Saturday, 13 July 2019 15:50

"ဘီလ်ဂိတ်ကို မုန်းခဲ့သော ဂျက်မား "

Microsoft ဆော့ဖ်ဝဲကို တီထွင်ခဲ့သူ၊ ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်ကို လူတိုင်းက အားကျခဲ့ကြတယ်။

Saturday, 13 July 2019 15:23

"ကျောင်းပြီးတာနဲ့ လစာကောင်းတဲ့အလုပ်ရဖို့ ဒါတွေသိဖို့ လိုပါတယ်"

တက္ကသိုလ်ကျောင်းသားဘဝဆိုတာ လွတ်လပ်ပေါ့ပါးတဲ့ လူငယ်ဘဝရဲ့ နောက်ဆုံးနေ့ ရက် တွေလို့ ပြောရမှာပါ။

Saturday, 13 July 2019 14:47

"နောင်တတွေမရှိပဲ ဘဝကိုရှင်သန်ဖို့ နည်းလမ်း (၅) ချက်"

သင့်ဘဝရဲ့နောက်ဆုံးအချိန်ကို တွေးတောပါ။ ထိုအချိန်ရောက်လာတဲ့အခါ သင်ဘာတွေဖြစ်ချင်သလဲ၊ ဘာတွေလုပ်ချင်သလဲ။

Friday, 12 July 2019 17:56

သင်ဒါတွေသိပြီးပြီလား?

(၁) ကမ္ဘာပေါ်မှာ ရွှေအိုရောင်ပုလဲ ထွက်ရှိသည့် တစ်ခုတည်းသော နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။

28467682_1825423447468304_7324198281273971425_n-622x415.jpg


(၂) မဲဇာတောင်ခြေတည်ရှိရာအရပ်သည် စစ်ကိုင်းတိုင်းဒေသကြီး ၏ အထက်ပိုင်း အင်းတော်မြို့ နယ်တွင်တည်ရှိပါသည်။

Yesagyo_News_၂.jpg


(၃) မြန်မာနိုင်ငံရှိ တောင်ဘက်မှ မြောက်ဘက်သို့  ပြောင်းပြန် စီးစင်းသော မြစ်များမှာ ..သောင်းရင်းမြစ်၊ ဂျိုင်းမြစ်၊ ဇော်ဂျီမြစ်၊ မြစ်သာမြစ်၊ အတ္တရံမြစ်၊ တနင်္သာရီ မြစ်တို့ ဖြစ်ကြပါတယ်။

SOBA-feature-2-1000x400-800x400.jpg

 

(၄) ဘူမိဗေဒ ပညာရှင်များ၏ အဆိုအရ ဧရာဝတီမြစ်ကြီးသည် သက်တန်းနှစ်ပေါင်း ၁၅ သန်း ရှိပြီး " ဧရာဝတီ" ဟူသော အမည်ဖြင့်ျေကျာ်ကြားခဲ့သည်မှာ နျစ်ပေါင်း ၁၆၀၀ ကျော်ပြီဖြစ်သည်။

Irawaddy-Birds-Eye-View.jpg

 

(၅) မန္တလေး ကျုံးသည် အကျယ် ၂၂၅ ပေရှိပြီး အနက်မှာ ၁၁ ပေရှိသည်။ မင်းတုန်းမင်းတရားကြီးမှ သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် တည်ခဲ့သည်။

400px-Mandalay_Fort_Wall.jpg


(၆) ကမ္ဘာ့ ကုလသမဂ္ဂအတွင်းရေးမှူး တာဝန်ထမ်းဆောင်နေစဉ် က တိုင်းတစ်ပါးရောက်နေသော ဦးသန့် သည် မြန်မာနိုင်ငံမှ ချဉ်မောင်မျိုးစေ့အားယူပြီး ရုံးနောက်ရှိ မြေကွက်လပ်တွင် စိုက်ပျိုးကာ စားသုံးခဲ့သည်။

