×
Warning
JUser: :_load: Unable to load user with ID: 81428
Knowledge
Thursday, 07 May 2020
မြန်မာကို ကမ္ဘာကသိစေခဲ့သူတစ်ဦး ( သို့ ) ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်ကို 1945 Juneလ 19ရက်နေ့ ၊ ရန်ကုန်မြို့ ~ မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။အဖေဖြစ်သူ ဦးအောင်ဆန်း နှင့် အမေဖစ်သူ ဒေါ်ခင်ကြည်တို့ရဲ့ တစ်ယောက်ထဲပါလာတဲ့ သမီးဦးဖြစ်ပါတယ် ။
အောင်ဆန်းစုကြည်ဆိုသည့် အမည်သည် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနာမည်မှ ဆင်းသက်လာတဲ့ ''' အောင်ဆန်း '''
ဖခင်ဘက်မှအဖွားဖြစ်သူ ဒေါ်စုအမည်မှ '' စု '' နှင့် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်အမည်မှ ''' ကြည် ''' တို့ကိုပေါင်းကို ''' အောင်ဆန်းစုကြည် ''' ဆိုပီးနာမည်တွင်စေခဲ့တာဖစ်ပါတယ် ။
မြန်မာနိုင်ငံသားများမှ '''ဒေါ် ''' လို့ ဝိဂြိုဟ်ပြုပြီး ……… ဒေါ်အောင်ဆန်းစုကြည် - အန်တီစု - အမေစုဟုလည်း အများအားဖြင့် ခေါ်ဆိုလေ့ရှိပါတယ်။စာရေးသူ ကတော့ ရိုသေလေးစားချစ်ခင်သော အားဖြင့် အမေလို့ခေါ်ပါတယ်။
International အသုံးနှုန်းအနေအဖြင့် Aung San Suu Kyi - The Lady - Mrs.Suu Kyi - Su Kyi ( etc ) စသဖြင့်လည်း နိုင်ငံတကာမီဒီယာတွေမှာ သုံးနှုန်းဖော်ပြလေ့ရှိပါတယ်။အမေ့ရဲ့ ကိုယ်အလေးချိန်မှာ ၁၀၆ ပေါင်ခန့် ရှိပါတယ်သိရပါတယ်။
အထက်တန်းပီးဆုံးပီးနောက် ………
1962 - 1963 Delhi တက္ကသိုလ် - လေဒီရှယ်ရီရမ်ကောလိပ်၌ နိုင်ငံရေးသိပ္ပံံဘာသာရပ်ကို တက်ရောက်ခဲ့ပါတယ်။
India နိုင်ငံ Mary Combit's ကျာင်းတွင်ပညာဆက်လက်သင်ယူခဲ့ပြီး ………
ဂျပန်ပန်းအလှပြင်နည်း၊ အနုပညာနှင့် မြင်းစီးသင်ခြင်းတို့ကိုလည်း တတ်မြောက်ခဲ့ပါတယ်။
1964 - 1967 Oxfordတက္ကသိုလ် Hကောလိပ်မှာ ………
ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး ~ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့ပါတယ်။
1968 ခုနှစ်တွင် London တက္ကသိုလ်အရှေ့တိုင်းနှင့် ……… Africa လေ့လာရေးဌာန - နိုင်ငံရေးသိပ္ပံဌာနမှာ သုတေသနလက်ထောက်အဖြစ် ………
တာဝန်ထမ်းဆောင်နေချိန် မိုက်ကယ်အဲရစ်နှင့် ချစ်ကျွမ်းဝင်ခဲ့ပါတယ်။
ဗြိတန်နိုင်ငံသား မိုက်ကယ်အဲရစ်နဲ့လက်ထပ်ပီးသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသား ခံယူခြင်းမရှိခဲ့ပေ။
1988 ခုနှစ် မတ်လကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဒေါ်ခင်ကြည်မှာ ………
လေဖြတ်ရောဂါ ခံစားနေရသဖြင့် မိခင်အားပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
1988 December 27ရက်နေ့တွင် မိခင်ဖြစ်သူဒေါ်ခင်ကြည် ကွယ်လွန်တိမ်းပါးခဲ့ပြီး ………
ဒေါ်ခင်ကြည်သည်လည်း မြန်မာနိုင်ငံအတွက် အရေးပါဖူးသောသူဖစ်သည့်အလား …………
