Friday, 26 July 2019 14:48

"သင့်ရဲ့ passion ကို professional ဖြစ်အောင် ဘယ်လိုပြောင်းမလဲ"

Passion က အရမ်းအံ့သြစရာကောင်းပါတယ်။ သင့်ရဲ့အတွင်းစိတ်ထဲက တစ်စုံတစ်ရာကို ပိုပြီးထက်မြက်လာစေတယ်။

Friday, 26 July 2019 14:35

“တက္ကသိုလ် ကျောင်းသား/သူ တွေအတွက် အသင့်တော်ဆုံး Laptop ၂ မျိုး”

တကယ်တမ်း ပထမနှစ်ကတော့ သိပ်လိုမှာ မဟုတ်ပါဘူး။ နောက် ပိုင်းနှစ်တွေမှာတော့ အသည်းအသန် လိုအပ်လာတော့မှာ ဖြစ်တဲ့အတွက် အခုကတည်းက ကြိုဝယ်ထားတာပဲဖြစ်ဖြစ်၊ ၀ယ်ဖို့အတွက် ပိုက်ဆံစုထားတာပဲဖြစ်ဖြစ် လုပ်သင့်ပါပြီ။

Friday, 26 July 2019 13:35

"လူငယ်တွေကို လွယ်လွယ်နဲ့ လက်မလျော့စေချင်"

တစ်ခါတုန်းက မျိုးကြီးဆိုတာ

တစ်ခါက . တောင်ဥက္ကလာ ကားလမ်းမ တစ်ခုမှာ ရှိတဲ့ လူငယ်တော်တော်များများ ထိုင်သော နေရာတစ်နေရာကို ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားပြီး ဂျင်းအကျီင်္ဝတ်လူနှစ်ယောက် ဝင်လာတယ်.သူတို့ မျက်နှာတွေကို သေချာစွာ မမြင်ရ

ဒါကြောင့် ဘယ်သူတွေမှန်းလည်းမသိ ဘယ်သူမှလည်း သူတို့ကို အလေးထား စိတ်ဝင်စားမနေကြပါ.သူတို့ ဝင်လာတဲ့ အချိန်က နေ့လည် ၁ နာရီခွဲဆိုတော့ နေ့လည်ဆို

တာ သာမာန်ထမင်းစားပြီးသူတွေထိုင်တတ်တဲ့ အချိန်မဟုတ် ဒီအချိန်မှာ လူငယ်တွေကသာသူတို့ကြိုက်ရာ သီချင်းလေးတွေ ကို နားထောင်ဖို့ ထိုင်တတ်ကြတာ

ဒီဆိုင်ကလည်း သူ့အနားပတ်ဝန်းကျင်မှာတော့ နံပါတ်တစ် ထိပ်တန်းဆိုင်ဒီလူနှစ်ယောက် ဆိုင်ထဲမှာ ထိုင်နေတဲ့ အချိန်မှာဒီဆိုင်မှာ ဖွင့်ထားတာကအဲဒီအချိန်မှာ နာမည်ကြီး လူငယ်

အကြိုက်ဆုံး သီချင်းခွေလူငယ်အားလုံးကလည်း ဒီသီချင်းလေး ကို နားထောင်နေတဲ့ အချိန် ဒီလိုနဲ့ တစ်နာရီလောက်ကြာတော့ ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ လူနှစ်ယောက်ထဲက အသက်ငယ်ငယ်နဲ့လူတစ်ယောက်ကကောင်တာကိုထသွား ပြီး သူ့လက်ထဲက သီချင်းခွေလေး တစ်ခွေကို ကောင်တာမှာ ထိုင်နေတဲ့ ဆိုင်ရှင်ကို ပေးတယ်။

“ အကို ကျွန်တော့်ကို ဒီအခွေလေး ဖွင့်ပေးပါလား.။ ”

ဒီတော့ ဆိုင်ရှင် အကိုကြီးက…“ ဟ .. မင်းအခွေက ဘာခွေလဲကွ”

“ ဟို. .သီချင်းခွေပါ။ ကျွန်တော်ကိုယ်တိုင် ဆိုထားတာ။ အဲဒါ ဘယ်လိုနေလဲ လို့ စမ်းဖွင့်ကြည့်စေချင်လို့ပါ”

ဒီတော့ ဆိုင်ရှင် အကိုကြီးက ..“ အင်းလေ .. ခဏတော့ရမယ်။ ဒါပေမဲ့ ငါတို့ကလည်း Customer တွေနဲ့ လုပ်ရတာ ဆိုတော့ သူတို့ ကြိုက်တာ အခု ခေတ်ပေါ်နေတာတွေကို ဖွင့်ပေးရတယ်။

မင်းသီချင်းခွေကို ဖွင့်လို့ သူတို့ မကြိုက်ဘူး ပိတ်ပေးပါ ဆိုရင်တော့ငါ့ကို အပြစ်တော့ မပြောနဲ့ကွာ.နော်..နားလည်ပေး ဟုတ်ပြီလား”

