Tuesday, 24 December 2019 14:47

"ကၽြန္ေတာ္တို႕ က်ရွံုးရ သည့္ အေၾကာင္းရင္မ်ား"

လူေတြကို က်ရွံုးေစတဲ့ အေျခခံ သေဘာတရားေတြကို ၾကည့္တဲ့ အခါ မ်ားေသာအားျဖင့္တူေနတာကိုေတြ႕ရပါတယ္။

Friday, 20 December 2019 15:07

" ေအာင္ျမင္တဲ့ လူတစ္ေယာက္အျဖစ္ ရပ္တည္ခ်င္ရင္ စြန႔္လႊတ္လိုက္သင့္တဲ့ အက်င့္ဆိုးမ်ား"

ကၽြန္ေတာ္ တို႔ လူေတြေတာ္ေတာ္မ်ားမ်ား ဟာေအာင္ျမင္တဲ့ သူတစ္ေယာက္ကိုေတြ႔ရင္ အားက်တယ္ဆိုတဲ့ စိတ္ခံစားခ်က္က အရင္ျဖစ္ေပၚလာတာပါ။

Thursday, 12 December 2019 17:33

"၂၀၁၉ မွာ ထားခဲ့လိုက္သင့္တဲ့ ရိုးရွင္းတဲ့အရာ (၈) ခု"

ႏွစ္သစ္ကိုေရာက္ဖို႔ရက္ပိုင္းပဲ လိုပါေတာ့တယ္။ ၂၀၁၉ မွာ သင္အမွားေတြ အျပစ္ေတြ က်ဴးလြန္ခဲ့လား ရပါတယ္ ၂၀၂၀ မွာ အေကာင္းဆံုး ရွင္သန္ပါ၊ ၾကိဳးစားပါ၊ သင္ယူပါ၊ လိုအပ္တဲ့အရည္အခ်င္းေတြ ျဖည့္ပါ။

Saturday, 07 December 2019 13:47

"အသက္ငယ္ငယ္နဲ႔ ေအာင္ျမင္ခ်င္ရင္"

“ေအာင္ျမင္မယ္ဆိုရင္လည္းကြာ ငါေတာ့ အသက္ငယ္ငယ္နဲ႔ ေအာင္ျမင္ခ်င္တယ္ ဒါမွ ကိုယ့္ေအာင္ျမင္မႈ အရသာကို အျပည့္အဝ ခံစားလို႔ရမွာေပါ့”

Thursday, 28 November 2019 14:41

"ဆင္းရဲမွဳနဲ႔ ေမြးဖြားလာတာ သင့္အမွား မဟုတ္ေပမယ့္ ဆင္းဆင္းရဲရဲနဲ႔ပဲ ေသသြားမယ္ဆုိရင္ေတာ့ သင့္အမွားပါ"

ေရြးခ်ယ္နိုင္ခြင့္ေရာ ေရြးခ်ယ္ခံခြင့္ေရာ မရွိဘဲ ေလာကၾကီးထဲကို အလည္ေရာက္လာသူေတြ အေနနဲ႔ ခ်မ္းသာစြာ ေနထိုင္နိုင္တဲ့ပတ္ဝန္းက်င္ ဆင္းရဲခ်ိဳ႕တဲ့စြာ ေနထိုင္ရတဲ့ ပတ္ဝန္းက်င္ လူသားျခင္းစာနာမွဳရွိတဲ့ ပတ္ဝန္းက်င္

Wednesday, 20 November 2019 14:47

"အသက္နဲ႕ ေလာင္းေၾကးထပ္ထားတဲ့ ကစားပြဲ"

ကစားပြဲ…ဟုတ္ပါတယ္ ပတ္ဝန္းက်င္မွာ ကစားနည္းေပါင္းမ်ားစြာကုိ နည္းလမ္းေပါင္းမ်ားစြာနဲ႕ ကစားေနၾကတယ္။

Wednesday, 13 November 2019 14:54

“ဆုံးျဖတ္ခ်က္ခ်ျခင္း အႏုပညာ”

တကယ္ေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ဘ၀ကို ဆုံးျဖတ္ခ်က္ေတြနဲ႔ တည္ေဆာက္ထားပါတယ္။

Thursday, 07 November 2019 15:58

"အင္တာဗ်ဴးေျဖတဲ့အခါ လံုးဝမလုပ္သင့္တဲ့ အမွားႀကီး (၅) ခ်က္"

ပထမဆံုး အလုပ္ခြင္ဝင္ၾကမယ့္သူေတြအေနနဲ႔ အင္တာဗ်ဴးေျဖတဲ့အခါ သိထားသင့္တဲ့ အေျခခံအခ်က္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

Wednesday, 30 October 2019 16:29

အျငင္းခံရတဲ့အခါ မေအာင္ျမင္ႏိုင္ေတာ့ဘူးလား?

