×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 24 December 2019

"ကၽြန္ေတာ္တို႕ က်ရွံုးရ သည့္ အေၾကာင္းရင္မ်ား"

"ကၽြန္ေတာ္တို႕ က်ရွံုးရ သည့္ အေၾကာင္းရင္မ်ား" freepick

လူေတြကို က်ရွံုးေစတဲ့ အေျခခံ သေဘာတရားေတြကို ၾကည့္တဲ့ အခါ မ်ားေသာအားျဖင့္တူေနတာကိုေတြ႕ရပါတယ္။

ဒါကိုသင္လက္မခံ လို႕မရပါဘူး။ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္တဲ့ အခ်က္ေတြရွိသလို လူတစ္ေယာက္ ကို က်ရွံုးေစတဲ့ အခ်က္ေတြလည္းရွိပါတယ္။
ဟားဗတ္တကၠသိုုလ္က သုုေတသန တစ္ခုုျပဳခဲ့ပါတယ္။ လူတစ္ေယာက္ ကိုု အဓိက က်ရံူးေစတဲ့ အေၾကာင္းတရားမ်ားဟာ ေအာက္ပါအတိုုင္းျဖစ္ပါတယ္။


၁။ ယံုၾကည္မႈမရွိျခင္း
ဘာကိုုမွ ျပတ္ျပတ္သားသား မဆံုုးျဖတ္ရဲ၊ ဟိုုေယာင္ေယာင္၊ ဒီေယာင္ေယာင္၊ ဟိုုဟာလုုပ္ရင္ ေကာင္းႏိူးႏိူး၊ ဒီဟာလုုပ္ရင္ ေကာင္းႏိူးႏိူးနဲ႔ အခ်ိန္ကုုန္ အသက္ႀကီးသြားတဲ့ လူမ်ားတစ္ပံုုႀကီးပါ။ မွားမွာေၾကာက္လိုု႔၊ ဆံုုးရံူးမွာ ေၾကာက္လိုု႔ ဆိုုတဲ့စိတ္မ်ဳိးဟာ ခ်ီတံုုခ်တံုုကိုု ျဖစ္ေပၚ ေစပါတယ္။ ဘယ္အရာမဆိုု ၁၀၀% ေသခ်ာမွ လုုပ္မယ္ဆိုုရင္ အခြင့္အေရး အဲဒီေနရာမွာ မရိွေတာ့ပါဘူး။


၂။ အခ်ိန္ဆြဲျခင္း
လုုပ္မယ္၊ လုုပ္မယ္၊ မနက္ဖန္စမယ္ ဆိုုၿပီး မၿပီးဆံုုးႏိုုင္တဲ့ မနက္ဖန္ျဖစ္ေနရင္ အလုုပ္မျဖစ္ေတာ့ပါဘူး။ ခဏမွလုုပ္မယ္။ နက္ဖန္မွ လုုပ္မယ္။ ေနာက္တစ္ပတ္မွ စလိုုက္မယ္ ဆိုုတဲ့ အက်င့္မ်ဳိးဟာ လူတစ္ေယာက္ က်ရံူးေစတဲ့ အဓိက အေၾကာင္းအရာထဲမွာ ပါပါတယ္။


၃။ ဇြဲမရွိျခင္း
ဘာပဲလုုပ္လုုပ္ အစပဲေကာင္းၿပီး အဆံုုးမရိွတာမ်ဳိး၊ စာတစ္အုုပ္ဖတ္ေတာ့မယ္လိုု႔ ေသေသခ်ာခ်ာ ဆံုုးျဖတ္ၿပီး ပထမပိုုင္း ၁၀ မ်က္နာေတာင္ ၿပီးေအာင္ မဖတ္ရူ႕ ႏိုုင္တဲ့ အက်င့္မ်ဳိး ျဖစ္ပါတယ္။ သိပ္၀ေနၿပီ၊ ၀ိတ္ခ်ေတာ့မယ္။ အစတုုန္းကေတာ့ ဟုုတ္မလိုုလိုုပဲ၊ ေနာင္ေတာ့ အဖ်ားရွဴးသြားတယ္။ ခ်ေလ၀ေလ ျဖစ္သြားတယ္။ လုုပ္ငန္းတစ္ခုု စလုုပ္တယ္။ အစေတာ့ အားတက္တေရာ၊ စိတ္ေရာကိုုယ္ပါ ႀကိဳးစားပါတယ္။ အလုုပ္ေတာင္ေကာင္းေကာင္းမျဖစ္ေသးဘူး၊ အဖ်ားရွူးသြားတာမ်ဳိးကိုု ဆိုုလိုုပါတယ္။


