×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 19 August 2020

Interview သွားတဲ့အခါ ဘာတွေကြိုတင်ပြင်ဆင်သွားသင့်သလဲ

အလုပ် interview သွားသည့်အခါ ပြင်ဆင်သွားသင့်သော အချက် (၇) ချက်

ဒီကနေ့မှာတော့ လူငယ်အများစုသိရှိလိုတဲ့ interview သွားတဲ့အခါမှာ မည်သည့်အချက်တွေကို ပြင်ဆင်ပြုလုပ်သွားသင့်သလဲဆိုတာကို ဖော်ပြပေးမှာဖြစ်ပါတယ်။

၁) မိမိဝတ်ဆင်မည့်အဝတ်အစားကို ရွေးချယ်ပါ။
အရောင်တောက်လွန်းသောအဝတ်အစားများ၊ ပွဲတက်အဝတ်အစားများ၊ သက်တောင့်သက်သာ မရှိစေသောအဝတ်အစားများ ဝတ်စားဆင်ယင်ခြင်းကို ရှောင်ကြဥ◌်ပါ။ လူတစ်ယောက်၏ first impression သည် အခြေခံကျသည့် အချက်တစ်ချက်ဖြစ်တာကြောင့် interview သွားရောက်မဖြေဆိုမှီ တစ်ရက်အလိုကတည်းက မိမိဝတ်ဆင်မည့်အဝတ်အစားကို ကြိုတင်ကာရွေးချယ်ထားသင့်ပါတယ်။

 

သင်၏ ဝတ်စားဆင်ယင်ပုံအပေါ်မှာလည်း အကဲဖြတ်မှာဖြစ်တာကြောင့် first impression အစမှာတည်းက အမှတ်လျော့နေတာမျိုးမဖြစ်ပါစေနဲ့။ တကယ်လို့ သင်က ဘယ်လိုအဝတ်အစားမျိုး ရွေးချယ်ဝတ်ဆင်ရမည်ကို မသိခဲ့ပါလျှင် (https://www.thebalancecareers.com/best-interview-attire-for-every-type-of-interview-2061364, https://www.thebalancecareers.com/interview-outfits-for-women-2061091) ဒီလို Website တွေမှာလည်း လေ့လာနိုင်ပါတယ်။

 

၂) interviewer ကို နှုတ်ဆက်တတ်အောင် လေ့ကျင့်ထားပါ။
မြန်မာလူငယ်အများစုဟာ နှုတ်ဆက်ခြင်းနဲ့ အကျွမ်းတဝင်မရှိကြပါဘူး။ Interviewer တွေဟာ သူတို့ကို respect ရှိတဲ့သူ နှုတ်ဆက်တဲ့သူတွေကို ပိုပြီးအမှတ်ရတတ်ကြပြီးတော့ ကောင်းမွန်တဲ့ recommend တွေလည်းပေးတတ်ကြပါတယ်။ interview ခန်းထဲကို ဝင်ဝင်ချင်း နှုတ်ဆက်လိုက်ခြင်းသည် သင်၏ ဖော်ရွေမှုကို ပြသရာရောက်ပြီး အားလုံးရဲ့အာရုံစူးစိုက်မှုကိုလည်း ရတတ်ပါတယ်။ အခြေခံကျတဲ့ လုပ်ဆောင်ချက်လေး ဖြစ်တာမို့ interview မသွားခင်ကတည်းက မှန်ရှေ့မှာလေ့ကျင့်ကာ ပြင်ဆင်ထားသင့်ပါတယ်။ ဥပမာ - "Mingalar ပါ" "ဝင်ခွင့်ပြုပါရှင်" "ထိုင်ခွင့်ပြုပါရှင်" စတဲ့ အခြေခံနှုတ်ဆက်စကားလေးတွေနဲ့ စတင်သင့်ပါတယ်။

 

၃) မိမိရဲ့ ကိုယ်ရေးရာဇဝင်နဲ့ပတ်သက်ပြီး ဘယ်လိုပြောဆိုရမည်ဆိုတာကို လေ့လာထားပါ
Interviewer အများစုဟာ interviewမှာ မိမိတို့အကြောင်းကို မိတ်ဆက်ပါ ဆိုတဲ့အချက်ကို ပြောလေ့ပြောထရှိတတ်ပါတယ်။ အဲ့ဒီအချက်ဟာ သင့်ကို အာရုံစူးစိုက်မှုပိုရစေတတ်ပြီး သင့်ကို အလုပ်ခေါ်ယူစေမည့် အချက်များဟာ သင်၏ ဖြေဆိုမှုအပေါ်များစွာမူတည်နေတာကြောင့် ထိုအချက်ကို စနစ်တကျပြင်ဆင်ထားသင့်ပါတယ်။ သင်၏ လုပ်ငန်းအတွေ့အကြုံ၊ ပညာအရည်အချင်း၊ စသည့်အချက်အလက်များကို ပြည့်စုံစွာဖော်ပြနိုင်ရန်အတွက် ပြင်ဆင်ထားသင့်ပါတယ်။

