နည်းပညာတိုးတက်လာသောခေတ်တွင် လုပ်ငန်းပိုမိုတွင်ကျယ်လာရန်နှင့် အချိန်ကုန်သက်သာစေဖို့ အတွက် internet ကိုချိတ်ဆက်အသုံးပြုကြပါတယ်။ Internet ကိုအသုံးပြုပြီး social media မှတဆင့် ကမ္ဘာတစ်ဝန်းလုံးကို အဆက်အသွယ်ပြုလုပ်ကြတယ်။
ယခုအခါ မြန်မာနိုင်ငံတွင် social media ကိုပိုမိုတွင်ကျယ်စွာ အသုံးများလာကြတာကို တွေ့ရပါတယ်။ဒီတော့ ကိုယ်ရဲ့
privacy တွေအတွက် cyber security ကို အသုံးပြုသင့်ပါတယ်။ မြန်မာနိုင်ငံမှာ Facebook က အသုံးတွင်ကျယ်ပေမဲ့ အွ
န်လိုင်းလုံခြုံဘေးကင်းအောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ သိပ်မသိကြသေးပါဘူး။
ဒီအခါမှာ cyber crime လို့ခေါ်တဲ့ အင်တာနက်ကို အခြေပြုတဲ့ မှုခင်းတွေ ဖြစ်ပေါ်လာပါတယ်။ နိုင်ငံတကာ မှာလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ cyber တိုက်ခိုက်မှုတွေ အဖြစ်များလာပါတယ်။ ဒီလို အခြေအနေတွေမှာ cyber security ကို မေ့ထားလို့ မရတော့ပါဘူး။
ပြီးခဲ့တဲ့ရက်သတ္တပတ်က ဩစတြေးလျသံအမတ်ကြီးဟာ ဆိုင်ဘာလုံခြုံရေးနဲ့ပတ်သက်တဲ့အသိပညာမြှင့်တင်ရေးအတွက်
ဆိုင်ဘာဘေးကင်းဆိုတဲ့လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ပါတယ်။ အဆိုပါလှုပ်ရှားမှုကို ဩစတြေးလျက ကူညီပေးပြီး Monash
University နဲ့ Kernellix တို့က ဆောင်ရွက်ပါတယ်။ ဆိုင်ဘာလုံခြုံရေးနဲ့ပတ်သက်တဲ့ကာတွန်းတွေ၊ အကြောင်းအရာအေ
သးစိတ်ကို ဒီ Link မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
Recommend for you- ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဥာဏ်ရည် ဥာဏ်သွေး သုံးသပ်ချက်