×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 19 June 2020

ကိန်းဂဏန်းများ၏ စွမ်းအားနှင့် ယူဆချက်များ

ကိန်းဂဏန်းများ၏ စွမ်းအားနှင့် ယူဆချက်များ

ကိန်းဂဏန်းများနဲ့ပတ်သက်ပြီး သင်က မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံတွင် နေထိုင်သည်ဆိုသည့်အချက်ပေါ်မူတည်ပြီး ကွဲပြားတဲ့အဓိပ္ပာယ်များ ရှိပါတယ်။
ကိန်ဂဏန်း နံပါတ် တစ်ခုဟာ နိုင်ငံတစ်ခုအတွက် ကံကောင်းစေပေမယ့် အခြားနိုင်ငံအတွက်တော့ ကံဆိုးစေတဲ့နံပါတ် ဖြစ်နေပြန်ပါတယ်။
ဗဟုသုတအနေနဲ့ လေ့လာမှတ်သားနိုင်ရန် နိုင်ငံနဲ့ လူမျိုးအလိုက်ယူဆထားတဲ့ ကိန်းဂဏန်းများရဲ့အဓိပ္ပာယ်ကို စုစည်းတင်ပြလိုက်ပါတယ်။

No. (4)
တရုတ်နိုင်ငံမှာဆိုရင်တော့ (၄) ဂဏန်းကို ကံမကောင်းစေတဲ့နံပါတ်အဖြစ် လက်ခံထားကြပါတယ်။ (၄) ဆိုတဲ့ဂဏန်းဟာ တရုတ်အသံထွက်အရ သေဆုံးခြင်းဆိုတဲ့ ဝေါဟာရနဲ့ တူနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ တရုတ်နိုင်ငံမှာဆိုရင် (၄)နဲ့ပတ်သက်တဲ့ အရာတွေကို လျစ်လျူရှုထားလေ့ရှိကြပါတယ်။ အခန်းနံပါတ်၊ တိုက်နံပါတ်၊ ဓာတ်လှေကား …….။ အဓိကအားဖြင့် ဟိုတယ်တွေမှာဆိုရင် (၄) (၁၄) (၂၄) အစရှိတဲ့ အခန်းနံပါတ်တွေ၊ အလွှာတွေကို အခြားနံပါတ် (ဥပမာ ၄လွှာကို (F Flr) အစရှိသဖြင့်) အစားထိုးအသုံးပြုလေ့ရှိကြပါတယ်။ ကားနံပါတ်တွေမှာဆိုရင်လည်း (၄)နံပါတ်ပါတဲ့ ကားတွေကို ရှောင်ပြီး ဝယ်ယူလေ့ရှိကြပါတယ်။

ဒါပေမယ့် ဂျာမန်လူမျိုးတွေအတွက်ကတော့ ကံကောင်းစေတဲ့နံပါတ်ပါတဲ့။ အရွက်လေးရွက်ပါတဲ့ Clover ရွက်လေးတွေကို ကံကောင်းစေတဲ့သင်္ကေတအဖြစ် အသုံးပြုလေ့ရှိကြတယ်။

 

No. (9)
ဂျပန်လူမျိုးတွေအတွက်တော့ (၉) ဂဏန်းဟာဆိုရင် ကံမကောင်းစေတဲ့ နံပါတ်ပါ။ နှိပ်စက်ခြင်း၊ ဆင်းရဲဒုက္ခ အစရှိတဲ့စကားလုံးတွေရဲ့ အသံထွက်နဲ့တူတဲ့အတွက်ပဲဖြစ်ပါတယ်။ ဆေးရုံတွေ၊ လေကြောင်းလိုင်းတွေမှာဆိုရင် နံပါတ်(၉)ကို ရှောင်ရှားလေ့ရှိကြပါတယ်။

ဒါပေမယ့်လည်း တရုတ်လူမျိုးတွေအတွက်တော့ နံပါတ်(၉)က ကံကောင်းစေတဲ့နံပါတ်ဖြစ်ပါတယ်။ ပြီးပြည့်စုံခြင်းလို့ ယူဆကြတယ်။ ဒဏ္ဍာရီလာပုံပြင်တွေထဲမှာဆိုရင်လည်း ဒီနံပါတ်(၉)က စိုးမိုးထားတယ်။ ဥပမာ စွမ်းအားကြီးမားလှတဲ့ အမြီး(၉)ချောင်းပါတဲ့ ဝံပုလွေပေါ့….

