×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 03 December 2019

"လူငယ္ေတြအေနနဲ႕Self- Study လုပ္မယ္ဆိုရင္ ဘာေတြသိထားသင့္သလဲ၊ ဘယ္လိုလုပ္သင့္လဲ"

"လူငယ္ေတြအေနနဲ႕Self- Study လုပ္မယ္ဆိုရင္ ဘာေတြသိထားသင့္သလဲ၊ ဘယ္လိုလုပ္သင့္လဲ" freepick

Self-study ဆိုတာကေတာ့ အရမ္းအေရးႀကီးတာ ေသခ်ာပါတယ္။ အထူးသျဖင့္ ကြၽန္ေတာ္တို႔လို Infrastructure ေတြမရွိတဲ့ အေနအထားမွာ Self-study အရမ္းအေရးႀကီးပါတယ္။

ဒါေပမယ့္ Self-study နဲ႔ ပတ္သက္ရင္ သတိထားသင့္တဲ့ အခ်က္ေလးေတြလဲ ရွိသလို၊ နည္းမွန္ လမ္းမွန္ ဘယ္လိုလုပ္မလဲဆိုတဲ့ လမ္းကို ေ႐ြးခ်ယ္တတ္ဖို႔လဲ လိုမယ္လို႔ ကြၽန္ေတာ္ ယူဆတယ္ဗ်။

ကြၽန္ေတာ္ကိုယ္တိုင္ Self-study လုပ္လာတဲ့ သူတစ္ေယာက္ဆိုေတာ့ ႂကြက္တစ္ေကာင္ ဝကၤပါ ထဲမွာ အေပါက္ရွာသလို လမ္းဆုံးသြားလိုက္ ေနာက္ျပန္လွည့္လိုက္၊ ျပန္စလိုက္နဲ႔ သြားခဲ့ရ၊ အခ်ိန္ေတြ ကုန္ခဲ့ရဆိုေတာ့ Self-study နဲ႔ ပတ္သက္ၿပီး သင္ခန္းစာေတြ အမ်ားႀကီး ရခဲ့တယ္ဗ်။ အဲဒီေတာ့ဗ်ာ ကြၽန္ေတာ္ကိုယ္တိုင္ မွားခဲ့တဲ့ အမွားေတြထဲက ထုတ္ႏႈတ္ၿပီး မွတ္သားထားေတြကို ျပန္ေဝမွ်ခ်င္ပါတယ္။

Self-study သမားတစ္ေယာက္အေနနဲ႔ သတိထားသင့္တဲ့ အခ်က္ေတြကေတာ့..................

(၁) မိမိဘာကိုေလ့လာေနတာလည္း ခြဲျခားသိရွိရမည္
ကိုယ္ေလ့လာေနတာ How ကို ေလ့လာေနတာလား၊ Why ကို ေလ့လာေနတာလားဆိုတာကို ပထမဦးဆုံး အေနနဲ႔ ခြဲျခားသိဖို႔ လိုပါမယ္။ ကြၽန္ေတာ္တို႔ Self-study သမားေတြ အေနနဲ႔ ကြၽန္ေတာ္တို႔ တတ္လို သိလိုတာေတြကို အြန္လိုင္းက Tutorial ေတြ စာအုပ္ေတြကေန ရွာေဖြဖတ္ရႈၿပီး ေလ့လာၾကရတယ္ဗ်။

ကြၽန္ေတာ္တို႔ အြန္လိုင္းေပၚမွာ How to … ဆိုၿပီး အစျပဳတဲ့ ေမးခြန္းေတြနဲ႔ Google ကေန ရွာေဖြၾကရပါတယ္။ အဲဒီလို ရွာတဲ့ေနရာမွာ How to … ဆိုၿပီး ႐ိုက္ရွာရင္ေတာ့ အလြယ္တကူ ရွာလို႔ရေပမယ့္ Why ဆိုတဲ့ ေမးခြန္းနဲ႔ ရွာၾကည့္မယ္ဆိုရင္ ရွာဖို႔ မလြယ္တာ သတိထားမိလိမ့္မယ္ဗ်။

