Wednesday, 03 July 2019 15:54

"ကဗျာဆရာမ ငွေတာရီဆိုတာ"

ငွေတာရီသည်မြန်မာစာပေလောကတွင် ထင်ရှားသော ကဗျာဆရာမတစ်ဦးဖြစ်ခဲ့သည်။;ငွေတာရီ၏ အမည်ရင်းက;ဒေါ်ခင်ရီ;ဖြစ်သည်။;ငွေတာရီကို ၁၉၂၅ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက် တွင် ရန်ကုန်မြို့ ဗြိတိသျှဘားမားဦးညွန့် နှ;ဒေါ်ချစ်တင်တို့ကမွေးဖွားခဲ့သည်။

Wednesday, 03 July 2019 13:29

"ဆွဲဆောင်မှုမြင့်မားသူတွေမှာ ရှိတဲ့ အမူအကျင့်များ နဲ့ ခံယူချက်များ"

ဆွဲဆောင်မှုမြင့်မားတဲ့ လူတွေဟာ အမြဲတမ်းပဲ လူတွေကြားထဲမှာ ထင်ပေါ်နေတတ်ပြီး သူတို့ဘာကြောင့် စိတ်ဝင်စားစရာကောင်းလဲဆိုတာကို သင်သိချင်ပါလိမ့်မယ်။

Wednesday, 03 July 2019 10:50

"သွေးလှူလို့ရတဲ့ ဒေါ်လာ ၃၀ နဲ့ ဘဝကို ခက်ခက်ခဲခဲ လျှောက်လှမ်းလာခဲ့ရတဲ့ သန်းကြွယ်သူဌေး တစ်ယောက်အကြောင်း"

သူကတော့ I Myanmar House.com ကို စတင်တည်ထောင်ခဲ့တဲ့ ဦးနေမင်းသူပဲ ဖြစ်ပါတယ်။

Tuesday, 02 July 2019 17:21

"သတိထားရမယ့် လုပ်ငန်းခွင် Email ယဉ်ကျေးမှု (၁၀) ခု"

ကိုယ်ရေးလိုက်တဲ့ Email တစ်ခုကို ဖတ်ပြီး ဖတ်ကြည့်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်က ကိုယ့်အကြောင်း ထင်မြင်ချက်တွေ ဆွဲယူနေတယ်ဆိုတာ သိရင် အဲဒီ 'send'ခလုပ်ကို မြန်မြန် နှိပ်ဖို့ လက်တွန့်သွားတယ် မလား? ဟုတ်ပါတယ်။

Tuesday, 02 July 2019 15:30

"သင်္ချာ"

"အသိပညာ၊ စူးစမ်းလေ့လာခြင်း" စသည်ဖြင့် အနက်ဖွင့်နိုင်သည့် ရှေးဂရိဝေါဟာရ máthēma ခေါ် μάθημα မှ ဆင်းသက်လာသည့် mathematics ဟု အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊

Tuesday, 02 July 2019 13:55

"ပထမဆုံး မြန်မာအမျိုးသမီး ရှေ့နေ (သို့ ) ဒေါ်ဖွားမှီ"

ဒေါ်ဖွားမှီသည် ရန်ကုန်မြို့ ကော်ပိုရေးရှင်းအခွန်ဝန် ဦးထွန်းသော်နှင့် ဒေါ်သဲနုတို့၏ သားသမီး ငါးယောက်အနက် အကြီးဆုံးဖြစ်၍ ၁၉၀၂ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။

Saturday, 29 June 2019 15:07

"အင်္ဂလိပ်စာတိုးတက်ဖို့ အရေးကြီးဆုံးအရာ"

အင်္ဂလိပ်စာကောင်းဖို့ဆိုတာ Self-Study အရမ်း အရေးကြီးပါတယ်။

တစ်ချို့အင်္ဂလိပ်စာသင်တဲ့ လူငယ်လေးတွေက အင်္ဂလိပ်စာတိုးတက်ချင်တယ် ပြောနေပေမယ့်လည်း သင်တန်းမှာပဲ လေ့လာတဲ့အတွက် မတိုးတက်တာ ဖြစ်ပါတယ်။

တကယ် အင်္ဂလိပ်စာ တိုးတက်ချင်တယ်ဆိုရင် Self-Study မလုပ်သ၍ ဘယ်တော့မှ အင်္ဂလိပ်စာ ကောင်းလာမှာ မဟုတ်ပါဘူး။

အင်္ဂလိပ်စာ ကောင်းချင်တယ်လို့ အော်နေရုံနဲ့မပြီးပါဘူး။ ကိုယ်ဖြစ်ချင်တာအတွက် ကိုယ်တာဝန်ယူရဲရပါ့မယ်။

အရင်တုန်းက မရဖူးတဲ့အရာတွေကို လိုချင်ရင် အရင်တုန်းကမလုပ်ဖူးတာတွေကို လုပ်ရပါ့မယ်။

အရင်တုန်းက ညဘက် Facebook လေးဖွင့်လိုက်၊chatလိုက်၊ Game လေး ဆော့လိုက်နဲ့ဆိုရင်တော့