 

No. (17)
အီတလီလူမျိုးတွေအတွက်တော့ (Friday – 17) ကတော့ ကံမကောင်းစေတဲ့နံပါတ်ပါ။ ဘာကြောင့်လည်းဆိုတော့ ရောမနံပါတ် XVII ကို ပြန်ပြောင်းပြီး အစီအစဉ်ချလိုက်မယ်ဆိုရင် VIXI ဆိုတဲ့ စကားလုံးကို ရရှိမှာပဲဖြစ်ပါတယ်။ “ငါ့ဘဝကုန်ဆုံးပြီ” လို့ လက်တင်ဘာသာစကားနဲ့ အဓိပ္ပာယ်ရပါတယ်။

 

No. (13)
နော်ဝေ၊ ဆွီဒင်နဲ့ ယူကေကဲ့သို့သော ဖွံ့ဖြိုးပြီးနိုင်ငံများအပါအဝင် ကမ္ဘာအနှံ နိုင်ငံများစွာမှာတော့ (၁၃)သည် ကံမကောင်းတဲ့ နံပါတ်တစ်ခုအဖြစ် မှတ်ယူပြီး ရှောင်ရှားကြတယ်။ ယေရှုခရစ်၏ (၁၃)ယောက်မြောက် သာဝက “ယုဒရှကာရုတ် - Judas Iscariot” သည် ယေရှုကို သစ္စာဖောက်ခဲ့သည်။ ယေရှုသခင်အား ၁၃ရက်နေ့ (သောကြာနေ့တွင်) ကားတိုင်တင်သတ်မှုပြုလုပ်ခဲ့သည့် နေ့ဖြစ်ခဲ့သည်။

 

No. (26)
အင်ဒီးယန်းများအတွက်ကတော့ (၂၆)ကို ရှောင်ရန် မည်သည့်အရာကိုမဆို ကြိုးစားကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကြေကွဲဖွယ်အဖြစ်အပျက်အများကြီးက ဒီ (၂၆)ရက်နေ့မှာ ဖြစ်ပွားခဲ့လို့ပါပဲ။ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ဆူနာမီနဲ့ မြေငလျင်တွေ….

 

No. (39)
အာဖဂန်နစ္စတန်မှာတော့ နံပါတ်(၃၉)ကို ကံမကောင်းဘူးလို့ သတ်မှတ်ကြတယ်။ သူတို့ရဲ့ ဒေသိယစကားအရ “Morda-gow” (Dead Cow) နဲ့ အသံထွက် ဆင်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

 

No. (666)
ခရစ်ယာန်ဘာသာကို ကိုးကွယ်တဲ့တိုင်းပြည်တွေမှာတော့ ကျမ်းစာရဲ့ဗျာဒိတ်တော်မှာဖော်ပြထားတဲ့ သားရဲ (Antichrist (အန္တိခရစ်)) ကို ကိုယ်စားပြုတဲ့ နံပါတ် (၆၆၆) ကို နိမိတ်ဆိုးလို့ ယူဆကြပါတယ်။ ၆၆၆ အရေအတွက်ကို ကြောက်ရွံခြင်း (Hexakosioihexekontahexaphobia) လို့ ခေါ်ပါတယ်။

 

ဖုန်းနံပါတ် 0888 888 888
လူတော်တော်များက နံပါတ်တွေထပ်နေတဲ့ ဖုန်းနံပါတ်တွေကို လိုချင်ကြပေမယ့် ဘူဂေးရီးယားမှာတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ဒီလိုဖုန်းနံပါတ်တွေဟာ ကျန်ဆဲခြင်းခံရသော ဖုန်းနံပါတ်တွေဖြစ်တေယ်လို့ ဆိုပါတယ်။ ဒီလိုဖုန်းနံပါတ်ရှိသူအချို့ ပျောက်ကွယ်သွားတတ်ကြတယ်လို့ ယုံကြည်ကြပါတယ်။

 