ဘွဲ့ပေါင်းများစွာရရှိခဲ့သူဖစ်သည် ။
အဲ့ခေတ်အဲ့အချိန်က မြန်မာနိုင်ငံရဲ့အမြင့်ဆုံးဘွဲ့ဟုဆိုရလောက်သည့် မဟာသီရိသုဓမ္မသိဂီမဘွဲ့ကိုလည်း ရယူခဲ့ပီးဖစ်ပါတယ် ။
အဲဒီအချိန် ( ဒေါ်ခင်ကြည် ကျန်းမာရေးမကောင်းဖစ်သည့် ) အချိန်တွင် ………
ဒေါ်အောင်ဆန်းစုကြည်သည် လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနမှာ …………
ပါရဂူဘွဲ့အတွက် '''1920 - 1945 ''' အတွင်း ထုတ်ဝေခဲ့သော စာနယ်ဇင်းများသည် ………
''' မြန်မာ့လွတ်လပ်ရေးအတွက် အထောက်အကူပြုခဲ့ပုံ '''အမည်ရှိ ဘွဲ့လွန်တမ်းကိုတင်သွင်းနိုင်ရန် ပြုစုနေချိန်လည်းဖြစ်ပါတယ်။
Photographs and Timeline of General Aung San | Save Burma
အခုပြောပြပေးခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည် ငယ်ဘဝအကြောင်းပါ ။
………………………………………………………………………………………
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့အပြုအမူ အကျင့်လေးတွေအကြောင်းကို ထပ်ပီးပြောပြပေးသွားပါ့မယ် ။
ဒေါ်အောင်ဆန်းစုကြည်သည် နေ့စဉ် တရားထိုင်လေ့ရှိပါတယ်။
ခြေလေးချောင်းသားများကို ရှောင်ပြီး ပင်လယ်စာ ကြိုက်တတ်ပါတယ်။ ( အရင်က ပုစွန်တော်တော်ကြိုက်တယ်လို့သိရပါတယ် )
-အသားအရည်ထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး ………
အထူးတလည်ထိန်းသိမ်း ပြုလုပ်ခြင်းမရှိဘဲ သာမာန်မိန်းကလေးများ ပြုလုပ်လေ့ရှိတဲ့အသားအရည် ထိန်းသိမ်းတဲ့နည်းလမ်းများသာ အသုံးပြုတတ်ပါတယ်။ ( သစ်သီး သစ်ဥတွေနဲ့သာ အသားရေကိုထိန်းသိမ်းပါတယ် ။ )
စာဖတ်ခြင်း ဝါသနာပါပြီး ………
သတင်းစာဆရာဦးအုန်းနှင့် ဦးညိုမြ (ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ)တို့မှ စာအုပ်များထောက်ပံ့ပေးပို့ လမ်းညွန်ခဲ့ကြပါတယ် ။ ( အကူညီတောင်းခဲ့ဖူးပါတယ် )
မြန်မာနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး အမျိုးသမီး စာရေးဆရာမ ဖြစ်ပါတယ်။
သူမ ရေးသားထားတဲ့စာအုပ်တွေဟာ ကမ္ဘာ့စာပေလောကမှာ အကြိမ်ကြိမ် ထပ်မံပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ စာအုပ်တွေဖြစ်ကြပါတယ်။
- Letters from Burma (5) ကြိမ်မြောက်
- Freedom from Fear (9) ကြိမ်မြောက်
- The voice of Hope (16) ကြိမ်မြောက်ထုတ်ဝေခဲ့ကြတာပါ။
ဒီစာရင်းဟာ Amazon.comလိုမျိုး - တခြားအွန်လိုင်းမှာ ရောင်းချတဲ့ အွန်လိုင်းဈေးကွက်မပါဝင်သေးပါဘူး။
ပြည်ပ Printed Media တွေဟာ တစ်ခါထုတ်ရင် အုပ်ရေ (၅) သောင်း - (၁) သိန်း ထုတ်လေ့ရှိကြပါတယ်။ စာမူခကို ပထမဦးဆုံးအကြိမ်ဒေါ်လာ $4000 မှ $ 10000 ပတ်ဝန်းကျင် ပေးလေ့ရှိပြီး
စာအုပ်တစ်အုပ်ကို Royalties 10% ထပ်ပေးပါတယ်။
စာအုပ်ရဲ့တန်ဖိုးဟာ ဒေါ်လာ 20 ဖစ်မယ်ဆိုရင် ……… တစ်အုပ်ရောင်းရတိုင်း 2 ဒေါ်လာ ရရှိမှာပါ။
နမူနာ အနေနဲ့ တွက်ချက်ပြရမယ် ဆိုရင် ...