အင်္ဂလိပ်စာတိုးတက်လာမှာ မဟုတ်ပါဘူး။

အမှန်တကယ် တိုးတက်ချင်တယ်ဆိုရင်တော့ time table လေး တစ်ခုဆွဲပြီး အင်္ဂလိပ်စာကို လေ့လာကြပါ။

အင်္ဂလိပ်စာမှ မဟုတ်ပါဘူး ဘယ်ပညာမဆို ကိုယ်က လေးလေးစားစား လေ့လာမှ ကျွမ်းကျင်တာပါ။

အင်္ဂလိပ်စာကို စာလို့သဘောမထားပါနဲ့။ ဘ၀မှာ အောင်မြင်ချင်တဲ့ လူငယ်တိုင်းအတွက်
မရှိမဖြစ် လိုအပ်တဲ့အရာလို့ သဘောထားပါ။

ပြီးတော့ အင်္ဂလိပ်စာကို ၀န်ထုပ်ဝန်ပိုး လို့ သဘောမထားပါနဲ့။

တကယ်တော့ အင်္ဂလိပ်စာက လေ့လာရတာပျော်စရာကောင်းပါတယ်။ လေ့လာတတ်ဖို့ပဲလိုတာပါ။ စာအုပ်ကြီး အမြဲတမ်း ဖတ်နေမှ လေ့လာတာမဟုတ်ပါဘူး။

တစ်ခါတလေ Joke ကလေးတွေဖတ်၊ Short Story လွယ်လွယ်လေးတွေဖတ်၊ ရုပ်ရှင်ကြည့်ပြီး လေ့လာပါ။

ကိုယ့်ဘာသာကိုယ် တစ်ယောက်ထဲရှိလဲ စကားပြောလေ့ကျင့်ပါ။ သူများမြင်မှာဆိုးရင် ဖုန်းလေးကို နားမှာကပ်ပြီး တစ်ယောက်ထဲပြောတဲ့ နည်းကို သုံးပါ။

တကယ်တော့ ဘယ်အရာဖြစ်ဖြစ် ရူးရူးမူးမူးစွဲလမ်းမှ တိုးတက်တာပါ။ အဲလို ရူးရူးမူးမူးစွဲလမ်းတာကို မရှက်ပါနဲ့။

သင့်ကို ဘိုရူးဆိုပြီး ရယ်တဲ့သူတွေ ကဲ့ရဲ့တဲ့သူတွေ တစ်နေ့ကျရင် ဒီစာလုံးလေး ဘယ်လိုအသံထွက်လဲဟင်တို့ ငါမနက်ဖြန်အင်တာဗျူးရှိလို့ ငါ့ကို

အင်္ဂလိပ်စာလေး နည်းနည်းလောက် သင်ပေးပါလားတို့နဲ့ သင့်ကို လာအောက်ကျခံပါလိမ့်မယ်။

 

sayar.com.mm

အင်္ဂလိပ်ဘာသာစကားသင်ကြားပေးသောဆရာ၊ ဆရာမများကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူနဲ့ စုံစုံ လင်လင် ရှာဖွေ ချင်ရင်တော့

ဤလင့်ခ် English ( Academics) ,  English ( Languages)   လေးတွေကို နှိပ် လိုက်ပါ။

 

Saturday, 29 June 2019 11:11

ယနေ့ ဆယ်ကျော်သက်တွေ ကြုံတွေ့နေရတဲ့ ပြဿနာ (၈) ခု

သီအိုရီ ရဲ့ သီချင်းထဲကလို “၁၆ နှစ် နဲ့ရည်းစားထားဖို့ မစဉ်းစားနဲ့” ဆိုတဲ့ မတော်တရော်တွေနဲ့ ရည်းစားဖြစ်သွားမှာ တစ်ခုပဲ စိတ်ပူရမယ့် ခေတ် မဟုတ်တော့ပါဘူး။

Saturday, 29 June 2019 10:35

"ဘာသာစကားအသစ်ကို မြန်မြန်သင်ယူနိုင်စေမယ့် အချက် (၄) ချက်"

ဘာသာစကား အနည်းဆုံး (၄) မျိုး ကနေ (၁၂) မျိုးလောက်ထိ တတ်တဲ့ (Polyglots) တွေကို သူတို့ ဘာသာစကား တစ်ခုကို ဘယ်လိုနည်းလမ်းတွေနဲ့ အမြန်ဆုံးသင်ယူကြလဲ ဆိုတာကို စစ်တမ်းကောက်ယူကြည့်လိုက်တဲ့အခါမှာ အများထင်ထားသလို အရမ်းကောင်းမွန်တဲ့ မှတ်သားနိုင်စွမ်းတွေကြောင့်မဟုတ်ပဲ ရိုးရှင်းတဲ့ အချက်လေးတွေကြောင့်ဆိုတာ သိလိုက်ရပါတယ်။

Saturday, 29 June 2019 10:17

"အသက်ငယ်ငယ်နဲ့ အမြင်ကျယ်စေဖို့"

လူဟာ အသက်တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ ဖတ်တဲ့စာ၊ ထိတွေ့တဲ့ ပတ်ဝန်းကျင်၊ လုပ်ဖူးတဲ့အမှား၊ ဒါတွေက များများလာတယ်။

Page 37 of 87