×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 12 July 2019

သင်ဒါတွေသိပြီးပြီလား?

သင်ဒါတွေသိပြီးပြီလား? google.com

(၁) ကမ္ဘာပေါ်မှာ ရွှေအိုရောင်ပုလဲ ထွက်ရှိသည့် တစ်ခုတည်းသော နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။

28467682_1825423447468304_7324198281273971425_n-622x415.jpg


(၂) မဲဇာတောင်ခြေတည်ရှိရာအရပ်သည် စစ်ကိုင်းတိုင်းဒေသကြီး ၏ အထက်ပိုင်း အင်းတော်မြို့ နယ်တွင်တည်ရှိပါသည်။

Yesagyo_News_၂.jpg


(၃) မြန်မာနိုင်ငံရှိ တောင်ဘက်မှ မြောက်ဘက်သို့  ပြောင်းပြန် စီးစင်းသော မြစ်များမှာ ..သောင်းရင်းမြစ်၊ ဂျိုင်းမြစ်၊ ဇော်ဂျီမြစ်၊ မြစ်သာမြစ်၊ အတ္တရံမြစ်၊ တနင်္သာရီ မြစ်တို့ ဖြစ်ကြပါတယ်။

SOBA-feature-2-1000x400-800x400.jpg

 

(၄) ဘူမိဗေဒ ပညာရှင်များ၏ အဆိုအရ ဧရာဝတီမြစ်ကြီးသည် သက်တန်းနှစ်ပေါင်း ၁၅ သန်း ရှိပြီး " ဧရာဝတီ" ဟူသော အမည်ဖြင့်ျေကျာ်ကြားခဲ့သည်မှာ နျစ်ပေါင်း ၁၆၀၀ ကျော်ပြီဖြစ်သည်။

Irawaddy-Birds-Eye-View.jpg

 

(၅) မန္တလေး ကျုံးသည် အကျယ် ၂၂၅ ပေရှိပြီး အနက်မှာ ၁၁ ပေရှိသည်။ မင်းတုန်းမင်းတရားကြီးမှ သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် တည်ခဲ့သည်။

400px-Mandalay_Fort_Wall.jpg


(၆) ကမ္ဘာ့ ကုလသမဂ္ဂအတွင်းရေးမှူး တာဝန်ထမ်းဆောင်နေစဉ် က တိုင်းတစ်ပါးရောက်နေသော ဦးသန့် သည် မြန်မာနိုင်ငံမှ ချဉ်မောင်မျိုးစေ့အားယူပြီး ရုံးနောက်ရှိ မြေကွက်လပ်တွင် စိုက်ပျိုးကာ စားသုံးခဲ့သည်။

U_Thant_250px.jpg


(၇) ရွှေတိဂုံစေတီ ထီးတော်တွင် လက်ဝတ်ရတနာပေါင်း ၈၃၈၅၀ နှင့် ရွှေဆည်းပေါင်း ၄၀၁၆ လုံးချိတ်ဆွဲထားသည်။ စိန်ဖူးတော်တွင် စိန်လုံးရေ ၄၃၅၁ လုံးပါရှိပြီး အကြီးဆုံးမှာ ၇၆ ကာရက် အထွတ်စိန်ကြီးဖြစ်သည်။

www.myanmarexpress.net_9.jpg


(၈) ဝိတိုရီယ ဘုရင်မကြီး၏ သရဖူမှ ပတ္တမြားငမောက်သည် မြန်မာ နန်းစဉ်ရတနာဖြစ်သည်။ ထိုပတ္တမြား ငမောက်အား (၁၈၈၅ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ) တွင် မြန်မာနိုင်ငံမှ စလေဒင်မှ ယူဆောင်ပြီး ဆက်သထားခြင်းဖြစ်သည်။ ဧကရီ ဘုရင်မကြီးထံပေးပို့ သည့် ပစ္စည်းများတွင် သီပေါမင်း၏ အကောင်းဆုံသော သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီး သုံးလုံး ၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကတစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီးတစ်ချောင်းတို့ ပါသည်။

queenPX1.jpg


မြသန်းတင့် ( တောင်သမန်ရွှေအင်းမှ)


(၉) “မင်္ဂလာပါ" ဟူသော နှုတ်ဆက်စကားကို စတင်တီထွင်ခဲ့သူမှာ ထွန်းနေ့စဉ်သတင်းစာမှ ဦးထွန်းဖေ ဖြစ်သည်။

download.jpeg

 

(၁၀) ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဆုံးဝင်ရောက်ယှသ်ပြိုင်ခဲ့သူမှာ လူသန်ကြီး ဦးဇော်ဝိတ်ဖြစ်ပြီး၊ ၁၉၃၆ ခုနှစ်က ဂျာမနီ နိုင်ငံ ဘာလင်မြို့ တွင်ကျင်းပသော ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲ အလေးမပြိုင်ပွဲတွင် ဝင်ရောက်ယှသ်ပြိုင်ခဲ့သည်။

1-9-1.jpg


(၁၁) ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ ပထမာဆုံးကမ်းလှမ်းခံရတဲ့  မြန်မာရုပ်ရှင်မင်းသမီးက ဝင်းမင်းသန့်းပဲ ဖြစ်ပါတယ်။ ဟောလီးဝုဒ် ဖာတ်ကားတစ်ခုလုံးမှာ မြန်မာဝတ်စုံကိုပဲ ဝတ်ပရစေလို့ တောင်းဆိုခဲ့တဲ့ မြန်မာ့သွေး ၊ မြန်မာ့ အလှ ကမ္ဘာမှပြခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦးဖြစ်သည်။

