×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 09 January 2020

"ဘဝမွာေပ်ာ္႐ႊင္စြာေနထိုင္ႏိုင္ေစဖို႔ လိုအပ္တဲ့စြမ္းရည္ (၈) ခု"

"ဘဝမွာေပ်ာ္႐ႊင္စြာေနထိုင္ႏိုင္ေစဖို႔ လိုအပ္တဲ့စြမ္းရည္ (၈) ခု" freepick

ဘဝမှာ လိုအပ်တဲ့စွမ်းရည်တွေထဲမှာလည်း ပျော်ရွှင်အောင်နေထိုင်တတ်ဖို့ စွမ်းရည်လည်းလိုအပ်ပါသေးတယ်။

ဘယ်လိုအခြေအနေမျိုးမှာမဆို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ်သေချာနားလည်လက်ခံထားတဲ့သူက ရောက်တဲ့နေရာမှာပျော်ရွှင်အောင်နေထိုင်တတ်ပါတယ်။ အဲဒါကြောင့် ဘဝမှာ ပျော်ရွှင်စွာနေထိုင်တတ်စေဖို့ လိုအပ်တဲ့စွမ်းရည်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) ဘဝအတွက် အစီအစဉ်ချမှတ်ထားပြီး အတတ်နိုင်ဆုံး လိုက်နာပါ
ဘဝအတွက် ဘယ်အချိန်မှာ ဘာဖြစ်အောင်လုပ်မယ်….ဘယ်လိုအခြေအနေမျိုးရောက်အောင် ဘယ်အသက်အရွယ်မှာ ဖြစ်အောင်ကြိုးစားမယ်ဆိုတာမျိုး အစီအစဉ်ချမှတ်ထားပါ။ ထိုအစီအစဉ်အတိုင်း အတတ်နိုင်ဆုံးဖြစ်အောင် ကြိုးစားပါ၊ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲတမ်း alrm လုပ်နေပါ။ အဲဒါဆို သင့်ဘဝမှာ ပျင်းရိချိန်ပင်မရတော့ဘဲ ဘယ်လပိုင်းလောက်မှာ ဘာဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ အမြဲအစီအစဉ်ကို လိုက်နာဖို့ကြိုးစားနေပါလိမ့်မယ်။ ဦးတည်ရာတစ်ခုကို သတ်မှတ်ပြီး ခရီးဆက်နေသလိုမျိုးပေါ့။ ခုလက်ရှိ သင်လျှောက်နေတဲ့လမ်းက ရေစုန်မြောနေတာမဟုတ်ဘဲ သေချာဦးတည်ထားတဲ့နေရာရှိနေတာကြောင့် သင့်ဘဝပိုအဓိပါ္ပယ်ရှိလာသလိုခံစားရပါလိမ့်မယ်။ ပြီးတော့ သင်မှန်းထားတာတွေ ဖြစ်လာတဲ့အခါ သင်ပိုပျော်ရွှင်လာနိုင်ပါတယ်။ ဥပမာ သင်က ၁၀ခုမှန်းထားပေမယ့် ၄ခုလောက် ဖြစ်လာရင်လည်း သင်ပျော်နေမှာပါပဲ။ နောက်လမ်းတွေဆက်လျှောက်ဖို့လည်း ခွန်အားဖြစ်စေပါလိမ့်မယ်။

 

 

(၂) ကိုယ့်ကိုယ်ကိုယ်တိုးတက်မှုရှိအောင်လုပ်ပါ
ပြောချင်တာက သင်ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်နိုင်ရင် သင်ပျော်ရွှင်ပါလိမ့်မယ်။ သင့်မှန်းထားတာလေးတွေဖြစ်လာရင်၊ သင်လုပ်ချင်တဲ့အလုပ်ကိုလုပ်ခွင့်ရရင်၊ သင်အောင်ချင်တဲ့ဝင်ခွင့်တွေအောင်မြင်ရင်စသဖြင့်ပါ။ အဲလိုဖြစ်ဖို့က သင့်စွမ်းရည်တွေကို တိုးတက်အောင်လုပ်ဖို့ပါပဲ။ သင်စိတ်ဝင်စားတဲ့အရာပေါ်မှာ သင့်စွမ်းရည်ကို ပိုတိုးတက်လာအောင်ကြိုးစားဖို့ သင့်ကိုသင်တွန်းအားပေးပါ။ အထက်ကလို အစီအစဉ်ချမှတ်ပြီး လိုက်နာပါ။ ဖြစ်မြောက်လာရင် သင့်ဘဝမှာ သင်ပျော်လာပါလိမ့်မယ်။

