×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Thursday, 28 November 2019

"ဆင္းရဲမွဳနဲ႔ ေမြးဖြားလာတာ သင့္အမွား မဟုတ္ေပမယ့္ ဆင္းဆင္းရဲရဲနဲ႔ပဲ ေသသြားမယ္ဆုိရင္ေတာ့ သင့္အမွားပါ"

"ဆင္းရဲမွဳနဲ႔ ေမြးဖြားလာတာ သင့္အမွား မဟုတ္ေပမယ့္ ဆင္းဆင္းရဲရဲနဲ႔ပဲ ေသသြားမယ္ဆုိရင္ေတာ့ သင့္အမွားပါ" google.com

ေရြးခ်ယ္နိုင္ခြင့္ေရာ ေရြးခ်ယ္ခံခြင့္ေရာ မရွိဘဲ ေလာကၾကီးထဲကို အလည္ေရာက္လာသူေတြ အေနနဲ႔ ခ်မ္းသာစြာ ေနထိုင္နိုင္တဲ့ပတ္ဝန္းက်င္ ဆင္းရဲခ်ိဳ႕တဲ့စြာ ေနထိုင္ရတဲ့ ပတ္ဝန္းက်င္ လူသားျခင္းစာနာမွဳရွိတဲ့ ပတ္ဝန္းက်င္

လူမဆန္တဲ့ ပတ္ဝန္းက်င္ ေအးခ်မ္းမွဳေတြနဲ႔ ျပည့္ေနတဲ့ မိသားစု ပူေလာင္မွဳေတြနဲ႕ အျမဲေလာင္ကြ်မ္းေနတဲ့ မိသားစု ဒါေတြကို ေရြးခ်ယ္ပိုင္ခြင့္မရွိပါဘူး။

ဒါေပမယ့္ ေမြးဖြားလာျပီးေနာက္ပိုင္းမွာေတာ့ ကိုယ့္ဘဝကိုယ္ ေရြးခ်ယ္ပိုင္ခြင့္ ရွိပါတယ္။ ေရြးခ်ယ္ပိုင္ခြင့္ ဆိုတာက ကိုယ့္ဘဝကို ဘယ္လိုျဖတ္သန္းမွာလညး္ အနာဂတ္ကို ဘယ္လုိပံုေဖာ္ထုဆစ္ၾကမလဲေပါ့။

ေအာင္ျမင္မွဳတစ္ခုကို ဘာနဲ႔တိုင္းတာသလဲ။ တိုင္းတာတဲ့စံခ်ိန္စံႏွဳန္းေတြ ယူနစ္ေတြ မရွိပါဘူး။ တခ်ိဳ႕က ခ်မ္းသာရင္ ေအာင္ျမင္တယ္ တခ်ိဳ႕က နာမည္ၾကီးျပီး လူသိမ်ားရင္ ေအာင္ျမင္တယ္ တခ်ိဳ႕က လူတိုင္းက ေလးစားအားက်ရတဲ့သူ ဦးညြတ္ရတဲ့သူျဖစ္ရင္ ေအာင္ျမင္တယ္… ဒါေတြက ဘယ္သူမွသတ္မွတ္ထားတာ မဟုတ္ပါဘူး။ ကိုယ္ကိုယ္တိုင္ပဲ သတ္မွတ္ထားတာပါ။

သူမ်ားရဲ႕ ဘဝအတိုင္းမေနပါနဲ႕။ ကိုယ့္ဘဝနဲ႔ကိုယ္ေနပါ။ ဒါေပမယ့္ သူမ်ားေတြဆီက အေတြ႔အၾကံဳေတြ ပညာေတြ အမွားေတြကို သင္ခန္းစာယူပါ ေလ့လာပါ။ ထားပါေတာ့ ဘီဂိတ္ ကိုအားက်တယ္ သူ႔လို ေအာင္ျမင္ခ်င္တယ္ဆိုရင္ သူ႔လုိၾကိဳးစားပါ ဒါေပမယ့္ သင္သိထားဖို႔က သူ႔လိုေအာင္ျမင္လာတဲ့တေန႔ ရွိလာခဲ့ရင္ေတာင္ သင္ကသင္ပါ ဘယ္ေတာ့မွ ဘီဂိတ္ျဖစ္လာမွာ မဟုတ္ဘူး ၊ ဒုတိယ ဘီဂိတ္ေတာ့ ျဖစ္တန္ေကာင္းပါရဲ႕။

