ကလေးတစ်ယောက်ဟာ မိခင်ဝမ်းထဲမှမွေးဖွားလာတာနဲ့ သူရဲ့လက်တွေ့ဘ၀ကို လူ့လောကကြီးနဲ့ စတင်ဖြတ်သန်းရတော့မှာပါ။ လူတိုင်းလူတိုင်း မွေးဖွားလာတဲ့အချိန်မှစ၍ သေသည်အထိ ဘ၀ရဲ့အချိန်တွေကိုဖြတ်သန်းရင်း ကုန်ဆုံးရမှာပါ။ ဖြတ်သန်းရာမှာ ဘ၀အစမှာ ပုံရိပ်ကောင်းဖို့လိုအပ်ပါတယ်။
သူစတင်ဖြတ်သန်းရတဲ့ ပတ်ဝန်းကျင်ဟာအလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။ အနီးဆုံးပတ်ဝန်ကျင်ဖြစ်တဲ့ မိဘနှစ်ပါးရဲ့ စရိုက်လက္ခဏာတွေက ကလေးရဲ့အသိအမြင်တဲ့ကို တိုက်ရိုက်ရောက်ရှိတတ်ပါတယ်။ ဒီလိုရောက်တဲ့အခါမှာ အချို့သောမိဘတွေကတော့ ကလေးမွေးလာပြီးနောက် နဂိုရှိနေတဲ့ မကောင်းတဲ့ စရိုက်လက္ခဏတွေကို တတ်နိုင်သလောက် ဖျောက်ပြီး ပုံစံပြောင်းသွားတတ်ပေမယ့်လို့ တချို့သောမိဘတွေကတော့ နဂိုရှိရင်းဇွဲ ပုံစံအတိုင်း ၄င်းတို့ရဲ့ မိဘများဆီက ရလာတဲ့ စရိုက်လက္ခဏာအမွေတွေကို သားသမီးဆီကို လက်ဆင့်ကမ်း ပြန်လည်ပိုချတတ်ပါတယ်။ အသက် ၁ နှစ်ကနေ ၅ နှစ်အတွင်းက စဉ်းစားတတ်တဲ့အရွယ်မဟုတ်ဘဲ စူးစမ်းတတ်တဲ့အရွယ်ဖြစ်တဲ့အတွက် ဘယ်အရာမဆိုလိုက်စူးစမ်းနေမှာပါ၊ ဒီတော့ သူကတော့ မြင်မြင်သမျှလိုက်ပြီး ကိုင်ကြည့် စူးစမ်းကြည့်နေမှာပါ။ ဒါကိုမိဘများက ကတ်ကြေးကိုင်ရပါ့မလား၊ ရေခွက်တွေမှောက်ဖြစ်ရပါမလား၊ ရှုပ်ပွနေအောင် ဆော့ရပါ့မလားဆိုပြီး ရိုက်နှက်ဆုံးမမယ်ဆိုရင်တော့ ဒီကလေးက ဘာမှပြောင်းလဲလာမှာမဟုတ်ပါဘူး။
သူကိုမထိတွေ့စေချင်ရဲ့ သူနဲ့အလှမ်းဝေးတဲ့နေရာမှာထားပါတယ်။ ရိုက်နှက်ဆုံးမခြင်းကြောင့် မှန်ကန်ကောင်းမွန်တတ်အဖြေထွက်လာမှာမဟုတ်ပါဘူး။ ကလေးကငယ်ရွယ်နုနယ်တာကြောင့် စိတ်ဒဏ်ပါရတဲ့ပြီး ဒီစိတ်ဒဏ်ရာကြောင့် အသက်အရွယ်ရလာတဲ့အထိ စိတ်ရောဂါပါ စွဲလာတတ်ကြပါတယ်။ ဒီလိုပါပဲ ၅ နှစ်မှ ၁၀ နှစ် ၊ ၁၀ မှ အရွယ်ရောက်လာသည့်တိုင်အောင် မိဘများအနေနဲ့ အသိစိတ်ထဲဝင်အောင် အေးအေးဆေးဆေး ပြောဆိုဆုံးမသင့်ပါတယ်။ ဒီလိုဆုံးမလို့မရဘူး ဆိုးလွန်းလို့ရိုက်ရတာပါဆိုရင်တော့ ပတ်ဝန်းကျင်ကလည်း အရင်က ခပ်ဆိုးဆိုးအပြုအမှုတွေရှိခဲ့ဖူးလို့ပါတယ်။ ကလေးတစ်ယောက်မွေးလာတာဟာ စာရွက်အဖြူတစ်ရွက်နဲ့တူပါတယ်။ ဒီစာရွက်အပေါ်မှာ မိဘနှစ်ပါးက ကိုယ်တိုင်ရေးဆွဲရတာဖြစ်ပြီး ကိုယ်ကိုယ်တိုင်က ဆွဲချင်သလိုဆွဲလိုခဲ့ပြီးမှ စာရွက်ကရှုပ်နေတာပဲလို့ ကောက်ချက်မချသင့်ပါ။ ဘက်ညီညီတွေးတတ်ဖို့လိုပါတယ်။
ကလေးကိုရိုက်နှက်ဆုံးမလိုက်လို့ ကလေးကနောက်ထပ်ဒီလိုအမှားမျိုးမလုပ်တော့ဘူးဆိုရင်တောင် ဒါကမှားမှန်း သိလိုမလုပ်တော့တာမဟုတ်ပါဘူး။ မိဘအရိုက်ခံရမှာကြောက်လို့ပါ။ ဒီတော့ကလေးက စဉ်းစားဆင်ခြင်တတ်တဲ့ အတွေးအခေါ်ပါ ပျောက်ဆုံးသွားတတ်ပါတယ်။ ဒီကိစ္စလုပ်ရင် အကျိုးဆက်ကဘာလည်းဆိုတာကို သိပ်မစဉ်စားတတ်တော့ဘဲ ဒါလုပ်ရင်အမေရိုက်မှာကြောက်လို့ အဖေရိုက်မှာကြောက်လို့ဆိုတဲ့ စိတ်တွေကပဲ စိုးမိုးနေတတ်ပါတယ် သူ့အတွက်ကောင်းတဲ့အရာလား မကောင်းတဲ့အရာလားဆိုတာ ထည့်သွင်းမစဉ်းစားတတ်တော့ပါဘူး။
ဒါတွေတင်မကပါဘူး လူပုံအလယ် အောက်ငေါက်ပြောဆိုတတ်တာတွေက၊ မှန်ကန်ရာမှန်ကန်ကြောင်းမရှင်းပြပဲ အပြစ်ပြောတာတွေကို ကလေးကိုစိတ်ထိခိုက်စေတတ်ပါတယ်။ ကလေးအရွယ်နဲ့ လိုက်ဖက်တဲ့စကားလုံး နားလည်နိုင်တဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုသုံးနှုန်း ဆုံးမခြင်းဟာ အကောင်းဆုံးပါပဲ။ ကလေးများကို လွယ်လပ်စွာနားလည်နိုင်တဲ့အသိညဏ်တွေရှိအောင် ပျိုးထောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။