ဥပမာဗ်ာ How to build Google Search Engine ဆိုၿပီး ရွာမယ္ဆိုရင္ ရွာလို႔ ေတြ႕ႏိုင္ေပမယ့္ Why Google is the best search engine? Why Google is need to create? စသည္ျဖင့္ Why … ? ဆိုၿပီး ေခါင္းစဥ္တတ္ ရွာမယ္ဆိုရင္ မွန္ကန္တဲ့ အေျဖေတြ႕ဖို႔ ခဲယဥ္းပါတယ္။ အဲဒီေတာ့ဗ်ာ How ေတြထဲမွာပဲ ေမ်ာေနၿပီး Why ကို မေလ့လာျဖစ္ဘူးဆိုရင္ Self-study သမားတစ္ေယာက္အေနနဲ႔ မျပည့္စုံဘူးလို႔ ကြၽန္ေတာ္ ယူဆပါတယ္။

 

(၂) မိမိဘယ္လိုလုပ္ခဲ့လည္းဆိုတာကို သိရွိရမည္
Self-study သမားတစ္ေယာက္နဲ႔ ေနာက္ထပ္ သတိထားဖို႔ လိုမယ့္ အခ်က္တစ္ခုက self-study လုပ္ပါမ်ားလာတဲ့အခါ ကိုယ္တိုင္ မည္သို႔လုပ္လိုက္သည္ မသိေတြ မ်ားလာပါတယ္။ ဘယ္ေနရာကေန ဘယ္လိုၾကည့္ၿပီး ဘယ္လိုလုပ္လိုက္မွန္း မသိတဲ့ အေနအထားေတြ အမ်ားႀကီးရွိလာပါတယ္။ အဲဒီအခါမွာ ကိုယ္တိုင္ တစ္ကိုယ္ေတာ္အားျဖင့္ေတာ့ အဆင္ေျပေပမယ့္ အျခားသူေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္တဲ့အခါ အခက္အခဲေတြ ရွိလာႏိုင္တာကို သတိထားဖို႔ လိုပါတယ္။

 

(၃) Concept မလြတ္ေစဖို႔ သတိျပဳရမည္
Self-study သမားတစ္ေယာက္အေနနဲ႔ ေနာက္ထပ္ျဖစ္ႏိုင္တဲ့ အေနအထားကေတာ့ Concept ေတြ လြတ္လာႏိုင္တဲ့ အခ်က္ပါ။ လုပ္ေတာ့ လုပ္တတ္တယ္၊ ဒါေပမယ့္ မွန္ကန္တဲ့ Concept က ဘာလဲ၊ ဘယ္လို Concept အေပၚမွာ အေျခခံၿပီး တည္ေဆာက္ရမွာလဲ စသည္ျဖင့္ လြတ္လာႏိုင္ပါတယ္။ေနာက္ၿပီး အဲဒီလို Concept ေတြကို ေလ့လာဖို႔ ႀကိဳးစားရာမွာလဲ မေလ့လာလိုတဲ့ အခက္အခဲေတြ ႀကဳံေတြ႕ႏိုင္ပါတယ္။ ဟာ စာအုပ္ႀကီးေတြပါကြာ မဖတ္ခ်င္ပါဘူး။ ဘာ Concept လဲ၊ ဒီလိုေလးလုပ္လိုက္ ျဖစ္တာပဲ မဟုတ္လားဆိုၿပီး Concept အေပၚမွာ ေလ်ာ့တြက္လာႏိုင္ပါတယ္။

 

(၄) ေယာင္ေျခာက္ဆယ္ မျဖစ္ေစဖို႔ သတိျပဳရမည္
ေနာက္ထပ္ Self-study သမားတစ္ေယာက္အေနနဲ႔ ျဖစ္ႏိုင္တဲ့ အခက္အခဲတစ္ခုကေတာ့ ေယာင္ေျခာက္ဆယ္ ျဖစ္တတ္တာပါ။ ကိုယ္တိုင္ ေလ့လာေနရတဲ့အေနအထား ကိုယ့္အား ကိုယ္ကိုးေနရတဲ့ အေနအထားမွာ မွန္မွန္ကန္ကန္နဲ႔ တိတိက်က် လမ္းျပေပးႏိုင္မယ့္သူ ရွားပါတယ္။