ကိုယ့္ဘဝလမ္းေၾကာင္းကို ဘယ္လိုဖန္တီးမလဲ ဘယ္လမ္းကို ေလွ်ာက္မလဲ ဒါေတြက ကိုယ့္ရဲ႕ကုိယ္ပိုင္ ဆံုးျဖတ္ခ်က္ေတြနဲ႔ တည္ေဆာက္ရမွာပါ။ ေျပာေနတာက လြယ္ပါတယ္ လက္ေတြ႔ဘဝမွာ တကယ္ရင္ဆိုင္ ၾကံဳေတြ႔ရတဲ့အခါ အခက္အခဲေတြ အမ်ားၾကီးကို ရင္ဆိုင္ရမွာပါ။

လူတစ္ေယာက္က ေကာင္းမြန္မွန္ကန္စြာ ၾကီးပ်င္းလာဖို႔ဆိုတာက ပတ္ဝန္းက်င္ေပၚမွာလည္း အမ်ားၾကီး မူတည္ေနပါတယ္။ ဒါေပမယ့္ ကာယကံရွင္ကေတာ့ အေရးၾကီးဆံုးပါပဲ။ ပတ္ဝန္းက်င္က ကိုယ့္ရဲ႕ၾကိဳးစား အားထုတ္မွဳ အၾကံဥာဏ္ေတြကို ပ်က္ရယ္ျပဳေကာင္းျပဳနိုင္ပါတယ္။


ဒါေပမယ့္ မွတ္ထားဖို႔က သူတို႔ေျပာတဲ့ ေဝဖန္တဲ့စကားတိုင္းကို လိုက္ခံစားေနဖို႔ မလိုပါဘူး ေဝဖန္သံလား ကဲ့ရဲ႕သံလားဆိုတာကို ေသခ်ာခြဲျခမ္းဖို႔ လိုပါတယ္။ သင့္ကိုကဲ႔ရဲ႕ တဲ့သူေတြ ကိုယ္တိုင္ကေရာ ဘယ္ေလာက္ေတာင္ ၾကီးက်ယ္ျမင့္ျမတ္ေနလို႔လဲ သင့္ထက္အမ်ားၾကီးသာ ေနတဲ့သူေတြလား သူလုိကိုယ္လုိ လူေတြလား ေသခ်ာပါတယ္ သင့္ကို ကဲ့ရဲ႕တယ္ဆိုကတည္းက အလကားလူေတြဆိုတာ။ ပညာတတ္ေတြက သင့္ကို ကဲ့ရဲ႕မယ့္ အစား ေဝဖန္အၾကံျပဳမွာပါ သူတို႔ေျပာတဲ့စကား ကိုေတာ့ အေလးထားျပီးနားေထာင္ပါ။

