×
Warning
JUser: :_load: Unable to load user with ID: 81428
Knowledge
Monday, 20 April 2020
ကိုယ်က Introvert လား Extrovert လား ဆန်းစစ်ကြည့်ရအောင်
ကိုယ်က Introvert လား Extrovert လား ဆန်းစစ်ကြည့်ရအောင်
Introvert ဆိုတာဘာလည်း၊ ဘယ်လိုအကျင့်စရိုက်ရှိသူတွေက Introvert လည်း ……
Introvert အကျင့်စရိုက်ရှိသူတွေက အနေအေးတဲ့သူတွေ၊ တစ်ကိုယ်တည်း အေးအေးဆေးဆေးနေရတာကြိုက်တဲ့သူတွေ၊ စကားနည်းတဲ့သူတွေဖြစ်ပါတယ်။ Introvert တွေက အေးအေးဆေးဆေးသမားတွေ၊ အရှက်အကြောက်ကြီးသူတွေ၊ စည်းကမ်းတင်းကြပ်သူတွေဖြစ်ပါတယ်။
Extrovert တွေကတော့ Introvert နဲ့ ဆန့်ကျင်ဘက်ပေါ့။ အဖွဲ့အစည်းတစ်ခု၊ အသင်းအဖွဲ့တစ်ခုမှာဆိုရင် အများကတင်မြှောက်လို့ဖြစ်စေ၊ မိမိဘာသာ အားကျိုးမာန်တက်လုပ်ဆောင်တဲ့သူတွေကတော့ Extrovert အကျင့်စရိုက်ရှိသူတွေပေါ့။ Extrovert တွေက စကားများတာ၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတွေ၊ အမြဲတမ်း တက်ကြွလန်းဆန်းနေတဲ့သူတွေဖြစ်ပါတယ်။
တစ်ချို့တွေကတော့ အမြဲတမ်း Extrovert (or) Introvert မဟုတ်ကြဘဲ အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး ပြောင်းလဲနေတတ်ပါတယ်။
ကဲ
ကိုယ်က Introvert အကျင့်စရိုက်များတဲ့သူလား၊ Extrovert အကျင့်စရိုက်များတဲ့သူလားဆိုတာကို အောက်ပါမေးခွန်းလေးများကို ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်း၊ အမှန်အတိုင်း ဖြေကြည့်ပါအုန်း။
မေးခွန်း (၁)
Night-out သွားမယ်ဆိုရင် ဘယ်အချက်က သင့်ကိုပိုပြီးပျော်စရာကောင်းစေမလဲ။
(၁) သူငယ်ချင်းတွေအများကြီးနဲ့သွားချင်တဲ့သူ၊ လူများလေကောင်းလေပေါ့။
(၂) အခင်ဆုံးသူငယ်ချင်းနဲ့ပဲသွားချင်တယ်၊ နှစ်ယောက်ထဲ ရင်ဖွင့်တိုင်ပင်ချင်တယ်။
မေခွန်း (၂)
(၁) အားလပ်ရက်တွေမှာ လူမှုရေးအစီအစဉ်တွေနဲ့ အြုပည့်ပေါ့။
(၂) လူသူရှင်းတဲ့နေရာတွေမှာ အေးအေးဆေးဆေး အားလပ်ရက်တွေကို ကုန်ဆုံးချင်တယ်။
မေးခွန်း (၃)
သင်ဟာ ကျောင်းသားတစ်ယောက်ဖြစ်မယ်ဆိုရင် …
(၁) သင်ခန်းစာတွေကို အများနဲ့ တိုင်ပင်ဆွေးနွေးမယ်
(၂) ဆရာ/ဆရာမတွေသင်တဲ့သင်ခန်းစာတွေကို စိတ်ဝင်တစား နားထောင်မယ်။
မေးခွန်း (၄)
လူအများကြီးပါဝင်တဲ့ ပါတီကြီးမှာ သင်က ပါဝင်ဆင်နွဲရပြီးနောက် သင်ဘယ်လိုခံစားရမလဲ။
(၁) လန်းဆန်းတက်ကြွနေတယ်။ နောက်လာမယ့်ပွဲတွေအတွက်တော့ အဆင်သင့်ပဲ
(၂) ပျော်စရာကောင်းပေမယ့် ပင်ပန်းတယ်