No. (3)
လူအများစုက နံပါတ်(၃)က ကောင်းသောအရာများစုဝေးနေတယ်လို့ ယူဆကြတယ်။ အထူးသဖြင့် ဆီဒင်၊ ကိုရီးယား လူမျိုးတွေဟာ နံပါတ်(၃)ဟာ သူတို့အတွက် ကံကောင်းခြင်းများစုနေတဲ့ နံပါတ်အဖြစ် မှတ်ယူကြတယ်။ ကိုရီးယားလူမျိုးတွေက နံပါတ်(၃)သည် မြေနှင့်ကောင်းကင်ကို ထိန်းချုပ်ခြင်းသင်္ကေတ - (၁) က ကောင်းကင်ကို ကိုယ်စားပြုပြီး (၂)က မြေကြီး (ကမ္ဘာ)ကို ကိုယ်စားပြုသည်။ ထို (၁+၂) ပေါင်းလိုက်လျှင် နံပါတ်(၃)ရသည်။
အီတလီလူမျိုးများအတွက် နံပါတ်(၃)သည် ဟန်ချက် (Balance) + စွမ်းအား (Strength) အား ကိုယ်စားပြုသည့် တြိဂံတစ်ခုအဖြစ် ကိုယ်စားပြုကြသည်။
သို့သော် ဂျပန်နှင့် ဗီယက်နမ်တို့တွင် လူ(၃)ဦး အတူ ဓာတ်ပုံရိုက်ကူးခြင်းကို ရှောင်ကြဉ်ကြသည်။ အဘယ်ကြောင့်ဆိုသော ထိုသို့ဓာတ်ပုံရိုက်ကူးလျှင် ဓာတ်ပုံအလယ်ရှိ မည်သူမဆို သေကြလိမ့်မည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။

 

No. (7)
ဂျပန်၊ တရုတ်ကဲ့သို့သော နိုင်ငံများတွင် နံပါတ် (၇)ကို ကံကောင်းခြင်းဟု ဆိုကြသည်။ ထို့အတူ နယ်သာလန်၊ ပြင်သစ်၊ ယူကေ နှင့် အမေရိကန်နိုင်ငံ အစရှိသော အနောက်နိုင်ငံများတွင် (၇)မှာ ကံကောင်းသည်ဟု ယူဆကြသည်။ ဂြိုဟ်(၇)လုံး၊ အံ့ဖွယ်(၇)ပါး နှင့် စင်္ကြာဝဠာတစ်ခုလုံးကို ဖန်တီးရန် (၇)ရက် …. အစရှိသည်တို့နှင့် ဆက်စပ်နေသောကြောင့်ဖြစ်သည်။


သို့သော် တရုတ်သြဇာလွှမ်းမိုးမှုရှိသော ထိုင်းနှင့်ဗိယက်နမ်တို့တွင် (၇)သည် ကံမကောင်းသော နံပါတ်ဖြစ်သည်။ နံပါတ်(၇)သည် ဇူလိုင်လကို ကိုယ်စားပြုပြီး သေဆုံးသူ မိတ်ဆွေ၊သူငယ်ချင်း၊ ဆွေမျိုးများအား အမှတ်တရနှင့် အခြားသူများကို မခြောက်လှန့်နိုင်အောင် မျှော်လင့်ချက်ဖြင့် အစားအစာများ၊ အသီးအနှံအမျိုးမျိုးနှင့် အောင့်မေ့ပွဲများ ပြုလုပ်ရသည့် လ (ဇူလိုင်လ) ဖြစ်သောကြောင့် ဖြစ်သည်။

 