အဲဒီအတြက္ Self-motivation (မိမိကိုယ္ကိုယ္ စိတ္ဓာတ္ျမႇင့္တင္ျခင္း) နဲ႔သြားရပါတယ္။ အဲဒီလို သြားတဲ့အခါ ဟိုဟာလုပ္ရမလို ဒီဟာလုပ္ရမလို ေယာင္ဝါးဝါးေတြ ျဖစ္ေနၿပီး self-study ေတာ့ သည္းႀကီးမည္းႀကီး လုပ္ေနေပမယ့္ ခရီးမေပါက္ ခရီးမေရာက္ ျဖစ္တတ္ပါတယ္။

 

(၅) Informational Skills ေတြကိုလည္း ေလ့လာရမည္
Self-study သမားတစ္ေယာက္အေနနဲ႔ ေနာက္ဆုံး ျဖစ္ႏိုင္ေခ်ရွိတဲ့ အမွားကေတာ့ Technology Skill ေနာက္ကိုပဲ လိုက္ေနမိၿပီး Informational Skill ကို မလုပ္ျဖစ္ေတာ့တာပါ။ Business Skill ေတြကို မေလ့လာျဖစ္ေတာ့တာပါ။ ဘက္စုံ၊ ေထာင့္စုံေအာင္ ေလ့လာမွသာ Product ေကာင္းတစ္ခု ထြက္လာမယ့္ အေနအထားမွာ Technology Skill တစ္ခုတည္း သိ႐ုံနဲ႔ Product ဝန္ေဆာင္မႈ မျဖစ္ႏိုင္ပါဘူး။ ဒီအခ်က္ကိုလဲ သတိထားရပါမယ္။

အေပၚက အခ်က္ေျခာက္ခ်က္ကေတာ့ သတိထားရမယ့္ အခ်က္ေတြဗ်။ အဲဒါေတြကို ေျပာင္းျပန္လွန္လိုက္မယ္ဆိုရင္ self-study သမားတစ္ေယာက္အတြက္ နည္းမွန္လမ္းမွန္ ျဖစ္လာၿပီလို႔ ဆိုႏိုင္ပါတယ္။ သတိထားသင့္တာေတြ ေျပာၿပီးၿပီဆိုေတာ့ လိုက္နာသင့္တာေလးေတြ ေျပာၾကည့္ရေအာင္။ Self-study သမားေတြအေနနဲ႔ လိုက္နာသင့္တဲ့ အခ်က္ေတြကေတာ့ …....

 

၁။ Project-Oriented Approach
ပေရာဂ်က္တစ္ခုကို အစအဆုံး ေရးၾကည့္တဲ့ နည္းနဲ႔ ေလ့လာသင့္ပါတယ္၊ Project ေမရးပဲ ဟိုဟာေလး စမ္းၾကည့္၊ ဒီဟာေလး စမ္းၾကည့္ လုပ္ေနတာထက္ Project တစ္ခုခုကို အၿပီးထိ လုပ္လိုက္တာ ပိုၿပီးေကာင္းမြန္ပါတယ္။

 

၂။ Skill Sets မ်ားကို မွ်မွ်တတ ေလ့လာရမည္
Coding Skill (Coding ေရးတတ္တဲ့ စြမ္းေဆာင္ရည္)၊ Development Skill (တည္ေဆာက္တတ္တဲ့ စြမ္းေဆာင္ရည္)၊ Problem Solving Skill (ျပႆနာ ေျဖရွင္းတတ္တဲ့ စြမ္းေဆာင္ရည္) ဆိုၿပီး သုံးမ်ိဳးရွိတဲ့ ေနရာမွာ အားလုံးကို မွ်မွ်တတ ျဖစ္ေအာင္ ေလ့လာဖို႔ လိုပါတယ္။ Coding Skill တစ္ခုတည္းပဲ ေလ့လာေနမယ္ဆိုရင္ Development Skill နဲ႔ Problem Solving Skill လြတ္သြားႏိုင္ပါတယ္။ အဲဒါေၾကာင့္ အေပၚမွာ Project ႀကီးႀကီး၊ ေသးေသး၊ ေရးၾကည့္ဖို႔ တိုက္တြန္းတာ ျဖစ္ပါတယ္။ အဲဒီလို ေရးလိုက္တာနဲ႔ Skill Set သုံးခုလုံးကို ျပည့္စုံေစႏိုင္ပါတယ္။

