျော့ကျစေသလို ရူးသွပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ The University of Kentucky College of Medicine in Lexington မှ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Brian Gold ကပြောပါတယ်။ လေ့လာစမ်းသပ်မှုတွေအရ ဒီလို ဘာသာစကားနှစ်မျိုးတတ်မြောက်သူတွေရဲ့ ဦးနှောက်စွမ်းရည်ဟာ အယ်လ်ဇိုင်းမားရောဂါနဲ့ ရူးသွပ်ခြင်းတို့ကြောင့် မှတ်ဥာဏ်ပျောက်ဆုံးခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။


ဆွဲဆောင်မှုပိုရှိလာခြင်း

ဒီအချက်ကလည်း သိသာပါတယ်။ အနီးစပ်ဆုံးသူငယ်ချင်းတွေကြားမှာတောင် ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့သူက ပိုပြီးခင်မင်တဲ့သူပေါတယ်။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာလည်း အရေးပေးတာ ခံရပါတယ်။ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ကိုရီးယား၊ ဂျပန် စသဖြင့် ဘာသာစကားတစ်ခုခုပဲ တတ်မြောက်စေဦး လူအများကြားမှာ ယုံကြည်မှုအပြည့်ရှိနေခြင်းက ပိုပြီးဆွဲဆောင်မှုဖြစ်စေပါတယ်။


အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်ခြင်း

တိုးတတ်နေတဲ့ ဒီခေတ်ကြီးမှာ အရာရာက နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလာမှာပဲ။ ပေါင်းသင်းဆက်ဆံရေး၊ ပညာသင်ကြားရေးတွေအပြင် အထူးသဖြင့် လုပ်ငန်းခွင်မှာဆို ပိုပြီးသိသာပါတယ်။ ဘာသာစကားအသစ်တစ်ခု သင်ယူတတ်မြောက်သူနဲ့ မတတ်တဲ့သူ ရရှိတဲ့အလုပ်အကိုင်အခွင့်အလမ်းချင်းက ကွာပါတယ်။


ပိုကောင်းတဲ့ ဆက်ဆံရေးနယ်ပယ်များချဲ့ထွင်နိုင်ခြင်း

ဘာသာစကားအသစ်တစ်ခု တတ်မြောက်ထားတဲ့အတွက် ကိုယ့်နယ်ပယ်မဟုတ်တဲ့ တခြားအတွေ့အကြုံသစ်၊ နယ်ပယ်သစ်က လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ချဲ့ထွင်လာနိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပေါင်းသင်းဆက်ဆံရေးမှာ အဓိကကျတဲ့အရာက စကားပြောစွမ်းရည်ဖြစ်လို့ပါပဲ။ ဘာသာစကားအသစ်ကြောင့် နယ်ပယ်သစ်၊ အတွေ့အကြုံသစ်တွေ ထပ်ပြီး တိုးချဲ့လာဖို့ပဲရှိပါတယ်။ အဲ့ဒီနယ်ပယ်သစ်တွေကနေ ကိုယ့်အတွက်အခွင့်အလမ်းအသစ်တွေ ထပ်မံရရှိလာမယ်ဆိုတာ အသေအချာပါပဲ။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - TeessideUniversity, UK မှ ပေးအပ်မည့် Master of Science in Engineering Management ဘာသာရပ် လျှောက်ထားနိုင်

 

Recommended for you - သင့်ကလေးကို မူကြိုကျောင်းပို့ပြီးရင်တော့ ဒီလိုမျိုး ထူးခြားမှုလေးတွေ ဖြစ်လာစေမှာပါ

 

Credit; Shwemom

Read times Last modified on Wednesday, 08 January 2020 14:59
Rate this articles
(1 Vote)