ဒီတော့ သီချင်းခွေဖွင့််ခိုင်းတဲ့ အဆိုတော် ပေါက်စလေးက မျက်နှာငယ်လေးနဲ့

“ ဟုတ်ကဲ့.. အကို။ ကျွန်တော် နားလည်ပါတယ်။ ” “ ဒါနဲ့ မင်းအခွေက ထွက်ပြီလား ”

“ မထွက်သေးဘူး အကို။ ဒီလကုန်ထွက်မယ် ”

“ သြော်..အေးအေး.. ဒီသီချင်းပြီးရင် ဖွင့်ပေးမယ် ”

ဒါနဲ့ ခဏနေတော့ လက်ရှိဖွင့်နေတဲ့ သီချင်းလည်း ပြီးရော ၊ ဆိုင်ရှင် အကိုကြီးက အဆိုတော်သစ်လေး ပေးလိုက်တဲ့ အခွေလေးကို ဖွင့်လိုက်တယ်ဆိုရင် ဆိုင်ထဲက လူငယ်တွေ ငြိမ်ကျသွားတယ်။

အကောင်းငြိမ်တာတော့ မဟုတ်ပါ. သူတို့ မျှော်လင့်ထားတာက ဒီသီချင်းပြီးရင် နောက် ဘာသီချင်းပေါ့ .အခုတော့သူတို့မသိတဲ့ သီချင်းသံထွက်လာတယ်။

ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ မြန်မာလူငယ်နှစ်ဦး ဥရောပတိုက်ထဲဝင်လာပြီ။

ဒါကြောင့် နားစွင့်ရင်းငြိမ်သွားတာ..ဒီမှာ သူတို့ မကြားဖူးတဲ့ အဆိုတော် တစ်ယောက်ရဲ့ ပေါက်ကွဲအော်ဟစ် တေးဆိုသံကို ကြားလိုက်ရတယ်။

ဒီတော့ ငြိမ်နေတဲ့ လူငယ်တွေ ဘာမှ မပြောပဲ တစ်ပုဒ်တော့ နားထောင်နေတယ်.ပြီးတော့ နောက်ထပ် တစ်ပုဒ်လည်းရောက်ရော. . ဆိုင်ထဲက လူငယ်တွေက

“ ဟာ..ဘာသံကြီးလဲဗျာ.။ ဘာသံနဲ့ အော်ဟစ်နေတာလဲ.. ကို—-ရေ ဘာတွေဖွင့်နေတာလဲဗျာ..။ ဘယ်က သီချင်းကြီးလဲ.ခုနခွေပဲပြန်ပြောင်းလိုက်ပါ. ”

ဒီတော့ ဆိုင်ရှင်က “ ဟိုက ညီလေး ဖွင့်ခိုင်းတာပါကွာ။ သူဆိုထားတဲ့ သီချင်းလို့ ပြောတယ်.ခဏလေးပါ။ ၃ ၊ ၄ ပုဒ်လောက်ပါပဲ..ခဏတော့ နားထောင်ကြည့်ပါကွာ..”

ဒီလိုနဲ့ ၃ ၊ ၄ ပုဒ် ပြီးသွားတော့လည်း အဆိုတော်အသစ်ရဲ့ အသံကို ကြားဖူးနေတာ မဟုတ်တဲ့ အတွက် သူတို့ နားမယဉ်ပဲ ကန့်ကွက်ကြပြန်တာပါပဲ

“ ကို—–ရေ။ ပိတ်ပါတော့ဗျာ။ အကို ပိတ်မလား ကျွန်တော်တို့ပြန်ရမလား..ဟားဟားဟား.. ”

ဒီလိုနဲ့ ဆိုင်ထဲမှာ အမြဲလာ စားသောက်ကြပြီး ဆိုင်ရှင်နဲ့ ရင်းနှီးနေတဲ့ လူငယ်တွေက ဒီလို ပြောတော့ ဆိုင်ရှင် အကိုကြီးလည်း ခွေကိုထုတ်ဖို့ပဲ ဖြစ်နေတော့တယ်

အဆိုတော် လူငယ်လေးကို ကြည့်လိုက်တော့ မျက်နှာမပေါ် အောင်ငိုက်ဆောင်းထားတဲ့ ဦးထုပ်အောက်ကခေါင်းက အောက်ကို စိုက်ကြနေတယ် ဒါအရက်မူးနေလို့ မဟုတ်ပါ. စိတ်ဓါတ်ကျသွားမိခြင်းပါပဲ

အဆိုတော်လူငယ်လေးနဲ့ အတူတူ ပါလာတဲ့ နောက်ထပ် တစ်ယောက်ကတော့ ဘာမှတုန်လှုပ်ပုံမပြ သူ့မျက်နှာကိုလည်း မမြင်ရ

အဆိုတော် လေးကိုလည်းအားပေးစကားမပြောအဆိုတော်လေးကတော့ လက်တွေတောင်မှတဆတ်ဆတ်တုန်နေပြီ..ဒီအချိန်မှာပဲ ဆိုင်ထဲက လူငယ်တွေက..