No. (8)
ဟိန္ဒူ၊ ဗုဒ္ဓ၊ ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်နှင့် တိုအိုဘာသာ အပါအဝင် ကမ္ဘာအနှံအပြားရှိ ဘာသာတရားများစွာသည် (၈)ကို အကျိုးဖြစ်ထွန်းစေသော အရေအတွက်ဟု ယူဆကြသည်။ တရုတ်လူမျိုးများသည် နံပါတ်(၈) ကို အထူးနှစ်သက်ကြသည်။ ချမ်းသာကြွယ်ဝမှု ဆိုသည့် ဝေါဟာရနှင့် အသံထွက်ဆင်တူသောကြောင့်ဖြစ်သည်။ နံပါတ်(၈)နှင့်ပိုင်ဆိုင်မှုများသည် အလွန်အဖိုးတန်သော ပိုင်ဆိုင်မှုများဖြစ်သည်။ ဥပမာ ပေကျင်းတွင် ကျင်းပသော ၂၀၀၈၊ သြဂုတ်လ နွေရာသီအိုလံပစ်ပွဲတော်ကို 08း08း08) ဒေသစံတော်ချိန်တွင် စတင်ခဲ့သည်။
ဂျပန်နိုင်ငံတွင်လည်း (ya or hachi) လို့ ခေါ်တဲ့ ကံကောင်းခြင်းလို့ ယူမှတ်ကြတယ်။ ကံ+ပေါင်းသင်းခြင်း ကို ကိုာ်စားပြုသည့် ဂျပန်စကားလုံးများနှင့် ဖွဲ့စည်းထားခြင်းကြောင့်ဖြစ်သည်။

 

ကဲ မိတ်ဆွေတို့ရဲ့ ကံကောင်းစေတဲ့၊ ကံမကောင်းစေတဲ့ နံပါတ်တွေကရော ဘာတွေလည်း????

 

ကိန္းဂဏန္းမ်ား၏ စြမ္းအားႏွင့္ ယူဆခ်က္မ်ား

ကိန္းဂဏန္းမ်ားနဲ႔ပတ္သက္ၿပီး သင္က မည္သည့္လူမ်ိဳး၊ မည္သည့္ႏိုင္ငံတြင္ ေနထိုင္သည္ဆိုသည့္အခ်က္ေပၚမူတည္ၿပီး ကြဲျပားတဲ့အဓိပၸာယ္မ်ား ရွိပါတယ္။
ကိန္ဂဏန္း နံပါတ္ တစ္ခုဟာ ႏိုင္ငံတစ္ခုအတြက္ ကံေကာင္းေစေပမယ့္ အျခားႏိုင္ငံအတြက္ေတာ့ ကံဆိုးေစတဲ့နံပါတ္ ျဖစ္ေနျပန္ပါတယ္။
ဗဟုသုတအေနနဲ႔ ေလ့လာမွတ္သားႏိုင္ရန္ ႏိုင္ငံနဲ႔ လူမ်ိဳးအလိုက္ယူဆထားတဲ့ ကိန္းဂဏန္းမ်ားရဲ႕အဓိပၸာယ္ကို စုစည္းတင္ျပလိုက္ပါတယ္။

No. (4)
တရုတ္ႏိုင္ငံမွာဆိုရင္ေတာ့ (၄) ဂဏန္းကို ကံမေကာင္းေစတဲ့နံပါတ္အျဖစ္ လက္ခံထားၾကပါတယ္။ (၄) ဆိုတဲ့ဂဏန္းဟာ တရုတ္အသံထြက္အရ ေသဆံုးျခင္းဆိုတဲ့ ေ၀ါဟာရနဲ႔ တူေနတဲ့အတြက္ေၾကာင့္ပဲျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ တရုတ္ႏိုင္ငံမွာဆိုရင္ (၄)နဲ႔ပတ္သက္တဲ့ အရာေတြကို လ်စ္လ်ဴရႈထားေလ့ရွိၾကပါတယ္။ အခန္းနံပါတ္၊ တိုက္နံပါတ္၊ ဓာတ္ေလွကား …….။ အဓိကအားျဖင့္ ဟိုတယ္ေတြမွာဆိုရင္ (၄) (၁၄) (၂၄) အစရွိတဲ့ အခန္းနံပါတ္ေတြ၊ အလႊာေတြကို အျခားနံပါတ္ (ဥပမာ ၄လႊာကို (F Flr) အစရွိသျဖင့္) အစားထိုးအသံုးျပဳေလ့ရွိၾကပါတယ္။ ကားနံပါတ္ေတြမွာဆိုရင္လည္း (၄)နံပါတ္ပါတဲ့ ကားေတြကို ေရွာင္ၿပီး ၀ယ္ယူေလ့ရွိၾကပါတယ္။