Screen_Shot_2015-03-21_at_5.31.27_pm.png


(၁၂) မြန်မာ့ရေတပ်မတော်၏ပထမဆုံးသောတိုက်သင်္ဘောကို ကနောင်မင်းသားကြီးမှ ဦးဆောင်ပြီး ခရစ်နှစ် ၁၈၇၃ စက်တင်ဘာလ ၉ ရက်နေ့ တွင် ရတနာပုံသင်္ဘောစက်ရုံကြီးတွင် မြန်မာ့ပထမဆုံး သံထည်တိုက်သင်္ဘောကို ရေချနိုင်ခဲ့ပါတယ်။ ရေချပွဲကို မက္ခရာမင်းသား၊ ရွှေကူမင်းသားတို့ တက်ရောက်ပြီး မင်းခန်းမင်းနားနဲ့ ကြီးကြယ်စွာ သင်္ဘောရေချပွဲပြုလုပ်ခဲ့ပါတယ်။

Photo_172.jpg


(၁၃) ကမ္ဘာ့ ပထမဦးဆုံနှင့် မြန်မာ့ ပထမဆုံးလေယာဦပြန်ပေးဆွဲမှုသည် ၁၉၅၄ ခု၊ ဇွန်လ၊ ၂၅ရက်နေ့တွင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းတွင်ဖြစ်ပွားခဲ့သည်။ ကရင်လက်နက်ကိုင် သုံးဦးက မြန်မာ့လေကြောင်းသယ်ယူပို့ ဆောင်ရေးအဖွဲ့ ပိုင် ဒါကိုလေယာဉ်အမှတ်(XYACT) ကိုပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။

150518170438-lead-dnt-brown-airplane-computer-hacking-00000601-exlarge-169.jpg


(၁၄) မြန်မာကသတ်မှတ်သော "ပင်လယ်ရေမျက်နှာပြင်" (sea level) မှာ ကျိုက္ခမီတွင် "သုည" ဟုသတ်မှတ်ထားပြီးမှ တစ်နိုင်ငံလုံးလိုက်၍ ယှဉ်ခြင်းဖြစ်သည်။

2gsjgna1uruvUuS7ndh9YqVwYGPLVszbFLwwpAYXa4YEbcJMhzJuMiYb8kkFPL95FFXiaFvHJnnZQtXUBUT6Z5QL1A9kavieqpzEEjrxXKdW8MFVLS.jpeg


(၁၅) ထိုင်းနိုင်ငံ Bosang ဒေသမှ ကျောင်းထိုင်ဆရာတော် pra inttha ဟာနယ်လှည့်တရားဟောခဲ့ရာမှ မြန်မာ့ ပုသိမ်ထီးကို တွေ့ ရှိသဘောကျကာ မန္တလေးမြို့ နျှင့် ပုသိမ် မြို့ တို့ ကို သွားရောက်ပြီး ထီးလုပ်တဲ့ ပညာကို လေ့လာဆည်းပူးခဲ့သည်။ ထိုပညာရပ်များကို မိမိဇာတိဖြစ်တဲ့  Bosang ရွာကို ပြန်သယ်သွားက ရွာသားများကို ပြန်လည်သင်ကြားခဲ့ရာမှ Bosangထီးပေါ်ပေါက်ခဲ့သည်။

19073004_453499741683295_558254874_o.jpg


ယနေ့ ဆိုလျှင် Bosang ထီးဟာ ကမ္ဘာ့ အမွေအနှစ် တစ်ခုဖြစ်ခဲ့ပြီး နှစ်စဉ် Bosang ထီးပွဲတော် ကို ကျင်းပလေ့ရှိသည်။

 

(၁၆) ရခိုင်မျိုးနွယ်စုတွင်ပါဝင်သော မြို လူမျိုးတို့ ၏ ထူးဆန်းသော ဓလေ့တစ်ခုမှာ ချစ်သူရည်းစားရရှိပြီးသော ကောင်လေးနှင့်ကောင်မလေးသည် တစ်ယောက်မျက်ခုံကို တစ်ယောက်အပြန်အလှန်နှုတ်ပစ်ကြသည်။ မျက်ခုံးမွှေးမပါသော ကောင်လေးနှင့် ကောင်မလေးတို့ သည် ပိုင်ရှင်ချစ်သူရှိပြီးသော သူများဟု သတ်မှတ်ပြီး အခြားမည်သူမျှ ရည်းစားစကားမပြောကြရခြင်းဖြစ်သည်။

58099_197451703712328_580228281_n.jpg


(၁၇) ၁၈၈၅ ခုနှစ်တွင် သူ့ ကျွန်ဘဝကျရောက်ပြီး ၁၈၈၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော စက်ရုံသည် မန္တလေး ဘီယာနှင့် အရက်ချက်စက်ရုံဖြစ်သည်။

13245224_716773885092854_2871868891707263325_n.jpg


(၁၈) မြန်မာနိုင်ငံရဲ့ အစွန်အဖျား မြို့များမှာ

boder_trade_map_New_9-10-13_all.jpg


အရှေ့ - မိုင်းယောင်းမြို့
အနောက် - မောင်တောမြို့ 
တောင် - ကော့သောင်းမြို့
မြောက် - နောင်မွန်မြို့

 

Credit : ခေမိန်

sayar.com.mm

Read times
Rate this articles
(0 votes)