 

 

(၃) အကောင်းမြင်စိတ်မွေးဖို့ကျင့်ယူပါ
အဆိုးတွေကြုံလာရင်တောင် ထိုအဆိုးတွေထဲက အကောင်းတခုခုရှာကြံတွေးတတ်အောင်ကျင့်ပါ။ အလေ့အကျင့်ဖြစ်လာရင် ဘယ်လောက်အဆိုးကြုံကြုံ သင့်စိတ်ကိုပြုပြင်ပြီးသားဖြစ်သွားပါလိမ့်မယ်။ အပြုံးမပျက်၊ အရယ်မပျက်နေတတ်လာပါလိမ့်မယ်။ ချော်လဲသွားရင်တောင် “အော်….ချော်လဲဖူးတော့ ဒီနေရာကို နောက်တစ်ခါရောက်ရင် သတိထားတတ်သွားတာပေါ့…..” ဆိုပြီးတွေးတာမျိုး၊ ချစ်သူကဖောက်ပြန်သွားရင်တောင် “ဖောက်ပြန်တတ်တဲ့ချစ်သူ လက်မထပ်ခင် ဖောက်ပြန်သွားပြီးသူ့စရိုက်ပေါ်လာတာပဲကျေးဇူးတင်ရအုံးမယ်” လို့တွေးတာမျိုးပေါ့။

 

 

(၄) ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာအောင်ကြိုးစားပါ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့သူက အခြားသူတွေကြောင့် သိပ်စိတ်မညစ်တတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့က အထက်ကပြောသလို ကိုယ်စီစဉ်ထားတာတွေကို သေချာလိုက်နာနိုင်ရင် ကိုယဖြစ်ချင်တာ၊ ပုံဖော်ချင်တာလေးတွေဖြစ်လာမယ်၊ ကိုယ်လုပ်ချင်တာလေးတွေလုပ်ခွင့်ရလာမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်တယ်ဆိုတဲ့ယုံကြည်မှုတိုးလာနိုင်ပါတယ်။ သပ်ရပ်စွာ ယုံကြည်မှုရှိတဲ့အဝတ်အစားအပြင်အဆင်မျိုး ဝင်ဆင်ပါ။
ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ပါ။ ကိုယ့်အောင်မြင်မှုလေးတွေကိုပြန်တွေးပါ

 

 

(၅) အလုပ်နဲ့ဘဝကို မျှတအောင်နေထိုင်ပါ
အလုပ်ဖိစီးပြန်ရင် ဘဝမှာထိခိုက်ပြန်ပါတယ်။ အလုပ်ပေါ့ပျက်စွာလုပ်ပြန်ရင် ဘဝမှာထိခိုက်ပြန်ပါတယ်။ အလုပ်နဲ့ဘဝက မျှတမှ သင့်ဘဝကိုပိုပြီး ပျော်ရွှင်စေနိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် မိသားစုနဲ့ အချိန်ပေးတာ၊ အပျော်ခရီးထွက်တာ၊ မုန့်လျှောက်စားတာမျိုးလုပ်ပေးသင့်ပါတယ်။

 

 

(၆) ရည်မှန်းချက်သတ်မှတ်ပြီး ရည်မှန်းချက်ကိုပုံဖော်ပါ
ရည်မှန်းချက်ရှိတဲ့သူက အချိန်အလကားမဖြုန်းတီးမိတော့ပါဘူး။ ကိုယ့်အချိန်ကို အကျိုးရှိစွာအသုံးချတတ်လာသလို ကိုယ်မှန်းထားတာတွေဖြစ်လာရင် ပိုပျော်ရွှင်ရပါတယ်။ ကိုယ့်ဘဝမှာလည်း ပိုပြီးနေပျော်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတိုးလာစေပါတယ်။ ကိုယ့်ရဲ့ skills လည်းပိုတိုးတက်လာဖို့ အားစိုက်လာတတ်ပါတယ်။

 

 

(၇) ကြင်နာစိတ်မွေးပါ
မျှဝေတတ်ခြင်းက ကြင်နာစိတ်၊ ကိုယ်ချင်းစာစိတ်ကိုအခြေခံပါတယ်။ မျှဝေတတ်ခြင်းက ပီတိကိုဖြစ်စေပါတယ်။ လူသားချင်းကြင်နာတတ်တဲ့စိတ်က ပျော်ရွှင်စေပါတယ်။ ဒါပေမယ့် လူ့အဆိပ်တွေနဲ့တော့ အတတ်နိုင်ဆုံး ပညာရှိနည်းနဲ့ရှောင်တတ်ပါစေ။ စေတနာထားသင့်တဲ့လူနဲ့ စေတနာကို ခုတုံးလုပ်မယ့်သူရွေးချယ်တတ်ဖို့လိုပါတယ်။