အျငင္းခံရတဲ့အခါ မေအာင္ျမင္ႏိုင္ေတာ့ဘူးလား?
သင့္ဘဝမွာ အျငင္းခံဖူးမွာေနာ္။ အလုပ္သြားေလွ်ာက္တဲ့အခါ အပယ္ခံရတာ၊ ခ်စ္သူကို ခ်စ္စကားေျပာတဲ့အခ်ိန္မွာ အျငင္းခံရတာ၊ စေကာ္လားရွစ္အတြက္ အပယ္ခံလိုက္ရတာ၊

ဝင္ခြင့္စာေမးပြဲေျဖလိုက္တာ သင္အပယ္ခံလိုက္ရတာ စသည္ျဖင့္ေပါ့။

အဲလိုအျငင္းခံလိုက္ရတဲ့အခါ သင့္စိတ္ထဲမွာေတာ္ေတာ္ေလးေတာ့ စိတ္မေကာင္းျဖစ္ရသလို၊ စိတ္ဓာတ္လဲက်သြားတာမ်ိဳးျဖစ္ဖူးမွာပါေနာ္။

ဒါေပမယ့္ အဲလိုမ်ိဳး အျငင္းခံလိုက္ရတိုင္း သင့္ဘဝမွာ တစ္ဘဝလုံးစာ အျငင္းခံလိုက္ရတာမ်ိဳးမဟုတ္ပါဘူး။

အဲဒီ့အခိုက္အတန႔္ေလးပဲ အျငင္းခံလိုက္ရတာပါ။ အျငင္းခံလိုက္ရေပမယ့္ ေအာင္ျမင္ခဲ့သူေတြအမ်ားႀကီးရွိပါတယ္။ အျငင္းခံလိုက္ရတာကေန ေအာင္ျမင္ေအာင္လုပ္ယူလို႔ ရတယ္ဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

 

(၁) သင္ဟာ လုံးဝညံ့ဖ်င္းေနတယ္ဆိုတဲ့အေတြးကိုေဖ်ာက္ပစ္ပါ။
အျငင္းခံလိုက္ရတဲ့ခဏမွာ သင့္ကိုသင္ ဟိုးေအာက္ဆုံးထိေရာက္သြားသလိုမ်ိဳး ခံစားဖူးတယ္မလား။

အဲဒါအျပင္ အဲဒီ့အခိုက္အတန႔္မွာ သင့္ရဲ႕အဖ်က္သေဘာအေတြးေတြနဲ႔ သင္ေခ်ာင္ပိတ္မိေနမွာပါ။

“ငါက အသုံးမက်လို႔လား…..၊ ငါက ဘယ္ေနရာမွာမွ အသုံးမဝင္ဘူးလား၊ ငါက ေတာ္ေတာ္သနားစရာေကာင္းေနပါလား၊

 

ငါရွက္လိုက္တာ” စတဲ့အေတြးေတြက သင့္ကိုပိုၿပီး ေအာက္ကိုဆြဲခ်ေနပါလိမ့္မယ္။ အဲဒါေၾကာင့္ သင့္ကိုသင္ လုံးဝညံ့ဖ်င္းတယ္လို႔ထင္ေနတဲ့အေတြးကို ေဖ်ာက္ပစ္ပါ။

အျငင္းခံရတာကို လူတိုင္းႀကဳံဖူးပါတယ္ေနာ္။ ဘယ္သူမွ အခါခါမႀကိဳးစားခဲ့ဘဲ ေနရာတစ္ေနရာကို မရလာပါဘူး။