 

၄) အသုံးများသော အင်တာဗျူး မေးခွန်းများကို ပြင်ဆင်ထားပါ
ဒီအချက်ဟာ interviewer တစ်ယောက်နဲ့တစ်ယောက်မတူညီနိုင်ပေမယ့် အများစုမေးလေ့ရှိသော မေးခွန်းများကို ရှာဖွေစုဆောင်းကာ ပြင်ဆင်ထားသင့်ပါတယ်။ ဥပမာ - အားသာချက် အားနည်းချက်များကို ပြောပါ။ သင့်ကို ဘာကြောင့် အလုပ်ခန့်သင့်တာလဲ? သင့်ကိုရွေးချယ်လိုက်ပြီဆိုရင် ဘယ်အချက်ကနေ စတင်ပြီးလုပ်ဆောင်မလဲ? စတဲ့အချက်တွေဟာ interview မှာမေးလေ့မေးထရှိတဲ့မေးခွန်းတွေဖြစ်ပြီးတော့ အခြားသော မေးခွန်းတွေအတွက်လည်း ပြင်ဆင်ထားသင့်ပါတယ်။

 

၅) Interview သွားဖြေမည့် company အကြောင်းကို လေ့လာထားပါ
ထိုအချက်သည် သင့်အား အမှတ်ကောင်းကောင်းရစေနိုင်မည့်အချက်တစ်ချက်ဖြစ်ပါတယ်။ Interviewer အများစုဟာ company အကြောင်းကို ကောင်းကောင်းနားလည်ထားတဲ့ ဖြေဆိုသူတွေကို ပိုပြီးအလိုရှိတတ်ကြပါတယ်။ company အကြောင်းကို မေးလိုက်လို့ မသိရှိထားရင် အမှတ်လည်းလျော့နိုင်ပြီး impression လည်းကျနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ကို စနစ်တကျပြင်ဆင်ထားသင့်ပါတယ်။

 

၆) Interview အမျိုးအစားကို သိရှိအောင် လေ့လာထားပါ
အချို့ Interview များဟာ တစ်ကြိမ်သာ ဖြေဆိုရပြီး အချို့ interview တွေမှာ နှစ်ကြိမ်နှင့်အထက်ဖြေဆိုရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် မိမိတို့အနေဖြင့် တစ်ကြိမ်နဲ့ အထက် interview ကိုဖြေဆိုရနိုင်ခြင်း ရှိမရှိကို ပထမဆုံးသွားရောက်ထားတဲ့ interview မှာကတည်းက မေးမြန်းထားသင့်ပါတယ်။ ဒါမှသာ နောက်တစ်ကြိမ် interview ပြန်လည်ခေါ်ဆိုခဲ့ရင် အဆင်သင့်ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။

 

၇) Interview သွားရောက်ဖြေဆိုမည့် နေရာနှင့် အချိန်ကို တိကျစွာ လေးစားလိုက်နာပါ
Interview သွားရောက်ဖြေဆိုမည့်သူအများစုဟာ မိမိတို့ မကျွမ်းကျင်သော နေရာကို သွားရောက်ရမှာဖြစ်တာကြောင့် မိမိသွားရမည့်နေရာကို အချိန်ခန့်မှန်းကာ စောလျှင်စွာ ကြိုထွက်ပါ။ အချိန်ကိုလေးစားခြင်းနှင့် interview ဖြေဆိုမည့်နေရာသို့ အချိန်မှီရောက်ရှိခြင်းဟာ Interviewer များနဲ့ ထို company အပေါ် လေးစားခြင်းကို ပြသတာဖြစ်တာကြောင့် အချိန်မှီရောက်ရှိအောင် သွားရောက်ခြင်းဖြင့် ထို company အပေါ်မှာ သင်၏ တန်ဖိုးထားမှုကို ပြသပါ။

ဒီလိုအခြေခံအချက်တွေဟာဆိုရင် အင်တာဗျူးမသွားခင်မှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေပါစေကြောင်း . . . . .