 

 

(၈) လူ့အဆိပ်တွေကို ရှောင်ကျဉ်ပါ
လူ့အဆိပ်ဆိုတာက သူ့အတွက်သူကြည့်တတ်သူ၊ သူ့အတွက်ဆို ဘယ်သူ့ကိုမဆို ဒုက္ခပေးဖို့ဝန်မလေးသူ၊ စေတနာအလွဲသုံးစားလုပ်တတ်သူ၊ သင့်ကို ပြဿနာပေါင်းသောင်းခြောက်ထောင်ပေးမယ့်သူမျိုးတွေပါ။ သူတို့နဲ့ပတ်သက်လို့ သင့်ကိုအကျိုးမရှိစေတဲ့အပြင် ဒုက္ခပါအဆစ်ပေးသွားမယ့်သူမျိုးတွေပါ။ ပျော်ရွှင်တဲ့ဘဝကိုလိုချင်ရင် လူ့အဆိပ်တွေကို ကိုယ့်ဘဝထဲက ဖယ်ထုတ်ပစ်လိုက်ပါ။

 

Credit : Bawa 101

 

ZAWGYI

"ဘဝမွာေပ်ာ္႐ႊင္စြာေနထိုင္ႏိုင္ေစဖို႔ လိုအပ္တဲ့စြမ္းရည္ (၈) ခု"
ဘဝမွာ လိုအပ္တဲ့စြမ္းရည္ေတြထဲမွာလည္း ေပ်ာ္႐ႊင္ေအာင္ေနထိုင္တတ္ဖို႔ စြမ္းရည္လည္းလိုအပ္ပါေသးတယ္။ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ႀကံ့ႀကံ့ခံရင္ဆိုင္ႏိုင္ၿပီး ကိုယ့္ကိုယ္ကိုယ္ေသခ်ာနားလည္လက္ခံထားတဲ့သူက ေရာက္တဲ့ေနရာမွာေပ်ာ္႐ႊင္ေအာင္ေနထိုင္တတ္ပါတယ္။ အဲဒါေၾကာင့္ ဘဝမွာ ေပ်ာ္႐ႊင္စြာေနထိုင္တတ္ေစဖို႔ လိုအပ္တဲ့စြမ္းရည္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) ဘဝအတြက္ အစီအစဥ္ခ်မွတ္ထားၿပီး အတတ္ႏိုင္ဆုံး လိုက္နာပါ
ဘဝအတြက္ ဘယ္အခ်ိန္မွာ ဘာျဖစ္ေအာင္လုပ္မယ္….ဘယ္လိုအေျခအေနမ်ိဳးေရာက္ေအာင္ ဘယ္အသက္အ႐ြယ္မွာ ျဖစ္ေအာင္ႀကိဳးစားမယ္ဆိုတာမ်ိဳး အစီအစဥ္ခ်မွတ္ထားပါ။ ထိုအစီအစဥ္အတိုင္း အတတ္ႏိုင္ဆုံးျဖစ္ေအာင္ ႀကိဳးစားပါ၊ ကိုယ့္ကိုယ္ကိုယ္လည္း အၿမဲတမ္း alrm လုပ္ေနပါ။ အဲဒါဆို သင့္ဘဝမွာ ပ်င္းရိခ်ိန္ပင္မရေတာ့ဘဲ ဘယ္လပိုင္းေလာက္မွာ ဘာျဖစ္ရမယ္ဆိုတဲ့စိတ္မ်ိဳးနဲ႔ အၿမဲအစီအစဥ္ကို လိုက္နာဖို႔ႀကိဳးစားေနပါလိမ့္မယ္။ ဦးတည္ရာတစ္ခုကို သတ္မွတ္ၿပီး ခရီးဆက္ေနသလိုမ်ိဳးေပါ့။ ခုလက္ရွိ သင္ေလွ်ာက္ေနတဲ့လမ္းက ေရစုန္ေျမာေနတာမဟုတ္ဘဲ ေသခ်ာဦးတည္ထားတဲ့ေနရာရွိေနတာေၾကာင့္ သင့္ဘဝပိုအဓိပါၸယ္ရွိလာသလိုခံစားရပါလိမ့္မယ္။ ၿပီးေတာ့ သင္မွန္းထားတာေတြ ျဖစ္လာတဲ့အခါ သင္ပိုေပ်ာ္႐ႊင္လာႏိုင္ပါတယ္။ ဥပမာ သင္က ၁၀ခုမွန္းထားေပမယ့္ ၄ခုေလာက္ ျဖစ္လာရင္လည္း သင္ေပ်ာ္ေနမွာပါပဲ။ ေနာက္လမ္းေတြဆက္ေလွ်ာက္ဖို႔လည္း ခြန္အားျဖစ္ေစပါလိမ့္မယ္။

