Knowledge

Thursday, 03 September 2020

ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်

ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်

ယခုတစ်ကြိမ်တွင်တော့ ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အကြောင်းတင်ပြချင်ပါသည်။

သူသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်မှပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုလျှင် အံ့သြကြမည်ထင်ပါသည်။ ထို့ထက်ပို၍ သူသည် ကုန်းဘောင်ဆက်၏မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းပြောလျှင် ပို၍အံ့အားသင့်ကြပေလိမ့်မည်။

 

ကနောင်မင်းသားများလားဟု မေးစရာရှိပါသည်။ မဟုတ်ပါ။ ကျွန်တော်တင်ပြမည့်ပုဂ္ဂိုလ်မှာ ဘိုးတော်ဘုရား(ဗဒုံမင်း)၏သားတော် မက္ခရာမင်းသားကြီးဖြစ်ပါသည်။

ရှေးဦးမြန်မာ့သိပ္ပံပညာရှင် မက္ခရာမင်းသားကြီးသည် ငယ်စဉ်ကတည်းကသွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီးအခြားမင်းသားများကဲ့သို့ နန်းတွင်းရေးကို စိတ်မဝင်စားခဲ့ဘဲ နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန် ပညာရေးနယ်ပယ်တွင် သူ့ဘဝကို မြုပ်နှံခဲ့သူဖြစ်ပါသည်။ သူသည် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း (၂၃၄)ကျမ်းခန့် စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

 

နောက်ပိုင်း အနောက်တိုင်းသားများ နန်းတွင်းသို့ဝင်ထွက်လာကြသောအခါ ထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီး အင်္ဂလိပ်စာသင်ယူရာမှတဆင့် သိပ္ပံပညာကို စိတ်ဝင်စားလာသည်။ သင်္ချာဘာသာရပ်ကိုကား အထူးဝါသနာပါသည်။ ထိုခေတ်က မြန်မာတို့သည် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်များကို မတတ်မြောက်ကြသေး၊ ခေတ်မမီကြသေးပေ။

ထို့ကြောင့် မင်းသားကြီးသည် မြန်မာများခေတ်မီစေရေးအတွက် မြှော်တွေးကာ အစွမ်းကုန်ကြိုးပမ်းရန် စိတ်ပိုင်းဖြတ်ခဲ့ဟန်တူပါသည်။ ထို့နောက်သူသည် အင်္ဂလိပ်ကုန်သည် ချားလိန်းထံမှ (Ree's Encyclopedia) စွယ်စုံကျမ်းကြီးကို ဝယ်ယူရရှိခဲ့ရာ အထူးတလည်လေ့လာဆည်းပူးခဲ့သည်။

 

ထိုကျမ်းကြီးသည် အနောက်တိုင်းခေတ်သစ်အတတ်ပညာ၊ စာပေ၊ ဗဟုသုတများကို AမှZအထိ စုပေါင်းပြုစုထားသေားကျမ်းကြီးဖြစ်ရာ မင်းသားကြီးသည် ထိုကျမ်းကြီး၏ အကျိုးအာနိသင်များကို သိမြင်လာပြီး မြန်မာများ ခေတ်နှင့်ရင်ပေါင်တန်းနိုင်စေရန် ထိုကျမ်းကြီးမှ အကြောင်းအရာများကို မြန်မာများသိရှိစေလိုသော စေတနာဖြင့် ချားလိန်း၏အကူအညီယူကာ စတင်ဘာသာပြန်ဆိုပါသည်။ သို့သော်ကျမ်းကြီးမှာ အုပ်ရေ၄၅အုပ်အထိရှိသောကြောင့် နှစ်ပေါင်းများစွာဘာသာပြန်ဆိုမှ ပြီးစီးမည်ဖြစ်ကြောင်းတွက်ဆမိပြီး သူဘာသာပြန်ဆိုနေစဉ်အတောအတွင်း မြန်မာများအင်္ဂလိပ်စာ လေ့လာနိုင်စေရန် အကြံထုတ်ဟန်တူပါသည်။

 