 

၃။ လူအမ်ားႏွင့္ ေလ့လာရမည္
တစ္ဦးတစ္ေယာက္ ေလ့လာတာထက္စာရင္ Self-study လုပ္တဲ့သူ အခ်င္းခ်င္းစုၿပီး ေလ့လာၾကတာ ပိုေကာင္းပါတယ္။ အဲဒီလို ေလ့လာမွသာ ပူေပါင္းေဆာင္႐ြက္တတ္တဲ့ အေလ့အထ၊ Brain Storm (ေဆြးေႏြးျငင္းခုန္ အေျဖရွာတတ္တဲ့) အေလ့အထ၊ တာဝန္ခြဲေဝ ေျဖရွင္းတတ္တဲ့ အေလ့အထေတြ ရလာႏိုင္ပါတယ္။

 

၄။ တစ္လမ္းထဲေ႐ြးၿပီး အဆုံးထိေလွ်ာက္ပါ
ကိုယ္အႀကိဳက္ဆုံး တစ္လမ္းထဲကို ေ႐ြးၿပီး အဆုံးအထိေရာက္ေအာင္ ေလွ်ာက္ဖို႔လိုပါတယ္။ အဲဒီလို ေလွ်ာက္ႏိုင္ဖို႔ ခိုင္မာတဲ့ စိတ္ဓာတ္၊ ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ေတြ လိုပါတယ္။ ဘယ္သူမွ လာၿပီး လမ္းျပ အားေပးေနမွာ မဟုတ္တဲ့အတြက္ ကိုယ့္ကိုယ္ထဲမွာ self-motivation (ကိုယ္တိုင္ စိတ္ဓာတ္ ျမႇင့္တင္တတ္တဲ့ အေလ့အထ) ရွိေနဖို႔လိုပါတယ္။

 

၅။ ေပ်ာ္ေနဖို႔လည္း လိုအပ္မည္
Self-study လုပ္ေနရတာ ေပ်ာ္ေနဖို႔လိုပါတယ္။ ဒါကေတာ့ Self-study လုပ္မွ မဟုတ္ပါဘူး။ မိမိဘာပဲလုပ္လုပ္၊ ဘယ္အလုပ္ကိုပဲ လုပ္ေနေန၊ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ လုပ္ကိုင္ႏိုင္မွ တိုးတက္မွာ ျဖစ္ပါတယ္။ အဲဒီလိုမေပ်ာ္ဘူးဆိုရင္ေတာ့ Self-study က ခရီးေပါက္၊ ခရီးေရာက္မွာ မဟုတ္ပါဘူး။

 

၆။ Researcher ျဖစ္ခ်င္လား? Developer ျဖစ္ခ်င္လား?
Researcher ျဖစ္ခ်င္တာလား၊ Developer ျဖစ္ခ်င္တာလားဆိုတာကို ေသေသခ်ာခ်ာ ခြဲျခားထားပါ။ Researcher ဆိုတာကေတာ့ဗ်ာ၊ သုေတသနသမား၊ အေသးစိတ္အထိ ဆင္းၿပီး ေလ့လာမယ္၊ သူမ်ားေတြကို ရွင္းျပမယ္၊ ဒီထက္ ပိုေကာင္းတာရွိရင္ အႀကံျပဳမယ္၊ တီထြင္မယ္ေပါ့။ Developer ကေတာ့ အဲဒီလို မဟုတ္ပါဘူး။ တစ္ခုခုကို ျဖစ္ေျမာက္ေအာင္ ေရးသားရမွာ၊ တီထြင္ရမွာ ျဖစ္ပါတယ္။ အဲဒီ ႏွစ္ခုက ခ်ဥ္းကပ္ပုံ လမ္းေၾကာင္း တူမလိုနဲ႔ မတူပါဘူး။