 

 

(၂) ကိုယ့္ကိုယ္ကိုယ္တိုးတက္မႈရွိေအာင္လုပ္ပါ
ေျပာခ်င္တာက သင္ျဖစ္ခ်င္တာေတြကို ျဖစ္ေအာင္လုပ္ႏိုင္ရင္ သင္ေပ်ာ္႐ႊင္ပါလိမ့္မယ္။ သင့္မွန္းထားတာေလးေတြျဖစ္လာရင္၊ သင္လုပ္ခ်င္တဲ့အလုပ္ကိုလုပ္ခြင့္ရရင္၊ သင္ေအာင္ခ်င္တဲ့ဝင္ခြင့္ေတြေအာင္ျမင္ရင္စသျဖင့္ပါ။ အဲလိုျဖစ္ဖို႔က သင့္စြမ္းရည္ေတြကို တိုးတက္ေအာင္လုပ္ဖို႔ပါပဲ။ သင္စိတ္ဝင္စားတဲ့အရာေပၚမွာ သင့္စြမ္းရည္ကို ပိုတိုးတက္လာေအာင္ႀကိဳးစားဖို႔ သင့္ကိုသင္တြန္းအားေပးပါ။ အထက္ကလို အစီအစဥ္ခ်မွတ္ၿပီး လိုက္နာပါ။ ျဖစ္ေျမာက္လာရင္ သင့္ဘဝမွာ သင္ေပ်ာ္လာပါလိမ့္မယ္။

 

 

(၃) အေကာင္းျမင္စိတ္ေမြးဖို႔က်င့္ယူပါ
အဆိုးေတြႀကဳံလာရင္ေတာင္ ထိုအဆိုးေတြထဲက အေကာင္းတခုခုရွာႀကံေတြးတတ္ေအာင္က်င့္ပါ။ အေလ့အက်င့္ျဖစ္လာရင္ ဘယ္ေလာက္အဆိုးႀကဳံႀကဳံ သင့္စိတ္ကိုျပဳျပင္ၿပီးသားျဖစ္သြားပါလိမ့္မယ္။ အၿပဳံးမပ်က္၊ အရယ္မပ်က္ေနတတ္လာပါလိမ့္မယ္။ ေခ်ာ္လဲသြားရင္ေတာင္ “ေအာ္….ေခ်ာ္လဲဖူးေတာ့ ဒီေနရာကို ေနာက္တစ္ခါေရာက္ရင္ သတိထားတတ္သြားတာေပါ့…..” ဆိုၿပီးေတြးတာမ်ိဳး၊ ခ်စ္သူကေဖာက္ျပန္သြားရင္ေတာင္ “ေဖာက္ျပန္တတ္တဲ့ခ်စ္သူ လက္မထပ္ခင္ ေဖာက္ျပန္သြားၿပီးသူ႔စ႐ိုက္ေပၚလာတာပဲေက်းဇူးတင္ရအုံးမယ္” လို႔ေတြးတာမ်ိဳးေပါ့။

 

 

(၄) ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈတိုးလာေအာင္ႀကိဳးစားပါ
ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိတဲ့သူက အျခားသူေတြေၾကာင့္ သိပ္စိတ္မညစ္တတ္ပါဘူး။ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိဖို႔က အထက္ကေျပာသလို ကိုယ္စီစဥ္ထားတာေတြကို ေသခ်ာလိုက္နာႏိုင္ရင္ ကိုယျဖစ္ခ်င္တာ၊ ပုံေဖာ္ခ်င္တာေလးေတြျဖစ္လာမယ္၊ ကိုယ္လုပ္ခ်င္တာေလးေတြလုပ္ခြင့္ရလာမယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ လုပ္ႏိုင္တယ္ဆိုတဲ့ယုံၾကည္မႈတိုးလာႏိုင္ပါတယ္။ သပ္ရပ္စြာ ယုံၾကည္မႈရွိတဲ့အဝတ္အစားအျပင္အဆင္မ်ိဳး ဝင္ဆင္ပါ။
ကိုယ့္ကိုယ္ကိုယ္ခ်စ္ခင္ပါ။ ကိုယ့္ေအာင္ျမင္မႈေလးေတြကိုျပန္ေတြးပါ။