 

 

အလုပ္ interview သြားသည့္အခါ ျပင္ဆင္သြားသင့္ေသာ အခ်က္ (၇) ခ်က္

ဒီကေန႔မွာေတာ့ လူငယ္အမ်ားစုသိရွိလိုတဲ့ interview သြားတဲ့အခါမွာ မည္သည့္အခ်က္ေတြကို ျပင္ဆင္ျပဳလုပ္သြားသင့္သလဲဆိုတာကို ေဖာ္ျပေပးမွာျဖစ္ပါတယ္။

 

၁) မိမိဝတ္ဆင္မည့္အဝတ္အစားကို ေ႐ြးခ်ယ္ပါ။
အေရာင္ေတာက္လြန္းေသာအဝတ္အစားမ်ား၊ ပြဲတက္အဝတ္အစားမ်ား၊ သက္ေတာင့္သက္သာ မရွိေစေသာအဝတ္အစားမ်ား ဝတ္စားဆင္ယင္ျခင္းကို ေရွာင္ၾကဥ◌္ပါ။ လူတစ္ေယာက္၏ first impression သည္ အေျခခံက်သည့္ အခ်က္တစ္ခ်က္ျဖစ္တာေၾကာင့္ interview သြားေရာက္မေျဖဆိုမွီ တစ္ရက္အလိုကတည္းက မိမိဝတ္ဆင္မည့္အဝတ္အစားကို ႀကိဳတင္ကာေ႐ြးခ်ယ္ထားသင့္ပါတယ္။

 

သင္၏ ဝတ္စားဆင္ယင္ပုံအေပၚမွာလည္း အကဲျဖတ္မွာျဖစ္တာေၾကာင့္ first impression အစမွာတည္းက အမွတ္ေလ်ာ့ေနတာမ်ိဳးမျဖစ္ပါေစနဲ႔။ တကယ္လို႔ သင္က ဘယ္လိုအဝတ္အစားမ်ိဳး ေ႐ြးခ်ယ္ဝတ္ဆင္ရမည္ကို မသိခဲ့ပါလွ်င္ (https://www.thebalancecareers.com/best-interview-attire-for-every-type-of-interview-2061364, https://www.thebalancecareers.com/interview-outfits-for-women-2061091) ဒီလို Website ေတြမွာလည္း ေလ့လာႏိုင္ပါတယ္။

 

၂) interviewer ကို ႏႈတ္ဆက္တတ္ေအာင္ ေလ့က်င့္ထားပါ။
ျမန္မာလူငယ္အမ်ားစုဟာ ႏႈတ္ဆက္ျခင္းနဲ႔ အကြၽမ္းတဝင္မရွိၾကပါဘူး။ Interviewer ေတြဟာ သူတို႔ကို respect ရွိတဲ့သူ ႏႈတ္ဆက္တဲ့သူေတြကို ပိုၿပီးအမွတ္ရတတ္ၾကၿပီးေတာ့ ေကာင္းမြန္တဲ့ recommend ေတြလည္းေပးတတ္ၾကပါတယ္။ interview ခန္းထဲကို ဝင္ဝင္ခ်င္း ႏႈတ္ဆက္လိုက္ျခင္းသည္ သင္၏ ေဖာ္ေ႐ြမႈကို ျပသရာေရာက္ၿပီး အားလုံးရဲ႕အာ႐ုံစူးစိုက္မႈကိုလည္း ရတတ္ပါတယ္။ အေျခခံက်တဲ့ လုပ္ေဆာင္ခ်က္ေလး ျဖစ္တာမို႔ interview မသြားခင္ကတည္းက မွန္ေရွ႕မွာေလ့က်င့္ကာ ျပင္ဆင္ထားသင့္ပါတယ္။ ဥပမာ - "Mingalar ပါ" "ဝင္ခြင့္ျပဳပါရွင္" "ထိုင္ခြင့္ျပဳပါရွင္" စတဲ့ အေျခခံႏႈတ္ဆက္စကားေလးေတြနဲ႔ စတင္သင့္ပါတယ္။

 

၃) မိမိရဲ႕ ကိုယ္ေရးရာဇဝင္နဲ႔ပတ္သက္ၿပီး ဘယ္လိုေျပာဆိုရမည္ဆိုတာကို ေလ့လာထားပါ
Interviewer အမ်ားစုဟာ interviewမွာ မိမိတို႔အေၾကာင္းကို မိတ္ဆက္ပါ ဆိုတဲ့အခ်က္ကို ေျပာေလ့ေျပာထရွိတတ္ပါတယ္။ အဲ့ဒီအခ်က္ဟာ သင့္ကို အာ႐ုံစူးစိုက္မႈပိုရေစတတ္ၿပီး သင့္ကို အလုပ္ေခၚယူေစမည့္ အခ်က္မ်ားဟာ သင္၏ ေျဖဆိုမႈအေပၚမ်ားစြာမူတည္ေနတာေၾကာင့္ ထိုအခ်က္ကို စနစ္တက်ျပင္ဆင္ထားသင့္ပါတယ္။ သင္၏ လုပ္ငန္းအေတြ႕အႀကဳံ၊ ပညာအရည္အခ်င္း၊ စသည့္အခ်က္အလက္မ်ားကို ျပည့္စုံစြာေဖာ္ျပႏိုင္ရန္အတြက္ ျပင္ဆင္ထားသင့္ပါတယ္။

 