U_Thant_250px.jpg


(၇) ရွှေတိဂုံစေတီ ထီးတော်တွင် လက်ဝတ်ရတနာပေါင်း ၈၃၈၅၀ နှင့် ရွှေဆည်းပေါင်း ၄၀၁၆ လုံးချိတ်ဆွဲထားသည်။ စိန်ဖူးတော်တွင် စိန်လုံးရေ ၄၃၅၁ လုံးပါရှိပြီး အကြီးဆုံးမှာ ၇၆ ကာရက် အထွတ်စိန်ကြီးဖြစ်သည်။

www.myanmarexpress.net_9.jpg


(၈) ဝိတိုရီယ ဘုရင်မကြီး၏ သရဖူမှ ပတ္တမြားငမောက်သည် မြန်မာ နန်းစဉ်ရတနာဖြစ်သည်။ ထိုပတ္တမြား ငမောက်အား (၁၈၈၅ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ) တွင် မြန်မာနိုင်ငံမှ စလေဒင်မှ ယူဆောင်ပြီး ဆက်သထားခြင်းဖြစ်သည်။ ဧကရီ ဘုရင်မကြီးထံပေးပို့ သည့် ပစ္စည်းများတွင် သီပေါမင်း၏ အကောင်းဆုံသော သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီး သုံးလုံး ၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကတစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီးတစ်ချောင်းတို့ ပါသည်။

queenPX1.jpg


မြသန်းတင့် ( တောင်သမန်ရွှေအင်းမှ)


(၉) “မင်္ဂလာပါ" ဟူသော နှုတ်ဆက်စကားကို စတင်တီထွင်ခဲ့သူမှာ ထွန်းနေ့စဉ်သတင်းစာမှ ဦးထွန်းဖေ ဖြစ်သည်။

download.jpeg

 

(၁၀) ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဆုံးဝင်ရောက်ယှသ်ပြိုင်ခဲ့သူမှာ လူသန်ကြီး ဦးဇော်ဝိတ်ဖြစ်ပြီး၊ ၁၉၃၆ ခုနှစ်က ဂျာမနီ နိုင်ငံ ဘာလင်မြို့ တွင်ကျင်းပသော ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲ အလေးမပြိုင်ပွဲတွင် ဝင်ရောက်ယှသ်ပြိုင်ခဲ့သည်။

1-9-1.jpg


(၁၁) ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ ပထမာဆုံးကမ်းလှမ်းခံရတဲ့  မြန်မာရုပ်ရှင်မင်းသမီးက ဝင်းမင်းသန့်းပဲ ဖြစ်ပါတယ်။ ဟောလီးဝုဒ် ဖာတ်ကားတစ်ခုလုံးမှာ မြန်မာဝတ်စုံကိုပဲ ဝတ်ပရစေလို့ တောင်းဆိုခဲ့တဲ့ မြန်မာ့သွေး ၊ မြန်မာ့ အလှ ကမ္ဘာမှပြခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦးဖြစ်သည်။

Screen_Shot_2015-03-21_at_5.31.27_pm.png


(၁၂) မြန်မာ့ရေတပ်မတော်၏ပထမဆုံးသောတိုက်သင်္ဘောကို ကနောင်မင်းသားကြီးမှ ဦးဆောင်ပြီး ခရစ်နှစ် ၁၈၇၃ စက်တင်ဘာလ ၉ ရက်နေ့ တွင် ရတနာပုံသင်္ဘောစက်ရုံကြီးတွင် မြန်မာ့ပထမဆုံး သံထည်တိုက်သင်္ဘောကို ရေချနိုင်ခဲ့ပါတယ်။ ရေချပွဲကို မက္ခရာမင်းသား၊ ရွှေကူမင်းသားတို့ တက်ရောက်ပြီး မင်းခန်းမင်းနားနဲ့ ကြီးကြယ်စွာ သင်္ဘောရေချပွဲပြုလုပ်ခဲ့ပါတယ်။