Freedom from Fear ---
2 ဒေါ်လာ x 50000 အုပ်ရေ x 9 ကြိမ် = $ဒေါ်လာ 900,000 (9သိန်း) ဝင်ငွေရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပါဝင် ရေးသား တည်းဖြတ်ခဲ့တဲ့ စာအုပ်စာရင်း
----------------------
1. ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
2. မျှော်လင့်ခြင်း၏ အသံများ
3. မြန်မာပြည်မှ ပေးစာများ
4. ဗမာ့ အောင်ဆန်း
5. အောင်ဆန်း၊ အာရှနိုင်ငံမှ ခေါင်းဆောင်များ
6. ဘူတန်သို့ သွားလည်ကြစို့
7. မြန်မာပြည်သို့ အလည်တစ်ခေါက်
8. နီပေါသို့ သွားလည်ကြစို့
9. မျက်နှာဖုံး နောက်ကွယ်ရှိ မြန်မာပြည်
10. မြန်မာနှင့် အိန္ဒိယ ကိုလိုနီလက်အောက်ဘဝများ၏ ရှုထောင့်များ
11. စစ်မှန်သော ခိုကိုးရာ ဆီသို့
(တကယ့်ကို မြန်မာနိုင်ငံသူပီသတဲ့ မိန်းမတစ်ယောက်ပါ ။ နိုင်ငံခြားဘာသာနဲ့ထုတ်ဝေခဲ့ပေမယ့် မြန်မာနိုင်ငံအကြောင်းပဲ အဓိကထားရေးသွားတာပါ ။ )
1991 Novel ဆုရတော့ ………
ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆု၏ဆုငွေဒေါ်လာ 1.3 သန်း၏ ငွေကြေးအားလုံးကို မြန်မာနိုင်ငံကျန်းမာရေးနှင့်ပညာရေးများအတွက် ရံပုံငွေအဖြစ်ထူထောင်ခဲ့ပါတယ်။
အောင်ဆန်းစုကြည် လွတ်မြောက်ရေးရံပုံငွေဟု အမည်ပေးထားသည့်ရံပုံငွေကို ………
(Norway ) နော်ဝေအခြေစိုက် အစိုးရမဟုတ်သည့် Partnership For Change အဖွဲ့ - နော်ဝေ မီဒီယာအဖွဲ့ကြီးတစ်ခုဖြစ်သည့် HippieMedia ၊ နော်ဝေ ဝန်ကြီးချုပ်ဟောင်း Mr.Bonavicနှင့်နော်ဝေရောက် မြန်မာအသိုင်းအဝိုင်းတို့ပါဝင်ထူထောင်ခဲ့ကြပါတယ်။ထိုအဖွဲ့၏ဂုဏ်ထူးဆောင်ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပြီးနောက် လက်မှတ်ထိုးအတည်ပြုပေးခဲ့ပါတယ်။
June 16ရက်နေ့၌ အော်စလိုမြို့တွင် ………ရန်ပုံငွေအမေရိကန်ဒေါ်လာ 1 သန်းနှင့် စတင် မတည်ခဲ့သည်။
Prospect Burma မြန်မာနိုင်ငံသားများနှင့် ပြည်ပရောက် ဒုက္ခသည်များ ပညာရေးဆက်လက်သင်ယူနိုင်ရန် ပညာသင်ငွေကြေးများ ထောက်ပံ့ပေးသည့်ရံပုံငွေအဖွဲ့ကြီးဖြစ်ပါတယ်။အဲဒီအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တဲ့ 1991 နိုဘယ်လ် ငြိမ်းချမ်းရေးဆုနှင့် အခြားဆုကြေးများမှ ငွေကြေးတစ်ချို့ ပါဝင်ခဲ့ပါတယ်။
အိမ်ထောင်ဖက် ဒေါက်တာမိုက်ကယ်အဲရစ်နှင့်အတူ ………
သားကြီး Alexandre (ခ) မြင့်ဆန်းအောင်၊
သားငယ်Kim (ခ) ထိန်လင်းတို့ပါအပါအဝင် ………
မိခင်ကြီးအတွက် ရည်ရွယ်ကာ ဒေါ်ခင်ကြည် ဖောင်ဒရေးရှင်းကို စတင်တည်ထောင်ခဲ့ပါတယ်။
Aung San Suu Kyi Age, Biography, Husband & More » StarsUnfolded