ဆင္းရဲတဲ့သူေတာ္ေတာ္မ်ားမ်ားက ဘာေၾကာင့္ေအာင္ျမင္မွဳမရတာလဲ…စဥ္းစားၾကည့္မိရင္ သူတို႔ေတြက မေသခ်ာမေရရာတဲ့ ဘယ္ေတာ့ကိုယ့္ဆီေရာက္လာမယ္မွန္းမသိတဲ့ အခြင့္အေရးဆိုတာၾကီးကို ထိုင္ေစာင့္ေနတဲ့သူေတြ မ်ားပါတယ္။ ေအာင္ျမင္သူေတြကို ေလ့လာၾကည့္ပါ သူတို႔က အခြင့္အေရးကို ထိုင္ေစာင့္ေနတဲ့သူမဟုတ္ပါဘူး။ ဖန္တီးယူတဲ့သူေတြပါ။ ဆင္းရဲတဲ့ဘဝကေန ကမၻာေက်ာ္ျဖစ္လာတဲ့ သူေတြ အမ်ားၾကီးပါ။ အေမရိကန္ သမၼတေဟာင္း အိုဘားမားကိုပဲ ၾကည့္ပါ ငယ္ငယ္တုန္းက ခက္ခဲၾကမ္းတမ္းတဲ့ ေလာကဓံတရားေတြကို ၾကံၾကံခံ ရင္ဆိုင္ကာ သူလိုခ်င္တဲ့ပန္းတိုင္ကို အေရာက္လွမ္းနိုင္ခဲ့တဲ့အျပင္ အေမရိကန္နိုင္ငံအတြက္ ပထမဆံုး လူမည္းသမၼတဆိုျပီးေတာ့ေတာင္ သမိုင္းသစ္ တင္နိုင္ခဲ့တာပါ။


သင္ကိုယ္တိုင္က ဘဝကို ေပါ့ေပါ့ပါးပါးပဲ ျဖတ္သန္းမယ္ဆိုရင္ေတာ့ သင္ကိုယ္တိုင္က ျပန္ျပီးအားက်ရမယ့္ သင္ ျဖစ္လာမွာ မဟုတ္ပါဘူး။ ၾကိဳးစားအားထုတ္မွဳေတြ တုိးတက္ခ်င္တဲ့စိတ္ေတြ ရည္မွန္းခ်က္ေတြ ေမွ်ာ္လင့္ခ်က္ေတြ မရွိဘူးဆိုရင္ သင္ဘယ္ေတာ့မွ ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ ဘဝကို ရနိုင္မွာမဟုတ္သလို လူျဖစ္ခြင့္ၾကံဳတဲ့ ရွားပါးတဲ့အခြင့္အေရးတစ္ခုလံုးကို သင္လက္လႊတ္ခံလိုက္တာနဲ႔ တူတူပါပဲ။ သင္က ဒီလိုလူမ်ိဳးဆိုရင္ေတာ့ က်ိန္းေသပါတယ္ သင္ေသသည္အထိ ဆင္းရဲခ်ိဳ႕တဲ့စြာပဲ ေနထိုင္သြားရင္းနဲ႔ ဘဝေနဝင္ခ်ိန္ကုိ လူမသိ သူမသိ ျဖတ္သန္းသြားရမွာပါ။

ကိုယ္ပိုင္တဲ့ကိုယ့္ဘဝကို အလွပဆံုး ပံုေဖာ္ထုဆစ္ရင္း ကိုယ္သတ္မွတ္ထားတဲ့ ေအာင္ျမင္မွဳကို ရယူနိုင္တဲ့ စိတ္ဓာတ္အင္အားေတြ ျပည့္ေနတဲ့ ပန္းပုဆရာေကာင္းေလးမ်ား ျဖစ္ဖို႔ ဆႏၵျပဳရင္း…

 

UNICODE

"ဆင်းရဲမှုနဲ့ မွေးဖွားလာတာ သင့်အမှား မဟုတ်ပေမယ့် ဆင်းဆင်းရဲရဲနဲ့ပဲ သေသွားမယ်ဆိုရင်တော့ သင့်အမှားပါ"
ရွေးချယ်နိုင်ခွင့်ရော ရွေးချယ်ခံခွင့်ရော မရှိဘဲ လောကကြီးထဲကို အလည်ရောက်လာသူတွေ အနေနဲ့ ချမ်းသာစွာ နေထိုင်နိုင်တဲ့ပတ်ဝန်းကျင် ဆင်းရဲချို့တဲ့စွာ နေထိုင်ရတဲ့ ပတ်ဝန်းကျင် လူသားခြင်းစာနာမှုရှိတဲ့ ပတ်ဝန်းကျင်