အိုင္းစတိုင္း ေျပာဖူးတဲ့ စကားတစ္ခြန္းကို ျပန္ေျပာရမယ္ဆိုရင္

“Researcher က ေကာက္႐ိုးပုံထဲက အပ္ေတြ႕ေပမယ့္ ဆက္ဖြေနပါလိမ့္မယ္။ Developer ကေတာ့ အပ္ေတြ႕ဖို႔ အဓိကက်ပါတယ္။ ေကာက္႐ိုးပုံဖြတာ အဓိက မက်ပါဘူး” ေပါ့ဗ်ာ။

နိဂုံး
ဒီကတက္သစ္စ လူငယ္၊ လူ႐ြယ္ေလးေတြ အေနနဲ႔ အခုလိုအင္တာနက္ကို ေဖာေဖာသီသီ၊ ျမန္ျမန္ဆန္ဆန္ သုံးႏိုင္ၾကတဲ့ အေျခအေနမ်ိဳးမွာ Self-Study လုပ္တဲ့သူေတြလည္း လမ္းမွားမေရာက္ေအာင္၊ Self-Study ကို စိတ္မဝင္စားတဲ့သူေတြလည္း စိတ္ဝင္စားလာေအာင္လို႔ ဒီေဆာင္းပါးေလး ေရးရျခင္းျဖစ္ပါတယ္။

 

 

Credit : Thiha Tech

 

UNICODE

"လူငယ်တွေအနေနဲ့Self- Study လုပ်မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ၊ ဘယ်လိုလုပ်သင့်လဲ"
Self-study ဆိုတာကတော့ အရမ်းအရေးကြီးတာ သေချာပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လို Infrastructure တွေမရှိတဲ့ အနေအထားမှာ Self-study အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် Self-study နဲ့ ပတ်သက်ရင် သတိထားသင့်တဲ့ အချက်လေးတွေလဲ ရှိသလို၊ နည်းမှန် လမ်းမှန် ဘယ်လိုလုပ်မလဲဆိုတဲ့ လမ်းကို ရွေးချယ်တတ်ဖို့လဲ လိုမယ်လို့ ကျွန်တော် ယူဆတယ်ဗျ။

ကျွန်တော်ကိုယ်တိုင် Self-study လုပ်လာတဲ့ သူတစ်ယောက်ဆိုတော့ ကြွက်တစ်ကောင် ဝင်္ကပါ ထဲမှာ အပေါက်ရှာသလို လမ်းဆုံးသွားလိုက် နောက်ပြန်လှည့်လိုက်၊ ပြန်စလိုက်နဲ့ သွားခဲ့ရ၊ အချိန်တွေ ကုန်ခဲ့ရဆိုတော့ Self-study နဲ့ ပတ်သက်ပြီး သင်ခန်းစာတွေ အများကြီး ရခဲ့တယ်ဗျ။ အဲဒီတော့ဗျာ ကျွန်တော်ကိုယ်တိုင် မှားခဲ့တဲ့ အမှားတွေထဲက ထုတ်နှုတ်ပြီး မှတ်သားထားတွေကို ပြန်ဝေမျှချင်ပါတယ်။

Self-study သမားတစ်ယောက်အနေနဲ့ သတိထားသင့်တဲ့ အချက်တွေကတော့..................

(၁) မိမိဘာကိုလေ့လာနေတာလည်း ခွဲခြားသိရှိရမည်
ကိုယ်လေ့လာနေတာ How ကို လေ့လာနေတာလား၊ Why ကို လေ့လာနေတာလားဆိုတာကို ပထမဦးဆုံး အနေနဲ့ ခွဲခြားသိဖို့ လိုပါမယ်။ ကျွန်တော်တို့ Self-study သမားတွေ အနေနဲ့ ကျွန်တော်တို့ တတ်လို သိလိုတာတွေကို အွန်လိုင်းက Tutorial တွေ စာအုပ်တွေကနေ ရှာဖွေဖတ်ရှုပြီး လေ့လာကြရတယ်ဗျ။

ကျွန်တော်တို့ အွန်လိုင်းပေါ်မှာ How to … ဆိုပြီး အစပြုတဲ့ မေးခွန်းတွေနဲ့ Google ကနေ ရှာဖွေကြရပါတယ်။ အဲဒီလို ရှာတဲ့နေရာမှာ How to … ဆိုပြီး ရိုက်ရှာရင်တော့ အလွယ်တကူ ရှာလို့ရပေမယ့် Why ဆိုတဲ့ မေးခွန်းနဲ့ ရှာကြည့်မယ်ဆိုရင် ရှာဖို့ မလွယ်တာ သတိထားမိလိမ့်မယ်ဗျ။