ထို့ကြောင့် မင်းသားကြီးသည် သူ့အားဆေးကုသပေးသော ဒေါက်တာပရိုက်၏အကူအညီနှင့် ဒေါက်တာဂျပ်ဆင်ဆိုသူ ပြုစုခဲ့သော အင်္ဂလိပ်အဘိဓာန်ကို စတင်ဘာသာပြန်ဆိုပါသည်။ နောက်ပိုင်း ဒေါက်တာပရိုက်ပြန်သွားသောအခါ ချားလိန်းနှင့် ပူးပေါင်းပြီး ဘာသာပြန်ဆိုရန်အားထုတ်ခဲ့ရာ နောက်ဆုံးတွင် ပထမဆုံးသော အင်္ဂလိပ်-မြန်မာအဘိဓာန်ဖြစ်သော လိန်း-မက္ခရာအဘိဓာန် ထွက်ပေါ်လာခဲ့ပါသည်။

 

မြန်မာနိုင်ငံကို ယခုမှရောက်ဖူးသည့် စာပေပညာရှင်မဟုတ်သော အင်္ဂလိပ်ကုန်သည်တစ်ဦးနှင့် အင်္ဂလိပ်စာနှင့်အဘိဓာန်ကို ယခုမှ မြင်ဖူးသော မြန်မာမင်းသားတစ်ပါးတို့သည် မူလပြုစုသူ ဒေါက်တာဂျပ်ဆင်က ရှစ်နှစ်ကြာပြုစုခဲ့ရသော အဘိဓာန်ကို ငါးနှစ်နှင့် ဘာသာပြန်ဆိုနိုင်ခဲ့သည်မှာ အံ့ချီးဖွယ်ရာပင်ဖြစ်ပါသည်။

ထိုခေတ်အခါက အင်းဝနေပြည်တော်ရောက် အနောက်တိုင်းသားများ အလေးစားဆုံးပုဂ္ဂိုလ်မှာ မက္ခရာမင်းသားကြီးဖြစ်ကြောင်း ၎င်းတို့၏မှတ်တမ်းများအရ သိရှိရပါသည်။ မင်းသားကြီး၏စာကြည့်ဆောင်၌ အပူအအေးတိုင်းသော သာမိုမီတာနှင့် လေဖိအားတိုင်းသော ဘာရိုမီတာတို့ပင် ရှိပါသည်။ မင်းသားကြီးသည် ကမ္ဘာလုံးသည်ဟူသော အယူအဆကို လက်ခံသူလည်းဖြစ်ပါသည်။

 

မင်းသားကြီးသည် လောဂရစ်သမ်ဂဏာန်းသင်္ချာကိုလည်း ကောင်းစွာတတ်မြောက်ပြီး အနောက်တိုင်းနက္ခတ္တဗေဒနှင့် ပထဝီဝင်ကိုလည်း လေ့လာလိုက်စားခဲ့ပါသည်။ နောက်ဆုံးကံတော်ကုန်ချိန်အထိ အနောက်တိုင်းခေတ်သစ်သိပ္ပံပညာရပ်အများအပြားကို လေ့လာလိုက်စားခဲ့သူလည်းဖြစ်ပါသည်။

ထို့ပြင် ထိုခေတ်အခါက အာရှတိုက်မှ ဒိပ်ဒိပ်ကြဲပညာရှင်သုတေသီများသာ အသင်းဝင်ခွင့်ပြုသော ဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံသုတေသနအသင်းကြီးမှ ဂုဏ်ထူးဆောင်အသင်းသားသိပ္ပံပညာရှင်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါသည်။

 

မင်းသားကြီးသည် မင်းတုန်းမင်းနန်းမတက်ခင် အသက်၅၇နှစ်အရွယ်၌ ကံတော်ကုန်ခဲ့ပါသည်။ အသက်၅၇နှစ်ဆိုသည်မှာ အသက်ကြီးပြီဟုမဆိုနိုင်သောကြောင့် နှမြောစရာကောင်းလှပါသည်။ ကနောင်မင်းသားကြီးနှင့်လက်တွဲအလုပ်မလုပ်နိုင်ခဲ့သည်က ပိုပြီးနှမြောဖို့ကောင်းပါသည်။ သူပြုစုခဲ့သော အဘိဓာန်စာအုပ်မှာ ယခုထိ မပျက်စီးဘဲ ကျန်နေသည်မှာ နှစ်အုပ်သာရှိကြောင်း ဆိုပါသည်။

 