Photo_172.jpg


(၁၃) ကမ္ဘာ့ ပထမဦးဆုံနှင့် မြန်မာ့ ပထမဆုံးလေယာဦပြန်ပေးဆွဲမှုသည် ၁၉၅၄ ခု၊ ဇွန်လ၊ ၂၅ရက်နေ့တွင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းတွင်ဖြစ်ပွားခဲ့သည်။ ကရင်လက်နက်ကိုင် သုံးဦးက မြန်မာ့လေကြောင်းသယ်ယူပို့ ဆောင်ရေးအဖွဲ့ ပိုင် ဒါကိုလေယာဉ်အမှတ်(XYACT) ကိုပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။

150518170438-lead-dnt-brown-airplane-computer-hacking-00000601-exlarge-169.jpg


(၁၄) မြန်မာကသတ်မှတ်သော "ပင်လယ်ရေမျက်နှာပြင်" (sea level) မှာ ကျိုက္ခမီတွင် "သုည" ဟုသတ်မှတ်ထားပြီးမှ တစ်နိုင်ငံလုံးလိုက်၍ ယှဉ်ခြင်းဖြစ်သည်။

2gsjgna1uruvUuS7ndh9YqVwYGPLVszbFLwwpAYXa4YEbcJMhzJuMiYb8kkFPL95FFXiaFvHJnnZQtXUBUT6Z5QL1A9kavieqpzEEjrxXKdW8MFVLS.jpeg


(၁၅) ထိုင်းနိုင်ငံ Bosang ဒေသမှ ကျောင်းထိုင်ဆရာတော် pra inttha ဟာနယ်လှည့်တရားဟောခဲ့ရာမှ မြန်မာ့ ပုသိမ်ထီးကို တွေ့ ရှိသဘောကျကာ မန္တလေးမြို့ နျှင့် ပုသိမ် မြို့ တို့ ကို သွားရောက်ပြီး ထီးလုပ်တဲ့ ပညာကို လေ့လာဆည်းပူးခဲ့သည်။ ထိုပညာရပ်များကို မိမိဇာတိဖြစ်တဲ့  Bosang ရွာကို ပြန်သယ်သွားက ရွာသားများကို ပြန်လည်သင်ကြားခဲ့ရာမှ Bosangထီးပေါ်ပေါက်ခဲ့သည်။

19073004_453499741683295_558254874_o.jpg


ယနေ့ ဆိုလျှင် Bosang ထီးဟာ ကမ္ဘာ့ အမွေအနှစ် တစ်ခုဖြစ်ခဲ့ပြီး နှစ်စဉ် Bosang ထီးပွဲတော် ကို ကျင်းပလေ့ရှိသည်။

 

(၁၆) ရခိုင်မျိုးနွယ်စုတွင်ပါဝင်သော မြို လူမျိုးတို့ ၏ ထူးဆန်းသော ဓလေ့တစ်ခုမှာ ချစ်သူရည်းစားရရှိပြီးသော ကောင်လေးနှင့်ကောင်မလေးသည် တစ်ယောက်မျက်ခုံကို တစ်ယောက်အပြန်အလှန်နှုတ်ပစ်ကြသည်။ မျက်ခုံးမွှေးမပါသော ကောင်လေးနှင့် ကောင်မလေးတို့ သည် ပိုင်ရှင်ချစ်သူရှိပြီးသော သူများဟု သတ်မှတ်ပြီး အခြားမည်သူမျှ ရည်းစားစကားမပြောကြရခြင်းဖြစ်သည်။

58099_197451703712328_580228281_n.jpg


(၁၇) ၁၈၈၅ ခုနှစ်တွင် သူ့ ကျွန်ဘဝကျရောက်ပြီး ၁၈၈၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော စက်ရုံသည် မန္တလေး ဘီယာနှင့် အရက်ချက်စက်ရုံဖြစ်သည်။