၄။ သူမ်ားျငင္းဆိုုမူကိုု ေၾကာက္ရႊံ႕ ျခင္း
ကိုုယ္ခ်စ္မိတဲ့သူ ျငင္းဆိုုမွာ ေၾကာက္လိုု႔ ရည္းစားစကားမေျပာရဲတဲ့လူဟာ ကုုိယ္ခ်စ္တဲ့လူ အျခားလူနဲ႔ ညားသြားတဲ့ အခါက်မွ အႀကီးအက်ယ္ အသဲကြဲရတတ္ပါတယ္။ အလုုပ္အကိုုင္၊ အခြင့္အေရးေတြလည္း ဒီလိုုပါပဲ။ ကိုုယ္စေတာင္ မစရေသးဘူး၊ သူမ်ားျငင္းဆိုုမယ္ဆိုုတာကိုု စိုုးရိမ္ေနရင္ ဘယ္ေတာ့မွ မစျဖစ္ေတာ့ပါဘူး။


၅။ မိမိကိုုယ္မိမိ ေဘာင္ခတ္ျခင္း
ဆိုုပါစိုု႔၊ ဒီအလုုပ္ဟာ အလုုပ္ျဖစ္ႏိုုင္တယ္။ လုုပ္ကိုုိင္ဖိုု႔ အခြင့္အေရး လည္းရိွတယ္။ ဒါေပမဲ့ ကိုုယ့္မိသားစုုရဲ႕ ဂုုဏ္ကိုု ငွဲ႔လိုု႔ မလုုပ္ျဖစ္တဲ့လူေတြ အမ်ားႀကီးေတြ႔ဖူးပါတယ္။ ဒါ ဂုုဏ္ငယ္မွာေၾကာက္လိုု႔ ကိုုယ့္ေဘာင္ကိုု ကိုုယ္ျပန္ခတ္မိတာျဖစ္တယ္။ ဟုုိအလုုပ္မလုုပ္ႏိုုင္ဘူး၊ ဘာေၾကာင့္၊ ဒီအလုုပ္မလုုပ္ခ်င္ဘူး၊ ဘာေၾကာင့္ဆိုုၿပီး ကိုုယ့္ကိုုယ္ကိုု ေဘာင္ခတ္တာ အမ်ားႀကီးရိွပါေသးတယ္။


၆။ အျဖစ္မွန္ကိုု ရင္မဆိုုင္လိုုျခင္း
လက္ေတြ႔မက်တဲ့လူကိုု ဆိုုလိုုတာပါ။ စိတ္ကူးယာဥ္ဆန္လြန္းၿပီး ကိုုယ့္စိတ္ကူးယာဥ္ထဲမွာပဲ ေက်နပ္ေနတတ္တဲ့ လူစားမ်ဳိးကိုု ဆိုုလိုုတာပါ။ ဘာမဆိုု အလကားလိုုခ်င္တယ္။ အလုုပ္ေကာင္းေအာင္ထက္ ကံေကာင္းေအာင္ပဲ အားထုုတ္ေနတတ္တယ္။ အခ်ိန္ရိွတိုုင္း ထီပဲေပါက္ေနခ်င္တယ္။ ေန႔ခ်င္းညခ်င္း ခ်မ္းသာခ်င္တယ္။