တစ်အုပ်မှာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်၊ ကွန်ဂရက်စာကြည့်တိုက်တွင်ဖြစ်ပြီး ကျန်တစ်အုပ်မှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အမျိုးသားစာကြည့်တိုက်တွင် ရှိကြောင်းသိရပါသည်။ ထို့ကြောင့် မက္ခရာမင်းသားကြီးအား ကမ္ဘာမှ အသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အဖြစ် ကျွန်တော်အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုကာ တင်ပြလိုက်ရပါသည်။


စိတ်ကူးပျော်ရာဆိုဒ်မှ စာရေးသူ မင်းအရိပ်၏ ရေးသားမှု.အားပြန်လည်မျှဝေပါတယ်

 

ကမၻာမွအသိအမွတ္ျပဳခဲ႔ေသာ ျမန္မာ႔ပထမဆုံးသိပၸံပညာရွင္


ယခုတစ္ႀကိမ္တြင္ေတာ႔ ကမၻာမွအသိအမွတ္ျပဳခဲ႔ေသာ ျမန္မာ႔ပထမဆုံးသိပၸံပညာရွင္အေႀကာင္းတင္ျပခ်င္ပါသည္။

သူသည္ လြန္ခဲ႔ေသာႏွစ္ေပါင္းႏွစ္ရာေက်ာ္မွပုဂၢိဳလ္ျဖစ္သည္ဟုဆုိလွ်င္ အံ႔ႀသႀကမည္ထင္ပါသည္။ ထုိ႔ထက္ပုိ၍ သူသည္ ကုန္းေဘာင္ဆက္၏မင္းမ်ိဳးမင္းႏြယ္ျဖစ္ေႀကာင္းေျပာလွ်င္ ပုိ၍အ႔ံအားသင္႔ႀကေပလိမ္႔မည္။ 

 

ကေနာင္မင္းသားမ်ားလားဟု ေမးစရာရွိပါသည္။ မဟုတ္ပါ။ ကြ်န္ေတာ္တင္ျပမည္႔ပုဂၢိဳလ္မွာ ဘုိးေတာ္ဘုရား(ဗဒုံမင္း)၏သားေတာ္ မကၡရာမင္းသားႀကီးျဖစ္ပါသည္။

ေရွးဦးျမန္မာ႔သိပၸံပညာရွင္ မကၡရာမင္းသားႀကီးသည္ ငယ္စဥ္ကတည္းကသြက္ခ်ာပါဒေလငန္းေရာဂါရွိသူျဖစ္ျပီးအျခားမင္းသားမ်ားကဲ႔သုိ႔ နန္းတြင္းေရးကို စိတ္မ၀င္စားခဲ႔ဘဲ ႏုိင္ငံႏွင္႔လူမ်ိဳးအတြက္ ႏွလုံးရည္ႏွင္႔အလုပ္အေကြ်းျပဳရန္ ပညာေရးနယ္ပယ္တြင္ သူ႔ဘ၀ကုိ ျမဳပ္ႏွံခဲ႔သူျဖစ္ပါသည္။ သူသည္ ေဆးက်မ္း၊ ဓာတ္က်မ္း၊ ေဗဒင္က်မ္း၊ ပါ႒ိသကၠတဘာသာရပ္က်မ္း (၂၃၄)က်မ္းခန္႔ စုေဆာင္းကာ ျမန္မာဘာသာသုိ႔ ျပန္ဆုိခဲ႔သည္။

 

ေနာက္ပုိင္း အေနာက္တုိင္းသားမ်ား နန္းတြင္းသုိ႔၀င္ထြက္လာႀကေသာအခါ ထုိသူတုိ႔ႏွင္႔ ေတြ႔ဆုံႏွီးေႏွာျပီး အဂၤလိပ္စာသင္ယူရာမွတဆင္႔ သိပၸံပညာကုိ စိတ္၀င္စားလာသည္။ သခ်ၤာဘာသာရပ္ကုိကား အထူး၀ါသနာပါသည္။ ထုိေခတ္က ျမန္မာတုိ႔သည္ အေနာက္တုိင္း၀ိဇၨာ၊သိပၸံပညာရပ္မ်ားကုိ မတတ္ေျမာက္ႀကေသး၊ ေခတ္မမီႀကေသးေပ။

 

