×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 17 January 2019

ကိုယ်တိုင်ဖန်တီးဖို့အတွက် သိထားရမယ့် လျှို့ဝှက်ချက် (၄)မျိုး

ကျွန်တော်တို့ ဖန်တီးမှု ပိုကောင်းလာအောင် ကြိုးစားရင်း အဲဒီအပေါ်မှာ အာရုံစွဲမြဲထားတဲ့ အခါမျိုးတွေမှာဆိုရင် တကယ်ပဲ ပိုကောင်းတဲ့အိုင်ဒီယာတွေ ထွက်ပေါ်လာတာကို တွေ့ရနိုင်ပါတယ်။

ဒါကြောင့် နေ့တိုင်း သင့်ရဲ့ ဖန်တီးမှုစွမ်းရည်တွေ ပိုမိုတိုးတက်လာအောင် ကိုယ်တိုင်လေ့ကျင့်လို့ရတဲ့ နည်းလမ်း (၈)ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေဟာ နေ့စဉ် စဉ်းစားတွေးခေါ်မှုတွေအတွက် သိပ်ကို အသုံးဝင်ပါတယ်။

၁။ ငြီးငွေ့နေချိန်မှာ ထိုးထွင်းဉာဏ် ပိုထွက်ပေါ်စေတယ်

ဒီလိုပြောလို့ ရူးတယ်လို့များတွေးနေမလား။ ဒါပေမဲ့ အဲဒါကတော့ အမှန်ပါပဲ။ ကျွန်တော်တို့အများစုထဲက တချို့လူတွေဟာ ညဘက်ပိုအားသန်ကြပြီး တချို့လူတွေကျတော့လည်း မနက်ဘက်မှာ ပိုအားသန်ကြပါတယ်။ ပြောရရင် noght owls လို့ခေါ်တဲ့ ညပျော်သူနဲ့ morning lark လို့ခေါ်တဲ့ မနက်ပျော်သူပေါ့။

အကယ်၍ သင်ဟာ ညပျော်သူ (သို့) ညဘက်အားသန်သူ (night owl) အုပ်စုထဲမှာပါဝင်သူတစ်ယောက် ဖြစ်နေမယ်ဆိုရင် သင့်ဦးနှောက်ကမနက်ပိုင်းမှာ ငြီးငွေ့မှု  ဖြစ်နေတဲ့အတွက် သင့် ဖန်တီးမှု ဉာဏ်ဟာလည်း မနက်ဘက်ပိုင်းမှာ ပိုအားကောင်းနေပါလိမ့်မယ်။ ဆိုလိုတာက မနက်ပျော်သူဆိုရင် ညဘက်ပိုင်းမှ တီထွင်ဖန်တီးနိုင်မှုစွမ်းအား ပိုအားကောင်းမယ်ပေါ့။
၂။ ဆူညံပြီး အလင်းအားနည်းတဲ့ နေရာမျိုးကိုရွေးပါ

အများစုက အလုပ်လုပ်ဖို့ထိုင်လိုက်တိုင်း တွေးမိတာက တိတ်ဆိတ်ငြိမ်သက်မှုကသာ ဖန်တီးမှု ပိုဖြစ်ဖို့ အကူအညီ ဖြစ်စေနိုင်တယ်လို့ ထင်နေမိကြတယ်။ ဒါပေမဲ့ တကယ်တန်းကျတော့ အဲဒီလိုမဟုတ်ပါဘူး။ အမှန်က သူ့ရဲ့ဆန့်ကျင်ဘက်ပဲ။ ဒါပေမဲ့ အသံကိုဂိတ်ဆုံးဖွင့်ပြီး သီချင်းနားထောင်နေတဲ့အချိန်က အကောင်းဆုံးပဲလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

ကော်ဖီဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ ဖွင့်လေ့ရှိတဲ့ သီချင်းမျိုး၊ အသံမျိုးတွေကို ကြားဖူးကြမှာပါ။ ဖန်တီးမှုစွမ်းရည်အတွက် အိုင်ဒီယာအသစ်တွေ ပေါ်ထွက်နိုင်မယ့် သီချင်း (သို့) အသံကိုလည်း ရွေးချယ် နားထောင်ပေးဖို့တော့ လိုပါတယ်။