13245224_716773885092854_2871868891707263325_n.jpg


(၁၈) မြန်မာနိုင်ငံရဲ့ အစွန်အဖျား မြို့များမှာ

boder_trade_map_New_9-10-13_all.jpg


အရှေ့ - မိုင်းယောင်းမြို့
အနောက် - မောင်တောမြို့ 
တောင် - ကော့သောင်းမြို့
မြောက် - နောင်မွန်မြို့

 

Credit : ခေမိန်

sayar.com.mm

Friday, 12 July 2019 16:01

"ထူးချွန်ထက်မြက်သူတိုင်း ဂရုမစိုက်သည့် အရာ (၆) ခု"

(၁) အတိတ်ဆိုတဲ့အရာ

Friday, 12 July 2019 09:57

"အာဇာနည် နေ့တွင် ဗိုလ်ချုပ်ပြတိုက်၌ အထူးအစီအစဉ်နှစ်ရပ်ပြသရန် စီစဉ်ထားရှိ"

ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၂)နှစ်မြောက် အာဇာနည်နေ့တွင် ယခုနှစ်အထူးအစီအစဉ်အဖြစ် လွတ်လပ် ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ဒေါ်ခင်ကြည်နှင့် မိသား စုနေထိုင်ခဲ့သော အိမ်အောက်ထပ် ဧည့်ခန်းကို ထိုအချိန်ကပုံစံအတိုင်းနှင့် ဗိုလ်ချုပ်ဝတ်ဆင် အသုံးပြုခဲ့သော အဝတ်အစားများကို ပြသရန်ပြင်ဆင်မှု ကို ဇူလိုင် ၇ ရက်က ပြီးစီးခဲ့ရာ အများ ပြည်သူအား ပြသရန်အသင့်ဖြစ်နေပြီဖြစ် ကြောင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်ပြတိုက်မှ သိရသည်။

Thursday, 11 July 2019 16:42

"တစ်ခေါက်လောက်မဖြစ်မနေကြည့်သင့် တဲ့ ပညာရေး အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကား (၅) ကား"

(1) Taare Zameen Par (Like stars on Earth)

maxresdefault 2

https://bit.ly/2G6XQuo


ဒီဇာတ်ကားမှာဆိုရင် ဆရာနဲ့ တပည့်တွေကြားမှာ လိုအပ်နေတဲ့အရာတွေ၊ မိဘနဲ့ သားသမီးကြားမှလိုအပ်တဲ့အရာတွေကိုရိုက်ကူထားတာဖြစ်ပါတယ်။ တစ်ကယ့်အပြင် လက်တွေ့ ဘဝမှာလည်း Amir Khan လို ဆရာတွေ အများကြီရှိဖို့ လိုအပ်ပါတယ်။

 

(2). Waiting For "Superman"

waiting for superman 30293

 

https://bit.ly/2XSafwo
ဒီဇာတ်ကားကတော့ အမေရိကန်ရဲ့ ပညာရေးအကြောင်း ရိုက်ကူးထားတဲ့ ပညာရေး ဇတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။


(3). Bully

bully camp

 

https://bit.ly/2XGCNJS
ဒီဇာတ်ကားက တော့ ဆယ်ကျော်သက် ငါးယောက်နဲ့ တစ်ကမ္ဘာ လုံးကstate ကျောင်းတွေမှာ ဖြစ်ပျက်နေတဲ့  အင်းအားကြီးတဲ့ ကျောင်းသား က အင်းအားနည်းတဲ့ ကျောင်းသားကို အနိုင်ကျင့်၊ ဗိုလ်ကျ တဲ့ အကြောင်းကိုရိုက်ကူးထားတာပါ။ ဒီဇတ်ကားက ကျောင်းသားတွေသာ မက မိဘများအတွက်ပါ eye-Opening ဖြစ်စေမယ့်ဇတ်ကားကောင်းတစ်ကားပါ။


(4)  Dead Poets Society

rs_600x600-190531143705-600x600-deadpoetssociety-gj-5-31-19_fit_around_600_467_crop_600_467.jpeg