ဒါေပမယ့္ ဂ်ာမန္လူမ်ိဳးေတြအတြက္ကေတာ့ ကံေကာင္းေစတဲ့နံပါတ္ပါတဲ့။ အရြက္ေလးရြက္ပါတဲ့ Clover ရြက္ေလးေတြကို ကံေကာင္းေစတဲ့သေကၤတအျဖစ္ အသံုးျပဳေလ့ရွိၾကတယ္။

 

No. (9)
ဂ်ပန္လူမ်ိဳးေတြအတြက္ေတာ့ (၉) ဂဏန္းဟာဆိုရင္ ကံမေကာင္းေစတဲ့ နံပါတ္ပါ။ ႏွိပ္စက္ျခင္း၊ ဆင္းရဲဒုကၡ အစရွိတဲ့စကားလံုးေတြရဲ႕ အသံထြက္နဲ႔တူတဲ့အတြက္ပဲျဖစ္ပါတယ္။ ေဆးရံုေတြ၊ ေလေၾကာင္းလိုင္းေတြမွာဆိုရင္ နံပါတ္(၉)ကို ေရွာင္ရွားေလ့ရွိၾကပါတယ္။

ဒါေပမယ့္လည္း တရုတ္လူမ်ိဳးေတြအတြက္ေတာ့ နံပါတ္(၉)က ကံေကာင္းေစတဲ့နံပါတ္ျဖစ္ပါတယ္။ ၿပီးျပည့္စံုျခင္းလို႔ ယူဆၾကတယ္။ ဒ႑ာရီလာပံုျပင္ေတြထဲမွာဆိုရင္လည္း ဒီနံပါတ္(၉)က စိုးမိုးထားတယ္။ ဥပမာ စြမ္းအားႀကီးမားလွတဲ့ အၿမီး(၉)ေခ်ာင္းပါတဲ့ ၀ံပုေလြေပါ့….

 

No. (17)
အီတလီလူမ်ိဳးေတြအတြက္ေတာ့ (Friday – 17) ကေတာ့ ကံမေကာင္းေစတဲ့နံပါတ္ပါ။ ဘာေၾကာင့္လည္းဆိုေတာ့ ေရာမနံပါတ္ XVII ကို ျပန္ေျပာင္းၿပီး အစီအစဥ္ခ်လိုက္မယ္ဆိုရင္ VIXI ဆိုတဲ့ စကားလံုးကို ရရွိမွာပဲျဖစ္ပါတယ္။ “ငါ့ဘ၀ကုန္ဆံုးၿပီ” လို႔ လက္တင္ဘာသာစကားနဲ႔ အဓိပၸာယ္ရပါတယ္။

 

No. (13)
ေနာ္ေ၀၊ ဆီြဒင္နဲ႔ ယူေကကဲ့သို႔ေသာ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားအပါအ၀င္ ကမၻာအႏွံ ႏိုင္ငံမ်ားစြာမွာေတာ့ (၁၃)သည္ ကံမေကာင္းတဲ့ နံပါတ္တစ္ခုအျဖစ္ မွတ္ယူၿပီး ေရွာင္ရွားၾကတယ္။ ေယရႈခရစ္၏ (၁၃)ေယာက္ေျမာက္ သာ၀က “ယုဒရွကာရုတ္ - Judas Iscariot” သည္ ေယရႈကို သစၥာေဖာက္ခဲ့သည္။ ေယရႈသခင္အား ၁၃ရက္ေန႔ (ေသာၾကာေန႔တြင္) ကားတိုင္တင္သတ္မႈျပဳလုပ္ခဲ့သည့္ ေန႔ျဖစ္ခဲ့သည္။

 

No. (26)
အင္ဒီးယန္းမ်ားအတြက္ကေတာ့ (၂၆)ကို ေရွာင္ရန္ မည္သည့္အရာကိုမဆို ႀကိဳးစားၾကပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ေၾကကြဲဖြယ္အျဖစ္အပ်က္အမ်ားႀကီးက ဒီ (၂၆)ရက္ေန႔မွာ ျဖစ္ပြားခဲ့လို႔ပါပဲ။ အၾကမ္းဖက္တိုက္ခိုက္မႈေတြ၊ ဆူနာမီနဲ႔ ေျမငလ်င္ေတြ….