ထုိ႔ေႀကာင္႔ မင္းသားႀကီးသည္ ျမန္မာမ်ားေခတ္မီေစေရးအတြက္ ေျမွာ္ေတြးကာ အစြမ္းကုန္ႀကိဳးပမ္းရန္ စိတ္ပုိင္းျဖတ္ခဲ႔ဟန္တူပါသည္။ ထုိ႔ေနာက္သူသည္ အဂၤလိပ္ကုန္သည္ ခ်ားလိန္းထံမွ (Ree's Encyclopedia) စြယ္စုံက်မ္းႀကီးကုိ ၀ယ္ယူရရွိခဲ႔ရာ အထူးတလည္ေလ႔လာဆည္းပူးခဲ႔သည္။

 

ထုိက်မ္းႀကီးသည္ အေနာက္တုိင္းေခတ္သစ္အတတ္ပညာ၊ စာေပ၊ ဗဟုသုတမ်ားကုိ AမွZအထိ စုေပါင္းျပဳစုထားေသားက်မ္းႀကီးျဖစ္ရာ မင္းသားႀကီးသည္ ထုိက်မ္းႀကီး၏ အက်ိဳးအာနိသင္မ်ားကုိ သိျမင္လာျပီး ျမန္မာမ်ား ေခတ္ႏွင္႔ရင္ေပါင္တန္းႏုိင္ေစရန္ ထုိက်မ္းႀကီးမွ အေႀကာင္းအရာမ်ားကုိ ျမန္မာမ်ားသိရွိေစလုိေသာ ေစတနာျဖင္႔ ခ်ားလိန္း၏အကူအညီယူကာ စတင္ဘာသာျပန္ဆုိပါသည္။ သုိ႔ေသာ္က်မ္းႀကီးမွာ အုပ္ေရ၄၅အုပ္အထိရွိေသာေႀကာင္႔ ႏွစ္ေပါင္းမ်ားစြာဘာသာျပန္ဆုိမွ ျပီးစီးမည္ျဖစ္ေႀကာင္းတြက္ဆမိျပီး သူဘာသာျပန္ဆုိေနစဥ္အေတာအတြင္း ျမန္မာမ်ားအဂၤလိပ္စာ ေလ႔လာႏုိင္ေစရန္ အႀကံထုတ္ဟန္တူပါသည္။

 

ထုိ႔ေႀကာင္႔ မင္းသားႀကီးသည္ သူ႔အားေဆးကုသေပးေသာ ေဒါက္တာပရုိက္၏အကူအညီႏွင္႔ ေဒါက္တာဂ်ပ္ဆင္ဆုိသူ ျပဳစုခဲ႔ေသာ အဂၤလိပ္အဘိဓာန္ကုိ စတင္ဘာသာျပန္ဆုိပါသည္။ ေနာက္ပုိင္း ေဒါက္တာပရုိက္ျပန္သြားေသာအခါ ခ်ားလိန္းႏွင္႔ ပူးေပါင္းျပီး ဘာသာျပန္ဆုိရန္အားထုတ္ခဲ႔ရာ ေနာက္ဆုံးတြင္ ပထမဆုံးေသာ အဂၤလိပ္-ျမန္မာအဘိဓာန္ျဖစ္ေသာ လိန္း-မကၡရာအဘိဓာန္ ထြက္ေပၚလာခဲ႔ပါသည္။

 

ျမန္မာႏုိင္ငံကုိ ယခုမွေရာက္ဖူးသည္႔ စာေပပညာရွင္မဟုတ္ေသာ အဂၤလိပ္ကုန္သည္တစ္ဦးႏွင္႔ အဂၤလိပ္စာႏွင္႔အဘိဓာန္ကုိ ယခုမွ ျမင္ဖူးေသာ ျမန္မာမင္းသားတစ္ပါးတုိ႔သည္ မူလျပဳစုသူ ေဒါက္တာဂ်ပ္ဆင္က ရွစ္ႏွစ္ႀကာျပဳစုခဲ႔ရေသာ အဘိဓာန္ကုိ ငါးႏွစ္ႏွင္႔ ဘာသာျပန္ဆုိႏုိင္ခဲ႔သည္မွာ အံ႔ခ်ီးဖြယ္ရာပင္ျဖစ္ပါသည္။

 