လူမဆန်တဲ့ ပတ်ဝန်းကျင် အေးချမ်းမှုတွေနဲ့ ပြည့်နေတဲ့ မိသားစု ပူလောင်မှုတွေနဲ့ အမြဲလောင်ကျွမ်းနေတဲ့ မိသားစု ဒါတွေကို ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။

ဒါပေမယ့် မွေးဖွားလာပြီးနောက်ပိုင်းမှာတော့ ကိုယ့်ဘဝကိုယ် ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ရွေးချယ်ပိုင်ခွင့် ဆိုတာက ကိုယ့်ဘဝကို ဘယ်လိုဖြတ်သန်းမှာလည်း အနာဂတ်ကို ဘယ်လိုပုံဖော်ထုဆစ်ကြမလဲပေါ့။

အောင်မြင်မှုတစ်ခုကို ဘာနဲ့တိုင်းတာသလဲ။ တိုင်းတာတဲ့စံချိန်စံနှုန်းတွေ ယူနစ်တွေ မရှိပါဘူး။ တချို့က ချမ်းသာရင် အောင်မြင်တယ် တချို့က နာမည်ကြီးပြီး လူသိများရင် အောင်မြင်တယ် တချို့က လူတိုင်းက လေးစားအားကျရတဲ့သူ ဦးညွတ်ရတဲ့သူဖြစ်ရင် အောင်မြင်တယ်… ဒါတွေက ဘယ်သူမှသတ်မှတ်ထားတာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ သတ်မှတ်ထားတာပါ။

သူများရဲ့ ဘဝအတိုင်းမနေပါနဲ့။ ကိုယ့်ဘဝနဲ့ကိုယ်နေပါ။ ဒါပေမယ့် သူများတွေဆီက အတွေ့အကြုံတွေ ပညာတွေ အမှားတွေကို သင်ခန်းစာယူပါ လေ့လာပါ။ ထားပါတော့ ဘီဂိတ် ကိုအားကျတယ် သူ့လို အောင်မြင်ချင်တယ်ဆိုရင် သူ့လိုကြိုးစားပါ ဒါပေမယ့် သင်သိထားဖို့က သူ့လိုအောင်မြင်လာတဲ့တနေ့ ရှိလာခဲ့ရင်တောင် သင်ကသင်ပါ ဘယ်တော့မှ ဘီဂိတ်ဖြစ်လာမှာ မဟုတ်ဘူး ၊ ဒုတိယ ဘီဂိတ်တော့ ဖြစ်တန်ကောင်းပါရဲ့။

ကိုယ့်ဘဝလမ်းကြောင်းကို ဘယ်လိုဖန်တီးမလဲ ဘယ်လမ်းကို လျှောက်မလဲ ဒါတွေက ကိုယ့်ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ရမှာပါ။ ပြောနေတာက လွယ်ပါတယ် လက်တွေ့ဘဝမှာ တကယ်ရင်ဆိုင် ကြုံတွေ့ရတဲ့အခါ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ရမှာပါ။

လူတစ်ယောက်က ကောင်းမွန်မှန်ကန်စွာ ကြီးပျင်းလာဖို့ဆိုတာက ပတ်ဝန်းကျင်ပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ ဒါပေမယ့် ကာယကံရှင်ကတော့ အရေးကြီးဆုံးပါပဲ။ ပတ်ဝန်းကျင်က ကိုယ့်ရဲ့ကြိုးစား အားထုတ်မှု အကြံဉာဏ်တွေကို ပျက်ရယ်ပြုကောင်းပြုနိုင်ပါတယ်။