………………………………………………………………………………………
အမှောင်ထဲရောက်ခဲ့သောအချိန်များ ( သို့ ) အထိမ်းသိမ်းခံ အချိန်များ
- July 20 1989 - 20 July 1992
( အကျယ်ချုပ်အမိန့်သက်တမ်းတိုး 10July 1995ခုနှစ်)
( 3နှစ်ထပ်တိုး )
(အားလုံးပေါင်း 6နှစ်အချုပ်ကျခဲ့ )
- 23 September 2000 ခုနှစ်မှ - 6 May 2002 ခုနှစ်
(အားလုံးပေါင်း 1နှစ်နဲ့ 6 လ )
- 30 May 2003 ခုနှစ်မှ - 30 May 2008
( အားလုံးပေါင်း 5နှစ် )
- 27 May 2008 ခုနှစ်မှ - 26 May 2009
( 1 )) နှစ်
- 18 May 2009 ခုနှစ်မှ - 13 November 2010
( 6 ) လ
အားလုံး နေအိမ်အကျယ်ချုပ်နေခဲ့ရတာ 14နှစ် !!!
………………………………………………………………………………………
Media
--------
မြန်မာနိုင်ငံနှင့် နိုင်ငံတကာသတင်းစာ၊ဂျာနယ်၊ ရုပ်သံနှင့် မီဒီယာ အသိုင်းအဝိုင်းက ………
ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို သွယ်ဝိုက်၍သော်လည်းကောင်း - တိုက်ရိုက်သော်လည်းကောင်း စာပေ ၊ ဝထ္တု ၊ ဆောင်းပါး ၊ကဗျာ၊ အင်တာဗျူးစသည်တို့ကိုများစွာ ရေးသားခဲ့ကြရာ ………
အထင်ရှားဆုံးမှာ နိုင်ငံတကာမှရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်လမ်းများ ဖြစ်ခဲ့ပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးခဲ့သော ရုပ်ရှင်များ
-------------------------------
1. Beyond Yangon
1995 ခုနှစ်တွင် ဂျွန်ဘော်မင်းရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အားသိသာစွာ ဖော်ထုတ်ထားပါတယ်။
2. Aung San Suu Kyi - Lady of No Fear
58 မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည်၏ ဖြစ်ရပ်မှန်များကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်ကား ………
Denmark 2010, 58 min.A Kamoli Films
Production, by Anne Gyrithe Bonne
3. The Lady
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ခင်ပွန်းသည် မိုက်ကယ်အဲရစ်တို့၏ ဘဝဇာတ်ကြောင်းကို အခြေခံသည့် အချစ်၊အက်ရှင် ရုပ်ရှင်ဇာတ်ကား တစ်ခုကို ၂၀၁၀ ခုနှစ် အောက်တိုဘာလမှ ၂၀၁၁ ခုနှစ် ဇန်နဝါရီလအတွင်း ရိုက်ကူးခဲ့ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာအနှံ့တွင်ပြသခဲ့သည်။ဤဇာတ်ကားတွင် မလေးရှားနိုင်ငံသူ ( China - Hollywood ) သရုပ်ဆောင် မီရှဲလ်ယို့လ် (Michelle Yeoh) မှ ဒေါ်အောင်ဆန်းစုကြည် ………အင်္ဂလန်နိုင်ငံသား ဒေးဗစ်သျှူးလစ် (David Thewlis) မှ ခင်ပွန်းသည် မိုက်ကယ်အဲရစ်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။
xxxxx
ထိုရုပ်ရှင်ထဲတွင် မဟုတ်ပါဖူး !!!