“ ကို—- ပြောင်းလိုက်တော့လေဗျာ. အခု သီချင်းက ဘာတွေမှန်းလည်း မသိဘူး”

တကယ်တော့ အဆိုတော် အသစ်ဆိုတဲ့ အတိုင်း သူ့အသံ သူ့ဆိုပေါက်ကို မရင်းနှီးသေးလို့ပါ.ဒါကြောင့်လူငယ်တွေ လက်မခံနိုင်ဖြစ်နေကြရတာ.ဒါနဲ့ပဲနောက်ဆုံးမှာလူငယ်တွေရဲ့

တောင်းဆိုမှုကြောင့်ဆိုင်ရှင်အကိုကြီးလည်း ဘာမှမတတ်နိုင်ပဲ စိတ်မကောင်းစွာအဆိုတော်သစ်လေးရဲ့ အခွေကို ထုတ်ဖို့ လက်အပြင်လိုက်မှာ…

“ မထုတ်ပါနဲ့..ဖွင့်ထားပါဦး. ဒီသီချင်းလေးကကောင်းပါတယ်. နင်တို့ကလည်းဟာခဏတော့ စောင့်ပါဦး. နင်တို့ နားမယဉ်သေးလို့ မကောင်းတာပါ.အသစ်ဆိုတော့လည်း ဒီလိုပဲပေါ့.နင်တို့က အသစ်ဆို လက်မခံချင်တာ.

ဒီလို အသံလေးတစ်ခုကို ကြားလိုက်ရတော့ ခေါင်းငိုက်စိုက်ကျ နေတဲ့ အဆိုတော်သစ်လေး ခေါင်းဆတ်ကနဲမတ်လာပြီးအသံရှင်ကို ကြည့်လိုက်တော့ ကောင်မလေး တစ်ယောက်

သူနဲ့ အတူတူ သူ့အဖေလို့ထင်ရတဲ့ လူတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင် လာထိုင်တာလို့ထင်တယ်.ဆိုင်ထဲမှာရှိတဲ့ လူငယ်တွေနဲ့ကလည်း တရပ်ကွက်သားချင်းဆိုတော့ သူငယ်ချင်းဖြစ်ဟန်တူတယ်. ဒါကြောင့်လည်းကောင်မလေးက ဒီလို ပြောရဲတာဖြစ်မယ်. ပြီးတော့ ကောင်မလေး ဆက်ပြောတယ်

“ ပြီးတော့ နင်တို့ စဉ်းစားကြည့်လေ.။ နင်တို့သာဒီလို အဆိုတော် ဖြစ်ပြီး နင်တို့ ဆိုထားတာကို ဒီလို အပြောခံရပြီးအဝေဖန်ခံရရင် ဘယ်လို ခံစားရမလဲ..ဝေဖန်တယ် ဆိုပြီး မကောင်းတာ ပြောမှာထက် ဘယ်လို လုပ်ရင် ကောင်းမယ် ဆိုတာကိုပဲ ကြည့်ပြီး အကောင်းဘက်ကိုပဲပြောတတ်ရတယ်။ ”

သူမ ဒီလို ပြောလိုက်တော့ ဆိုင်ထဲက လူငယ်တွေကလည်း ဘာမှမပြောတော့ အဆိုတော် လူငယ်ဘက် လှည့်ကြည့်ပြီး ငြိမ်သွားတယ်.သူတို့လည်း အားနာသွားတဲ့ ပုံစံတွေ ပြလာကြတယ်.ဒါနဲ့ပဲ အဆိုတော်သစ်လေးရဲ့အခွေကို တစ်ဖက်လုံးလုံးပြီးအောင် ဖွင့်ခဲ့တယ်.

တစ်ဖက်ပြီးတဲ့အချိန်မှာတော့ အဖော်ပါလာတဲ့ လူက ဘာပြောလိုက်တယ် မသိဘူး. အဆိုတော်သစ်လေးကဆိုင်ကောင်တာကို ထသွားပြီး ဆိုင်ရှင်လူကြီးကို…

“ ကျေးဇူးတင်ပါတယ်.အကို ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်.ဖွင့်ပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ် ”

ဒိလိုပြောပြီး သူခွေလေးကို ပြန်ယူလာတယ်.နောက်တော့ သူစားပွဲမှာ ထိုင်ပြီးဆော့ပင်လေးထုတ်ပြီး အခွေကာဗာမှာတစ်ခုခုရေးနေတယ်.။ ပြီးတော့ သူတို့စားထားသမျှ ရှင်းပြီး အထမှာတော့ အဆိုတော်သစ်လေးက ခုက သူ့အခွေကိုဆက်ဖွင့်ဖို့ ပြောခဲ့တဲ့ ကောင်မလေးဆီကို တန်းသွားပြီး …