 

No. (39)
အာဖဂန္နစၥတန္မွာေတာ့ နံပါတ္(၃၉)ကို ကံမေကာင္းဘူးလို႔ သတ္မွတ္ၾကတယ္။ သူတို႔ရဲ႕ ေဒသိယစကားအရ “Morda-gow” (Dead Cow) နဲ႔ အသံထြက္ ဆင္ေနတဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။

 

No. (666)
ခရစ္ယာန္ဘာသာကို ကိုးကြယ္တဲ့တိုင္းျပည္ေတြမွာေတာ့ က်မ္းစာရဲ႕ဗ်ာဒိတ္ေတာ္မွာေဖာ္ျပထားတဲ့ သားရဲ (Antichrist (အႏၱိခရစ္)) ကို ကိုယ္စားျပဳတဲ့ နံပါတ္ (၆၆၆) ကို နိမိတ္ဆိုးလို႔ ယူဆၾကပါတယ္။ ၆၆၆ အေရအတြက္ကို ေၾကာက္ရြံျခင္း (Hexakosioihexekontahexaphobia) လို႔ ေခၚပါတယ္။

 

ဖုန္းနံပါတ္ 0888 888 888
လူေတာ္ေတာ္မ်ားက နံပါတ္ေတြထပ္ေနတဲ့ ဖုန္းနံပါတ္ေတြကို လိုခ်င္ၾကေပမယ့္ ဘူေဂးရီးယားမွာေတာ့ အဲ့ဒီလိုမဟုတ္ပါဘူး။ ဒီလိုဖုန္းနံပါတ္ေတြဟာ က်န္ဆဲျခင္းခံရေသာ ဖုန္းနံပါတ္ေတြျဖစ္ေတယ္လို႔ ဆိုပါတယ္။ ဒီလိုဖုန္းနံပါတ္ရွိသူအခ်ိဳ႕ ေပ်ာက္ကြယ္သြားတတ္ၾကတယ္လို႔ ယံုၾကည္ၾကပါတယ္။

 

No. (3)
လူအမ်ားစုက နံပါတ္(၃)က ေကာင္းေသာအရာမ်ားစုေ၀းေနတယ္လို႔ ယူဆၾကတယ္။ အထူးသျဖင့္ ဆီဒင္၊ ကိုရီးယား လူမ်ိဳးေတြဟာ နံပါတ္(၃)ဟာ သူတို႔အတြက္ ကံေကာင္းျခင္းမ်ားစုေနတဲ့ နံပါတ္အျဖစ္ မွတ္ယူၾကတယ္။ ကိုရီးယားလူမ်ိဳးေတြက နံပါတ္(၃)သည္ ေျမႏွင့္ေကာင္းကင္ကို ထိန္းခ်ဳပ္ျခင္းသေကၤတ - (၁) က ေကာင္းကင္ကို ကိုယ္စားျပဳၿပီး (၂)က ေျမႀကီး (ကမၻာ)ကို ကို္ယ္စားျပဳသည္။ ထို (၁+၂) ေပါင္းလိုက္လွ်င္ နံပါတ္(၃)ရသည္။
အီတလီလူမ်ိဳးမ်ားအတြက္ နံပါတ္(၃)သည္ ဟန္ခ်က္ (Balance) + စြမ္းအား (Strength) အား ကိုယ္စားျပဳသည့္ ႀတိဂံတစ္ခုအျဖစ္ ကိုယ္စားျပဳၾကသည္။
သို႔ေသာ္ ဂ်ပန္ႏွင့္ ဗီယက္နမ္တို႔တြင္ လူ(၃)ဦး အတူ ဓာတ္ပံုရိုက္ကူးျခင္းကို ေရွာင္ၾကဥ္ၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ ထိုသို႔ဓာတ္ပံုရိုက္ကူးလွ်င္ ဓာတ္ပံုအလယ္ရွိ မည္သူမဆို ေသၾကလိမ့္မည္ဟု ယံုၾကည္ေသာေၾကာင့္ျဖစ္သည္။

 