ဒေါ်အောင်ဆန်းစုကြည်အတွက် သီချင်းတွေလည်းရှိပါသေးတယ် ။
1. Walk On
၂၀၀၁ ခုနှစ်တွင် U2အဖွဲ့ သီဆိုသူ ဘိုနို၏လက်ရာဖြစ်သည့် ……… ဒေါ်အောင်ဆန်းစုကြည်အားရည်မှန်း၍ စပ်ဆိုထားသည့် အခွေလည်း ထွက်ခဲ့ပါတယ်။
2 .Unplayed piano
အောင်ဆန်းစုကြည်၏နှစ် ၆၀ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ………
ရိုက်စ်၏ လီစာဟဲန်ဂန်းနှင့်ပူးတွဲထုတ်လုပ်ခဲ့သည့် တေးသရုပ်ဖော် ဗီဒီယိုကို ………
အင်္ဂလန်နိုင်ငံ၌ ၂၀ ဇွန်လ ၂၀၀၅ နှင့် အိုင်ယာလန်၌ ၁၇ ဇွန်လ ၂၀၀၅ ခုနှစ်တွင် စတင်ရောင်းချခဲ့ပါတယ်။
…………………………………………………………………………………………
''' ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းများ '''
1. - ကျမ၏နာမည်မှာ အောင်ဆန်းစုကြည်ဖစ်ပါတယ် ။
" တစ်ပါးသူကိုထိုးခုတ်ဖို့ - ဘယ်ဓါးအိမ်ဆီက ဘယ်လိုဓါးကိုမှ -ကျမဆွဲမထုတ်ခဲ့ဘူး !!!
ဒါကြောင့်ပဲ ကျမဟာ သူရဲကောင်းအပေါင်းရဲ့ ပြယုဂ်ဖြစ်လာခဲ့တယ် ။
ကျမဟာ အပြာရောင်အတိလွှမ်းတဲ့ ငြိမ်းချမ်းရေးကျမ်းစာအုပ်ဖြစ်လာခဲ့တယ် ။
2. - ကျမကို ခဲနဲ့ပေါက်ရင် ………
ရှင်တို့ မိသားစု တစ်နေ့တာ စားဝတ်နေရေး လုံလောက်မယ်လား ???
ဒါဆို ကျမဆီကို အခုလူဦးရေဘယ်လောက်လာလာ ………
နောက်ထပ် သန်း ၅၀သော ပြည်သူတွေအတွက်ပါ ထပ်မြှောက် …
ကျမရင်ဘတ်ကို ထွင်းဖောက်သွားတဲ့ထိ ခပ်ပြင်းပြင်းပစ်ပေါက်လိုက်ကြ…
ကျမမှာ ရှင်တို့ ပြည်သူတွေဘဝ
သာယာစိုပြေလှပစေဖို့သာ " အလို " ရှိတယ် ။
3. - လွတ်မြောက်ခြင်းဆိုတာ ………
ကိုယ်ခန္ဓာတစ်ခုတည်းမှာသာ တည်တာမဟုတ်
စိတ်သဏ္ဌာန်မှာလည်း အတောင်ပံတွေ ပါတယ် !!!
ဒါကြောင့် အလုံပိတ်ထားတဲ့ အုတ်နံရံတွေထဲနေ
ကမ္ဘာမြေအနှံ့ ကျမ မကြာခဏပျံသန်းခြေဆန့်ခဲ့တယ် ။
4. - ကျမ ဖေဖေပြောခဲ့ဖူးသလို ………
လုပ်ရဲတာ သတ္တိမဟုတ် _ ခံရဲတာသတ္တိ !!!
ဒါကြောင့်ပဲ …
အမှောင်အတိကျနေတဲ့ နိုင်ငံအတွက် - ကျမကိုယ် ကျမ ထွန်းညှိ
အလင်းရဲ့ အရသာကို သိစေမယ်…
ကျမရဲ့ နိုင်ငံတော်ဟာ - ဘာအကြောင်းနဲ့မှ ကျမကြောင့်
ခလုတ်မထိ ဆူးမငြိစေရဘူး ။
5. - ကျမကို အလိုမရှိဆိုတဲ့ အသံတွေကြားတော့
ကျမ ပြုံးပြုံးလေး ပြန်လည် နားစိုက်ထောင်နေမိတယ် !!!
'''''' ကျမ ပြောတဲ့ ဒီမိုကရေစီဆိုတာ ………
အခုလို လူတစ်ယောက်ကိုမကြိုက်ကြောင်း - အဲ့ဒီလူရှေ့မှာ ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောဆိုနိုင်ဖို့ပဲလေ """
ကျမ မပျော်ရွှင်ပေမယ့် - ကျမ ကျေနပ်ခဲ့ပါတယ် ။
6. - ကျမကိုယ်မှာ အမာဆုံးကဒူးပဲ !!!
