×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 13 March 2019

“စိတ်ရှည်ခြင်းနဲ့ တောင့်ခံနိုင်ခြင်း”

“စိတ်ရှည်ခြင်းနဲ့ တောင့်ခံနိုင်ခြင်း” google

နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်တဲ့ လူငယ်တွေဟာ အများအားဖြင့် အိမ်ကို ပြန်ထောက်ရပါတယ်။ အသုံးစရိတ်များလှတဲ့ ရန်ကုန်မှာလည်း အဆင်ပြေအောင် နေရပါတယ်။

ဒီကြားထဲ မျိုးစုံသော ဆွဲဆောင်မှုတွေက ရှိနေပြန်သေးတယ်။ ရုပ်ရှင်ကားအသစ် တင်တာ၊ အစားအသောက်၊ အသုံးအဆောင် စသဖြင့် အများကြီးပေါ့။ အရင်တုန်းက သုံးစရာနည်းတယ်။ ဒီတော့ နည်းနည်းရှာလိုက်ရင် လောက်တယ်။ ဒါကြောင့်လည်း တစ်အိမ်မှာ တစ်ယောက်အလုပ်လုပ်ရင် ရတယ် ပြောကြတာ။ ခုခေတ်ကျ အဲ့လို မဟုတ်တော့ဘူး။ သုံးစရာများလာတော့ သုံးချင်။ ဒီတော့ ပိုက်ဆံက မလောက်။ ဒီကနေမှ မဟုတ်တဲ့နည်းနဲ့ ငွေရှာမယ် ဆိုတဲ့ဘက်ကို ရောက်ကုန်ကြတယ်။

အဲဒီအခါ လစာရ၊ အိမ်ပြန်ပို့၊ ကျန်တာသုံး၊ နောက်တစ်လ လစာရ၊ အိမ်ပြန်ပို့၊ ကျန်တာသုံးနဲ့ သံသရာလည်နေပါတယ်။ ကိုယ်တိုးတက်ရာ တိုးတက်ကြောင်းအတွက်ကျ သုံးစရာ မရှိတော့သလို ဖြစ်နေတယ်။ ဒီကနေ ရုန်းထွက်ဖို့ဆိုရင်တော့ မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျှော့ချပြီး အဲဒီကနေ ပိုထွက်လာတဲ့ ငွေနည်းနည်းလောက်ကို ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ဖို့မှာ ပြန်သုံးရပါမယ်။

အဲဒီအခါ အလုပ်မှာ စွမ်းဆောင်ရည် ပိုကောင်းလာမယ်။ လစာလည်း ပိုကောင်းလာမယ်။ ဒီတော့ တစ်လတစ်လ ပိုထွက်လာတဲ့ ငွေကလည်း ပိုများလာမယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ရင်းနှီးမြှုပ်နှံနိုင်လာမယ်။ ဒီလိုကနေမှတဆင့် ကိုယ့်ကိုယ်ကိုယ် ဆွဲတင်ရပါလိမ့်မယ်။

ဒါကြောင့် Comfort zone ထဲက ထွက်ပါ ဆိုတာ အခုအလုပ်ကို ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်မဟဲ့ ဆိုပြီး လုပ်ဖို့ မဟုတ်ပါဘူး။ Comfort zone ထဲကနေ ထွက် ဆိုတဲ့ တစ်လုံးတည်းမှတ်ပြီး အလုပ်ထွက်လိုက်တာ အခက်အခဲဖြစ်ကုန်တဲ့ လူငယ်တွေ မနည်းဘူး။ တကယ်တော့ လက်ရှိမှာ လစာလေး ရလိုက်၊ သုံးလိုက်၊ ပျော်လိုက်၊ အလုပ်ပြန်လုပ်လိုက် ဆိုပြီး သက်သောင့်သက်သာ ဖြစ်နေတဲ့ အခြေအနေကနေသာ ရုန်းထွက်ဖို့ ပြောတာပါ။ ဘာလို့ဆိုတော့ လက်ရှိမှာတော့ အဆင်ပြေနေပေမယ့် နောင်အနာဂတ်ကို တွေးကြည့်လိုက်ရင် ရင်မောစရာ ကောင်းပါတယ်။ ‘တကယ်လို့ ဒီကုမ္ပဏီသာ မရှိတော့ရင်၊ ဒီအလုပ်ကနေသာ ပြုတ်သွားရင်’ လို့ မေးကြည့်ပါ။ တခြားအလုပ်တစ်ခု ရနိုင်မလား။ အဲ့လိုရ မရက ကိုယ့်မှာ အထူးပြုလေ့လာထားတဲ့ ပညာရပ် (Specialized knowledge) ဘာရှိသလဲ၊ ကိုယ့်မှာ သူများနဲ့ယှဉ်လိုက်ရင် အရွေးချယ်ခံရလောက်တဲ့၊ အလုပ်ပေးရလောက်တဲ့ အရည်အသွေးမျိုး ဘာရှိသလဲ မေးကြည့်ဖို့ ကောင်းပါတယ်။ ဒါကြောင့် လက်ရှိ အဆင်ပြေနေတာကို မကြည့်ဘဲ နောင်တစ်ချိန်အတွက်ပါ ထည့်စဉ်းစားပြီး သေချာပြင်ဆင်စေချင်တယ်။

မြန်မာနိုင်ငံဟာ ငွေကြေးဖောင်းပွမှု များလို့ ငွေမစုကြနဲ့ ဆိုတာက ငွေတွေဘဏ်ထဲ သိမ်းမထားနဲ့လို့ ပြောတာပါ။ ရသမျှ အကုန်သုံးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ၀န်ထမ်းငယ်ဘ၀မှာ ငွေတွေစုထားလို့လည်း အတိုးကြီးကြီးမားမား ရမှာမှ မဟုတ်တာ။ ဒီတော့ ဘဏ်ထဲ မသိမ်းနဲ့၊ ကိုယ့်အတွက် ကိုယ်သုံး။ Networking အတွက် သုံးမလား၊ Seminar တက်မလား၊ Online course တက်မလား စသဖြင့် သုံးဖို့ပါ။

၃-၄ လလောက်နဲ့တော့ ဘာထူးခြားနိုင်မလဲ၊ သို့သော် စိတ်ရှည်ရှည်နဲ့ ကြိုးစားရင်တော့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီခေတ်မှာ အောင်မြင်ဖို့ ရှိထားသင့်တဲ့ အရည်အချင်းတွေထဲ လူငယ်တွေအတွက်ရော ကိုယ်တိုင်အတွက်ပါ အလိုအပ်နေဆုံးတွေကို ပြောပါဆိုရင် စိတ်ရှည်ခြင်း၊ ဆုံးခန်းတိုင်အောင် လုပ်တတ်ခြင်း၊ ဇွဲရှိခြင်းနဲ့ ရုပ်ဝတ္ထုတွေရဲ့ ဆွဲဆောင်မှုကို တောင့်ခံနိုင်ခြင်း၊ အဲဒီ ၄ ခုကို ရွေးချယ်ချင်ပါတယ်။

 read more;

ထူးချွန်ထက်မြက်သူတိုင်း ဂရုမစိုက်သည့် အရာ (၆) ခု

 

သင်မသိသေးတဲ့ အင်္ဂလိပ်ဝေါဟာရတွေရဲ့ ထူးခြားတဲ့ ဆက်စပ်မှု

 

 

credit -  ဒေါက်တာ ဖြိုးသီဟ

sayar.com

Read times Last modified on Thursday, 30 January 2020 17:41
Rate this articles
(1 Vote)