၄) အသုံးမ်ားေသာ အင္တာဗ်ဴး ေမးခြန္းမ်ားကို ျပင္ဆင္ထားပါ
ဒီအခ်က္ဟာ interviewer တစ္ေယာက္နဲ႔တစ္ေယာက္မတူညီႏိုင္ေပမယ့္ အမ်ားစုေမးေလ့ရွိေသာ ေမးခြန္းမ်ားကို ရွာေဖြစုေဆာင္းကာ ျပင္ဆင္ထားသင့္ပါတယ္။ ဥပမာ - အားသာခ်က္ အားနည္းခ်က္မ်ားကို ေျပာပါ။ သင့္ကို ဘာေၾကာင့္ အလုပ္ခန႔္သင့္တာလဲ? သင့္ကိုေ႐ြးခ်ယ္လိုက္ၿပီဆိုရင္ ဘယ္အခ်က္ကေန စတင္ၿပီးလုပ္ေဆာင္မလဲ? စတဲ့အခ်က္ေတြဟာ interview မွာေမးေလ့ေမးထရွိတဲ့ေမးခြန္းေတြျဖစ္ၿပီးေတာ့ အျခားေသာ ေမးခြန္းေတြအတြက္လည္း ျပင္ဆင္ထားသင့္ပါတယ္။

 

၅) Interview သြားေျဖမည့္ company အေၾကာင္းကို ေလ့လာထားပါ
ထိုအခ်က္သည္ သင့္အား အမွတ္ေကာင္းေကာင္းရေစႏိုင္မည့္အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ Interviewer အမ်ားစုဟာ company အေၾကာင္းကို ေကာင္းေကာင္းနားလည္ထားတဲ့ ေျဖဆိုသူေတြကို ပိုၿပီးအလိုရွိတတ္ၾကပါတယ္။ company အေၾကာင္းကို ေမးလိုက္လို႔ မသိရွိထားရင္ အမွတ္လည္းေလ်ာ့ႏိုင္ၿပီး impression လည္းက်ႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီအခ်က္ကို စနစ္တက်ျပင္ဆင္ထားသင့္ပါတယ္။

 

၆) Interview အမ်ိဳးအစားကို သိရွိေအာင္ ေလ့လာထားပါ
အခ်ိဳ႕ Interview မ်ားဟာ တစ္ႀကိမ္သာ ေျဖဆိုရၿပီး အခ်ိဳ႕ interview ေတြမွာ ႏွစ္ႀကိမ္ႏွင့္အထက္ေျဖဆိုရတာေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ မိမိတို႔အေနျဖင့္ တစ္ႀကိမ္နဲ႔ အထက္ interview ကိုေျဖဆိုရႏိုင္ျခင္း ရွိမရွိကို ပထမဆုံးသြားေရာက္ထားတဲ့ interview မွာကတည္းက ေမးျမန္းထားသင့္ပါတယ္။ ဒါမွသာ ေနာက္တစ္ႀကိမ္ interview ျပန္လည္ေခၚဆိုခဲ့ရင္ အဆင္သင့္ျပဳလုပ္ထားႏိုင္မွာျဖစ္ပါတယ္။

 

၇) Interview သြားေရာက္ေျဖဆိုမည့္ ေနရာႏွင့္ အခ်ိန္ကို တိက်စြာ ေလးစားလိုက္နာပါ
Interview သြားေရာက္ေျဖဆိုမည့္သူအမ်ားစုဟာ မိမိတို႔ မကြၽမ္းက်င္ေသာ ေနရာကို သြားေရာက္ရမွာျဖစ္တာေၾကာင့္ မိမိသြားရမည့္ေနရာကို အခ်ိန္ခန႔္မွန္းကာ ေစာလွ်င္စြာ ႀကိဳထြက္ပါ။ အခ်ိန္ကိုေလးစားျခင္းႏွင့္ interview ေျဖဆိုမည့္ေနရာသို႔ အခ်ိန္မွီေရာက္ရွိျခင္းဟာ Interviewer မ်ားနဲ႔ ထို company အေပၚ ေလးစားျခင္းကို ျပသတာျဖစ္တာေၾကာင့္ အခ်ိန္မွီေရာက္ရွိေအာင္ သြားေရာက္ျခင္းျဖင့္ ထို company အေပၚမွာ သင္၏ တန္ဖိုးထားမႈကို ျပသပါ။

ဒီလိုအေျခခံအခ်က္ေတြဟာဆိုရင္ အင္တာဗ်ဴးမသြားခင္မွာ ႀကိဳတင္ျပင္ဆင္ထားသင့္တဲ့အခ်က္ေတြပဲျဖစ္ပါတယ္။ အားလံုးပဲ အဆင္ေျပပါေစေၾကာင္း . . . . .

 

Read times
Rate this articles
(0 votes)