×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 25 January 2019

အာရုံစူးစိုက်မှုကောင်းအောင် ဘယ်လိုလုပ်ကြမလဲ

ဒီနေ့ခေတ်မှာ အာရုံပျံ့လွှင့်တယ် ဆိုတာ လူငယ်တိုင်းကြုံနေရတဲ့ ပြဿနာလိုဖြစ်လာတယ်။ အာရုံပျံ့လွင့်တော့ စာလုပ်ရတာတွေ ခက်လာတယ်။

၁၅ မိနစ် ကျက်ရမယ့် စာတွေ နာရီဝက် တစ်နာရီလောက်ကျက်မှ ရတာတွေဖြစ်လာတယ်။

အပျော်အပါးတွေဆိုတာကလည်း ကိုယ့်ရဲ့ လက်တစ်ကမ်းမှာပဲ။ ဒီတော့အာရုံပျံ့လွှင့်ဖို့ဆိုတာက အဖော်ခေါ်စရာတောင် မလိုပါဘူး။ ကမ္ဘာကျော် ဘီလျံနာကြီး Warren Buffet နဲ့ Bill Gate (Microsoft) တို့ရဲ့ Dinner တစ်ခု မှာ “ အောင်မြင်ကျော်ကြားဖို့ အဓိကဘာလိုအပ်လည်းလို့’’ Bill Gate ရဲ့ အမေက မေးလိုက်ချိန်မှာ နှစ်ယောက်စလုံးက အာရုံစူးစိုက်မှု (Focusing) လို့ တစ်ပြိုင်နက်တည်း ပြန်ဖြေခဲ့ကြတယ်။

အာရုံစိုက်မှုရဲ့အရေးပါပုံတွေက တော့အများကြီးပါပဲ။ အဲဒါကြောင့် အာရုံစူးစိုက်မှုအားကောင်းအောင် ဘယ်လိုလုပ်လို့ရတယ်ဆိုတဲ့ အချက်အနည်းငယ်ကို ဖော်ပြလိုက်ပါတယ်။

၁။ မိမိအလုပ်လုပ်တဲ့ နေရာ (သို့)မိမိ study လုပ်တဲ့နေရာကို ရှင်းရှင်းလင်းလင်းထားပါ

ရုံးမှာ အလုပ်လုပ်တဲ့သူတွေဖြစ်ဖြစ် ၊ အိမ်မှာ စာလေ့လာသူတွေ ဖြစ်ဖြစ် ရှင်းရှင်းလင်းလင်းနဲ့သပ်ရပ်တဲ့ နေရာထိုင်ခင်းနဲ့ အတူလုပ်ဆောင်မယ်ဆိုရင် အာရုံစူးစိုက်မှု ပိုရနိုင်ပါတယ်။ ကိုယ်အလုပ်လုပ်မယ့် နေရာသို့မဟုတ် စာကြည့်မယ့်နေရာကို နေ့တိုင်း ၁၀ မိနစ်ခန့် သန့်ရှင်းရေးလုပ်ပြီးမှ စတင်မယ်ဆိုရင် စိတ်တင်းကျပ်မှု လျော့နည်းစေတဲ့အပြင် အာရုံစူးစိုက်မှုလည်း မြင့်တက်လာမှာပါ။ မိမိရဲ့ smartphone က အသုံးပြုဖို့ မလိုအပ်ဘူးဆိုရင် ကိုယ်နဲ့ ဝေးရာမှာ ထားတာက ဖုန်အားဖြင့် အနှောက်အယှက်ဖြစ်ဖို့ကနေ ကင်းဝေးပါလိမ့်မယ်။

၂။ မိမိလုပ်ရမယ့် လုပ်ငန်းတာဝန်တွေကို ချရေးပါ

လုပ်ဆောင်ရမယ့်လုပ်ငန်းတာဝန်များကို နေ့တစ်နေ့ရဲ့အစ ဒါမှမဟုတ် အပတ်စဉ် တနင်္လာနေ့တွေတိုင်းမှာ ချရေးပြီး လိုက်လုပ်ကြည့်ပါ။ အလုပ်တွေကိုလည်း အပိုင်းပိုင်းလေးတွေ ခွဲပြီး သတ်မှတ်လုပ်ဆောင်ရင် ပိုလွယ်ကူပါလိမ့်မယ်။