No. (7)
ဂ်ပန္၊ တရုတ္ကဲ့သို႔ေသာ ႏိုင္ငံမ်ားတြင္ နံပါတ္ (၇)ကို ကံေကာင္းျခင္းဟု ဆိုၾကသည္။ ထို႔အတူ နယ္သာလန္၊ ျပင္သစ္၊ ယူေက ႏွင့္ အေမရိကန္ႏိုင္ငံ အစရွိေသာ အေနာက္ႏိုင္ငံမ်ားတြင္ (၇)မွာ ကံေကာင္းသည္ဟု ယူဆၾကသည္။ ၿဂိဳဟ္(၇)လံုး၊ အံ့ဖြယ္(၇)ပါး ႏွင့္ စၾကၤာ၀ဠာတစ္ခုလံုးကို ဖန္တီးရန္ (၇)ရက္ …. အစရွိသည္တို႔ႏွင့္ ဆက္စပ္ေနေသာေၾကာင့္ျဖစ္သည္။
သို႔ေသာ္ တရုတ္ၾသဇာလႊမ္းမိုးမႈရွိေသာ ထိုင္းႏွင့္ဗိယက္နမ္တို႔တြင္ (၇)သည္ ကံမေကာင္းေသာ နံပါတ္ျဖစ္သည္။ နံပါတ္(၇)သည္ ဇူလိုင္လကို ကိုယ္စားျပဳၿပီး ေသဆံုးသူ မိတ္ေဆြ၊သူငယ္ခ်င္း၊ ေဆြမ်ိဳးမ်ားအား အမွတ္တရႏွင့္ အျခားသူမ်ားကို မေျခာက္လွန္႔ႏိုင္ေအာင္ ေမွ်ာ္လင့္ခ်က္ျဖင့္ အစားအစာမ်ား၊ အသီးအႏွံအမ်ိဳးမ်ိဳးႏွင့္ ေအာင့္ေမ့ပြဲမ်ား ျပဳလုပ္ရသည့္ လ (ဇူလိုင္လ) ျဖစ္ေသာေၾကာင့္ ျဖစ္သည္။

 

No. (8)
ဟိႏၵဴ၊ ဗုဒၶ၊ ဂ်ဴး၊ ခရစ္ယာန္၊ အစၥလာမ္ႏွင့္ တိုအိုဘာသာ အပါအ၀င္ ကမၻာအႏွံအျပားရွိ ဘာသာတရားမ်ားစြာသည္ (၈)ကို အက်ိဳးျဖစ္ထြန္းေစေသာ အေရအတြက္ဟု ယူဆၾကသည္။ တရုတ္လူမ်ိဳးမ်ားသည္ နံပါတ္(၈) ကို အထူးႏွစ္သက္ၾကသည္။ ခ်မ္းသာၾကြယ္၀မႈ ဆိုသည့္ ေ၀ါဟာရႏွင့္ အသံထြက္ဆင္တူေသာေၾကာင့္ျဖစ္သည္။ နံပါတ္(၈)ႏွင့္ပိုင္ဆိုင္မႈမ်ားသည္ အလြန္အဖိုးတန္ေသာ ပိုင္ဆိုင္မႈမ်ားျဖစ္သည္။ ဥပမာ ေပက်င္းတြင္ က်င္းပေသာ ၂၀၀၈၊ ၾသဂုတ္လ ေႏြရာသီအိုလံပစ္ပြဲေတာ္ကို 08း08း08) ေဒသစံေတာ္ခ်ိန္တြင္ စတင္ခဲ့သည္။
ဂ်ပန္ႏိုင္ငံတြင္လည္း (ya or hachi) လို႔ ေခၚတဲ့ ကံေကာင္းျခင္းလို႔ ယူမွတ္ၾကတယ္။ ကံ+ေပါင္းသင္းျခင္း ကို ကိုာ္စားျပဳသည့္ ဂ်ပန္စကားလံုးမ်ားႏွင့္ ဖြဲ႕စည္းထားျခင္းေၾကာင့္ျဖစ္သည္။

 

ကဲ မိတ္ေဆြတို႔ရဲ႕ ကံေကာင္းေစတဲ့၊ ကံမေကာင္းေစတဲ့ နံပါတ္ေတြကေရာ ဘာေတြလည္း????

Read times
Rate this articles
(0 votes)