၇။ ဆင္ေျခမ်ားလြန္းျခင္း
ဆင္ေျခမ်ားလြန္းျခင္း၊ အေၾကာင္းျပခ်က္မ်ားလြန္းျခင္း ဟာ ဘ၀ဆံုုးရံူးေစတဲ့ အေၾကာင္းရင္းထဲမွာ ၂၂% ေတာင္ပါ၀င္ပါတယ္။ သူတိုု႔ဟာ အလုုပ္ကိုု စိတ္ႏွစ္ကိုုယ္ႏွစ္ မလုုပ္ကိုုင္တတ္ပါ။ ဘာပဲအားနည္းခ်က္ေတြ႔ေတြ႔ သူတိုု႔မွာ အေၾကာင္းျပခ်က္ အျပည့္အစံုု အၿမဲရိွေနတတ္တယ္။ လုုပ္ေဖၚကိုုင္ဘက္ေၾကာင့္၊ အလုုပ္ရွင္ေၾကာင့္၊ ေခတ္စနစ္ေၾကင့္၊ မိဘမ်ားေၾကာင့္၊ သူငယ္ခ်င္းေၾကာင့္၊ အစိုုးရ ေၾကာင့္၊ သူတိုု႔ဆံုုးရံူးရတယ္လိုု႔ပဲ သူတိုု႔ ယူဆၾကပါတယ္။ သူတိုု႔ကိုုသူတိုု႔ ဘယ္ေသာအခါမွ မစမ္းစစ္ပါ။


၈။ သင္ယူရန္ ျငင္းဆန္ျခင္း
သင္ယူတယ္ဆိုုတာ ပင္ပမ္းရပါတယ္။ အားထုုတ္ရပါတယ္။ ဦးေနာက္သံုုးရပါတယ္။
သူတိုု႔ဟာ ဘာပဲလုုပ္လုုပ္၊ ဘယ္မွာပဲလုုပ္လုုပ္၊ အလုုပ္ကိုု ၿပီးေအာင္သာလုုပ္ပါတယ္။ ၀တ္ေက်တန္းေက် လုုပ္ပါတယ္။ အျပစ္တင္လြတ္ေအာင္သာ လုုပ္ပါတယ္။ ဘယ္အလုုပ္မဆိုု သင္ယူႏိုုင္တဲ့ အခြင့္အေရး ရိွတယ္ဆိုုတာ သူတိုု႔ မသိၾကပါ။ သိရင္လည္း မလုုပ္လိုုၾကပါ။ အလုုပ္အားရင္ သက္ေတာင့္သက္သာနဲ႔ လက္ကိုုင္ဖုုန္းေဆာ့ေနၾကပါတယ္။ လၻက္ရည္ဆိုုင္ထိုုင္ၾကပါတယ္။ စကားေျပာေနၾကပါတယ္။

 

Original Uploader

 

UNICODE

"ကျွန်တော်တို့ ကျရှုံးရ သည့် အကြောင်းရင်များ"
လူတွေကို ကျရှုံးစေတဲ့ အခြေခံ သဘောတရားတွေကို ကြည့်တဲ့ အခါ များသောအားဖြင့်တူနေတာကိုတွေ့ရပါတယ်။ ဒါကိုသင်လက်မခံ လို့မရပါဘူး။ အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့ အချက်တွေရှိသလို လူတစ်ယောက် ကို ကျရှုံးစေတဲ့ အချက်တွေလည်းရှိပါတယ်။
ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။ လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။


၁။ ယုံကြည်မှုမရှိခြင်း
ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။ မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။


၂။ အချိန်ဆွဲခြင်း
လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။


၃။ ဇွဲမရှိခြင်း
ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။ အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။ အစတော့ အားတက်တရော၊ စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။


၄။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း
ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။


၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း
ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။


၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း
လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယာဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။


၇။ ဆင်ခြေများလွန်းခြင်း
ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘဝဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါဝင်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။ လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။


၈။ သင်ယူရန် ငြင်းဆန်ခြင်း
သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။
သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။ ဝတ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင်လွတ်အောင်သာ လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်းဆော့နေကြပါတယ်။ လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်။ စကားပြောနေကြပါတယ်။

 

 

Original Uploader

 

sayar.com.mm

Read times
Rate this articles
(0 votes)