“ ကျေးဇူးတင်လိုက်တာ ညီမလေးရာ. သူများတွေ အကို့ သီချင်းကို လက်မခံဘူးလို့ ပြောနေချိန်မှာ အကိုလည်း တကယ်ကို စိတ်ဓါတ်ကျသွားတယ်။

ဒီအချိန်မှာ ညီမလေးပြောလိုက်တဲ့ စကားကြောင့် အကို ဘယ်လောက် စိတ်ဓါတ်တတ်သွားလဲ .ညီမ သိမှာမဟုတ်ဘူး ဒါပေမဲ့.ဘာပဲ ပြောပြော ညီမလေးကို ကျေးဇူးတင်ပါတယ်။
ရော့…ဒါကတော့ အကို့ဆိုထားတဲ့ အခွေ ၊ ညီမကို လက်ဆောင်ပေးတာ ဒီလကုန်ထွက်မယ်ညီမ.ညီမပြောခဲ့တဲ့စကားတွေ အကို ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူး.အကို အမြဲကြားယောင်နေမှာပါ။

ကောင်မလေးကလည်း အဆိုတော်အသစ်ပေးတဲ့ အခွေကို လှမ်းယူပြီး အဆိုတော်သစ်ကို ပြုံးပြလိုက်ရင်း

“ အကိုက ဘာနာမည်နဲ့ ဆိုတာလဲ.။ ”ဒီတော့ အဆိုတော်သစ်က . .“ အကိုခွေမှာ ပါတယ်လေ ညီမ.ဟိုဟာက အကို့ကို အဆိုပါ သင်ပေးတဲ့ ဆရာပဲ”

အဆိုတော်သစ်ညွှန်ပြရာကို ကောင်မလေး ကြည့်လိုက်တော့ ရပ်စောင့်နေတဲ့ဦးထုပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူက ခဏ မော့ပြီး ပြုံးပြတယ်.ကောင်မလေးထိုလူ့ကို မြင်တော့ အံ့သြသွားပြီ

“ ဟင်. . ကို—” “ ဟုတ်တယ် ညီမလေး အကိုသွားပြီနော်. ဦးကိုလည်း နှုတ်ဆက်ပါတယ်.။ ကျွန်တော်သွားတော့မယ် ”အဆိုတော်သစ်လေးက ကောင်မလေး အဖေကိုပါ နှုတ်တဆက်ပြီး ထွက်သွားလေတော့သည်။

ဒီအဖြစ်အပျက်လေးက တကယ်ကို အပြင်မှာ ဖြစ်ခဲ့တာပါ. ကျွန်တော် ဘာလို့ သိနေရတာလဲဆိုတာ့ အဆိုတော်သစ်ကို ပြောခဲ့တယ်ဆိုတဲ့ ကောင်မလေးက ကျွန်တော်နဲ့ အတန်းအတူတူ သူငယ်ချင်းဖြစ်ပြီးသူပြန်ပြောပြခဲ့တာပါ.

နောက် အဆိုတော်သစ် အမှတ်တရ ပေးသွားတဲ့ အခွေလေးကိုလည်းပြပါတယ်။ ဟုတ်ပါတယ် ဒီအခွေမှာ အဆိုတော်ရဲ့လက်မှတ်လေးပါတယ်

အမှတ်တရလို့လည်းရေးထားတယ်.ဒီအခွေကိုကြည့်လိုက် တော့ အဆိုတော်က “ မျိုးကြီး ” ဖြစ်ပြီး အခွေကတော့ “ကျောက်စာများ ” အခွေပဲ ဖြစ်ပါတယ်။

အဲဒီအချိန်က အဆိုတော် အသစ်လေး ဖြစ်တဲ့ “ မျိုးကြီး ” နဲ့အတူတူပါလာတာကတော့ “ကိုလေးဖြူ ” ပါပဲ။ ဒါပေမဲ့ ဦးထုပ်ငိုက်ငိုက်ဆောင်းထားပြီးမထင်တဲ့ အချိန် မထင်တဲ့နေရာကို လာတာဆိုတော့ ဘယ်သူမှသတိမထားမိလိုက်တာပါ။

ဘယ်သူမဆိုတော့ ဘဝမှာ မအောင်မြင်ခင်အချိန်မှာ အဝေဖန်ခံရနိုင်ပါတယ်.အောင်မြင်နေတဲ့ အချိန်မှာလည်း အဝေဖန်ခံရ နိုင်ပါတယ်။

ဒါပေမဲ့ လူတွေအားလုံးကတော့ မဝေဖန်ကြပါဘူး အကောင်းမြင်သူအပြုသဘောနဲ့ ပြောသူများရှိနေပါသေးတယ် ဒီလိုလူတွေ ရှိနေတာနဲ့တင်ကျွန်တော်တို့ဘဝမှာအသက်ဆက် ရှင်သန်နိုင်ပါတယ်။