ဥပမာဗျာ How to build Google Search Engine ဆိုပြီး ရှာမယ်ဆိုရင် ရှာလို့ တွေ့နိုင်ပေမယ့် Why Google is the best search engine? Why Google is need to create? စသည်ဖြင့် Why … ? ဆိုပြီး ခေါင်းစဉ်တတ် ရှာမယ်ဆိုရင် မှန်ကန်တဲ့ အဖြေတွေ့ဖို့ ခဲယဉ်းပါတယ်။ အဲဒီတော့ဗျာ How တွေထဲမှာပဲ မျောနေပြီး Why ကို မလေ့လာဖြစ်ဘူးဆိုရင် Self-study သမားတစ်ယောက်အနေနဲ့ မပြည့်စုံဘူးလို့ ကျွန်တော် ယူဆပါတယ်။

 

(၂) မိမိဘယ်လိုလုပ်ခဲ့လည်းဆိုတာကို သိရှိရမည်
Self-study သမားတစ်ယောက်နဲ့ နောက်ထပ် သတိထားဖို့ လိုမယ့် အချက်တစ်ခုက self-study လုပ်ပါများလာတဲ့အခါ ကိုယ်တိုင် မည်သို့လုပ်လိုက်သည် မသိတွေ များလာပါတယ်။ ဘယ်နေရာကနေ ဘယ်လိုကြည့်ပြီး ဘယ်လိုလုပ်လိုက်မှန်း မသိတဲ့ အနေအထားတွေ အများကြီးရှိလာပါတယ်။ အဲဒီအခါမှာ ကိုယ်တိုင် တစ်ကိုယ်တော်အားဖြင့်တော့ အဆင်ပြေပေမယ့် အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါ အခက်အခဲတွေ ရှိလာနိုင်တာကို သတိထားဖို့ လိုပါတယ်။

 

(၃) Concept မလွတ်စေဖို့ သတိပြုရမည်
Self-study သမားတစ်ယောက်အနေနဲ့ နောက်ထပ်ဖြစ်နိုင်တဲ့ အနေအထားကတော့ Concept တွေ လွတ်လာနိုင်တဲ့ အချက်ပါ။ လုပ်တော့ လုပ်တတ်တယ်၊ ဒါပေမယ့် မှန်ကန်တဲ့ Concept က ဘာလဲ၊ ဘယ်လို Concept အပေါ်မှာ အခြေခံပြီး တည်ဆောက်ရမှာလဲ စသည်ဖြင့် လွတ်လာနိုင်ပါတယ်။နောက်ပြီး အဲဒီလို Concept တွေကို လေ့လာဖို့ ကြိုးစားရာမှာလဲ မလေ့လာလိုတဲ့ အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်။ ဟာ စာအုပ်ကြီးတွေပါကွာ မဖတ်ချင်ပါဘူး။ ဘာ Concept လဲ၊ ဒီလိုလေးလုပ်လိုက် ဖြစ်တာပဲ မဟုတ်လားဆိုပြီး Concept အပေါ်မှာ လျော့တွက်လာနိုင်ပါတယ်။

 

(၄) ယောင်ခြောက်ဆယ် မဖြစ်စေဖို့ သတိပြုရမည်
နောက်ထပ် Self-study သမားတစ်ယောက်အနေနဲ့ ဖြစ်နိုင်တဲ့ အခက်အခဲတစ်ခုကတော့ ယောင်ခြောက်ဆယ် ဖြစ်တတ်တာပါ။ ကိုယ်တိုင် လေ့လာနေရတဲ့အနေအထား ကိုယ့်အား ကိုယ်ကိုးနေရတဲ့ အနေအထားမှာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျ လမ်းပြပေးနိုင်မယ့်သူ ရှားပါတယ်။