 

 

(၅) အလုပ္နဲ႔ဘဝကို မွ်တေအာင္ေနထိုင္ပါ
အလုပ္ဖိစီးျပန္ရင္ ဘဝမွာထိခိုက္ျပန္ပါတယ္။ အလုပ္ေပါ့ပ်က္စြာလုပ္ျပန္ရင္ ဘဝမွာထိခိုက္ျပန္ပါတယ္။ အလုပ္နဲ႔ဘဝက မွ်တမွ သင့္ဘဝကိုပိုၿပီး ေပ်ာ္႐ႊင္ေစႏိုင္တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ မိသားစုနဲ႔ အခ်ိန္ေပးတာ၊ အေပ်ာ္ခရီးထြက္တာ၊ မုန႔္ေလွ်ာက္စားတာမ်ိဳးလုပ္ေပးသင့္ပါတယ္။

 

 

(၆) ရည္မွန္းခ်က္သတ္မွတ္ၿပီး ရည္မွန္းခ်က္ကိုပုံေဖာ္ပါ
ရည္မွန္းခ်က္ရွိတဲ့သူက အခ်ိန္အလကားမျဖဳန္းတီးမိေတာ့ပါဘူး။ ကိုယ့္အခ်ိန္ကို အက်ိဳးရွိစြာအသုံးခ်တတ္လာသလို ကိုယ္မွန္းထားတာေတြျဖစ္လာရင္ ပိုေပ်ာ္႐ႊင္ရပါတယ္။ ကိုယ့္ဘဝမွာလည္း ပိုၿပီးေနေပ်ာ္လာပါတယ္။ ကိုယ့္ကိုယ္ကိုယ္လည္း ယုံၾကည္မႈတိုးလာေစပါတယ္။ ကိုယ့္ရဲ႕ skills လည္းပိုတိုးတက္လာဖို႔ အားစိုက္လာတတ္ပါတယ္။

 

 

(၇) ၾကင္နာစိတ္ေမြးပါ
မွ်ေဝတတ္ျခင္းက ၾကင္နာစိတ္၊ ကိုယ္ခ်င္းစာစိတ္ကိုအေျခခံပါတယ္။ မွ်ေဝတတ္ျခင္းက ပီတိကိုျဖစ္ေစပါတယ္။ လူသားခ်င္းၾကင္နာတတ္တဲ့စိတ္က ေပ်ာ္႐ႊင္ေစပါတယ္။ ဒါေပမယ့္ လူ႔အဆိပ္ေတြနဲ႔ေတာ့ အတတ္ႏိုင္ဆုံး ပညာရွိနည္းနဲ႔ေရွာင္တတ္ပါေစ။ ေစတနာထားသင့္တဲ့လူနဲ႔ ေစတနာကို ခုတုံးလုပ္မယ့္သူေ႐ြးခ်ယ္တတ္ဖို႔လိုပါတယ္။

 

 

(၈) လူ႔အဆိပ္ေတြကို ေရွာင္က်ဥ္ပါ
လူ႔အဆိပ္ဆိုတာက သူ႔အတြက္သူၾကည့္တတ္သူ၊ သူ႔အတြက္ဆို ဘယ္သူ႔ကိုမဆို ဒုကၡေပးဖို႔ဝန္မေလးသူ၊ ေစတနာအလြဲသုံးစားလုပ္တတ္သူ၊ သင့္ကို ျပႆနာေပါင္းေသာင္းေျခာက္ေထာင္ေပးမယ့္သူမ်ိဳးေတြပါ။ သူတို႔နဲ႔ပတ္သက္လို႔ သင့္ကိုအက်ိဳးမရွိေစတဲ့အျပင္ ဒုကၡပါအဆစ္ေပးသြားမယ့္သူမ်ိဳးေတြပါ။ ေပ်ာ္႐ႊင္တဲ့ဘဝကိုလိုခ်င္ရင္ လူ႔အဆိပ္ေတြကို ကိုယ့္ဘဝထဲက ဖယ္ထုတ္ပစ္လိုက္ပါ။

 

 

Credit : Bawa 101 

Read times
Rate this articles
(1 Vote)