"အင်္ဂလိပ်အက္ခရာတွေရဲ့ လူသိနည်းတဲ့ ထူခြားချက်များ"

 

Credit – myanmarockzone

Thursday, 25 July 2019 10:38

"လူတွေ တစ်ယောက်ကိုတစ်ယောက် ရှင်းပြရတဲ့ အကြာင်းရင်း (၆) ချက်"

(၁) အပြစ်လုပ်ထားမိတာကြောင့်

Wednesday, 24 July 2019 16:12

ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ မြန်မာလူငယ်နှစ်ဦး ဥရောပတိုက်ထဲဝင်လာပြီ။


ပြီးခဲ့တဲ့ မေလ၂၆ ရက်နေ့ မနက်က ရန်ကုန်မြို့ကနေ ဆိုင်ကယ်နဲ့ ကမ္ဘာပတ်ဖို့ထွက်လာတဲ့ မြန်မာလူငယ်နှစ်ဦးဟာ အခုဆိုရင် ဥရောပတိုက်ထဲကို ဝင်လာပါပြီ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ ကတော့ သူတို့ဟာ ရုရှနိုင်ငံ မော်စကိုမြို့ကို ရောက်နေတာ ဖြစ်ပြီးတော့ အဲ့ဒီကနေ ဘယ်လာရုစ်နိုင်ငံထဲ ဖြတ်မောင်းနေတာ ဖြစ်ပါတယ်။

အဲဒီကနေ ပိုလန်၊ တခါ ဂျာမနီ ၊ပြီးတော့ ပြင်သစ်ကနေ အင်္ဂလန်ကို ရောက်လာဖို့ စီစဉ်ထားပါတယ်။

လွန်ခဲ့တဲ့ရက်ပေါင်း ၅ဝလောက်က စခဲ့တဲ့ မော်တော်ဆိုင်ကယ် ကိုယ်စီနဲ့ နိုင်ငံပေါင်း ၃၀ ၊ မိုင်ပေါင်း၃သောင်းကျော် ကမ္ဘာပတ်မယ့် ခရီးစဉ်ဟာ လမ်းတစ်ဝက် လောက်နီးနီး ရောက်လာပြီဖြစ်ပါတယ်။

မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ်၊ မွန်ဂိုလီးယားနဲ့ ရုရှ တို့ကို ဖြတ်လာအပြီးမှာ သူတို့ ခရီးဟာ ကီလိုမီတာ ၁၇ဝဝဝ ကျော်၊ မိုင်ပေါင်း တစ်သောင်းကျော် လာပြီဖြစ်ပါတယ် ။

3.jpg


ဇူလိုင်၁၉မှာ ပိုလန် နယ်စပ် ကနေ ဝါဆောကိုသွားနေပြီလို့ပြော
ဘီအမ်ဒဘလျု ဆိုင်ကယ်တွေနဲ့ ကမ္ဘာပတ်မယ့် ဒီခရီးဟာ လွန်ခဲ့တဲ့ နှစ်၆၀ ကျော်က ဆိုင်ကယ်စီးပြီး ကမ္ဘာပတ်ခဲ့တဲ့ ကမ္ဘာလှည့်ဒေါ်တင်တင်စိန် အပြီးမှာ တကျော့ပြန် ကြိုးစားတဲ့ ခရီးဖြစ်တယ်လို့ ခရီးစဉ်အစမှာ သူတို့က ပြောပါတယ်။

"ကျွန်တော်တို့ ဒီနေ့ (ဇူလိုင် ၁၉ ) ဘီလာရုစ်ကို ဖြတ်ပြီး ပိုလန်နယ်စပ် ကနေ ဝါဆောကို မောင်းပါမယ် " လို့ စိုင်းဇွန်ဖက ဆိုင်းကယ် မောင်းနေရင်းပဲ မက်ဆင်ဂျာ ကနေ တဆင့် ဘီဘီစီကို စကားပြောပါတယ်။

ပိုလန်နိုင်ငံ ဝါဆော မြို့တော်ကို စနေနေ့ ဇူလိုင် ၂ဝ မှာ ရောက်ဖို့ မှန်းတယ်လို့လည်း သူကပြောပါတယ်။

ဝါဆောကို ရောက်လာရင်တော့ လန်ဒန်ကို လာဖို့ မိုင်ပေါင်း တစ်ထောင်ကျော်လောက်ပဲ လိုပါတော့တယ်။