 

https://bit.ly/2G6Y8l8
ဒီကားကတော့ ဇာတ်ညွှန်းရေး ဆရာ တစ်ယောက်ရဲ့ ဘဝ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီကားကိုကြည့်ခြင်းအားဖြင့် ကိုယ့်မှာရှိတဲ့  ပင်ကိုယ်အရည်အခြင်းတွေရဲ့ တန်ဖိုးကို သိမြင်ပြီးတော့ ကျောင်းရဲ့ အပြင်နယ်ပယ်မှာရှိတဲ့ ဘဝရဲ့ သင်ခန်းစာတွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။

 

(5) School Of Rock

image.jpeg


ဒီဇာတ်ကားက ကျောင်းသားလူငယ်တွေဂီတနဲ့ ပက်သက်ပြီး ကိုယ့် ကိုယ်ကိုယုံကြည်မှုရှိဖို့ ကိုသင်ပေးပါလိမ့်မယ်။
ပြီးတော့ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တဲ့ အကြောင်းကို comedy ဆန်ဆန်ရိုက်ကူးထာတဲ့ အတွက် ကြည့်တဲ့အခါမှာလည်း ပျင်းမသွားပါဘူး။

ဘာပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်သင့်တဲ့ ဇတ်ကားကောင်းတစ်ခုပါ။

sayar.com.mm

- ဤဝက်ဆိုဒ်တွင် သင်ယူလိုသည့် သူများအနေဖြင့် ဂီတ၊ ဘာသာစကား၊ ကွန်ပြူတာ၊ ကျောင်းဘာသာရပ်များ၊ ဒီဇိုင်းပညာရပ်များ၊ အနုပညာ စသည်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသော ဆရာ၊ ဆရာမ    များကိုရှာဖွေ နိုင်ပါသည်။
- ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက် အပြည့် အစုံပါဝင်သောကြောင့် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
- ဝင်ရောက်ကြည့်ရှု၊ ရှာဖွေ ပါက ဤလင့်ခ် sayar.com.mm  လေးကိုသာနှိပ်လိုက်ပါ။

Thursday, 11 July 2019 10:27

"ဘာသာစကား အသစ်အသစ် တွေ သင်ယူမယ်ဆိုရင် ရရှိလာမယ့် အကျိုးကျေးဇူးများ"

နောက်ထပ်ဘာသာစကားတစ်ခု သင်ယူတတ်မြောက်သွားတဲ့အခါ သင့်ဦးနှောက်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ပိုရှိလာမလဲ၊ ဘာကြောင့် သင်ယူဖို့ နောက်မတွန့်သင့်တာလဲ၊ ဘာသာစကားတွေ အများကြီးတတ်ဖို့ ဘာကိုအရင်ဆုံးလုပ်ရမလဲ ဆိုတာ ဖော်ပြလိုက်ပါတယ်။

Wednesday, 10 July 2019 16:51

"အသက် ၂၁ နှစ်အရွယ်မှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆နိုင်ငံကို သွားရောက်လည်ပတ်နိုင်ခဲ့တဲ့ စံချိန်တင်ခဲ့တဲ့ မိန်းကလေး"

လူအများစုအတွက်တော့ နိုင်ငံပေါင်း ရာနဲ့ချီပြီး မပြောနဲ့ ၁၀ နိုင်ငံလောက်တောင်ရောက်နိုင်ဖို့တောင် ခက်ခဲလှပါတယ်။

Wednesday, 10 July 2019 14:34

"သင်သတိမထားမိတဲ့  သင့်ရဲ့ ဦးနှောက်စွမ်းရည်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်တဲ့ နေထိုင်မှုများ"

ကျွန်တော်တို့ နေ့ စဉ် နေထိုင်၊ သွားလာ၊ လှုပ်ရှားနေတာ အကုန်လုံးက ကျွန်တော်တို့ ဦးနှောက်နဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။

Page 34 of 87