အဲဒီအတွက် Self-motivation (မိမိကိုယ်ကိုယ် စိတ်ဓာတ်မြှင့်တင်ခြင်း) နဲ့သွားရပါတယ်။ အဲဒီလို သွားတဲ့အခါ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို ယောင်ဝါးဝါးတွေ ဖြစ်နေပြီး self-study တော့ သည်းကြီးမည်းကြီး လုပ်နေပေမယ့် ခရီးမပေါက် ခရီးမရောက် ဖြစ်တတ်ပါတယ်။

 

(၅) Informational Skills တွေကိုလည်း လေ့လာရမည်
Self-study သမားတစ်ယောက်အနေနဲ့ နောက်ဆုံး ဖြစ်နိုင်ချေရှိတဲ့ အမှားကတော့ Technology Skill နောက်ကိုပဲ လိုက်နေမိပြီး Informational Skill ကို မလုပ်ဖြစ်တော့တာပါ။ Business Skill တွေကို မလေ့လာဖြစ်တော့တာပါ။ ဘက်စုံ၊ ထောင့်စုံအောင် လေ့လာမှသာ Product ကောင်းတစ်ခု ထွက်လာမယ့် အနေအထားမှာ Technology Skill တစ်ခုတည်း သိရုံနဲ့ Product ဝန်ဆောင်မှု မဖြစ်နိုင်ပါဘူး။ ဒီအချက်ကိုလဲ သတိထားရပါမယ်။

အပေါ်က အချက်ခြောက်ချက်ကတော့ သတိထားရမယ့် အချက်တွေဗျ။ အဲဒါတွေကို ပြောင်းပြန်လှန်လိုက်မယ်ဆိုရင် self-study သမားတစ်ယောက်အတွက် နည်းမှန်လမ်းမှန် ဖြစ်လာပြီလို့ ဆိုနိုင်ပါတယ်။ သတိထားသင့်တာတွေ ပြောပြီးပြီဆိုတော့ လိုက်နာသင့်တာလေးတွေ ပြောကြည့်ရအောင်။ Self-study သမားတွေအနေနဲ့ လိုက်နာသင့်တဲ့ အချက်တွေကတော့ …....

 

၁။ Project-Oriented Approach
ပရောဂျက်တစ်ခုကို အစအဆုံး ရေးကြည့်တဲ့ နည်းနဲ့ လေ့လာသင့်ပါတယ်၊ Project မေရးပဲ ဟိုဟာလေး စမ်းကြည့်၊ ဒီဟာလေး စမ်းကြည့် လုပ်နေတာထက် Project တစ်ခုခုကို အပြီးထိ လုပ်လိုက်တာ ပိုပြီးကောင်းမွန်ပါတယ်။

 

၂။ Skill Sets များကို မျှမျှတတ လေ့လာရမည်
Coding Skill (Coding ရေးတတ်တဲ့ စွမ်းဆောင်ရည်)၊ Development Skill (တည်ဆောက်တတ်တဲ့ စွမ်းဆောင်ရည်)၊ Problem Solving Skill (ပြဿနာ ဖြေရှင်းတတ်တဲ့ စွမ်းဆောင်ရည်) ဆိုပြီး သုံးမျိုးရှိတဲ့ နေရာမှာ အားလုံးကို မျှမျှတတ ဖြစ်အောင် လေ့လာဖို့ လိုပါတယ်။ Coding Skill တစ်ခုတည်းပဲ လေ့လာနေမယ်ဆိုရင် Development Skill နဲ့ Problem Solving Skill လွတ်သွားနိုင်ပါတယ်။ အဲဒါကြောင့် အပေါ်မှာ Project ကြီးကြီး၊ သေးသေး၊ ရေးကြည့်ဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ အဲဒီလို ရေးလိုက်တာနဲ့ Skill Set သုံးခုလုံးကို ပြည့်စုံစေနိုင်ပါတယ်။

 

၃။ လူအများနှင့် လေ့လာရမည်
တစ်ဦးတစ်ယောက် လေ့လာတာထက်စာရင် Self-study လုပ်တဲ့သူ အချင်းချင်းစုပြီး လေ့လာကြတာ ပိုကောင်းပါတယ်။ အဲဒီလို လေ့လာမှသာ ပူပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထ၊ Brain Storm (ဆွေးနွေးငြင်းခုန် အဖြေရှာတတ်တဲ့) အလေ့အထ၊ တာဝန်ခွဲဝေ ဖြေရှင်းတတ်တဲ့ အလေ့အထတွေ ရလာနိုင်ပါတယ်။