ဘယ်တော့မှ မထောက်ဘူး………
အမှောင်ဆုံးညနက်တွေကို ဖြတ်ကျော်လွန်မြောက် ………
ရှင်တို့ဆီကို
ဒီမိုကရေစီအလင်းတန်းတွေ သိန်းသန်းချီပြီ အရောက်ပို့ပေးမယ် ။
7. - သေနတ်ပြောင်းနဲ့ထိုးချိန်ခံရတဲ့ အချိန်ကစ ………
မျက်စောင်းနဲ့ ထိုးချိန်ခံနေရဆဲ အခုလို အချိန်မျိုးထိ >>>
ကျမ နိုင်ငံတော် အပေါ်
ကျမ မြတ်နိုးသိမ်မွေ့စွာပဲ ကြည့်ဖြစ်ခဲ့တယ် !!!
ဒါဟာ ကျမရဲ့ သစ္စာစကား 
8. - မိခင်မေတ္တာရှားတဲ့ နိုင်ငံမှာ ကျမ သားတွေကို ထားခဲ့ပြီး …
အကြင်နာတရား ထွန်းကားစေတာ ကျမ မမှားဘူး !!!
ဖခင်မေတ္တာရှားတဲ့ နိုင်ငံမှာ - ကျမခင်ပွန်းကို ထားခဲ့ပြီး
ရင်ခွင်လာငှားပေးမိတာ ကျမ မမှားဘူး…
ဒါဟာ ကျမရဲ့ မေတ္တာတရား 
ဟုတ်ကဲ့ !!!
ကျမ၏ နာမည်မှာ အောင်ဆန်းစုကြည် ဖြစ်ပါသည် ။
==============================
1. ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နိုဗယ်ငြိမ်ချမ်းရေးဆုရှင်
ကမ္ဘာမှာနိုဗယ်ငြိမ်ချမ်းရေးဆုရှင်တွေကြီးပဲ ဖွဲ့ထားတဲ့အဖွဲ့မှာ
တချိန်က ဒေါ်အောင်ဆန်းစုကြည် ဘာရာထူးယူခဲ့သလဲ ???
2. ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေ့စဉ်ကတောင်
ကမ္ဘာနိုဗယ်ငြိမ်ချမ်းရေးဆုရှင်တွေ အစည်းဝေးလုပ်ရင်တောင်
ဒေါ်အောင်ဆန်းစုကြည်အတွက် ခုံတလုံးအလွှတ်တနေရာထားပေးခဲ့တယ် ။
ဒီလိုလူမျိုးရှိခဲ့လို့သာ ……… ကိုယ်တွေလည်း တခြားနိုင်ငံသားတွေကို ပြန်ပြောပြဖို့အခွင့်အရေးရှိခဲ့တာပါ။
ကျန်ခဲ့တာတွေ မှားသွားတာတွေရှိရင် အားလုံးနားလည်ပေးပါလို့ တောင်းပန်ချင်ပါတယ် !!!အချိန်ပေးပီး ဖတ်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ် ။
<<< Zawgyi >>>
---------------------------------------
1962 - 1963 Delhi တက္ကသိုလ် - လေဒီရှယ်ရီရမ်ကောလိပ်၌ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို တက်ရောက်ခဲ့ပါတယ်။
………………………………………………………………………………………
Freedom from Fear ---
4. ဗမာ့ အောင်ဆန်း
1991 Novel ဆုရတော့ ………
………………………………………………………………………………………
( 3နှစ်ထပ်တိုး )
( အားလုံးပေါင်း 5နှစ် )
( 1 )) နှစ်
( 6 ) လ
………………………………………………………………………………………
Media
------
1. Beyond Yangon
3. The Lady
xxxxx
1. Walk On
2 .Unplayed piano
…………………………………………………………………………………………
-------------------------
ဒါကြောင့်ပဲ …
ဘယ်တော့မှ မထောက်ဘူး………
ရှင်တို့ဆီကို
ကျမ နိုင်ငံတော် အပေါ်
ဒါဟာ ကျမရဲ့ သစ္စာစကား 
ဟုတ်ကဲ့ !!!
==============================
Source From - Google ~ Wikipedia - Youtube & Others
Read times
Rate this articles
(0 votes)