အဲဒီ့အတြက္ သင္မွ ညံ့ဖ်င္းလြန္းလို႔ အျငင္းခံရတာမဟုတ္ဘူးဆိုတာကို နားလည္ပါ။ တကယ္ေတာ့ အျငင္းခံရတယ္ဆိုတာ အဲဒီ့အခိုက္အတန႔္ေလးမွာပဲ အျငင္းခံရတာပါ။ အဲဒီ့အခိုက္အတန႔္ေက်ာ္သြားတဲ့ေနာက္ထပ္ အခိုက္အတန႔္ေတြမွာ အျငင္းခံရခ်င္မွ ခံရမွာပါ။

 

(၂) ဘယ္အရာကမွ ခ်က္ခ်င္းေအာင္ျမင္သြားတာမရွိပါဘူး။
သင္အျငင္းခံလိုက္ရတဲ့အခါ ၿပဳံးၿပီး “ဘယ္အရာကမွ ခ်က္ခ်င္းေအာင္ျမင္သြားတယ္ဆိုတာမရွိပါဘူး…..” လို႔ ကိုယ့္ဟာကိုယ္ ၾကားေအာင္ေျပာလိုက္ပါ။

အျငင္းခံလိုက္ရတယ္ဆိုတာ စိန္ေခၚလိုက္ျခင္းပါပဲ။ ဒီေနရာမွာပဲ သင္လက္ေလ်ာ့လိုက္ေတာ့မလား၊

 

ေနာက္တစ္ခါ စိတ္လိုလက္ရ ေအာင္ျမင္ေအာင္ လုပ္မလား။ အဲဒါသင့္အေပၚမူတည္တာပါ။ သင္ေအာင္ျမင္ခ်င္ရင္ လက္မေလ်ာ့နဲ႔ေပါ့၊ အေျဖကရွင္းပါတယ္။

သင္လက္မေလ်ာ့ေသးမခ်င္း ေအာင္ျမင္မႈကို သင္နဲ႔နီးကပ္လာပါလိမ့္မယ္။

 

(၃) ကြဲျပားျခားနားမႈေၾကာင့္ဆိုတာကို လက္ခံပါ။
အလုပ္အင္တာဗ်ဴးမွာ သင္အျငင္းခံလိုက္ရတဲ့အခါ သင္ညံ့လို႔မဟုတ္ပါဘူး၊ သူတို႔လိုခ်င္တာနဲ႔ သင္မွာရွိတဲ့အရည္အခ်င္းနဲ႔က မအပ္စပ္ေသးလို႔ျဖစ္မွာပါ။

သင့္ေရးထားတဲ့ ဝတၳဳတစ္ပုဒ္ကို ျငင္းခံလိုက္ရတဲ့အခါ သင္ဆိုလိုခ်င္တာနဲ႔ သူတို႔ဆိုလိုခ်င္တာ ကြဲျပားေနလို႔ျဖစ္မွာပါ။

 

အျမင္တူျခင္းဆိုရင္ေတာ့ သင့္ရဲ႕ဝတၳဳကို လက္ခံခ်င္လက္ခံမွာေပါ့။ အဲလိုပဲ သင့္ရဲ႕အရည္အခ်င္းနဲ႔ကိုက္ညီတဲ့ အလုပ္အင္တာဗ်ဴးမွာ သင္အျငင္းခံရေတာ့မွာ မဟုတ္ပါဘူးေနာ္။

အဓိကက မတူကြဲျပားမႈေတြရွိတယ္ဆိုတာကို သင္လက္ခံထားၿပီး အခြင့္အေရးေတြကို ေတြ႕ေအာင္လိုက္ရွာေနဖို႔ပါပဲ။

Recommended For You >>>>  "အသက္ ၂၀ ေက်ာ္လာရင္ သင့္အေနနဲ ့ မျဖစ္မေန စြန္ ့လႊတ္လိုက္သင့္တဲ့ အရာ (၉) ခု"

 

(၄) အျငင္းခံရတာ ေအာင္ျမင္ဖို႔ပါ။
အျငင္းခံလိုက္ရတာနဲ႔ ဘယ္ေတာ့မွ မေအာင္ျမင္ႏိုင္ဘူးလို႔ေတြးေနရင္ သင့္အေတြးကိုေျပာင္းပစ္လိုက္ပါ။ တကယ္ေတာ့ အျငင္းခံလိုက္ရတဲ့အခါ သင္ေအာင္ျမင္ဖို႔ပါ။

အျငင္းခံရတဲ့ေနာက္ သင့္ကိုသင္ပိုေကာင္းေအာင္ ဒီထက္ႀကိဳးစားလိုက္ပါ။ အရည္အခ်င္းကို ဒီထက္ျပည့္ဝဖို႔ လုပ္ေပါ့။