တချို့လူတွေအတွက် ပုံမှန်အလင်းရောင်ရှိတဲ့ အခန်းအတွင်းမှာ အလုပ်လုပ်ရတာ အကောင်းဖြစ်ပေမဲ့ တချို့ကတော့ ဖယောင်တိုင်ထွန်းထားသလို အလင်းရောင်မှိန်မှိန်လေးပဲရတဲ့ အခန်းမျိုးမှာ ပိုနှစ်သက်ကြ ပါတယ်။ ပြီးတော့ အဲဒီလို အလင်းရောင်မှိန်နေတဲ့အခန်းမျိုးထဲမှာ အလုပ်လုပ်ရတာဟာ တီထွင်ဖန်တီး ဉာဏ်စွမ်းပိုပြီး တိုးတက်ကောင်းမွန်စေပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ထိုးထွင်းဉာဏ်စွမ်း ပိုကောင်းလာစေပါတယ်။

၃။ အိုင်ဒီယာတွေကို တစ်ခုတည်းဖြစ်အောင်ပေါင်းစည်းပါ

အိုင်ဒီယာနည်းနည်းလေးလောက်နဲ့ ညှိယူဆုံးဖြတ်မယ်ဆိုရင် နောက်ဆုံးရလဒ်က ကောင်းမှာမဟုတ်ပါဘူး။ ပုံမှန်အားဖြင့်တော့ အဲဒီလိုလုပ်တာကို ဘယ်သူမှကြိုက်မှာလည်းမဟုတ်သလို ရင်ထဲ (သို့) အမှတ်ဉာဏ်ထဲ လည်း ရောက်မှာမဟုတ်ဘူး။ ပြီးတော့ အချိန်ပြည့်လည်း အလုပ်ဖြစ်မှာမဟုတ်ပါဘူး။

ဒါကြောင့် အိုင်ဒီယာတွေ များများရအောင် ကြိုးစားအားထုတ်ပါ။ ပြီးရင် အားလုံးကို ခွဲခြမ်းစိတ်ဖြတ်ကြည့်ပါ။ တစ်ခုစီကနေရလာတဲ့ သော့ချက်တွေကို ဆွဲထုတ်ပါ။ နောက်ဆုံး ရလာတဲ့သော့ချက် (သို့) အဓိကကျတဲ့ အချက်အလက်တွေကို တစ်ခုတည်းဖြစ်သွားအောင် ပေါင်းစည်းပစ်ပါ။

၎။ အိုင်ဒီယာထုတ်တဲ့အခါ ကန့်သတ်ချက်ထားပါ

လွတ်လွတ်လပ်လပ် ထားနိုင်လေလေ ပိုပြီးတော့ ဖန်တီးမှု ဖြစ်လေလေလို့ ကျွန်တော်တို့လည်း ထင်ခဲ့ဖူးပါ တယ်။ တကယ်တမ်းကျ အဲဒါက မှားနေတယ်။ သင့်ကိုယ်သင် ကန့်သတ်မှုပေးပါ။ သင့်ရဲ့ ဖန်တီးမှုစွမ်းရည်တွေ တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ ရွေးချယ်စရာ option တွေ များလွန်းနေတဲ့အခါ ဒုက္ခရောက်စေနိုင်ပါတယ်။ ဖယ်သင့်တာကိုဖယ်၊ ထုတ်သင့်တာကို ထုတ်ပစ်မှသာ တီထွင်ဖန်တီးနိုင်မှုစွမ်းအား ပိုကောင်းလာစေနိုင်ပါတယ်။

ဒါကြောင့် သင့်ပရောဂျက်အတွက် ကိုက်ညီမှုရှိပြီး လက်တွေ့အသုံးတည့်စေမယ့် ကုန်ကြမ်းမျိုးကို ကန့်သတ်ရွေးချယ်ပါ။ ဒါမှမဟုတ် အချိန်ဖြစ်ဖြစ် ကန့်သတ်ပေးထားပါ။ ဆိုလိုတာက ဘယ်အချိန်မှာ ပြီးရမယ်ဆိုတဲ့ နောက်ဆုံး သတ်မှတ်ချက်တစ်ခုကို သတ်မှတ်ထားပါ။

Reference: Lifehack

Read times Last modified on Wednesday, 29 January 2020 11:08
Rate this articles
(3 votes)