IMG_20190710_124625.jpg


မေလ ၂၆ ရက် ခရီးအစ ရန်ကုန်ကအထွက်
သူတို့ခရီးက ရန်ကုန်မှာ စပြီး လန်ဒန်မှာ ခရီးတစ်ဝက်ဆုံးမှာပါ။ ဆိုင်ကယ်နဲ့ ကမ္ဘာကို ပထမဆုံးပတ်ခဲ့တဲ့ ကမ္ဘာလှည့် ဒေါ်တင်တင်စိန်လမ်းကြောင်းတွေနဲ့ နည်းနည်းတော့ဆင်ပါတယ်။ ဒေါ်တင်တင်စိန်က မြန်မာ ပြည်ကနေ အိန္ဒိယကို သင်္ဘောနဲ့ ပထမဆုံး စထွက်ပြီး အဲဒီကနေမှ ဆိုင်ကယ်ခရီး စခဲ့တာပါ။ အာရှတိုက်ရဲ့ စွန်းစားသူများစာရင်းဝင် ကမ္ဘာလှည့် ဒေါ်တင်တင်စိန်ကတော့ နိုင်ငံပေါင်း၂၄ နိုင်ငံကို ဘီစက်အေ ဆိုင်ကယ်နဲ့ ပတ်ခဲ့တာဖြစ်ပါတယ်။

အခု လူငယ် နှစ်ယောက်ကတော့ ရန်ကုန်ကတည်းက ဘီအမ်ဒဘလျု ဆိုင်ကယ်ကိုယ်စီနဲ့ စထွက်လာတာဖြစ်ပြီး ထိုင်း၊ လာအို ကနေ တဆင့် တရုတ်ဘက်ကနေ သွားကြတာ ဖြစ်ပါတယ်။

လန်ဒန်ရောက် ဖို့ ၃ လလောက် ကြာမယ် မှန်းထားတယ်လို့ သူတို့က ခရီးအစမှာ ပြောထားပါတယ်။ ဒါပေမယ့် သူတို့ အခုလို မောင်းပုံနဲ့ ဆိုရင်တော့ ၃ လမတိုင်မှီ လန်ဒန်ကို ဝင်လာဖို့ ရှိပါတယ်။

ရန်ကုန်ကနေ လန်ဒန်ကို ရောက်ဖို့က သူတို့ ပထမအဆင့်ရည် မှန်းချက်ဖြစ်ပြီးတော့ လန်ဒန်ကနေ ရန်ကုန်ပြန် လာဖို့ကတော့ အလာခရီးနဲ့ မတူတဲ့ လမ်းကြောင်းကနေ သွားကြဖို့ ဒုတိယအဆင့်အနေနဲ့ မှန်းထားတယ် ဆိုပြီး သူတို့ ကပြောပါတယ် ။

အပြန်ကို အီတလီ၊ တူရကီ၊ အီရန်၊ အိန္ဒိယ ကနေ တဆင့် မိုးရေး တမူးဘက်ကနေ မြန်မာပြည်ထဲ ပြန်ဝင်လာကြမှာ ဖြစ်တယ်လို့ သူတို့က ရှင်းပြထားပါတယ်။

အီရန်ထဲ သူတို့ ဆိုင်ကယ်တွေဝင်ဖို့ အခက်ခဲရှိနိုင်တာကြောင့် ခရီးသွားနေရင်းပဲ စီစဉ်ရဖို့ရှိတယ်လို့လည်း သူတို့ကဆိုပါတယ်။ ဥရောပနဲ့ အခြားနိုင်ငံတွေကတော့ ဗီဇာယူထားရင် ဖြတ်သန်းသွားလာဖို့ အခက်အခဲမရှိ ပါဘူးလို့လည်း သူတို့ကပြောထားပါတယ်။

5.jpg
မွန်ဂို မှာ


ဇူလိုင်လ ၁၄ ရက်နေ့ ကတော့ သူတို့ မော်စကိုကို ရောက်လာခဲ့ပြီး အဲဒီက မြန်မာတွေနဲ့ ထမင်းလက်ဆုံ စားခဲ့ကြပါတယ်။

အခုမြင်ရတဲ့ ပုံထဲက ဆိုင်ကယ် နဲ့ ကမ္ဘာပတ်နေတဲ့လူငယ် နှစ်ဦး ကတော့ စိုင်းဇွမ်ဖ နဲ ကိုအောင်ကျော်ဝင်းတို့ ဖြစ်ပါတယ် ။ သူတို့ နှစ်ယောက် စလုံးက ဒီဇိုင်း ပညာရှင်တွေဖြစ်ကြပါတယ် ။

စိုင်းဇွမ်ဖက စင်ကာပူနဲ့ သြစတေးလျ က ဒစ်ဂျစ်တယ် မီဒီယာဒီဇိုင်းနဲ့ ကျောင်းပြီးခဲ့တာဖြစ်ပြီး စကိုင်းနက်ရဲ့ ချန်နယ် နိုင်း ရုပ်သံမှာလုပ်ပါတယ်။

ကိုအောင်ကျော်ဝင်း ကတော့ အဆောက်ဦး အတွင်းပိုင်း ဒီဇိုင်း ပညာရှင် ဖြစ်ပါတယ် ။

5d2599a67976c_480x320.jpg

 