 

သင့္ကဗ်ာကို ဒီတစ္ေယာက္ကလက္မခံရင္ လက္ခံမယ့္သူဆီအေရာက္ပို႔ေပ့ါ။ သင့္ပေရာဂ်က္ကို အားလုံးက ျငင္းပယ္ေနရင္

ဒီထက္ေကာင္းတဲ့ပေရာဂ်က္ထပ္ဆြဲေပါ့။ အဲဒါေၾကာင့္ အျငင္းခံရတာက သင့္ကို ပိုၿပီး ေအာင္ျမင္ေစႏိုင္ပါတယ္။

 

(၅) အရႈံးမေပးဖို႔ပဲလိုတာပါ။
ေအာင္ျမင္မႈအတြက္ အဓိကလိုအပ္ခ်က္က သင္လက္ေလ်ာ့အရႈံးမေပးဖို႔ပါပဲ။ တစ္ခါအျငင္းခံရတိုင္း သင္တခါထပ္ႀကိဳးစားေပါ့။

က်ရႈံးတိုင္းအရႈံးေပးရင္ေတာ့ ေအာင္ျမင္တဲ့သူဆိုတာေတာင္ ရွိေတာ့မွာမဟုတ္ပါဘူး။ အေပၚမွာ ေျပာခဲ့သလိုပဲ တခါ ရႈံးရင္ ေနာက္တခါ ဘယ္လိုအႏိုင္ယူမလဲစဥ္းစားၿပီး ျပန္ႀကိဳးစားပါ။

တခါျငင္းရင္ ေနာက္တခါ မျငင္းခံရေအာင္ ဘာေတြျပင္ဆင္မလဲစဥ္းစားပါ။ အဓိကက အရႈံးမေပးဖို႔ပါပဲေနာ္။

အျငင္းခံလိုက္ရ႐ုံနဲ႔ မေအာင္ျမင္ႏိုင္တာမဟုတ္ပါဘူး။ လက္ေလ်ာ့လိုက္တာကမွ မေအာင္ျမင္ႏိုင္ျခင္းရဲ႕ တရားခံအစစ္ပါ။ အျငင္းခံလိုက္ရတဲ့အခါ ဒီစာေလးဖတ္ၿပီး အားတင္းရင္း ကိုယ့္ကိုကိုယ္ ျပန္အားေပးလိုက္ပါေနာ္။


သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://www.sayar.com.mm/subjects.html မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

 

BAWA101

 

UNICODE

အငြင်းခံရတဲ့အခါ မအောင်မြင်နိုင်တော့ဘူးလား?
သင့်ဘဝမှာ အငြင်းခံဖူးမှာနော်။ အလုပ်သွားလျှောက်တဲ့အခါ အပယ်ခံရတာ၊ ချစ်သူကို ချစ်စကားပြောတဲ့အချိန်မှာ အငြင်းခံရတာ၊ စကော်လားရှစ်အတွက် အပယ်ခံလိုက်ရတာ၊

ဝင်ခွင့်စာမေးပွဲဖြေလိုက်တာ သင်အပယ်ခံလိုက်ရတာ စသည်ဖြင့်ပေါ့။

အဲလိုအငြင်းခံလိုက်ရတဲ့အခါ သင့်စိတ်ထဲမှာတော်တော်လေးတော့ စိတ်မကောင်းဖြစ်ရသလို၊ စိတ်ဓာတ်လဲကျသွားတာမျိုးဖြစ်ဖူးမှာပါနော်။

ဒါပေမယ့် အဲလိုမျိုး အငြင်းခံလိုက်ရတိုင်း သင့်ဘဝမှာ တစ်ဘဝလုံးစာ အငြင်းခံလိုက်ရတာမျိုးမဟုတ်ပါဘူး။

အဲဒီ့အခိုက်အတန့်လေးပဲ အငြင်းခံလိုက်ရတာပါ။ အငြင်းခံလိုက်ရပေမယ့် အောင်မြင်ခဲ့သူတွေအများကြီးရှိပါတယ်။ အငြင်းခံလိုက်ရတာကနေ အောင်မြင်အောင်လုပ်ယူလို့ ရတယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။

 