 

၄။ တစ်လမ်းထဲရွေးပြီး အဆုံးထိလျှောက်ပါ
ကိုယ်အကြိုက်ဆုံး တစ်လမ်းထဲကို ရွေးပြီး အဆုံးအထိရောက်အောင် လျှောက်ဖို့လိုပါတယ်။ အဲဒီလို လျှောက်နိုင်ဖို့ ခိုင်မာတဲ့ စိတ်ဓာတ်၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ လိုပါတယ်။ ဘယ်သူမှ လာပြီး လမ်းပြ အားပေးနေမှာ မဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ထဲမှာ self-motivation (ကိုယ်တိုင် စိတ်ဓာတ် မြှင့်တင်တတ်တဲ့ အလေ့အထ) ရှိနေဖို့လိုပါတယ်။

 

၅။ ပျော်နေဖို့လည်း လိုအပ်မည်
Self-study လုပ်နေရတာ ပျော်နေဖို့လိုပါတယ်။ ဒါကတော့ Self-study လုပ်မှ မဟုတ်ပါဘူး။ မိမိဘာပဲလုပ်လုပ်၊ ဘယ်အလုပ်ကိုပဲ လုပ်နေနေ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်နိုင်မှ တိုးတက်မှာ ဖြစ်ပါတယ်။ အဲဒီလိုမပျော်ဘူးဆိုရင်တော့ Self-study က ခရီးပေါက်၊ ခရီးရောက်မှာ မဟုတ်ပါဘူး။

 

၆။ Researcher ဖြစ်ချင်လား? Developer ဖြစ်ချင်လား?
Researcher ဖြစ်ချင်တာလား၊ Developer ဖြစ်ချင်တာလားဆိုတာကို သေသေချာချာ ခွဲခြားထားပါ။ Researcher ဆိုတာကတော့ဗျာ၊ သုတေသနသမား၊ အသေးစိတ်အထိ ဆင်းပြီး လေ့လာမယ်၊ သူများတွေကို ရှင်းပြမယ်၊ ဒီထက် ပိုကောင်းတာရှိရင် အကြံပြုမယ်၊ တီထွင်မယ်ပေါ့။ Developer ကတော့ အဲဒီလို မဟုတ်ပါဘူး။ တစ်ခုခုကို ဖြစ်မြောက်အောင် ရေးသားရမှာ၊ တီထွင်ရမှာ ဖြစ်ပါတယ်။ အဲဒီ နှစ်ခုက ချဉ်းကပ်ပုံ လမ်းကြောင်း တူမလိုနဲ့ မတူပါဘူး။

အိုင်းစတိုင်း ပြောဖူးတဲ့ စကားတစ်ခွန်းကို ပြန်ပြောရမယ်ဆိုရင်

“Researcher က ကောက်ရိုးပုံထဲက အပ်တွေ့ပေမယ့် ဆက်ဖွနေပါလိမ့်မယ်။ Developer ကတော့ အပ်တွေ့ဖို့ အဓိကကျပါတယ်။ ကောက်ရိုးပုံဖွတာ အဓိက မကျပါဘူး” ပေါ့ဗျာ။

နိဂုံး
ဒီကတက်သစ်စ လူငယ်၊ လူရွယ်လေးတွေ အနေနဲ့ အခုလိုအင်တာနက်ကို ဖောဖောသီသီ၊ မြန်မြန်ဆန်ဆန် သုံးနိုင်ကြတဲ့ အခြေအနေမျိုးမှာ Self-Study လုပ်တဲ့သူတွေလည်း လမ်းမှားမရောက်အောင်၊ Self-Study ကို စိတ်မဝင်စားတဲ့သူတွေလည်း စိတ်ဝင်စားလာအောင်လို့ ဒီဆောင်းပါးလေး ရေးရခြင်းဖြစ်ပါတယ်။

 

sayar.com.mm

Credit : Thiha Tech

Read times Last modified on Monday, 30 December 2019 17:00
Rate this articles
(1 Vote)