6.jpg
မော်စကို မှာ မြန်မာတွေနဲ့ ထမင်းလက်ဆုံ


သူတို့ရဲ့ ခရီးစဉ်ဟာ မော်တော်ဆိုင်ကယ်နဲ့ ခရီးသွားပြီး လူမျိုးအသစ်၊ ယဉ်ကျေးမှု အသစ်၊ ရေမြေအသစ်တွေကို လေ့လာမူလုပ်တာ ဖြစ်တယ်လို့လည်း ဆိုင်ကယ်နဲ့ ကမ္ဘာလှည့်မယ့် လူငယ်တွေကပြောပါတယ် ။

မြန်မာနိုင်ငံက ချန်နယ်နိုင်း ရုပ်သံအတွက် မှတ်တမ်းရုပ်ရုင်ရိုက်ဖို့ရှိတယ်လို့လည်း သူတို့က ပြောပါတယ်။ သူတို့ကတော့ ဒီခရီးစဉ်အတွက် ငွေကြေး စုဆောင်းထားကြသလို အကူညီပေးတဲ့ အဖွဲ့ တွေလည်း ရှိတော့ တချို့နေရာတွေမှာ အဲ့ဒီနိုင်ငံတွေက ခရီးသွားကုမ္မဏီ တွေနဲ့ ချိတ်ဆက်ပြီး စီစဉ်ထားတယ်လို့လည်း သူတို့ကပြောပါတယ် ။ "ဦးနှောက် အပို နောက်ထပ် တစ်ခုရှိတယ်လို့ ထင်ရလောက်အောင် ဥာဏ်ကောင်းစေရန် ပြုလုပ်ရမည့် အလေ့အကျင့်များ"

 

 

Source : BBC Burmese

sayar.com.mm

 

 

Wednesday, 24 July 2019 14:07

"ဦးနှောက် အပို နောက်ထပ် တစ်ခုရှိတယ်လို့ ထင်ရလောက်အောင် ဥာဏ်ကောင်းစေရန် ပြုလုပ်ရမည့် အလေ့အကျင့်များ"

မှတ်ဥာဏ် ပိုကောင်းချင်သလား ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချလိုသလား၊ စာသင်တဲ့အခါ ပိုပြီးလိုက်နိုင် လိုပါသလား၊ သင်ရဲ့ ဦးနှောက် စွမ်းရည်ကို ပိုပြီး ကောင်းမွန်စေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာရှိပါတယ်။

 

 သင်ကြားရပိုလွယ်ကူစေဖို့ ချရေးပါ

- အတန်းတက်တာပဲ ဖြစ်ဖြစ်၊ ဟောပြောပွဲနားထောင်တာပဲ ဖြစ်ဖြစ်၊ ရှေ့က ဆရာ/ ဟောပြောသူတွေ ပြောတဲ့ အကြောင်းအရာတွေကို ဒီအတိုင်း နားထောင်မယ့်အစား စာရွတ်လွတ်ထဲမှာ ဘောပင်နဲ့ ချရေးကာလိုက်မှတ်ပါ။

- Laptop သို့မဟုတ် Tablet တို့၊ I-pad တို့ထဲမှာ စာရိုက်ကာ မှတ်တာထက်စာရင် လက်ရေးနဲ့ ရေးမှတ်တာက အသေးစိတ် အချက်အလက်တွေကို ပိုမှတ်မိလွယ်စေသလို အချိန်ကြာကြာလည်း မှတ်မိစေပါတယ်။

- ဘောပင်ကို စာရွက်ပေါ်တင်လိုက်တဲ့ လက်ရဲ့ လှုပ်ရှားမှုက ဦးနှောက်ရှိ သင်ကြားရေးဌာန အစိတ်အပိုင်းကို လှုံ့ဆော်လိုက်တာကြောင့် အချက်အလက်တွေကို ပိုလွယ်ကူစွာ မှတ်ယူနိုင်တာပဲ ဖြစ်ပါတယ်။

 


လက်ဟန် ခြေဟန်ကိုလည်း သုံးပါ

- လက်ဟန်ခြေဟန် အသုံးပြုပြီး စိတ်ထဲပုံဖော်ကြည့်တာကလည်း အချက်အလက်တွေကို ပိုမှတ်မိစေပါတယ်။ ဦးနှောက်က စာကြောင်းတွေထက် စာရင် ပုံရိပ်ကို ပိုမှတ်မိတတ်ပါတယ်။

 

မှတ်ဥာဏ်ထက်စေဖို့ စကားပြောပါ

- နာမည်တွေ၊ နေ့စွဲတွေ၊ နံပါတ်တွေကို သတိမမေ့ဘဲ မှတ်မိနေစေမယ့် လျှို့ဝှက်ချက်ကတော့ သူငယ်ချင်း တွေနဲ့ စကားစမြည်ပြောဆိုတာပါပဲ။