ဒါပေမယ့် မှတ်ထားဖို့က သူတို့ပြောတဲ့ ဝေဖန်တဲ့စကားတိုင်းကို လိုက်ခံစားနေဖို့ မလိုပါဘူး ဝေဖန်သံလား ကဲ့ရဲ့သံလားဆိုတာကို သေချာခွဲခြမ်းဖို့ လိုပါတယ်။ သင့်ကိုကဲ့ရဲ့ တဲ့သူတွေ ကိုယ်တိုင်ကရော ဘယ်လောက်တောင် ကြီးကျယ်မြင့်မြတ်နေလို့လဲ သင့်ထက်အများကြီးသာ နေတဲ့သူတွေလား သူလိုကိုယ်လို လူတွေလား သေချာပါတယ် သင့်ကို ကဲ့ရဲ့တယ်ဆိုကတည်းက အလကားလူတွေဆိုတာ။ ပညာတတ်တွေက သင့်ကို ကဲ့ရဲ့မယ့် အစား ဝေဖန်အကြံပြုမှာပါ သူတို့ပြောတဲ့စကား ကိုတော့ အလေးထားပြီးနားထောင်ပါ။

ဆင်းရဲတဲ့သူတော်တော်များများက ဘာကြောင့်အောင်မြင်မှုမရတာလဲ…စဉ်းစားကြည့်မိရင် သူတို့တွေက မသေချာမရေရာတဲ့ ဘယ်တော့ကိုယ့်ဆီရောက်လာမယ်မှန်းမသိတဲ့ အခွင့်အရေးဆိုတာကြီးကို ထိုင်စောင့်နေတဲ့သူတွေ များပါတယ်။ အောင်မြင်သူတွေကို လေ့လာကြည့်ပါ သူတို့က အခွင့်အရေးကို ထိုင်စောင့်နေတဲ့သူမဟုတ်ပါဘူး။ ဖန်တီးယူတဲ့သူတွေပါ။ ဆင်းရဲတဲ့ဘဝကနေ ကမ္ဘာကျော်ဖြစ်လာတဲ့ သူတွေ အများကြီးပါ။ အမေရိကန် သမ္မတဟောင်း အိုဘားမားကိုပဲ ကြည့်ပါ ငယ်ငယ်တုန်းက ခက်ခဲကြမ်းတမ်းတဲ့ လောကဓံတရားတွေကို ကြံကြံခံ ရင်ဆိုင်ကာ သူလိုချင်တဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့တဲ့အပြင် အမေရိကန်နိုင်ငံအတွက် ပထမဆုံး လူမည်းသမ္မတဆိုပြီးတော့တောင် သမိုင်းသစ် တင်နိုင်ခဲ့တာပါ။


သင်ကိုယ်တိုင်က ဘဝကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းမယ်ဆိုရင်တော့ သင်ကိုယ်တိုင်က ပြန်ပြီးအားကျရမယ့် သင် ဖြစ်လာမှာ မဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုတွေ တိုးတက်ချင်တဲ့စိတ်တွေ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ မရှိဘူးဆိုရင် သင်ဘယ်တော့မှ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ရနိုင်မှာမဟုတ်သလို လူဖြစ်ခွင့်ကြုံတဲ့ ရှားပါးတဲ့အခွင့်အရေးတစ်ခုလုံးကို သင်လက်လွှတ်ခံလိုက်တာနဲ့ တူတူပါပဲ။ သင်က ဒီလိုလူမျိုးဆိုရင်တော့ ကျိန်းသေပါတယ် သင်သေသည်အထိ ဆင်းရဲချို့တဲ့စွာပဲ နေထိုင်သွားရင်းနဲ့ ဘဝနေဝင်ချိန်ကို လူမသိ သူမသိ ဖြတ်သန်းသွားရမှာပါ။

ကိုယ်ပိုင်တဲ့ကိုယ့်ဘဝကို အလှပဆုံး ပုံဖော်ထုဆစ်ရင်း ကိုယ်သတ်မှတ်ထားတဲ့ အောင်မြင်မှုကို ရယူနိုင်တဲ့ စိတ်ဓာတ်အင်အားတွေ ပြည့်နေတဲ့ ပန်းပုဆရာကောင်းလေးများ ဖြစ်ဖို့ ဆန္ဒပြုရင်း…

 

 

Minsayar

 

Read times Last modified on Monday, 30 December 2019 17:20
Rate this articles
(0 votes)