ထုိေခတ္အခါက အင္း၀ေနျပည္ေတာ္ေရာက္ အေနာက္တုိင္းသားမ်ား အေလးစားဆုံးပုဂၢိဳလ္မွာ မကၡရာမင္းသားႀကီးျဖစ္ေႀကာင္း ၄င္းတုိ႔၏မွတ္တမ္းမ်ားအရ သိရွိရပါသည္။ မင္းသားႀကီး၏စာႀကည္႔ေဆာင္၌ အပူအေအးတုိင္းေသာ သာမုိမီတာႏွင္႔ ေလဖိအားတုိင္းေသာ ဘာရုိမီတာတုိ႔ပင္ ရွိပါသည္။ မင္းသားႀကီးသည္ ကမၻာလုံးသည္ဟူေသာ အယူအဆကုိ လက္ခံသူလည္းျဖစ္ပါသည္။

 

မင္းသားႀကီးသည္ ေလာဂရစ္သမ္ဂဏာန္းသခ်ၤာကုိလည္း ေကာင္းစြာတတ္ေျမာက္ျပီး အေနာက္တုိင္းနကၡတၱေဗဒႏွင္႔ ပထ၀ီ၀င္ကုိလည္း ေလ႔လာလုိက္စားခဲ႔ပါသည္။
ေနာက္ဆုံးကံေတာ္ကုန္ခ်ိန္အထိ အေနာက္တုိင္းေခတ္သစ္သိပၸံပညာရပ္အမ်ားအျပားကုိ ေလ႔လာလုိက္စားခဲ႔သူလည္းျဖစ္ပါသည္။

 

ထုိ႔ျပင္ ထုိေခတ္အခါက အာရွတုိက္မွ ဒိပ္ဒိပ္ႀကဲပညာရွင္သုေတသီမ်ားသာ အသင္း၀င္ခြင္႔ျပဳေသာ ဘဂၤလားအာရွဆုိင္ရာ၀ိဇၨာသိပၸံသုေတသနအသင္းႀကီးမွ ဂုဏ္ထူးေဆာင္အသင္းသားသိပၸံပညာရွင္အျဖစ္ ေရြးခ်ယ္ခံခဲ႔ရသူလည္း ျဖစ္ပါသည္။

 

မင္းသားႀကီးသည္ မင္းတုန္းမင္းနန္းမတက္ခင္ အသက္၅၇ႏွစ္အရြယ္၌ ကံေတာ္ကုန္ခဲ႔ပါသည္။ အသက္၅၇ႏွစ္ဆုိသည္မွာ အသက္ႀကီးျပီဟုမဆုိႏုိင္ေသာေႀကာင္႔ ႏွေျမာစရာေကာင္းလွပါသည္။ ကေနာင္မင္းသားႀကီးႏွင္႔လက္တြဲအလုပ္မလုပ္ႏုိင္ခဲ႔သည္က ပုိျပီးႏွေျမာဖုိ႔ေကာင္းပါသည္။ သူျပဳစုခဲ႔ေသာ အဘိဓာန္စာအုပ္မွာ ယခုထိ မပ်က္စီးဘဲ က်န္ေနသည္မွာ ႏွစ္အုပ္သာရွိေႀကာင္း ဆုိပါသည္။

 

တစ္အုပ္မွာ အေမရိကန္ျပည္ေထာင္စု၊ ၀ါရွင္တန္ဒီစီျမိဳ႔ေတာ္၊ ကြန္ဂရက္စာႀကည္႔တုိက္တြင္ျဖစ္ျပီး က်န္တစ္အုပ္မွာ ျမန္မာႏုိင္ငံ၊ ရန္ကုန္ျမိဳ႔၊ အမိ်ဳးသားစာႀကည္႔တုိက္တြင္ ရွိေႀကာင္းသိရပါသည္။ ထုိ႔ေႀကာင္႔ မကၡရာမင္းသားႀကီးအား ကမၻာမွ အသိအမွတ္ျပဳခဲ႔ေသာ ျမန္မာ႔ပထမဆုံးသိပၸံပညာရွင္အျဖစ္ ကြ်န္ေတာ္အေနျဖင္႔ မွတ္တမ္းတင္ဂုဏ္ျပဳကာ တင္ျပလုိက္ရပါသည္။


စိတ္ကူးေပ်ာ္ရာဆိုဒ္မွ စာေရးသူ မင္းအရိပ္၏ ေရးသားမွဳ.အားၿပန္လည္မွ်ေ၀ပါတယ္

Read times
Rate this articles
(2 votes)