- စကားကိုစိတ်ပါလက်ပါ ပြောသူတွေဟာ ဦးနှောက်ကောင်းစေတဲ့ ဂိမ်းကစားနည်းတွေကို အချိန်ကြာ ကစားသူတွေလောက် မှတ်ဥာဏ်ကောင်းတာကို လေ့လာချက်တစ်ခုအရ တွေ့ရပါတယ်။

- ဥာဏ်ကစားနည်းတွေလိုပဲ စကားပြောဆိုခြင်းက မှတ်ဥာဏ်ကိုထိန်းချုပ်တဲ့ ဦးနှောက် အစိတ်အပိုင်းကို လှုံ့ဆော်ပေးပါတယ်။

 

အပေါင်းအသင်းများလေကောင်းလေ

- သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများသူတွေဟာ ဦးနှောက်ရှိ မှတ်ဥာဏ်ထိန်းပေးတဲ့ အာရုံစူးစိုက်စေတဲ့ သူများရဲ့ စိတ်ခံစားချက်တွေကို သိစေတဲ့ အစိတ်အပိုင်း ပိုကြီးကြောင်း လေ့လာချက်တစ်ခုအရ တွေ့ရပါတယ်။ ထို့ကြောင့် မိတ်ဆွေအပေါင်းအသင်း နယ်ပယ် ချဲ့ထွင်ပါ။

 

 ဦးနှောက်အိုမင်းမှု လျော့ကျစေဖို့ ဘလူးဘယ်ရီစားပါ

- အာဟာရပြည့်ဝတဲ့ ဘလူးဘယ်ရီသီးတွေက ဦးနှောက်ကို ကာကွယ်ပေးပါတယ်။ တစ်နေ့ကို ဘယ်ရီသီး လက်တစ်ဆုပ်စာလောက် တစ်လစားပေးရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဥာဏ် လျော့နည်းကျဆင်းမှုကို သက်သာစေပါတယ်။ "အချိန်တိုင်းမှာ အသုံးဝင်နေပါစေ"

 

 ဥာဏ်ကောင်းစေဖို့ ကော်ဖီချိုချိုသောက်ပါ

- ကော်ဖီမှာ သကြားထည့်သောက်ပါ။ ကဖင်းနဲ့ သကြားတွဲပြီး စားသောက်တာက ဦးနှောက်ဆဲလ်တွေကို အားဖြည့်ကာ ဦးနှောက်စွမ်းအား ပိုကောင်းစေ​ပါတယ်။

 

အိုင်ဒီယာသစ်တွေ ထွက်ဖို့ လမ်းလျှောက်ပါ

- ခန္ဓာကိုယ် ချွေးထွက်ပြီး နှလုံးခုန်မြန်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ဦးနှောက်ကို လှုံဆော်ကာ အလုပ်ပိုလုပ်စေတာကြောင့် ဖန်တီးနိုင်မှု စွမ်းရည်တွေ ပိုပြီး ထွက်ရှိစေပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

 

 

Source: thutakabar

sayar.com.mm

Tuesday, 23 July 2019 17:47

"အချိန်တိုင်းမှာ အသုံးဝင်နေပါစေ"

‘ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့သူတွေဟာ ပြဿနာအရှာဆုံးပဲ’

Tuesday, 23 July 2019 17:05

"မြန်မာအကြောင်းရေးထားသည့် အကောင်းဆုံးစာအုပ်သုံးအုပ်"

ဗြိတိန်ဂါးဒီးယန်းသတင်း စာကြီး၏ ကမ္ဘာ့စာကြည့်တိုက်နှင့် စာပေခရီးအစီအစဉ်တွင် မြန်မာနိုင်ငံ နှင့်ပတ်သက်၍ ရေးသားဖော်ပြ ကြသည့်စာအုပ်များထဲမှ စာအုပ်သုံးအုပ်ကို အကောင်းဆုံး စာအုပ်များအဖြစ်ရွေးချယ်လိုက် သည်။

Tuesday, 23 July 2019 15:24

"အဲဒီးဒတ်စ် Adidas ကုမ္ပဏီကိုတည်ထောင်ခဲ့သူ "

Adi Dassler လို့သိထားတဲ့ Adolf Dassler ကို ၁၉၀၀ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ဂျာမနီနိုင်ငံ၊ ဘာဗားရီးယားပြည်နယ်၊ Herzogenaurach မြို့မှာ မွေးဖွားခဲ့ပါတယ်။

Tuesday, 23 July 2019 13:22

"စာကျက်တဲ့အခါ မြန်မြန်ရပြီး ကြာကြာမှတ်မိနေစေမယ့် နည်းလမ်း (၉) မျိုး"

ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များအတွက် ဥာဏ်ကောင်းဖို့ ကျက်သမျှ စာတွေမှတ်မိဖို့ ဆိုတာ တော်တော့်ကို အရေးပါပါတယ်။

Page 32 of 87