၃။ မိမိလုပ်မယ့် အရာတွေကို အချိန်သတ်မှတ်ပါ

လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေနဲ့အတူ ဘယ်အချိန်ပြီးရမယ်ဆိုတာကို ချရေးထားလိုက်ရင် အလုပ်မြန်မြန်ပြီးစီးနိုင်သည့်အပြင် အာရုံစူးစိုက်မှုလည်း ပိုရပါလိမ့်မယ်။အချိန် သတ်မှတ်လိုက်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် တွန်းအားပေးထားသလိုဖြစ်တဲ့ အတွက် အာရုံပျံ့လွှင့်ဖို့ ရာခိုင်နှုန်းနည်းသွားပါတယ်။

၎။ ကိုယ်ပိုင် Breaktime သတ်မှတ်ယူပါ

အလုပ်ကြီးပဲလုပ်ဖို့ အာရုံမစိုက်ပါနဲ့ ကိုယ့်ကိုယ်ကို Breaktime သတ်မှတ်ပြီး ခေတ္တ ခဏလမ်းထလျှောက်ခြင်း နှင့် အညောင်းအညာဖြေခြင်းက လည်း ကိုယ့်ရဲ့ လုပ်ဆောင်ရမယ့်အလုပ်တွေကို အာရုံစူးစိုက်မှု ပိုရစေမှာပါ။အလုပ်ကပေးတဲ့ Break Time က ပုံမှန်နေ့စဉ်နေ့တိုင်းရတဲ့ Break Time ဖြစ်တဲ့ အတွက် ကိုယ့်ကိုယ်ကို ပေးတဲ့ Break Time က ကိုယ့်အတွက် အနည်းငယ် ထူးခြားနေပါလိမ့်မယ်။

၅။ အချိန်ရရင် ၁၅ မိနစ်ခန့် အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ

အသက်ရှုတာ ပုံမှန်ပါပဲလို့ ထင်ရပေမယ့် အရုံစူးစိုက်မှုအတွက် အရမ်းကို ကောင်းတဲ့ လေ့ကျင့်ခန်း တစ်ခုပါ။ အချိန်ရမယ်ဆိုရင် တစ်နေရာရာ မှာ ခေတ္တထိုင်ပြီး ၁၅ မိနစ်ခန့်အသက် ပြင်းပြင်းရူသွင်းရူထုပ်တဲ့ လေ့ကျင့်ခန့်မျိုးလုပ်သင့်ပါတယ်။ Meditation လုပ်ရင် အာရုံစူးစိုက်မှု အားကောင်းတယ်ဆိုတာ အားလုံးသိကြတဲ့အတိုင်းပါပဲ အသက်ရူလေ့ကျင့်ခန်းဟာ လည်း Meditation လုပ်ခြင်းနဲ့ အနီးစပ်ဆုံးတူညီတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။

၆။ အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးမဝတော့ဘူးဆိုရင် အာရုံစူးစိုက်မှုဟာလည်း ပျောက်ဆုံးပါလိမ့်မယ် အိပ်ချင်တာနဲ့ ခေါင်းကိုက်တာနဲ့ မိမိရဲ့ အလုပ်မှာ အာရုံစိုက်ဖို့ မဆိုထားနဲ့ဘယ်အချိန်ခိုးငိုက်လိုက်ရမလဲပဲ စဉ်းစားနေမှာပါ။ ဒီတော့ အိပ်ရေးဝအောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း လူငယ်များအတွက် အာရုံစူးစိုက်မှုအားကောင်းအောင် လေ့ကျင့်နိုင်မယ့် အလွယ်ကူဆုံး အချက်လေးတွေကို စုစည်း တင်ပြလိုက်ပါတယ်။

Source: LiveTheDream

Read times Last modified on Thursday, 30 January 2020 14:58
Rate this articles
(2 votes)