တကယ်ပျော်ရွှင်ချင်တယ်ဆိုရင်ဒါတွေလိုက်နာပါ။
တစ်ခါတစ်လေမှာ လူတွေဟာ ပျော်ရွှင်စရာကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါလျက်နဲ့ လွှတ်ချလိုက်သင့် တဲ့အရာတွေကို မလွှတ်ချဘဲ ဖက်တွယ်ထားတာကြောင့် စိတ်ညစ်ပြီး ကိုယ့်ဘဝကိုယ်ကို အလိုမကျဖြစ်နေ တတ်ကြပါတယ်။
သူတို့သာ ထိုအရာတွေကို လွှတ်ချလိုက်မယ်ဆိုရင် ပျော်ရွှင်ငြိမ်းချမ်းစရာကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်လာရမှာပါ။
(၁) အတိတ်ကလုပ်ခဲ့တဲ့ အမှားတွေကို ထပ်တလဲလဲ နောင်တရနေခြင်း
လူတိုင်းဟာ အမှားမကင်းကြပါဘူး။ ဒါကြောင့် သင်အတိတ်က လုပ်ခဲ့တဲ့ အမှားတွေကို ထပ်ကာထပ်ကာ နောင်တရမနေပါနဲ့။ အဲ့ဒါတွေကို မေ့ထားလိုက်ပါ။ တကယ်လို့ အတိတ်မှာ သင်လုပ်ခဲ့တဲ့ အပြစ်က လူတစ်ယောက်ကို ထိခိုက်နာစေကျင်စေခဲ့ တာမျိုးဆိုရင်တောင် သင်ထိုလူကို ဝန်ချတောင်းပန်ပြီး သူနဲ့ အကောင်းဆုံး မိတ်ဆွေတွေအဖြစ် ဘဝတလျှောက်လုံး နေထိုင်သွားနိုင်ဖို့ ကြိုးစားနိုင်ပါသေးတယ်။ ဒါကြောင့် အတိတ်ကသင့်အပြစ်တွေအတွက် နောင်တရ ပူပန်မနေပါနဲ့။
(၂) တခြားသူများနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ခြင်း။
သင်ဟာသင်ပါပဲ။ ဒီကမ္ဘာပေါ်မှာ သင်နဲ့ ၁၀၀% တူညီတဲ့သူ လုံးဝမရှိပါဘူး။ ဒါ့အပြင် လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတွေ ရှိကြပါတယ်။ ဒါကြောင့် တခြားသူတွေရဲ့ဘဝနဲ့ သင့်ဘဝကို လိုက်ပြီး နှိုင်းယှဉ်မနေပါနဲ့။ လူတိုင်း လူတိုင်းမှာ ကွဲပြားတဲ့ပျော်ရွှင်မှုတွေရှိသလို မတူညီတဲ့ စိတ်ပျက်ဝမ်းနည်းစရာအကြောင်းအရာတွေ ကိုယ်စီရှိကြပါတယ်။
(၃) မနာလိုခြင်း။
တခြားလူတစ်ယောက်ကို သင်မနာလိုနေစရာ အကြောင်းအရင်း လုံးဝမရှိပါဘူး။ သူအောင်မြင်နေတာကို မကျေနပ်ရင် သင်လည်း သူ့လို အောင်မြင်လာအောင် ကြိုးစားနိုင်ပါတယ်။ သူ့ကိုမနာလိုပြီး လိုက်လံဖျက်ဆီးနေတာဟာ သင့်ကိုယ်သင် ပျော်ရွှင်မှုတွေရဲ့အဝေးကို ရောက်သွားအောင် တွန်းထုတ်နေတာနဲ့ အတူတူပါပဲ။
(၄) ဆိုရှယ်မီဒီယာကို ဘဝလို့ထင်ခြင်း။
အခုခေတ်ဖြစ်တဲ့ ၂၁ ရာစုရဲ့ ကပ်ဆိုးကတော့ ဆိုရှယ်မီဒီယာတွေပါပဲ။ ဆိုရှယ်မီဒီယာတွေကို လူတွေကို လူသားဆန်မှုတွေ ကျဆင်းသွားအောင် လုပ်တောင်နေရုံမျှမက မလိုအပ်တဲ့ အမုန်းတရားတွေ ဖြစ်ပွားစေပါတယ်။ ဒါကြောင့် သင်အခုထက်ပိုပြီး ပျော်ရွှင်ချင်ရင် ဆိုရှယ်မီဒီယာကို လျှော့သုံးပါ။ အဲ့ဒါတွေကို ဘဝလို့ ထင်မနေပါနဲ့။ လောကမှာ ဘယ်အရာမှ မတည်မြဲပါဘူး။
(၅) စိတ်ပျက်စရာကောင်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားခြင်း။
သင်နဲ့တွဲနေတဲ့ သင့်ချစ်သူဟာ သင့်အပေါ်ကို နာကျင်ခံစားရအောင် လုပ်နေတယ်ဆိုရင်တော့ သူနဲ့ အမြန်ဆုံး အဆက်ဖြတ်သင့်ပါတယ်။ လူတွေဟာ ပျော်ရွှင်ကြည်နူးမှုကိုလိုချင်လို့ ချစ်သူရည်းစား ထားကြတာပါ။ အချစ်ဆိုတာ ပေးဆပ်ခြင်း မဟုတ်ပါဘူး။ ၎င်းဟာ အပေးအယူ တစ်ခုပါ။
source: lunge.media