×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 28 December 2018

ကိုယ့်ရဲ့ ရည်မှန်းချက်ကို ဒီလိုလူတွေကို မမျှဝေပါနဲ့

လူတိုင်းမှာ ရည်မှန်းထားတဲ့ပန်းတိုင်ရှိကြပါတယ်။ အဲ့ဒီပန်းတိုင်ကို ရောက်ဖို့အတွက်လည်း ကြိုးစားလေ့ ရှိကြပါတယ်။ အကြောင်းအရာ တစ်ခုရှိလာပြီဆိုရင် အကောင်းရှိသလို အဆိုးလည်းရှိတတ်ပါတယ်။

ကိုယ်ရည် မှန်းထားတဲ့ပန်းတိုင်ကိုရောက်ဖို့ အကောင်းဆုံးပံပိုးကူညီပေးတဲ့သူရှိသလို မရောက်ရှိအောင်လည်း ဟန့်တားတဲ့ သူတွေ ရှိတတ် ပါတယ်။ ဒါကြောင့် ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကို မရောက်ရှိအောင် ဟန့်တားမယ့် သူတွေကို တော့ ကိုယ်ရည်မှန်းချက်ကို ပြောမပြတာ ကောင်းပါတယ်။ ဘယ်လိုလူမျိုးတွေကို ကိုယ်ရဲ့ရည်မှန်းချက်ကို ထုတ်ဖော်မပြောဖို့ သင့်သလဲဆိုတာကတော့ …

(၁) ကိုယ်ပိုင်ရည်မှန်းချက်မရှိတဲ့သူ

တစ်ယောက်နဲ့တစ်ယောက်ရည်မှန်းချက်ခြင်းမတူညီနိုင်တာကြောင့် ကွဲပြားမှုတွေရှိနိုင်ပါတယ်။ ရည်မှန်းချက် မရှိတဲ့သူဟာ ကိုယ်တိုင်လည်း မကြိုးစားသလို သူများကြိုးစားနေတာကို မလိုအပ်ဘူးဆိုပြီး ပြောလေ့ရှိပါတယ်။ သူကိုယ်တိုင်က ပြောင်းလဲကြိုးစားဖို့ မရှိတာကြောင့် သူရဲ့ စိတ်အတိုင်းပဲ ပြောဆိုပြုမှုမှာကြောင့် ကိုယ်ရဲ့ ရည်မှန်းချက်အတွက် အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

(၂) ရည်မှန်းချက်ကို သိပေမဲ့ ကြိုးစားနေမှုကို အသိအမှတ်မပြုသူ

ကိုယ်ရဲ့ရည်မှန်းချက်ကိုထုတ်ဖော်ပြောဆိုလိုက်တဲ့အခါ ချီးမွန်းစကားပြောဆိုပေမဲ့ကိုယ်ရဲ့ ကြိုးစားမှုကို အသိ အမှတ်မပြုသူတွေလည်း ရှိတတ် ပါတယ်။ သူတို့ဟာ တကယ်တမ်းတော့ ကိုယ်ရဲ့ရည်မှန်းထားတဲ့ ပန်းတိုင်ကို အခမဲ့ ကူးယူသွားတဲ့သူတွေ လို့တောင်ဆိုရမှာဖြစ်ပါတယ်။ အဲ့တာကြောင့် အပေါ်ယံ ချီးမွန်း စကားပြောဆိုတတ်တဲ့ သူတွေကို သတိထားပြီးမှ ကိုယ်ရဲ့ ရည်မှန်းချက်ကို ပြောပြသင့်ပါတယ်။

(၃) အမြဲတမ်း အပြစ်ပြောနေတတ်တဲ့သူ

တစ်ချို့သူတွေက သူများဘာလုပ်လုပ် အကောင်းမမြင်တတ်တဲ့သူတွေ ရှိတတ်ပါတယ်။ဝေဖန်တယ်ဆိုတာ တစ်ခါတလေမှာတော့ ကောင်းမွန်တဲ့ လမ်းကြောင်းကို ရှာဖွေတွေ့သွားစေနိုင်ပေမဲ့ တစ်ခါတလေမှာတော့ ဝေဖန်မှု တွေကြောင့် ရည်မှန်းချက်တွေ ပျက်သွားစေနိုင်ပါ တယ်။ အဲ့တာကြောင့် အမြဲတမ်း ဝေဖန်အပြစ်ပြောနေ တဲ့သူတွေကို ကိုယ်ရဲ့ရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုလုပ်သင့်ပါဘူး။

လူဆိုတာပတ်ဝန်းကျင်နဲ့ နေထိုင်ရတာ ဖြစ်တာကြောင့် အများအမြင်မှာ လိုက်လျောညီထွေဖြစ်ဖို့ အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ပိုင် ရည်မှန်းချက်ရှိပြီး အကျိုးအကြောင်းသင့်ချီးကျူးတတ်သူ၊ ချင့်ချိန်ဝေဖန်တတ် သူတွေနဲ့သာ ကိုယ်ရဲ့ရည်မှန်းချက်ကို တိုင်ပင်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

source: newchallenges

Read times Last modified on Wednesday, 29 January 2020 10:35
Rate this articles
(0 votes)