(၁) သင်ဟာ လုံးဝညံ့ဖျင်းနေတယ်ဆိုတဲ့အတွေးကိုဖျောက်ပစ်ပါ။
အငြင်းခံလိုက်ရတဲ့ခဏမှာ သင့်ကိုသင် ဟိုးအောက်ဆုံးထိရောက်သွားသလိုမျိုး ခံစားဖူးတယ်မလား။

အဲဒါအပြင် အဲဒီ့အခိုက်အတန့်မှာ သင့်ရဲ့အဖျက်သဘောအတွေးတွေနဲ့ သင်ချောင်ပိတ်မိနေမှာပါ။

“ငါက အသုံးမကျလို့လား…..၊ ငါက ဘယ်နေရာမှာမှ အသုံးမဝင်ဘူးလား၊ ငါက တော်တော်သနားစရာကောင်းနေပါလား၊

ငါရှက်လိုက်တာ” စတဲ့အတွေးတွေက သင့်ကိုပိုပြီး အောက်ကိုဆွဲချနေပါလိမ့်မယ်။ အဲဒါကြောင့် သင့်ကိုသင် လုံးဝညံ့ဖျင်းတယ်လို့ထင်နေတဲ့အတွေးကို ဖျောက်ပစ်ပါ။

 

အငြင်းခံရတာကို လူတိုင်းကြုံဖူးပါတယ်နော်။ ဘယ်သူမှ အခါခါမကြိုးစားခဲ့ဘဲ နေရာတစ်နေရာကို မရလာပါဘူး။

အဲဒီ့အတွက် သင်မှ ညံ့ဖျင်းလွန်းလို့ အငြင်းခံရတာမဟုတ်ဘူးဆိုတာကို နားလည်ပါ။ တကယ်တော့ အငြင်းခံရတယ်ဆိုတာ အဲဒီ့အခိုက်အတန့်လေးမှာပဲ အငြင်းခံရတာပါ။ အဲဒီ့အခိုက်အတန့်ကျော်သွားတဲ့နောက်ထပ် အခိုက်အတန့်တွေမှာ အငြင်းခံရချင်မှ ခံရမှာပါ။

 

(၂) ဘယ်အရာကမှ ချက်ချင်းအောင်မြင်သွားတာမရှိပါဘူး။
သင်အငြင်းခံလိုက်ရတဲ့အခါ ပြုံးပြီး “ဘယ်အရာကမှ ချက်ချင်းအောင်မြင်သွားတယ်ဆိုတာမရှိပါဘူး…..” လို့ ကိုယ့်ဟာကိုယ် ကြားအောင်ပြောလိုက်ပါ။

အငြင်းခံလိုက်ရတယ်ဆိုတာ စိန်ခေါ်လိုက်ခြင်းပါပဲ။ ဒီနေရာမှာပဲ သင်လက်လျော့လိုက်တော့မလား၊

 

နောက်တစ်ခါ စိတ်လိုလက်ရ အောင်မြင်အောင် လုပ်မလား။ အဲဒါသင့်အပေါ်မူတည်တာပါ။ သင်အောင်မြင်ချင်ရင် လက်မလျော့နဲ့ပေါ့၊ အဖြေကရှင်းပါတယ်။

သင်လက်မလျော့သေးမချင်း အောင်မြင်မှုကို သင်နဲ့နီးကပ်လာပါလိမ့်မယ်။

 

(၃) ကွဲပြားခြားနားမှုကြောင့်ဆိုတာကို လက်ခံပါ။
အလုပ်အင်တာဗျူးမှာ သင်အငြင်းခံလိုက်ရတဲ့အခါ သင်ညံ့လို့မဟုတ်ပါဘူး၊ သူတို့လိုချင်တာနဲ့ သင်မှာရှိတဲ့အရည်အချင်းနဲ့က မအပ်စပ်သေးလို့ဖြစ်မှာပါ။

သင့်ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်ကို ငြင်းခံလိုက်ရတဲ့အခါ သင်ဆိုလိုချင်တာနဲ့ သူတို့ဆိုလိုချင်တာ ကွဲပြားနေလို့ဖြစ်မှာပါ။

 

အမြင်တူခြင်းဆိုရင်တော့ သင့်ရဲ့ဝတ္ထုကို လက်ခံချင်လက်ခံမှာပေါ့။ အဲလိုပဲ သင့်ရဲ့အရည်အချင်းနဲ့ကိုက်ညီတဲ့ အလုပ်အင်တာဗျူးမှာ သင်အငြင်းခံရတော့မှာ မဟုတ်ပါဘူးနော်။