မေးခွန်း (၅)
ကိုယ်နဲ့မရင်းနှီးတဲ့လူတစ်ယောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရမယ်ဆိုရင် သင်မည်သို့ ပြုမူမလဲ။
(၁) တိတ်တိတ်ကလေးနေမယ်၊ သီးသီးသန့်သန့်ပဲနေမယ်။
(၂) စကားတွေအများကြီးပြောမယ်။ သူငယ်ချင်းတစ်ယောက်ထပ်တိုးတာပေါ့။
မေးခွန်း (၆)
သင့်အတွက်ဆိုရင် အောက်ပါအချက်(၂)ချက်ထဲက ဘယ်အချက်နဲ့ကိုက်ညီမလဲ။
(၁) “multi-tasking” အလုပ်တွေအများကြီးလုပ်ရလည်း ပြသနာမရှိပါဘူးလေ။
(၄) အလုပ်တစ်ခုထဲကိုပဲ အာရုံစိုက်ပြီးလုပ်ချင်တယ်။ တစ်ခုပြီးမှတစ်ခုပေါ့။
မေးခွန်း (၇)
သင်နဲ့လုပ်ဖော်ကိုင်ဘက်တစ်ဦးက သဘောထားကွဲလွဲနေမယ်ဆိုရင် သင်ဘယ်လိုတုံ့ပြန်မလဲ
(၁) ငါ့အမြင်တော့မပြောင်းနိုင်ဘူး၊ အကောင်းဆုံးကတော့ ဒီနေရာကထွက်သွားတာပဲ
(၂) ခုတော့ တိတ်တိတ်လေးပဲနေလိုက်တော့မယ်။ နောက်မှ ဒီကိစ္စကိုထပ်ပြီး တိုင်ပင်ဆွေးနွေးတာပေါ့။
မေးခွန်း (၈)
ကလေးအရွယ်တုန်းက မင်းက “ရှက်တတ်တယ်” “အနေအေးတယ်”
(၁) မဟုတ်ပါဘူး
(၂) ဟုတ်တယ်
မေးခွန်း (၉)
မင်း ကဗျာတစ်ပုဒ်ရေးခဲ့တယ်ဆိုပါဆို့၊ နောက်ထပ် ဘာဆက်လုပ်မလဲ။
(၁) သူငယ်ချင်းတွေကို ပြမယ်။ Social Media မှာ တင်မယ်။ ဘယ်သူတွေဘယ်လိုပြောပြော ပြသနာမရှိဘူး။ ဒါမှလည်း နောက်ထပ် အိုင်ဒီယာအသစ်တွေရမှာပေါ့
(၂) သိမ်းထားမယ်။ တစ်ခြားသူတွေကိုပြရမှာ ရှက်တယ်။
မေးခွန်း (၁၀)
သင်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့နေ့တစ်နေ့ကို အလုပ်မှာ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်နေပါတယ်။ သင်ဘယ်လိုလုပ်မလဲ၊
(၁) ဖုန်းခေါ်မယ်
(၂) message ပို့မယ်။
ကဲ …..
ဒီမေးခွန်းတွေထဲက သင့်အဖြေအတွေက အခြေအနေ ဘယ်လိုရှိပါသလဲ၊ မေးခွန်း အများစုကို နံပါတ်(၁) ကိုသာ ရွေးချယ်ဖြေဆိုခဲ့တယ်ဆိုရင် သင်ဟာ “Extrovert” လက္ခဏာ အကျင့်စရိုက်ရှိတဲ့သူပါ။ နံပါတ်(၂) အများစုကိုသာ ရွေးချယ်ဖြေဆိုခဲ့တယ်ဆိုရင်တော့ “Introvert” ပေါ့။
ဒီ့ထပ် ပိုပြီး တိတိကျကျ သိချင်တယ်ဆိုရင်တော့ https://introvertdear.com/introvert-extrovert-test-quiz/ လေးမှာ ဝင်ရောက်ဖြေဆိုကြည့်ကြပါလို့ အကြံပြုပါရစေ။
ကဲ
မေးခွန်း (၁)
မေခွန်း (၂)
မေးခွန်း (၃)
မေးခွန်း (၄)
မေးခွန်း (၅)
မေးခွန်း (၆)
မေးခွန်း (၇)
မေးခွန်း (၈)
(၁) မဟုတ်ပါဘူး
(၂) ဟုတ်တယ်
မေးခွန်း (၉)
မေးခွန်း (၁၀)
(၁) ဖုန်းခေါ်မယ်
(၂) message ပို့မယ်။
ကဲ …..
Read times
Rate this articles
(1 Vote)