အဓိကက မတူကွဲပြားမှုတွေရှိတယ်ဆိုတာကို သင်လက်ခံထားပြီး အခွင့်အရေးတွေကို တွေ့အောင်လိုက်ရှာနေဖို့ပါပဲ။

Recommended For You >>>>  "အသက် ၂၀ ကျော်လာရင် သင့်အနေနဲ့ မဖြစ်မနေ စွန့်လွှတ်လိုက်သင့်တဲ့ အရာ (၉) ခု"

 

(၄) အငြင်းခံရတာ အောင်မြင်ဖို့ပါ။
အငြင်းခံလိုက်ရတာနဲ့ ဘယ်တော့မှ မအောင်မြင်နိုင်ဘူးလို့တွေးနေရင် သင့်အတွေးကိုပြောင်းပစ်လိုက်ပါ။ တကယ်တော့ အငြင်းခံလိုက်ရတဲ့အခါ သင်အောင်မြင်ဖို့ပါ။

အငြင်းခံရတဲ့နောက် သင့်ကိုသင်ပိုကောင်းအောင် ဒီထက်ကြိုးစားလိုက်ပါ။ အရည်အချင်းကို ဒီထက်ပြည့်ဝဖို့ လုပ်ပေါ့။

 

သင့်ကဗျာကို ဒီတစ်ယောက်ကလက်မခံရင် လက်ခံမယ့်သူဆီအရောက်ပို့ပေ့ါ။ သင့်ပရောဂျက်ကို အားလုံးက ငြင်းပယ်နေရင်

ဒီထက်ကောင်းတဲ့ပရောဂျက်ထပ်ဆွဲပေါ့။ အဲဒါကြောင့် အငြင်းခံရတာက သင့်ကို ပိုပြီး အောင်မြင်စေနိုင်ပါတယ်။

 

(၅) အရှုံးမပေးဖို့ပဲလိုတာပါ။
အောင်မြင်မှုအတွက် အဓိကလိုအပ်ချက်က သင်လက်လျော့အရှုံးမပေးဖို့ပါပဲ။ တစ်ခါအငြင်းခံရတိုင်း သင်တခါထပ်ကြိုးစားပေါ့။

ကျရှုံးတိုင်းအရှုံးပေးရင်တော့ အောင်မြင်တဲ့သူဆိုတာတောင် ရှိတော့မှာမဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့သလိုပဲ တခါ ရှုံးရင် နောက်တခါ ဘယ်လိုအနိုင်ယူမလဲစဉ်းစားပြီး ပြန်ကြိုးစားပါ။

တခါငြင်းရင် နောက်တခါ မငြင်းခံရအောင် ဘာတွေပြင်ဆင်မလဲစဉ်းစားပါ။ အဓိကက အရှုံးမပေးဖို့ပါပဲနော်။

အငြင်းခံလိုက်ရရုံနဲ့ မအောင်မြင်နိုင်တာမဟုတ်ပါဘူး။ လက်လျော့လိုက်တာကမှ မအောင်မြင်နိုင်ခြင်းရဲ့ တရားခံအစစ်ပါ။ အငြင်းခံလိုက်ရတဲ့အခါ ဒီစာလေးဖတ်ပြီး အားတင်းရင်း ကိုယ့်ကိုကိုယ် ပြန်အားပေးလိုက်ပါနော်။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://www.sayar.com.mm/subjects.html မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

 

BAWA101

sayar.com.mm

 

Monday, 21 October 2019 16:44

"ဘဝရည္မွန္းခ်က္ေရေရရာရာမသိေသးဘူးဆိုရင္ ျပဳလုပ္ၾကည့္သင့္တဲ့အခ်က္ (၆) ခ်က္"

UNICODE

အချို့ကတော့ ဘာလုပ်မယ်၊ ဘာဖြစ်ချင်တယ်….ဆိုပြီး ရည်မှန်းချက်ရှိတတ်ကြပါတယ်။ ရှိသလိုလည်း ကိုယ်သွားမယ့်လမ်းကြောင်းကို ကိုယ်တိုင်ရွေးချယ်ပြီး လျှောက်တတ်ကြပါသေးတယ်။

Page 2 of 7